တောင်ငူပြန်စရာ စရိတ်မရှိလို့ ခုံးကျော်တံတားပေါ်မှာ အိပ်ပြီး တောင်းစားနေရတဲ့ အသက် (၇၀) အဖိုး

ဗိုက်အရမ်းဆာလို့…မစားတော့ဘူးဆို… ပန်းကန်ထဲ ကျန်တဲ့ဟာ…ကျွေးပါလား

ညီတယောက်နဲ့ ညစာ စားနေတုန်း…အဖိုး တယောက် အဝေးကနေ ရပ်ပြီ ကြည့်နေတာ သတိထားမိတယ်။ အဖိုးက ကျနော်တို့အနားရောက်လာပြီ…

သား…အဖိုး ဗိုက်အရမ်းဆာလို့…သား မစားတော့ဘူးဆို…ပန်းကန်ထဲက ထမင်းနဲ့ဟင်းကျန်တာလေး ကျွေးပါလား၊ ဟာ…အဖိုး ဗိုက်ဆာလို့လား (အဖိုးကြည့်ရတာ ခုနတည်းက လိုက်တောင်းနေပုံရတယ်…ညစ်ပတ် နံ့စော်နေတော့ ဘယ်သူမှ အနားကပ်မခံပဲ…မောင်းထုတ်ခံရလား မသိ)

ဟုတ်…သား မစားတော့ဘူးဆို အဖိုးကို ကျွေးနော်။ မဟုတ်တာ…အဖိုး ဗိုက်ဆာရင် လာ ထိုင်…ထမင်းနဲ့ဟင်း ကျွေးမယ်၊ အဖိုးက ညစ်ပတ်နေတော့ အားနာလို့ပါ…အဖိုးကို အဲ့ အကျန်လေး အိတ်နဲ့ ထုတ်ပေးလိုက်ပါ။

မဟုတ်တာ အဖိုးရာ…လာ ကျနော် ရှိတယ် မှာပေးမယ်နော်။ လာ ထိုင် စား…အဖိုး ကြက်သား ဟင်းနဲ့ လက်ဖက်သုပ်နဲ့ စားမယ်။ ဒါနဲ့ အဖိုး နာမည်လေး ပြောပါလား၊ အသက် ဘယ်လောက်ရှိပြီလဲ

ဦးဇော်မင်း…(၇၀)ပါ သား… မိသားစု မရှိဘူးလား…ဘယ်မှာနေတာလဲ။ သား တယောက်ရှိတယ်…သူက ဘန်ကောက်မှာ အဆက်သွယ်မရှိဘူး…အရင်က မိုင်းရှူးမှာ အလုပ်လုပ်တာ

အမ် မိုင်းရှူးကနေ ဒီကို အဝေးကြီး..ဘယ်လို ရောက်၊ သူငယ်ချင်း က ရန်ကုန်မှာ အလုပ်ရှိတယ်ဆိုပြီ ခေါ်လာပြီ…သူက ပစ်သွားတာ…အဖိုးလဲ မိတ်ဆွေ မရှိ…မသွားတတ် မလာတတ်နဲ့…အဲ့ ဂုံးကျော်တံတားလေးပေါ်မှာ အိပ်တာ၊ ပါလာတဲ့ အဝတ်အစား ပိုက်ဆံတွေလဲ အခိုးခံရပြီ…ဒီ ဝတ်ထားတာလေးပဲ ကျန်ခဲ့တာ။

ဟာ…အဖိုးဟာကလဲ ဗျာ… ဒါနဲ့ အဖိုး ခု ကျနော်နဲ့ တွေ့ပြီ…ဘာလုပ်ချင်လဲ၊ ရိပ်သာမှာ နေချင်လား၊ အဖိုးမှာ အမ တယောက်ရှိတယ်…သူက တောင်ငူမှာ နေတယ်… အဖိုး သူ့ဆီ ပြန်ချင်တယ် သား

