ကျောင်းစာကို အလွတ်ကျက်ပြီး ဖြေဆိုခြင်းဟာ စာကူးချပြီး ဖြေဆိုခြင်းနဲ့ တူတူပါပဲ

ကျောင်းစာကို အလွတ်ကျက်ပြီး ဖြေဆိုခြင်းဟာ စာကူးချပြီး ဖြေဆိုခြင်းနဲ့ တူတူပါပဲ

ကျောင်းစာကို အလွတ်ကျက်ပြီးဖြေဆိုခြင်းဟာ စာကူးချပြီးဖြေဆိုခြင်းနဲ့ တူတယ်လို့ ယူဆပါတယ်.. ကိုယ်တို့ကျောင်းပြန်ဖွင့်လို့ ကျောင်းသားတွေ ရောက်လာကြပြီ။ စာသင်တာ မစခင် ပထမဆုံး ရှင်းရမဲ့ ဇတ်လမ်းအတွက် ပြင်ဆင်ရင်း အဲဒီအကြောင်းလေး ပြောပြချင်တယ်။ အမှုက စာကို အလွတ်ကျက်ပြီး ဖြေမှု။

ကျောင်းသားက အလွတ်ကျက် ဖြေတာ အပြစ်လား မေးရင် ဟုတ်တယ်လို့ဘဲ ပြောရမှာ။ ကိုယ်ရှင်းပြပါ့မယ်။ ကိုယ်တို့ မြန်မာတွေတင်မက အာရှက ကျောင်းသားတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ ပညာရေးလောက က အမှုတစ်ခုပေါ့။ အင်္ဂလိပ်လိုတော့ Plagiarism (ပလေဂျီရာရစ်ဒ်ဇင်မ်) လို့ ခေါ်တယ်။

တိုက်ရိုက် ဘာသာပြန်ရင်တော့ ခိုးယူကူးချခြင်းလို့ အဓိပ္ပါယ်ရမယ် ထင်တယ်။ (အခုရေးနေတဲ့ စာလေးမှာ “ပီ” လို့ အတိုခေါက် ခေါ်ပြီး ဆက်ရေးပါမယ်။) “ပီ” ရဲ့ မူရင်း အဓိပ္ပါယ်ကတော့ သူများရဲ့ အတွေးအခေါ်၊ ဖန်တီးမှု၊ အရေးအသား (စာသား)၊ အချက်အလက်ဒေတာ တွေကို သိရက်သားနဲ့ ဖြစ်ဖြစ် မသိလို့ဘဲ ဖြစ်ဖြစ် ကိုယ်လုပ်ထားသလို ကိုယ်တိုင် ရေးသား ဖန်တီးထားသလို လုပ်တာကို ခေါ်တာပါ။

ဒီစကားဟာ အစတုန်းက ပညာရေးလောကထက် အပြိုင်အဆိုင် ပိုများတဲ့လုပ်ငန်းတွေ ဥပမာ အနုပညာလောက၊ သုတေသနလောက၊ ဖက်ရှင်လောက တို့မှာ ပိုတွေ့ရတယ်။ နောက်ပိုင်းတော့ ပညာရေးလောကမှာ အရမ်းအရေးကြီးတယ်လို့ ယူဆလာတယ်။ တက္ကသိုလ်တွေမှာ ကျောင်းသား “ပီ” လုပ်တာ မိရင် ပထမအကြိမ်ဆို ဆွေးနွေးမယ်။ ဒုတိယအကြိမ်ဆို ဝမ်နင်ပေးမယ်။

အဲဒါမှ ဆက်လုပ်ရင် ကျောင်းထုတ်တဲ့ အထိ ပြင်းထန်ပါတယ်။ ကိုယ်တို့ တိုင်းပြည်သာမက အာရှတိုင်းပြည် တော်တော်များများဟာ အလွတ်ကျက်ပြီး ဖြေတဲ့ စံနစ်နဲ့ ကြီးခဲ့ကြတယ်။ တရုတ်ပြည်မှာ ကွန်ဖြူးရှပ်ရဲ့ စာပေတွေ အာဂုံဆောင်ထားနိုင်မှ အစိုးရ ရာထူးခန့် စာမေးပွဲတွေမှာ အောင်တာမျိုးပေါ့။

