မိန်းမတဦးတည်း အမည်ဖြင့် မြေကွက်/အိမ် ဝယ်ယူခြင်း နှင့် ခင်ပွန်းဖြစ်သူ အကျိုးခံစာခွင့်

မိန်းမတဦးတည်း အမည်ဖြင့် မြေကွက်/အိမ် ဝယ်ယူခြင်း နှင့် ခင်ပွန်းဖြစ်သူ အကျိုးခံစာခွင့်

မိန်းမဖြစ်သူ တဦးတည်းအမည်ဖြင့် မြေကွက်/အိမ် ဝယ်ယူခြင်း နှင့် ခင်ပွန်းဖြစ်သူ အကျိုးခံစာခွင့်..မြေကွက် အရောင်းအဝယ် စာချုပ်ချုပ်ဆို ပေးဖြစ်ခဲ့ပါတယ်။

ဝယ်သူကလင်မယား နှစ်ယောက်ပါ။ ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျားဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်း နာမည်သာ ထည့်လိုကြောင်း ပြောလာပါတယ်။

ဘာကြောင့်လင်မယား နှစ်ယောက်အမည် မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှုပါ။ သူတို့ အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။

ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါ ဆရာရယ်တဲ့။ နားလည်မှုရှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။ ဒီလိုနဲ့ ဝယ်သူနေရာမှာ မိန်းမဖြစ်သူအမည်ကိုပဲ ထည့်ပြီး သက်သေနေရာ မှာတော့ ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။

မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ ဒါပေမယ့် ဥပဒေ ဗဟုသုတအဖြစ် ဆက်လက် တင်ပြလိုက်ပါတယ်။ မြန်မာဗုဒ္ဓဘာသာ လင်မယားများဖြစ်ပါက မည်သူ၏အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါတယ်။

မယားအမည် ပေါက်ယုံဖြင့် မယားတစ်ဦးတည်း မပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။ ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကို မခွဲရသေးလျှင် ကွာရှင်းပြီး နောက်မှ လင် သို့မဟုတ် မယား အမည်ဖြင့် ဂရမ်အမည်ပေါက်သွားဦးတော့။ အဆိုပါ ဂရန်အမည်ပေါက် တစ်ဦးတည်းက အလုံးစုံ မပိုင်ဆိုင်ပါ။

နှစ်ဦးလုံး ပိုင်ဆိုင်ခွင့် ရှိပါသည်။ (၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် အချုပ်ဆိုရသော် လင် သို့မဟုတ် မယား တစ်ဦးဦး၏အမည်ဖြင့် ဝယ်ယူသော်ငြား လက်ထက်ပွား ပစ္စည်းဖြစ်ပါက အမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါကြောင်းကို တင်ပြအပ်ပါသည်။

U Aung Zay Ya (စာချုပ်ရှေ့နေ)

မိန္းမတဦးတည္း အမည္ျဖင့္ ေျမကြက္/အိမ္ ဝယ္ယူျခင္း ႏွင့္ ခင္ပြန္းျဖစ္သူ အက်ိဳးခံစာခြင့္

မိန္းမျဖစ္သူ တဦးတည္းအမည္ျဖင့္ ေျမကြက္/အိမ္ ဝယ္ယူျခင္း ႏွင့္ ခင္ပြန္းျဖစ္သူ အက်ိဳးခံစာခြင့္..ေျမကြက္ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆို ေပးျဖစ္ခဲ့ပါတယ္။

ဝယ္သူကလင္မယား ႏွစ္ေယာက္ပါ။ ဒါေပမယ့္ မိန္းမျဖစ္သူက အေရာင္းအဝယ္စာခ်ဳပ္တြင္ ဝယ္သူေနရာ၌ ေယာက္်ားျဖစ္သူ နာမည္မထည့္ပဲနဲ႔ ၎တစ္ဦးတည္း နာမည္သာ ထည့္လိုေၾကာင္း ေျပာလာပါတယ္။