ဟုတ်ပြီ အဖိုး… မနက်ကျ တောင်ငူကို ပို့ပေးမယ်နော်…အဖိုး ခု ထမင်းကို ဝအောင်စားနော်…အားမနာနဲ့၊ ကျေးဇူးပါ သားရယ်…အဖိုး ခု အိပ်တဲ့နေရာလေးမှာ မနက်ကျ စောင့်နေမယ်နော်

ဘယ်နေရာလဲ အဖိုးအိပ်တာ…ပြပါအုံး၊ လာ သား…အဖိုးပြမယ်။ (တူတူ သွားကြည့်တော့…အမှိုက်တွေနဲ့…သေးနံ့တွေကလဲ နံ့ဟောင်နေရော ) ဒီနေရာလေးမှာ စောင့်နေနော်…အင်္ကျီနဲ့ပုဆိုးလဲ ယူခဲ့မယ်နော်..တောင်ငူပြန်မယ်နော်

အဖိုး သားကို မျှော်နေမယ်နော်…မနက် အဖိုး စောင့်နေမယ်နော်…လာခေါ်ပါနော် သား…အဖိုးကို ပို့ပေးပါနော်။ ညဆို ခြင်တွေ အရမ်းကိုက်တယ်…ခွေးတွေကလဲ သေးတွေ ချီးတွေလာလာပါတော့…အဖိုးကို ကယ်ပါနော်၊ စိတ်ချ အဖိုး…ရအောင် ကယ်မှာနော်…မနက် စောင့်နေနော် လာခေါ်မယ်

ဪ…ဆီဈေး (၁၇၀၀)ကျော်နေပေမဲ့…အဖိုးကို ရအောင် ကယ်ပြီ ပို့ပေးမယ် ဗျာ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ

ဗိုက္အရမ္းဆာလို႔…မစားေတာ့ဘူးဆို… ပန္းကန္ထဲ က်န္တဲ့ဟာ…ေကၽြးပါလား

ညီတေယာက္နဲ႔ ညစာ စားေနတုန္း…အဖိုး တေယာက္ အေဝးကေန ရပ္ၿပီ ၾကည့္ေနတာ သတိထားမိတယ္။ အဖိုးက က်ေနာ္တို႔အနားေရာက္လာၿပီ…

သား…အဖိုး ဗိုက္အရမ္းဆာလို႔…သား မစားေတာ့ဘူးဆို…ပန္းကန္ထဲက ထမင္းနဲ႔ဟင္းက်န္တာေလး ေကၽြးပါလား၊ ဟာ…အဖိုး ဗိုက္ဆာလို႔လား (အဖိုးၾကည့္ရတာ ခုနတည္းက လိုက္ေတာင္းေနပုံရတယ္…ညစ္ပတ္ နံ့ေစာ္ေနေတာ့ ဘယ္သူမွ အနားကပ္မခံပဲ…ေမာင္းထုတ္ခံရလား မသိ)

ဟုတ္…သား မစားေတာ့ဘူးဆို အဖိုးကို ေကၽြးေနာ္။ မဟုတ္တာ…အဖိုး ဗိုက္ဆာရင္ လာ ထိုင္…ထမင္းနဲ႔ဟင္း ေကၽြးမယ္၊ အဖိုးက ညစ္ပတ္ေနေတာ့ အားနာလို႔ပါ…အဖိုးကို အဲ့ အက်န္ေလး အိတ္နဲ႔ ထုတ္ေပးလိုက္ပါ။

မဟုတ္တာ အဖိုးရာ…လာ က်ေနာ္ ရွိတယ္ မွာေပးမယ္ေနာ္။ လာ ထိုင္ စား…အဖိုး ၾကက္သား ဟင္းနဲ႔ လက္ဖက္သုပ္နဲ႔ စားမယ္။ ဒါနဲ႔ အဖိုး နာမည္ေလး ေျပာပါလား၊ အသက္ ဘယ္ေလာက္ရွိၿပီလဲ

