မဖြစ်မနေသိထားသင့်တဲ့ တိုင်းရင်းဆေးကောင်းကြီး ဂျင်းနက် အကြောင်း

မဖြစ်မနေသိထားသင့်တဲ့ တိုင်းရင်းဆေးကောင်းကြီး ဂျင်းနက် အကြောင်း

တိုင်းရင်းဆေးကောင်းကြီး ဂျင်းနက် အကြောင်း သိကောင်းစရာ.. မြန်မာအမည် ဂျင်းနက် (တချို့ ဆနွင်းနက်ဟု အမှတ်မှားကြပါတယ်။), အင်္ဂလိပ်အမည် Black Ginger, ထိုင်းအမည် Kra chai Dum (ထိုင်းဂျင်ဆင်း), သိပ္ပံအမည် Kaempferia parviflora Wall. ex Baker., မျိုးရင်း Zingiberaceae (ဂျင်းမျိုးရင်း), မူရင်းဒေသ ထိုင်း။

ပေါက်ရောက်ရာဒေသ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား။ ပုံပန်းသဏ္ဍန် ပင်စည်မရှိသော သစ်မြစ်သစ်ဖု ဆေးဖက်ဝင်အပင်ဖြစ်ပြီး ၈ လက်မ ဝန်းကျင်အမြင့်ရှိပါတယ်။ အမြစ်ဥက သေးငယ်ပြီး ပြာနက်သော အဆင်းရှိပါတယ်။ အရွက်က ရွက်ထီးဖြစ်ပြီး ၃ လက်မမှ ၆ လက်မ ဝန်းကျင်ရှည်ပြီး ၂ လက်မမှ ၄ လက်မဝန်းကျင် ကျယ်ပါတယ်။

ဘဲဥပုံသဏ္ဍန် အရွက်ဖြစ်ပြီး အနည်းငယ် ခေါက်ချိုးညီမှုမရှိပါ။ အပွင့်အနည်းငယ်သာ ပွင့်ပြီး အဖြူအလယ်မှာ ခရမ်းပြာရောင်တွေ့နိုင်ပါတယ်။ ဂျင်းနက်ရဲ့ အာနိသင်.. မြန်မာပြည်မှာ ဆနွင်းနက်၊ နနွင်းနက်အဖြစ် လူအများစုက အမှတ်မှားတတ်ကြပါတယ်။

တကယ်က ဂျင်းနက်၊ ဆနွင်းနက်၊ ဆနွင်းပြာ၊ ဂမုန်းတိမ်ပြာ စတဲ့ အမည်တွေဟာ ပတ်ချာလည် ရှုပ်ထွေးနေတဲ့ ပညာရှင်တို့သာ ခွဲခြား ဆန်းစစ်နိုင်တဲ့ မျိုးစိတ်တွေပါပဲ။ အခုတော့ကျနော့်အနေနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေရဲ့ ကျေးဇူးနဲ့ ဂျင်းနက်တမျိုးတည်းရဲ့ အကြောင်းကိုသာ အသေးစိတ်လေ့လာမိသလောက် ရေးသားဖော်ပြသွားမှာပါ။

ထိုင်းနိုင်ငံမှာ နှစ်ထောင်ချီကာ နန်းတွင်းသုံး ဂျင်းဆင်းအဖြစ် ပီယဆေးကောင်းသဖွယ် တိုးတိုးတိတ်တိတ် သုံးစွဲလာခဲ့တာ ကြာမြင့်ပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သိပ္ပံနည်းကျ စမ်းသပ်မှုပေါင်း များစွာပြုလုပ်ပြီးဖြစ်လို့ ယောက်ျားတို့ရဲ့ ပီယဆေးကြီးအပြင်၊ ကိုယ်တွင်းကိုယ်ပ ပြည်တည်နာ၊ အပူလောင်နာ၊ အဖုအကျိတ်အနာ၊ အစာအိမ်နာတွေသာမက နှလုံးအားကောင်းဆေး၊ အဆစ်အမြစ် လေးဘက်နာ၊ ကိုယ်လက်ထုံကျဉ် မသသန်မစွမ်း၊ လေဖြတ်လေငန်းရောဂါတွေပါ ကုသနိုင်တဲ့ဆေးကောင်းကြီးအဖြစ် ယုံယုံကြည်ကြည်သုံးစွဲနိုင်ကြောင်းကို အထပ်ထပ် စမ်းသပ်ပြီးသော သိပ္ပံစမ်းသပ်မှုများများမှ သိရှိလေ့လာမိပါတယ်။

ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း တရက်ကို ၁.၃၅ ဂရမ် (လက်ဖက်စားဇွန်းတဇွန်း) ထက် မပိုသောနှုန်းထားဖြင့်သာ စားသုံးသင့်ပြီး ပုံမှန် စားသုံးပါက အထက်ဖော်ပြပါ ရောဂါများပျောက်ကင်းသက်သာစေကြောင်းကို သိပ္ပံစမ်းသပ်မှုများအပြင် နီးစပ်ရာ မိတ်ဆွေများမှ လက်တို့ ပြောကြားချက်များရော မိမိကိုယ်တိုင် ပျားရည်ဖြင့် တေပြီး စားသုံးရာမှရော သိရှိကြုံတွေ့သည်များကို ဖောက်သည်ချ အသိပေးဖော်ပြလိုက်ရပါတယ်။

ဂျင်းနက်မှာ ဘိုင်အိုဖလက်ဗနွိုက်ဆိုတဲ့ ဗီတာမင် ပီလို့ ခေါ်တဲ့ အဝါရောင်၊ အပြာရောင် ရောင်ခြယ်စု တမျိုးပါဝင်ပြီး၊ အင်းဆက်၊ မှို၊ အဏုဇီဝဖျက်ပိုးတွေကို ကာကွယ်တဲ့ အာနိသင်ရှိပါတယ်။ ကင်ဆာရောဂါကိုလဲ တိုက်ဖျက်နိုင်စွမ်း အာနိသင်ရှိတယ်လို့လဲ ဆိုပါတယ်။

ပါဝင်တဲ့ ဓာတ်ပေါင်းတွေကို ကြွက်တွေမှာ စမ်းသပ်အဖြေရှာကြည့်ရာ၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းပမာဏ များလာခြင်း၊ နှလုံးသွေးကြောအားကောင်းစေခြင်း၊ ကြွက်တို့ရဲ့ ကိုယ်တွင်း ကိုယ်ပ အနာရောဂါများ အပူလောင်နာများ သက်သာစေခြင်း၊ ဝိတ်ကျအဆီလျော့စေခြင်း၊ ဓာတ်မတည့်မှု အဆိပ်သင့်မှု သက်သာစေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်တို့ရဲ့ စွမ်းဆောင်ရည် မြှင့်တင်စေခြင်း၊ စတဲ့ အကျိုးရလဒ်ကောင်းတွေကို စမ်းသပ်အဖြေရှာမိပြီး ယိုးဒယားတို့ရဲ့ တိုင်းရင်းဆေးကောင်းအဖြစ် နှစ်ထောင်ချီ သုံးစွဲလာခဲ့ပုံကို ဆင်ခြင်ကြည့်နိုင်ပါတယ်။

လွန်ခဲ့သည့် ရက်အနည်းငယ်က စမ်းသပ်သည့်အနေဖြင့် ၁၀ ဂရမ်အထက် ထမင်းစားဇွန်း ၂ဇွန်းမျှ စားသုံးခဲ့ရာ ခန္ဓာကိုယ်တခုလုံး ရှိန်းတိန်းဖိန်းတိမ်း ဖြစ်ကာအပူအပုတ်ဝမ်းများ သွား၍ ကိုယ်လက်ညောင်းညာမှု ခရီးပမ်းမှုများ တခဏအတွင်း ပျောက်ကင်း သက်သာသွားပြီး ကြောင်တကောင်လို ပေါ့ပါးသွားသည်ကို ကိုယ်တွေ့ ခံစားရပါတယ်။ ဒါပေမယ့် မိတ်ဆွေများကိုတော့ သိပ္ပံစမ်းသပ်ချက်အရ တရက် လက်ဖက်စားဇွန်းတဇွန်းထက် လုံးဝ ပိုမစားမိဖို့ အထူးသတိပေးလိုပါတယ်။

ခင်မင်တဲ့ – ကိုဝေအောင် (စိမ်းလန်းသစ်မွှေး)

မျဖစ္မေနသိထားသင့္တဲ့ တိုင္းရင္းေဆးေကာင္းႀကီး ဂ်င္းနက္ အေၾကာင္း

တိုင္းရင္းေဆးေကာင္းႀကီး ဂ်င္းနက္ အေၾကာင္း သိေကာင္းစရာ.. ျမန္မာအမည္ ဂ်င္းနက္ (တခ်ိဳ႕ ဆႏြင္းနက္ဟု အမွတ္မွားၾကပါတယ္။), အဂၤလိပ္အမည္ Black Ginger, ထိုင္းအမည္ Kra chai Dum (ထိုင္းဂ်င္ဆင္း), သိပၸံအမည္ Kaempferia parviflora Wall. ex Baker., မ်ိဳးရင္း Zingiberaceae (ဂ်င္းမ်ိဳးရင္း), မူရင္းေဒသ ထိုင္း။