ဘာေၾကာင့္လင္မယား ႏွစ္ေယာက္အမည္ မထည့္ရတာလဲဆိုတာ ေမးျမန္းၾကည့္ေတာ့ ေယာက္်ားျဖစ္သူကို စိတ္မခ်လိုတဲ့ဗ်ာ။ အမ်ိဳးသမီးေတြ ျဖစ္တတ္တဲ့ စိတ္ပူပန္မႈပါ။ သူတို႔ အတြက္ကေတာ့ မိန္းမနာမည္ေပါက္ေနရင္ ေယာက္်ားျဖစ္သူက ေရာင္းလို႔မရဘူးဆိုတဲ့ အေတြးရွိၾကလို႔ပါပဲ။

ေယာက္်ားျဖစ္သူကို ေမးလိုက္ေတာ့လည္း မိန္းမစိတ္တိုင္းက်သာ ခ်ဳပ္ေပးလိုက္ပါ ဆရာရယ္တဲ့။ နားလည္မႈရွိၾကတဲ့ လင္မယားပါလားလို႔ ေတြးလိုက္မိပါတယ္။ ဒီလိုနဲ႔ ဝယ္သူေနရာမွာ မိန္းမျဖစ္သူအမည္ကိုပဲ ထည့္ၿပီး သက္ေသေနရာ မွာေတာ့ ခင္ပြန္းျဖစ္သူကို ထည့္ေပးလိုက္ပါတယ္။

ေျမကြက္အေရာင္းအဝယ္စာခ်ဳပ္ကိစၥကေတာ့ ဒီမွာတင္ၿပီးပါၿပီ။ ဒါေပမယ့္ ဥပေဒ ဗဟုသုတအျဖစ္ ဆက္လက္ တင္ျပလိုက္ပါတယ္။ ျမန္မာဗုဒၶဘာသာ လင္မယားမ်ားျဖစ္ပါက မည္သူ၏အမည္ျဖင့္ ဝယ္ယူသည္ျဖစ္ေစ အဆိုပါဝယ္ယူသည့္ ပစၥည္းတြင္ လင္မယားႏွစ္ဦး အညီအမၽွ ပိုင္ဆိုင္ပါတယ္။

မယားအမည္ ေပါက္ယုံျဖင့္ မယားတစ္ဦးတည္း မပိုင္ပါ။ လင္ပါ အက်ိဴးသက္ဆိုင္ခြင့္ ရွိပါတယ္။ ကြာရွင္းၿပီးလၽွင္ေတာင္မွ ႏွစ္ဦးပိုင္ပစၥည္းကို မခြဲရေသးလၽွင္ ကြာရွင္းၿပီး ေနာက္မွ လင္ သို႔မဟုတ္ မယား အမည္ျဖင့္ ဂရမ္အမည္ေပါက္သြားဦးေတာ့။ အဆိုပါ ဂရန္အမည္ေပါက္ တစ္ဦးတည္းက အလုံးစုံ မပိုင္ဆိုင္ပါ။

ႏွစ္ဦးလုံး ပိုင္ဆိုင္ခြင့္ ရွိပါသည္။ (၁၉၉၂ မတစ ၁၅၉) စီရင္ထုံးတြင္ ထုံးဖြဲ႕ထားၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ အခ်ဳပ္ဆိုရေသာ္ လင္ သို႔မဟုတ္ မယား တစ္ဦးဦး၏အမည္ျဖင့္ ဝယ္ယူေသာ္ျငား လက္ထက္ပြား ပစၥည္းျဖစ္ပါက အမည္ေပါက္ဝယ္ယူသူသာ ပိုင္ဆိုင္မည္မဟုတ္ဘဲ လင္မယားႏွစ္ဦး အညီအမၽွ ပိုင္ဆိုင္ပါေၾကာင္းကို တင္ျပအပ္ပါသည္။

U Aung Zay Ya (စာခ်ဳပ္ေရွ႕ေန)