အခုတော့ ပညာရေးက တဖြည်းဖြည်းချင်း ပြောင်းလာတယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်လာတဲ့ အခါ အရှေ့တိုင်းက ကျောင်းသားတွေ အနောက်တိုင်းမှာ ပညာသွားသင်ရင်း ဒီပြသနာတွေ အများဆုံးကြုံရတယ်။ အနောက်တိုင်း ပညာရေးက ကိုယ်တိုင် တွေးခေါ်စဉ်းစားတာကို ဦးစားပေးတယ်။

အလွတ်ကျက်လေ့ မရှိကြဘူး။ ကိုယ်တို့ဖြစ်တဲ့ ပြသနာကို ပြန်စရရင် ဒီကျောင်းမှာ ဆေးသိပ္ပံ ဘာသာတစ်ချို့က အဆိုင်းမန့်တွေ ရေးခိုင်းတယ်။ အဲဒီက အမှတ်ကလည်း အောင် မအောင် အရေးကြီးပါတယ်။

နှစ်ကုန်မှာစစ်တဲ့ စာမေးပွဲဟာ ၅၀ ရာခိုင်နှုန်းဘဲ စစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက အဲဒီ အဆိုင်းမန့်တွေ ရေးခိုင်းတာ ဆိုပါတော့။ တချို့ အဆိုင်းမန့်တွေက ခေါင်းစဉ်ပေးတယ်။ ကြိုက်တဲ့ စာအုပ် စာတန်းဖတ်။

ကိုယ့်စကားနဲ့ကိုယ် ခေါင်းစဉ်ပေါ်မူတည်ပြီးရေး။ ဆရာ ဆော့ဖ်ဝဲလ်သုံးပြီး စစ်တာဆိုတော့ အင်တာနက်က ဖြစ်ဖြစ် ဖတ်စာအုပ်က ဖြစ်ဖြစ် တစ်ကြောင်း တစ်ပုဒ်ကူးရေးတာနဲ့ တန်းမိတာ။ တချို့ ဘာသာမှာ Research review paper လို့ ခေါ်တဲ့ သုတေသနစာတမ်း တခုကို ကြိုပေးပြီး ဖတ်ခိုင်းထားတယ်။ စစ်မဲ့နေ့မှာ ခေါင်းစဉ်တစ်ခုပေး အချိန်သတ်မှတ်ပြီး အက်ဆေး သဘောမျိုးရေးခိုင်းတယ်။

ဖြစ်သင့်တာက ကျောင်းသားက နားလည်အောင် ဖတ်လာ၊ မေးခွန်းပေါ်မူတည်ပြီး သူ့ရဲ့ ကိုယ်ပိုင် ဗဟုသုတနဲ့ ပြေပြေပြစ်ပြစ်ရေး။ အဲလို မဟုတ်ဘဲ ကျောင်းသားက အလွတ်ကျက်လာ၊ ရေးဆို ကျက်လာတာတွေ ရေးထဲ့လိုက်။ အဲတော့ တန်းပြီး “ပီ” တာဘဲ။ ပြောချင်တာ စာရွက်စာတန်းတွေ စာမေးပွဲခန်းထဲ ယူသွားပြီးကူးမှ ခိုးချတာ မဟုတ်တော့ဘူး။ အလွတ်ကျက်ပြီး ရေးလည်း အဲလိုဘဲ ယူဆပါတယ်။