ဦးေဇာ္မင္း…(၇၀)ပါ သား… မိသားစု မရွိဘူးလား…ဘယ္မွာေနတာလဲ။ သား တေယာက္ရွိတယ္…သူက ဘန္ေကာက္မွာ အဆက္သြယ္မရွိဘူး…အရင္က မိုင္းရႉးမွာ အလုပ္လုပ္တာ

အမ္ မိုင္းရႉးကေန ဒီကို အေဝးႀကီး..ဘယ္လို ေရာက္၊ သူငယ္ခ်င္း က ရန္ကုန္မွာ အလုပ္ရွိတယ္ဆိုၿပီ ေခၚလာၿပီ…သူက ပစ္သြားတာ…အဖိုးလဲ မိတ္ေဆြ မရွိ…မသြားတတ္ မလာတတ္နဲ႔…အဲ့ ဂုံးေက်ာ္တံတားေလးေပၚမွာ အိပ္တာ၊ ပါလာတဲ့ အဝတ္အစား ပိုက္ဆံေတြလဲ အခိုးခံရၿပီ…ဒီ ဝတ္ထားတာေလးပဲ က်န္ခဲ့တာ။

ဟာ…အဖိုးဟာကလဲ ဗ်ာ… ဒါနဲ႔ အဖိုး ခု က်ေနာ္နဲ႔ ေတြ႕ၿပီ…ဘာလုပ္ခ်င္လဲ၊ ရိပ္သာမွာ ေနခ်င္လား၊ အဖိုးမွာ အမ တေယာက္ရွိတယ္…သူက ေတာင္ငူမွာ ေနတယ္… အဖိုး သူ႔ဆီ ျပန္ခ်င္တယ္ သား

ဟုတ္ၿပီ အဖိုး… မနက္က် ေတာင္ငူကို ပို႔ေပးမယ္ေနာ္…အဖိုး ခု ထမင္းကို ဝေအာင္စားေနာ္…အားမနာနဲ႔၊ ေက်းဇူးပါ သားရယ္…အဖိုး ခု အိပ္တဲ့ေနရာေလးမွာ မနက္က် ေစာင့္ေနမယ္ေနာ္

ဘယ္ေနရာလဲ အဖိုးအိပ္တာ…ျပပါအုံး၊ လာ သား…အဖိုးျပမယ္။ (တူတူ သြားၾကည့္ေတာ့…အမွိုက္ေတြနဲ႔…ေသးနံ့ေတြကလဲ နံ့ေဟာင္ေနေရာ ) ဒီေနရာေလးမွာ ေစာင့္ေနေနာ္…အကၤ်ီနဲ႔ပုဆိုးလဲ ယူခဲ့မယ္ေနာ္..ေတာင္ငူျပန္မယ္ေနာ္

အဖိုး သားကို ေမၽွာ္ေနမယ္ေနာ္…မနက္ အဖိုး ေစာင့္ေနမယ္ေနာ္…လာေခၚပါေနာ္ သား…အဖိုးကို ပို႔ေပးပါေနာ္။ ညဆို ျခင္ေတြ အရမ္းကိုက္တယ္…ေခြးေတြကလဲ ေသးေတြ ခ်ီးေတြလာလာပါေတာ့…အဖိုးကို ကယ္ပါေနာ္၊ စိတ္ခ် အဖိုး…ရေအာင္ ကယ္မွာေနာ္…မနက္ ေစာင့္ေနေနာ္ လာေခၚမယ္

ဪ…ဆီေဈး (၁၇၀၀)ေက်ာ္ေနေပမဲ့…အဖိုးကို ရေအာင္ ကယ္ၿပီ ပို႔ေပးမယ္ ဗ်ာ

ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက

ကိုပူတူးႏွင့္ေဘာ္ဒါမ်ား