လူတစ်ယောက်ရဲ့စိတ်ကို ဖောက်ထွင်းမြင်ချင်လျင် ဒါတွေနဲ့ စမ်းသပ်ကြည့်ပါ
ဘဝအတွက်လို့ တွေးမိတဲ့သူ ပေါ်လာရင်တော့ ဒီလိုမေးခွန်းလေးတွေ မေးကြည့်ပါဦးနော်…
ကိုယ့်ရဲ့သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ စိတ်ကို သိနိုင်မယ့် မေးခွန်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
မေးခွန်းတွေမှာ အဖြေ အတိအကျရယ်လို့တော့ မရှိပါဘူး။ ဖြေတဲ့လူတွေအပေါ် မူတည်ပြီး ကွဲလွဲသွားနိုင်ပါတယ်။ ပြီးတော့ “yes” or “no” ပဲဖြေရင် အဆင်မပြေပါဘူး။ ဒီမေခွန်းတွေကို မိမိ စိတ်ပျက်မသွားချင်တဲ့ လူတွေအပေါ် မမေးမိဖို့တော့ အကြံပေးပါရစေ။
မင်းရဲ့ သေမယ့်နေကို ရေးထားတဲ့ စာအိတ်ကို ဖွင့်ကြည့်မှာလား… ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ သေခြင်းတရားအပေါ် ထားရှိတဲ့သဘောထားနဲ့ ဘဝကို ယေဘုယျအားဖြင့် ဘယ်လို ရှုမြင်နေလဲ ဆိုတာကို သိနိုင်ပါတယ်။
မင်းကိုယ်မင်း သူငယ်ချင်း ပြန်လုပ်မှာလား… ဒီမေးခွန်းဖြင့် လူတစ်ယောက်ရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု၊ အားနည်းချက် အားသာချက်ကို သိနိုင်သလို သူတို့ဟာ ဘယ်လောက်ထိ စိတ်ဝင်စားဖို့ ကောင်းတဲ့ လူလဲဆိုတာ သိနိုင်ပါတယ်။
တကယ်လို့ လူတစ်ယောက်ရဲ့ ခေါင်းပေါ်မှာ အရာရာကို တိုင်းတာနိုင်တဲ့ အရာသာ ရှိခဲ့မယ်ဆိုရင် သင့်အနေနဲ့ ဘာကိုတိုင်းဖို့ အသုံးပြုမလဲ… ဥပမာ သူတို့ရဲ့ ချမ်းသာမှု၊ ပျော်ရွှင်မှု၊ လူမှုဆက်ဆံရေး အစရှိသဖြင့် တိုင်းမှာလား? ဒီမေခွန်းကနေ လူတစ်ယောက်ရဲ့ တန်ဖိုးနဲ့ သူ့ရဲ့ ဦးစားပေးမှုကို သိနိုင်ပါတယ်။
တခြားလူတွေနဲ့ မတူအောင် သင်ဘာလုပ်မှာလဲ… ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု၊ သူတို့ရဲ့ ဟာသဉာဏ်၊ ရူးသွပ်မှု အတိုင်းအတာ နဲ့ ထူးခြားတဲ့ ပင်ကိုယ်တွေကို သိမြင်နိုင်ပါတယ်။
တကယ်လို့ မထင်မှတ်ဘဲ သင်ဖောက်ပြန်မိခဲ့တာကို သင့်ရဲ့ ပါတနာက ဘယ်တော့မှ သိမှာ မဟုတ်ဘူးဆိုရင် သူ့ကို ပြောပြမှာလား… ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းနဲ့ လူတွေအပေါ် ထားတဲ့ သူတို့ရဲ့ သဘောထားကို သိနိုင်ပါတယ်။
ဒီနေ့လိုမျိုး အကြိမ် (၁၀၀) ခန့် မကြာခဏ ကြုံနေရတယ်လို့ သင်ခံစားနေရလား… အဖြေကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုကို သိနိုင်သလို သူတို့ရဲ့ဘဝဟာ အဓိပ္ပာယ်ရှိရဲ့လား (သို့) မရှိဘူးလား ဆိုတာကို သိမြင်နိုင်ပါတယ်။