Mkt Burman

ေက်ာင္းစာကို အလြတ္က်က္ၿပီး ေျဖဆိုျခင္းဟာ စာကူးခ်ၿပီး ေျဖဆိုျခင္းနဲ႔ တူတူပါပဲ

ေက်ာင္းစာကို အလြတ္က်က္ၿပီးေျဖဆိုျခင္းဟာ စာကူးခ်ၿပီးေျဖဆိုျခင္းနဲ႔ တူတယ္လို႔ ယူဆပါတယ္.. ကိုယ္တို႔ေက်ာင္းျပန္ဖြင့္လို႔ ေက်ာင္းသားေတြ ေရာက္လာၾကၿပီ။ စာသင္တာ မစခင္ ပထမဆုံး ရွင္းရမဲ့ ဇတ္လမ္းအတြက္ ျပင္ဆင္ရင္း အဲဒီအေၾကာင္းေလး ေျပာျပခ်င္တယ္။ အမႈက စာကို အလြတ္က်က္ၿပီး ေျဖမႈ။

ေက်ာင္းသားက အလြတ္က်က္ ေျဖတာ အျပစ္လား ေမးရင္ ဟုတ္တယ္လို႔ဘဲ ေျပာရမွာ။ ကိုယ္ရွင္းျပပါ့မယ္။ ကိုယ္တို႔ ျမန္မာေတြတင္မက အာရွက ေက်ာင္းသားေတြနဲ႔ သိပ္မရင္းႏွီးေသးတဲ့ ပညာေရးေလာက က အမႈတစ္ခုေပါ့။ အဂၤလိပ္လိုေတာ့ Plagiarism (ပေလဂ်ီရာရစ္ဒ္ဇင္မ္) လို႔ ေခၚတယ္။

တိုက္ရိုက္ ဘာသာျပန္ရင္ေတာ့ ခိုးယူကူးခ်ျခင္းလို႔ အဓိပၸါယ္ရမယ္ ထင္တယ္။ (အခုေရးေနတဲ့ စာေလးမွာ “ပီ” လို႔ အတိုေခါက္ ေခၚၿပီး ဆက္ေရးပါမယ္။) “ပီ” ရဲ့ မူရင္း အဓိပၸါယ္ကေတာ့ သူမ်ားရဲ့ အေတြးအေခၚ၊ ဖန္တီးမႈ၊ အေရးအသား (စာသား)၊ အခ်က္အလက္ေဒတာ ေတြကို သိရက္သားနဲ႔ ျဖစ္ျဖစ္ မသိလို႔ဘဲ ျဖစ္ျဖစ္ ကိုယ္လုပ္ထားသလို ကိုယ္တိုင္ ေရးသား ဖန္တီးထားသလို လုပ္တာကို ေခၚတာပါ။

ဒီစကားဟာ အစတုန္းက ပညာေရးေလာကထက္ အၿပိဳင္အဆိုင္ ပိုမ်ားတဲ့လုပ္ငန္းေတြ ဥပမာ အႏုပညာေလာက၊ သုေတသနေလာက၊ ဖက္ရွင္ေလာက တို႔မွာ ပိုေတြ႕ရတယ္။ ေနာက္ပိုင္းေတာ့ ပညာေရးေလာကမွာ အရမ္းအေရးႀကီးတယ္လို႔ ယူဆလာတယ္။ တကၠသိုလ္ေတြမွာ ေက်ာင္းသား “ပီ” လုပ္တာ မိရင္ ပထမအႀကိမ္ဆို ေဆြးေႏြးမယ္။ ဒုတိယအႀကိမ္ဆို ဝမ္နင္ေပးမယ္။

အဲဒါမွ ဆက္လုပ္ရင္ ေက်ာင္းထုတ္တဲ့ အထိ ျပင္းထန္ပါတယ္။ ကိုယ္တို႔ တိုင္းျပည္သာမက အာရွတိုင္းျပည္ ေတာ္ေတာ္မ်ားမ်ားဟာ အလြတ္က်က္ၿပီး ေျဖတဲ့ စံနစ္နဲ႔ ႀကီးခဲ့ၾကတယ္။ တ႐ုတ္ျပည္မွာ ကြန္ျဖဴးရွပ္ရဲ့ စာေပေတြ အာဂုံေဆာင္ထားနိုင္မွ အစိုးရ ရာထူးခန႔္ စာေမးပြဲေတြမွာ ေအာင္တာမ်ိဳးေပါ့။

