အစားအသောက်စားရင် အနံ့အရသာ အပြင် ဂျပန်တွေထက် တခုပိုသုံးရတဲ့ ရွှေမြန်မာများ

အစားအသောက်စားရင် အနံ့အရသာ အပြင် ဂျပန်တွေထက် တခုပိုသုံးရတဲ့ ရွှေမြန်မာများ

အစားအသောက်စားရင် ဂျပန်တွေထက် တခု ပိုသုံးရတဲ့ ရွှေမြန်မာများ.. စားသောက်ဆိုင်မှာ.. စားဖိုမှူးလုပ်နေတဲ့ ဂျပန်အဖိုးကြီးက စကားအဟောင်းကြီးနဲ့ ကြွားလုံးထုတ်တယ်။

သူတို့ဂျပန်တွေ အစားအသောက်စားရင် ပထမ အမြင်နဲ့စားတယ်.. ဒုတိယ အနံ့နဲ့စားတယ်.. နောက်ဆုံး အရသာနဲ့စားကြတယ်.. ဒါကြောင့် သိပ်ဂရုစိုက်ရပါတယ်.. တဲ့။ ဟက်.. ဟက် ရီချင်တယ်။ မြန်မာတွေက အစားအသောက်စားရင် နောက်တစ်ခုပိုသေးတယ်။

” ဦးနှောက်နဲ့ပါ စားကြပါတယ်” လို့ ပြောလိုက်တော့.. အဖိုးကြီးမျက်လုံးပြူးသွားတယ်။

ဂျပန် အဘိုးကြီးက ” မြန်မာတွေ စားသောက်ကြတာ ခန္ဓာကိုယ်အတွက် သိပ်အလေးပေးကြတာပဲနော်”.. တဲ့။ဟက်..ဟက်.. ငပိရည်ထဲ ဓါတ်မြေဩဇာတွေပါ မပါ.. လက်ဖက်ဆိုပြီး ရာဘာရွက်တွေ ဆေးဆိုးထားတာ ဟုတ်မဟုတ်.. အမြဲကြွပ်ရွနေအောင် ရေသန့်ဗူးခွံတွေ ထည့်ကြော်ထားတဲ့ အကြော်မျိုးစုံတွေဟုတ်မဟုတ်..

နှစ်လတာရှည်အထားခံပြီး မပုတ်မသိုးအောင် ဖေါ်မလင်တွေထည့်သုံးထားတဲ့ အစားအစာတွေ ဟုတ်မဟုတ်.. အမိုက်သရိုက်တွေနဲ့ မှိုလိုက်ပြီး ကင်ဆာရောဂါဖြစ်မဲ့ ငရုတ်သီးမှုန့် ဆနွင်းမှုန့် ဟင်းချက်မှုန့်တွေ ဟုတ်မဟုတ်.. တရုတ်ဓါတ်မြေဩဇာတွေနဲ့ ထွားကြိုင်းလွန်းလှတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေဟုတ်မဟုတ်.. ဦးနှောက်နဲ့ အရင်စဉ်းစား စားကြည့်ရသေးတယ်လေ..။

ဒါတွေကို ဂျပန်အဖိုးကြီးသိအောင် ရှင်းပြနေရရင် မိုးလင်းသွားလိမ့်မယ် ။ တိုင်းတပါးသားတွေ မသိတာပဲ ကောင်းပါတယ်လေ.. နော။ ဒါပါပဲ။

အစားအေသာက္စားရင္ အနံ့အရသာ အျပင္ ဂ်ပန္ေတြထက္ တခုပိုသုံးရတဲ့ ေရႊျမန္မာမ်ား

အစားအေသာက္စားရင္ ဂ်ပန္ေတြထက္ တခု ပိုသုံးရတဲ့ ေရႊျမန္မာမ်ား.. စားေသာက္ဆိုင္မွာ.. စားဖိုမႉးလုပ္ေနတဲ့ ဂ်ပန္အဖိုးႀကီးက စကားအေဟာင္းႀကီးနဲ႔ ႂကြားလုံးထုတ္တယ္။

သူတို႔ဂ်ပန္ေတြ အစားအေသာက္စားရင္ ပထမ အျမင္နဲ႔စားတယ္.. ဒုတိယ အနံ့နဲ႔စားတယ္.. ေနာက္ဆုံး အရသာနဲ႔စားၾကတယ္.. ဒါေၾကာင့္ သိပ္ဂ႐ုစိုက္ရပါတယ္.. တဲ့။ ဟက္.. ဟက္ ရီခ်င္တယ္။ ျမန္မာေတြက အစားအေသာက္စားရင္ ေနာက္တစ္ခုပိုေသးတယ္။

” ဦးေႏွာက္နဲ႔ပါ စားၾကပါတယ္” လို႔ ေျပာလိုက္ေတာ့.. အဖိုးႀကီးမ်က္လုံးျပဴးသြားတယ္။

ဂ်ပန္ အဘိုးႀကီးက ” ျမန္မာေတြ စားေသာက္ၾကတာ ခႏၶာကိုယ္အတြက္ သိပ္အေလးေပးၾကတာပဲေနာ္”.. တဲ့။ဟက္..ဟက္.. ငပိရည္ထဲ ဓါတ္ေျမဩဇာေတြပါ မပါ.. လက္ဖက္ဆိုၿပီး ရာဘာရြက္ေတြ ေဆးဆိုးထားတာ ဟုတ္မဟုတ္.. အျမဲႂကြပ္ရြေနေအာင္ ေရသန႔္ဗူးခြံေတြ ထည့္ေၾကာ္ထားတဲ့ အေၾကာ္မ်ိဳးစုံေတြဟုတ္မဟုတ္..

ႏွစ္လတာရွည္အထားခံၿပီး မပုတ္မသိုးေအာင္ ေဖၚမလင္ေတြထည့္သုံးထားတဲ့ အစားအစာေတြ ဟုတ္မဟုတ္.. အမိုက္သရိုက္ေတြနဲ႔ မွိုလိုက္ၿပီး ကင္ဆာေရာဂါျဖစ္မဲ့ င႐ုတ္သီးမႈန႔္ ဆႏြင္းမႈန႔္ ဟင္းခ်က္မႈန႔္ေတြ ဟုတ္မဟုတ္.. တ႐ုတ္ဓါတ္ေျမဩဇာေတြနဲ႔ ထြားႀကိဳင္းလြန္းလွတဲ့ ဟင္းသီးဟင္းရြက္ အသီးအႏွံေတြဟုတ္မဟုတ္.. ဦးေႏွာက္နဲ႔ အရင္စဥ္းစား စားၾကည့္ရေသးတယ္ေလ..။

ဒါေတြကို ဂ်ပန္အဖိုးႀကီးသိေအာင္ ရွင္းျပေနရရင္ မိုးလင္းသြားလိမ့္မယ္ ။ တိုင္းတပါးသားေတြ မသိတာပဲ ေကာင္းပါတယ္ေလ.. ေနာ။ ဒါပါပဲ။