တကယ်လို့ အမျိုးသားများနဲ့ အမျိုးသမီးတွေဟာ မတူညီတဲ့ ဂြိုလ်နှစ်ခုအပေါ်မှာ သီးခြားစီ နေထိုင်နေကြမယ်ဆိုရင် အဲ့ဒီ ဂြိုလ်တွေမှာ ဘာတွေ ဖြစ်ပျက်မယ် ထင်သလဲ… ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ တွေးခေါ်မှုပုံစံ (သို့) သူတို့ ဘယ်လောက်ထိ ယုတ္တိရှိရှိ တွေးခေါ်နိုင်လဲ ဆိုတာကို သိမြင်နိုင်ပါတယ်။
တကယ်လို့ ဗိုက်ဆာနေတဲ့ သင့်ရဲ့ကလေးတွေ (သို့) မိသားစုဝင်တွေကို ကျွေးမွေးဖို့အတွက် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုရင် သင်ဟာ မိမိကိုယ်မိမိ မကောင်းတဲ့သူလို့ ယူဆသလား… ဒါမှမဟုတ် လိုအပ်လို့ ရာဇဝတ်မူကို ကျူးလွန်တယ်လို့ ယူဆသလား…
ဒီမေးခွန်းကတော့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အဆင့်အတန်းကို သိနိုင်သလို သူတို့ရဲ့ မိသားစုအပေါ် ထားတဲ့ စိတ်နေ သဘောထားကိုလည်း သိနိုင်ပါတယ်။
တကယ်လို့ ငွေကြေးသာ ပျော်ရွှင်မှု ဖြစ်ခဲ့မယ်ဆိုရင် သင်ဘာအလုပ် လုပ်နေမယ် ထင်သလဲ… ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ မျှော်လင့်ချက်များ၊ အိပ်မက်များ နဲ့ သူတို့ဘဝမှာ ဘာတွေ လိုအပ်နေလဲ ဆိုတာကို သိမြင်နိုင်ပါတယ်။
အခု ဖော်ပြပေးထားတဲ့ မေးခွန်းတွေအပြင် တခြားမေးခွန်းတွေနဲ့လည်း မေးနိုင်ပါတယ်။ ဒီမေးခွန်းမျိုးတွေက အပျော်သဘောအနေနဲ့ မေးနိုင်သလို လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို သိချင်တယ်ဆိုရင်လည်း အသုံးပြုနိုင်ပါတယ်။
Credit
လူတစ္ေယာက္ရဲ့စိတ္ကို ေဖာက္ထြင္းျမင္ခ်င္လ်င္ ဒါေတြနဲ႔ စမ္းသပ္ၾကည့္ပါ
ဘဝအတြက္လို႔ ေတြးမိတဲ့သူ ေပၚလာရင္ေတာ့ ဒီလိုေမးခြန္းေလးေတြ ေမးၾကည့္ပါဦးေနာ္…
ကိုယ့္ရဲ့သူငယ္ခ်င္း မိတ္ေဆြ အေပါင္းအသင္းေတြရဲ့ စိတ္ကို သိနိုင္မယ့္ ေမးခြန္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
ေမးခြန္းေတြမွာ အေၿဖ အတိအက်ရယ္လို႔ေတာ့ မရွိပါဘူး။ ေျဖတဲ့လူေတြအေပၚ မူတည္ၿပီး ကြဲလြဲသြားနိုင္ပါတယ္။ ၿပီးေတာ့ “yes” or “no” ပဲေျဖရင္ အဆင္မေျပပါဘူး။ ဒီေမခြန္းေတြကို မိမိ စိတ္ပ်က္မသြားခ်င္တဲ့ လူေတြအေပၚ မေမးမိဖို႔ေတာ့ အႀကံေပးပါရေစ။
မင္းရဲ့ ေသမယ့္ေနကို ေရးထားတဲ့ စာအိတ္ကို ဖြင့္ၾကည့္မွာလား… ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ့ ေသျခင္းတရားအေပၚ ထားရွိတဲ့သေဘာထားနဲ႔ ဘဝကို ေယဘုယ်အားျဖင့္ ဘယ္လို ရႈျမင္ေနလဲ ဆိုတာကို သိနိုင္ပါတယ္။
မင္းကိုယ္မင္း သူငယ္ခ်င္း ျပန္လုပ္မွာလား… ဒီေမးခြန္းျဖင့္ လူတစ္ေယာက္ရဲ့ မိမိကိုယ္ကို တန္ဖိုးထားမႈ၊ အားနည္းခ်က္ အားသာခ်က္ကို သိနိုင္သလို သူတို႔ဟာ ဘယ္ေလာက္ထိ စိတ္ဝင္စားဖို႔ ေကာင္းတဲ့ လူလဲဆိုတာ သိနိုင္ပါတယ္။
