ရန်ကုန်မြို့လယ်ခေါင်က ကစားကွင်းကြီး ပျက်စီးခဲ့ရတဲ့ နောက်ကွယ်က အကြောင်းရင်း

ရန်ကုန်မြို့လယ်ခေါင်က ကစားကွင်းကြီး ပျက်စီးခဲ့ရတဲ့ နောက်ကွယ်က အကြောင်းရင်း

“ရန်ကုန်ကစားကွင်းပျက်ကြီး ” ဘယ်လောက်ပဲ ပျော်စရာတွေပေးခဲ့ပေးခဲ့ တစ်ချိန်ကျရင်တော့ စွန့်ပစ်ခံရတာပါပဲ။

ခရိုနီတွေ အိမ်ရာစီမံကိန်းလုပ်ချင်လာပြီဆို အဲ့လိုပဲ အဲ့နေရာကို သုံးစားမရတော့အောင် လူဝင်လူထွက်မရှိတော့အောင်အရင်လုပ်တယ်ပြီးမှ ပိုလျှံမြေနေရာအဟောင်းအဖြစ် ပုံဖေါ် စီမံကိန်းစတယ်။

အဲ့မှာ ပထမ IQ Night club ချိတ်ပိတ်ခံရတယ်။ အမှုဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ မကြာဘူး GAME City ထပ်ပိတ်တယ်။

ကလေးတွေဆော့ကစားဖို့ Safe မဖြစ်ဘူးဆိုတဲ့ခေါင်းစဉ်နဲ့ နောက်ဆုံး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဘာတိရိစ္ဆာန်အသစ်မှထပ်မတိုးဘူး။

အထဲက ဆိုင်တွေကိုလည်း လေလံတွေ တိုးတောင်းပြီး ပြည်သူတွေ ဒီအသိုက်အဝန်း ဒီပတ်ဝန်းကျင်ကို စိတ်ကုန်သွားအောင် လုပ်နေပါပြီ။

ဒါမှအလွယ်တကူ ကန့်ကွက်သူမရှိ စီမံကိန်းအသစ် တစ်ခု စလို့ရမှာ ရန်ကုန်မှာ မြေကွက်လပ်တော်တော်များများကို ဒီနည်းနဲ့ပဲ ခရိုနီပိုင် လုပ်ပစ်လိုက်တာပါ။