ေပါက္ေရာက္ရာေဒသ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ ထိုင္း၊ ကေမၻာဒီးယား။ ပုံပန္းသ႑န္ ပင္စည္မရွိေသာ သစ္ျမစ္သစ္ဖု ေဆးဖက္၀င္အပင္ျဖစ္ၿပီး ၈ လက္မ ၀န္းက်င္အျမင့္ရွိပါတယ္။ အျမစ္ဥက ေသးငယ္ၿပီး ျပာနက္ေသာ အဆင္းရွိပါတယ္။ အရြက္က ရြက္ထီးျဖစ္ၿပီး ၃ လက္မမွ ၆ လက္မ ၀န္းက်င္ရွည္ၿပီး ၂ လက္မမွ ၄ လက္မ၀န္းက်င္ က်ယ္ပါတယ္။

ဘဲဥပုံသ႑န္ အရြက္ျဖစ္ၿပီး အနည္းငယ္ ေခါက္ခ်ိဳးညီမႈမရွိပါ။ အပြင့္အနည္းငယ္သာ ပြင့္ၿပီး အျဖဴအလယ္မွာ ခရမ္းျပာေရာင္ေတြ႕နိုင္ပါတယ္။ ဂ်င္းနက္ရဲ့ အာနိသင္.. ျမန္မာျပည္မွာ ဆႏြင္းနက္၊ နႏြင္းနက္အျဖစ္ လူအမ်ားစုက အမွတ္မွားတတ္ၾကပါတယ္။

တကယ္က ဂ်င္းနက္၊ ဆႏြင္းနက္၊ ဆႏြင္းျပာ၊ ဂမုန္းတိမ္ျပာ စတဲ့ အမည္ေတြဟာ ပတ္ခ်ာလည္ ရႈပ္ေထြးေနတဲ့ ပညာရွင္တို႔သာ ခြဲျခား ဆန္းစစ္နိုင္တဲ့ မ်ိဳးစိတ္ေတြပါပဲ။ အခုေတာ့က်ေနာ့္အေနနဲ႔ သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာေတြရဲ့ ေက်းဇူးနဲ႔ ဂ်င္းနက္တမ်ိဳးတည္းရဲ့ အေၾကာင္းကိုသာ အေသးစိတ္ေလ့လာမိသေလာက္ ေရးသားေဖာ္ျပသြားမွာပါ။

ထိုင္းနိုင္ငံမွာ ႏွစ္ေထာင္ခ်ီကာ နန္းတြင္းသုံး ဂ်င္းဆင္းအျဖစ္ ပီယေဆးေကာင္းသဖြယ္ တိုးတိုးတိတ္တိတ္ သုံးစြဲလာခဲ့တာ ၾကာျမင့္ၿပီျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ သိပၸံနည္းက် စမ္းသပ္မႈေပါင္း မ်ားစြာျပဳလုပ္ၿပီးျဖစ္လို႔ ေယာက္်ားတို႔ရဲ့ ပီယေဆးႀကီးအျပင္၊ ကိုယ္တြင္းကိုယ္ပ ျပည္တည္နာ၊ အပူေလာင္နာ၊ အဖုအက်ိတ္အနာ၊ အစာအိမ္နာေတြသာမက ႏွလုံးအားေကာင္းေဆး၊ အဆစ္အျမစ္ ေလးဘက္နာ၊ ကိုယ္လက္ထုံက်ဥ္ မသသန္မစြမ္း၊ ေလျဖတ္ေလငန္းေရာဂါေတြပါ ကုသနိုင္တဲ့ေဆးေကာင္းႀကီးအျဖစ္ ယုံယုံၾကည္ၾကည္သုံးစြဲနိုင္ေၾကာင္းကို အထပ္ထပ္ စမ္းသပ္ၿပီးေသာ သိပၸံစမ္းသပ္မႈမ်ားမ်ားမွ သိရွိေလ့လာမိပါတယ္။