အခုေတာ့ ပညာေရးက တျဖည္းျဖည္းခ်င္း ေျပာင္းလာတယ္။ ကမၻာႀကီးက ရြာႀကီးျဖစ္လာတဲ့ အခါ အေရွ႕တိုင္းက ေက်ာင္းသားေတြ အေနာက္တိုင္းမွာ ပညာသြားသင္ရင္း ဒီျပသနာေတြ အမ်ားဆုံးၾကဳံရတယ္။ အေနာက္တိုင္း ပညာေရးက ကိုယ္တိုင္ ေတြးေခၚစဥ္းစားတာကို ဦးစားေပးတယ္။

အလြတ္က်က္ေလ့ မရွိၾကဘူး။ ကိုယ္တို႔ျဖစ္တဲ့ ျပသနာကို ျပန္စရရင္ ဒီေက်ာင္းမွာ ေဆးသိပၸံ ဘာသာတစ္ခ်ိဳ႕က အဆိုင္းမန႔္ေတြ ေရးခိုင္းတယ္။ အဲဒီက အမွတ္ကလည္း ေအာင္ မေအာင္ အေရးႀကီးပါတယ္။

ႏွစ္ကုန္မွာစစ္တဲ့ စာေမးပြဲဟာ ၅၀ ရာခိုင္ႏႈန္းဘဲ စစ္ၿပီး က်န္တဲ့ ၅၀ ရာခိုင္ႏႈန္းက အဲဒီ အဆိုင္းမန႔္ေတြ ေရးခိုင္းတာ ဆိုပါေတာ့။ တခ်ိဳ႕ အဆိုင္းမန႔္ေတြက ေခါင္းစဥ္ေပးတယ္။ ႀကိဳက္တဲ့ စာအုပ္ စာတန္းဖတ္။

ကိုယ့္စကားနဲ႔ကိုယ္ ေခါင္းစဥ္ေပၚမူတည္ၿပီးေရး။ ဆရာ ေဆာ့ဖ္ဝဲလ္သုံးၿပီး စစ္တာဆိုေတာ့ အင္တာနက္က ျဖစ္ျဖစ္ ဖတ္စာအုပ္က ျဖစ္ျဖစ္ တစ္ေၾကာင္း တစ္ပုဒ္ကူးေရးတာနဲ႔ တန္းမိတာ။ တခ်ိဳ႕ ဘာသာမွာ Research review paper လို႔ ေခၚတဲ့ သုေတသနစာတမ္း တခုကို ႀကိဳေပးၿပီး ဖတ္ခိုင္းထားတယ္။ စစ္မဲ့ေန႔မွာ ေခါင္းစဥ္တစ္ခုေပး အခ်ိန္သတ္မွတ္ၿပီး အက္ေဆး သေဘာမ်ိဳးေရးခိုင္းတယ္။

ျဖစ္သင့္တာက ေက်ာင္းသားက နားလည္ေအာင္ ဖတ္လာ၊ ေမးခြန္းေပၚမူတည္ၿပီး သူ႔ရဲ့ ကိုယ္ပိုင္ ဗဟုသုတနဲ႔ ေျပေျပျပစ္ျပစ္ေရး။ အဲလို မဟုတ္ဘဲ ေက်ာင္းသားက အလြတ္က်က္လာ၊ ေရးဆို က်က္လာတာေတြ ေရးထဲ့လိုက္။ အဲေတာ့ တန္းၿပီး “ပီ” တာဘဲ။ ေျပာခ်င္တာ စာရြက္စာတန္းေတြ စာေမးပြဲခန္းထဲ ယူသြားၿပီးကူးမွ ခိုးခ်တာ မဟုတ္ေတာ့ဘူး။ အလြတ္က်က္ၿပီး ေရးလည္း အဲလိုဘဲ ယူဆပါတယ္။

Mkt Burman