တွေ့ရှိသူများ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံကြောင်း ပျောက်ဆုံးနေသူ၏ မိခင်ကဆို

လှိုင်သာယာ၊ ဩဂုတ် ၁၅/၂၀၂၀

သမီးဖြစ်သူ ပျောက်ဆုံးသည့်နေ့မှစ၍ တစ်လခန့်ကျော်ခန့် အလုပ်မလုပ်ဘဲ လူပျောက်ကြော်ငြာ လမ်းဘေးတွင် လိုက်လံကပ်ရှုနေတဲ့ ဒေါ်အေးစန်းမော်ကို Top Phoenix မီဒီယာမှ ယနေ့ ဩဂုတ်လ ၁၅ရက်နေ့တွင် တွေ့ဆုံ၍ မေးမြန်းခဲ့သည်။

“ကျွန်မသမီးက ၃.၇.၂၀၂၀ ရက်နေ့ မနက်ပိုင်း စက်ရုံသို့ အလုပ်သွားရင်း ပျောက်ဆုံး သွားတယ်။ သမီးက အသက် ၁၉နှစ်ပါ။ ကျွန်မသမီးနှင့်အတူ အမျိုးသမီးတစ်ဦးပါ ပျောက်ဆုံးသွားတယ်။ သမီးနှင့်အတူ ပျောက်ဆုံးသွားတဲ့ ကလေးမ၏ အမေက မသေရင် ပြန်လာလိမ့်မည်”ဟု ပြောသည်။

ဒေါ်အေးစန်းမော်မှာ သမီးပျောက်ဆုံးသွားသည့်နေ့၌ ရဲစခန်းတွင် လူပျောက်တိုင်တန်းထားပြီး မြန်မာ့အလင်း သတင်းစာ၌ လူပျော်ကြော်ငြာ ထည့်သွင်းဖော်ပြ ခဲ့သော်လည်း သမီးဖြစ်သူက ဆက်သွယ်လာခြင်း မရှိ၍ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်များလို့ လိုက်လံ၍ သမီးဖြစ်သူရုပ်ပုံပါ စာရွက်များသို့ လိုက်ကပ်ကာ ရှာဖွေနေခြင်းဟု ဆိုသည်။

၎င်းမှာ မတွေ့မချင်း ဆက်လက်ရှာဖွေနေမည်ဖြစ်ပြီး ကျေးဇူးပြု၍ Facebook သုံးစွဲသူများ Share လုပ်ပေးကြပါဟု မေတ္တာရပ်ခံကြောင်း ပြောသည်။

Top Phoenix Media Group အားလေးစားစွာ Credit ပေးပါသည်