ဒါေပမယ့္ တန္ေဆးလြန္ေဘးဆိုတဲ့အတိုင္း တရက္ကို ၁.၃၅ ဂရမ္ (လက္ဖက္စားဇြန္းတဇြန္း) ထက္ မပိုေသာႏႈန္းထားျဖင့္သာ စားသုံးသင့္ၿပီး ပုံမွန္ စားသုံးပါက အထက္ေဖာ္ျပပါ ေရာဂါမ်ားေပ်ာက္ကင္းသက္သာေစေၾကာင္းကို သိပၸံစမ္းသပ္မႈမ်ားအျပင္ နီးစပ္ရာ မိတ္ေဆြမ်ားမွ လက္တို႔ ေျပာၾကားခ်က္မ်ားေရာ မိမိကိုယ္တိုင္ ပ်ားရည္ျဖင့္ ေတၿပီး စားသုံးရာမွေရာ သိရွိၾကဳံေတြ႕သည္မ်ားကို ေဖာက္သည္ခ် အသိေပးေဖာ္ျပလိုက္ရပါတယ္။

ဂ်င္းနက္မွာ ဘိုင္အိုဖလက္ဗႏြိဳက္ဆိုတဲ့ ဗီတာမင္ ပီလို႔ ေခၚတဲ့ အဝါေရာင္၊ အျပာေရာင္ ေရာင္ျခယ္စု တမ်ိဳးပါ၀င္ၿပီး၊ အင္းဆက္၊ မွို၊ အဏုဇီ၀ဖ်က္ပိုးေတြကို ကာကြယ္တဲ့ အာနိသင္ရွိပါတယ္။ ကင္ဆာေရာဂါကိုလဲ တိုက္ဖ်က္နိုင္စြမ္း အာနိသင္ရွိတယ္လို႔လဲ ဆိုပါတယ္။

ပါ၀င္တဲ့ ဓာတ္ေပါင္းေတြကို ႂကြက္ေတြမွာ စမ္းသပ္အေျဖရွာၾကည့္ရာ၊ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ျမင့္မားလာျခင္း၊ လိင္ပိုင္းဆိုင္ရာ ေဟာ္မုန္းပမာဏ မ်ားလာျခင္း၊ ႏွလုံးေသြးေၾကာအားေကာင္းေစျခင္း၊ ႂကြက္တို႔ရဲ့ ကိုယ္တြင္း ကိုယ္ပ အနာေရာဂါမ်ား အပူေလာင္နာမ်ား သက္သာေစျခင္း၊ ဝိတ္က်အဆီေလ်ာ့ေစျခင္း၊ ဓာတ္မတည့္မႈ အဆိပ္သင့္မႈ သက္သာေစျခင္း၊ အသည္း၊ ေက်ာက္ကပ္၊ အဆုတ္တို႔ရဲ့ စြမ္းေဆာင္ရည္ ျမႇင့္တင္ေစျခင္း၊ စတဲ့ အက်ိဳးရလဒ္ေကာင္းေတြကို စမ္းသပ္အေျဖရွာမိၿပီး ယိုးဒယားတို႔ရဲ့ တိုင္းရင္းေဆးေကာင္းအျဖစ္ ႏွစ္ေထာင္ခ်ီ သုံးစြဲလာခဲ့ပုံကို ဆင္ျခင္ၾကည့္နိုင္ပါတယ္။

လြန္ခဲ့သည့္ ရက္အနည္းငယ္က စမ္းသပ္သည့္အေနျဖင့္ ၁၀ ဂရမ္အထက္ ထမင္းစားဇြန္း ၂ဇြန္းမၽွ စားသုံးခဲ့ရာ ခႏၶာကိုယ္တခုလုံး ရွိန္းတိန္းဖိန္းတိမ္း ျဖစ္ကာအပူအပုတ္၀မ္းမ်ား သြား၍ ကိုယ္လက္ေညာင္းညာမႈ ခရီးပမ္းမႈမ်ား တခဏအတြင္း ေပ်ာက္ကင္း သက္သာသြားၿပီး ေၾကာင္တေကာင္လို ေပါ့ပါးသြားသည္ကို ကိုယ္ေတြ႕ ခံစားရပါတယ္။ ဒါေပမယ့္ မိတ္ေဆြမ်ားကိုေတာ့ သိပၸံစမ္းသပ္ခ်က္အရ တရက္ လက္ဖက္စားဇြန္းတဇြန္းထက္ လုံး၀ ပိုမစားမိဖို႔ အထူးသတိေပးလိုပါတယ္။

ခင္မင္တဲ့ – ကိုေဝေအာင္ (စိမ္းလန္းသစ္ေမႊး)