သြဂုတ်(၁၄)ရက်ရောက်တိုင်း ဖခင်ကြီးရဲ့ အုတ်ဂူမှာ သွားရောက်ဂါရပြုနေဆဲ “တုနှိုင်းမဲ့ရတနာလေး”

0
140

အောက်ဆုံးတွင် ဗီဒီယိုပါဝင်ပါသည်

ကိုငှက်(ထူးအိမ်သင်)လို့ဆိုလိုက်ရင် လူကြီးလူငယ်မရွေး မသိသူမရှိလောက်အောင် သီချင်းလေးတွေရေးစပ်သီဆိုခဲ့တဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ကို မြင်ယောင်မိမှာပါ။

သူကွယ်လွန်ချိန်မှာ သမီးငယ်လေးမိကွန်ထောတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်…မိကွန်ထောဆိုတာ ယခုထိတိုင် လူကြိုက်များထင်ရှားဆဲ “တုနှိုင်းမဲ့ရတနာ” သီချင်းထဲက ပရိတ်တွေချစ်တဲ့ ကလေးသရုပ်ဆောင်လေးပါ။

ယနေ့ သြဂုတ်လ(၁၄)ရက်နေ့ဟာ ထူးအိမ်သင် ကွယ်ခဲ့တာ (၁၆)နှစ်ပြည့်မြောက်ပါပြီ။ ထူးအိမ်သင်ရဲ့သမီးလေး မိကွန်ထောက သူမရဲ့ဖခင်ကို လွမ်းဆွတ်တမ်းတရင်း နှစ်စဉ် သြဂုတ်(၁၄)ရက်နေ့ရောက်တိုင်း ဖခင်လဲလျောင်းရာ အုတ်ဂူမှာ သွားရောက်ဂါရဝပြုနေကြဖြစ်ပါတယ်။

ဖခင်အတွက်ရည်စူးပြီး အလှူအတန်းတွေလည်း နှစ်စဉ်လုပ်ကိုင်နေဆဲဘဲဖြစ်ပါတယ်။ ထူးအိမ်သင်ကတော့ ကောင်းရာဘုံဘဝကနေ သာဓုခေါ်နေမယ်လို့ မျှော်လင့်ပါတယ်။


ကိုငှက်ဆုံးတာ ၁၆ နှစ်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့ သီချင်းတွေကတော့ ယနေ့ထိတိုင် ပရိတ်သတ်တွေကြားမှာ လွင့်ပျံ့ဆဲဘဲဖြစ်ပါတယ်။

ထန်းညက်ခဲ

photo Mikon Htaw