တကယ္လို႔ လူတစ္ေယာက္ရဲ့ ေခါင္းေပၚမွာ အရာရာကို တိုင္းတာနိုင္တဲ့ အရာသာ ရွိခဲ့မယ္ဆိုရင္ သင့္အေနနဲ႔ ဘာကိုတိုင္းဖို႔ အသုံးျပဳမလဲ… ဥပမာ သူတို႔ရဲ့ ခ်မ္းသာမႈ၊ ေပ်ာ္ရႊင္မႈ၊ လူမႈဆက္ဆံေရး အစရွိသျဖင့္ တိုင္းမွာလား? ဒီေမခြန္းကေန လူတစ္ေယာက္ရဲ့ တန္ဖိုးနဲ႔ သူ႔ရဲ့ ဦးစားေပးမႈကို သိနိုင္ပါတယ္။
တျခားလူေတြနဲ႔ မတူေအာင္ သင္ဘာလုပ္မွာလဲ… ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ့ မိမိကိုယ္ကို တန္ဖိုးထားမႈ၊ သူတို႔ရဲ့ ဟာသဉာဏ္၊ ႐ူးသြပ္မႈ အတိုင္းအတာ နဲ႔ ထူးျခားတဲ့ ပင္ကိုယ္ေတြကို သိျမင္နိုင္ပါတယ္။
တကယ္လို႔ မထင္မွတ္ဘဲ သင္ေဖာက္ျပန္မိခဲ့တာကို သင့္ရဲ့ ပါတနာက ဘယ္ေတာ့မွ သိမွာ မဟုတ္ဘူးဆိုရင္ သူ႔ကို ေျပာျပမွာလား… ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ့ စိတ္ပိုင္းဆိုင္ရာ အဆင့္အတန္းနဲ႔ လူေတြအေပၚ ထားတဲ့ သူတို႔ရဲ့ သေဘာထားကို သိနိုင္ပါတယ္။
ဒီေန႔လိုမ်ိဳး အႀကိမ္ (၁၀၀) ခန႔္ မၾကာခဏ ၾကဳံေနရတယ္လို႔ သင္ခံစားေနရလား… အေျဖကို ၾကည့္ၿပီးေတာ့ လူတစ္ေယာက္ရဲ့ ဘဝေနထိုင္မႈကို သိနိုင္သလို သူတို႔ရဲ့ဘဝဟာ အဓိပၸာယ္ရွိရဲ့လား (သို႔) မရွိဘူးလား ဆိုတာကို သိျမင္နိုင္ပါတယ္။
တကယ္လို႔ အမ်ိဳးသားမ်ားနဲ႔ အမ်ိဳးသမီးေတြဟာ မတူညီတဲ့ ၿဂိဳလ္ႏွစ္ခုအေပၚမွာ သီးျခားစီ ေနထိုင္ေနၾကမယ္ဆိုရင္ အဲ့ဒီ ၿဂိဳလ္ေတြမွာ ဘာေတြ ျဖစ္ပ်က္မယ္ ထင္သလဲ… ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ့ ေတြးေခၚမႈပုံစံ (သို႔) သူတို႔ ဘယ္ေလာက္ထိ ယုတၱိရွိရွိ ေတြးေခၚနိုင္လဲ ဆိုတာကို သိျမင္နိုင္ပါတယ္။
တကယ္လို႔ ဗိုက္ဆာေနတဲ့ သင့္ရဲ့ကေလးေတြ (သို႔) မိသားစုဝင္ေတြကို ေကၽြးေမြးဖို႔အတြက္ ရာဇဝတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုရင္ သင္ဟာ မိမိကိုယ္မိမိ မေကာင္းတဲ့သူလို႔ ယူဆသလား… ဒါမွမဟုတ္ လိုအပ္လို႔ ရာဇဝတ္မူကို က်ဴးလြန္တယ္လို႔ ယူဆသလား…
ဒီေမးခြန္းကေတာ့ လူတစ္ေယာက္ရဲ့ စိတ္ေနစိတ္ထား အဆင့္အတန္းကို သိနိုင္သလို သူတို႔ရဲ့ မိသားစုအေပၚ ထားတဲ့ စိတ္ေန သေဘာထားကိုလည္း သိနိုင္ပါတယ္။
တကယ္လို႔ ေငြေၾကးသာ ေပ်ာ္ရႊင္မႈ ျဖစ္ခဲ့မယ္ဆိုရင္ သင္ဘာအလုပ္ လုပ္ေနမယ္ ထင္သလဲ… ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ့ ေမၽွာ္လင့္ခ်က္မ်ား၊ အိပ္မက္မ်ား နဲ႔ သူတို႔ဘဝမွာ ဘာေတြ လိုအပ္ေနလဲ ဆိုတာကို သိျမင္နိုင္ပါတယ္။
အခု ေဖာ္ျပေပးထားတဲ့ ေမးခြန္းေတြအျပင္ တျခားေမးခြန္းေတြနဲ႔လည္း ေမးနိုင္ပါတယ္။ ဒီေမးခြန္းမ်ိဳးေတြက အေပ်ာ္သေဘာအေနနဲ႔ ေမးနိုင္သလို လူတစ္ေယာက္ရဲ့ စိတ္ေနသေဘာထားကို သိခ်င္တယ္ဆိုရင္လည္း အသုံးျပဳနိုင္ပါတယ္။
Credit