လူတိုင်းနီးပါး နားလည်မှုလွဲနေကြတဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေက လူကိုဘေးဖြစ်စေတယ်ဆိုတာ

လူတိုင်းနီးပါး နားလည်မှုလွဲနေကြတဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေက လူကိုဘေးဖြစ်စေတယ်ဆိုတာ

ဂတ်စ်ပါတဲ့အချိုရည်တွေက လူကိုဘေးဖြစ်စေသလား.. တကယ်တော့ အချိုရည်ပဲဖြစ်ဖြစ်၊ အရက်နဲ့ရောသောက်တဲ့ ဆိုဒါပဲဖြစ်ဖြစ် ဖန်ခွက်ထဲလောင်းချလိုက်ရင် အမြှုပ်ကလေးတွေပလုံစီထလာပြီး၊ သောက်လိုက်ရင်ပြင်းရှရှအရသာဖြစ်နေတာဟာ အဲ့ဒီအရည်ထဲကို ဖိအားပြင်းပြင်းနဲ့ထည့်ထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် CO2 gas ကြောင့်ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အဲ့ဒီပြင်းရှရှအရည်တွေကို Carbonated water လို့ခေါ်ပါတယ်။ တချို့လူတွေကတော့ အဲ့ဒီ Carbonated water တွေဟာ အရိုးပွရောဂါဖြစ်စေတယ်။ သွားပိုးစားစေတယ်။ ဗိုက်အောင့်တာ၊ ဝမ်းပျက်တာတွေဖြစ်စေတယ်။ ဘော်ဒီဝိတ်တက်စေတယ်လို့ ထင်တတ်ကြပါတယ်။

၂၀၀၆ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လူဦးရေ ၂,၅၀၀ ပါဝင်တဲ့ လေ့လာစမ်းသပ်ချက်တစ်ခုမှာတော့ Carbonated water တွေဟာ အရိုးပွ၊ အရိုးပါးရောဂါကိုဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက်လုံးဝမတွေ့ခဲ့ရပါဘူးတဲ့။

ဒါပေမယ့် ထူးခြားတာကတော့ Carbonated Gas ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ Cola အချိုရည်အသောက်များတဲ့အမျိုးသမီးတွေမှာ အရိုးပွ၊ အရိုးပါးရောဂါပိုဖြစ်တတ်တယ်ဆိုတဲ့အချက်ကို တွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Cola မှာပါဝင်တဲ့ Phosphorus ဟာ ခန္ဓာကိုယ်ထဲက Calcium တွေကိုလျော့နည်းစေလို့ပါပဲ။

၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ သုတေသနစာတမ်းတစ်ခုမှာတော့ အချိုရည်တွေကြောင့် သွားပိုးစားတယ်ဆိုဟာ အဲ့ဒီအချိုရည်မှာပါတဲ့ Carbonated gas ကြောင့်မဟုတ်ဘဲ သကြားအချိုဓာတ်က အက်ဆစ်အဖြစ်ပြောင်းသွားခြင်းကြောင့်သာဖြစ်တယ်လို့ ပြောပါတယ်။ လူတွေထင်နေကြတာက CO2 လို့ခေါ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဟာ ရေနဲ့ပေါင်းရင် ကာဘွန်နစ်အက်ဆစ်ဖြစ်မယ်။ အဲ့ဒီအက်ဆစ်ဓာတ်ဟာ လူကိုအန္တရာယ်ဖြစ်စေတယ်လို့ မှားယွင်းပြီးထင်နေကြတာပါ။

၁၉၉၉ နဲ့ ၂၀၁၂ မှာပြုလုပ်ခဲ့တဲ့ သုတေသနတွေအရလည်း Carbonated water တွေဟာ သွားကြွေလွှာတွေကိုထိခိုက်စေတယ်ဆိုတာ မဟုတ်ပါဘူးလို့အဖြေထွက်ခဲ့ပါတယ်။ နောက်တချက်ကတော့ ဂတ်စ်ပါတဲ့အချိုရည်တွေဟာ လေထိုးလေအောင့်ဖြစ်စေတတ်တယ်ဆိုတဲ့ အယူအဆပါပဲ။ တကယ်တော့ အဲ့ဒါဟာ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ပဲဆိုင်ပါတယ်တဲ့။

အောင့်ချင်တဲ့သူကတော့ အောင့်မှာပါပဲ။ သင့်အနေနဲ့ ဒီဟာတွေသောက်လို့ ဗိုက်အောင့်တတ်တယ်ဆိုရင် မသောက်ပါနဲ့။ မအောင့်တတ်ဘူးဆိုရင်တော့ သောက်လို့ရပါတယ်တဲ့။ ကြီးကြီးမားမားအန္တရာယ်တော့ မရှိပါဘူးတဲ့။

တကယ်တော့ Carbonated water တွေဟာ အစာခြေတာကိုအထောက်အကူပြုစေပြီး၊ ဝမ်းချုပ်တာကို သက်သာစေတယ်လို့တောင် ပြောပါတယ်။ ပြီးတော့ Carbonated water ဟာ ဘော်ဒီဝိတ်တက်စေသလားဆိုတဲ့ ပြဿနာပါ။ တကယ်တော့ အဲ့ဒီဂတ်စ်ကြောင့် တိုက်ရိုက်ဘော်ဒီဝိတ်တက်တာတော့ မဟုတ်ပါဘူး။

အဲ့ဒီအရည်တွေကို အစာမစားခင်သောက်လိုက်ရင် ဗိုက်ချောင်သွားပြီး ခန္ဓာကိုယ်ထဲကနေ အစားစားချင်တဲ့ဟော်မုန်းတမျိုး ထွက်လာစေပါတယ်။ ပြီးတော့ ကာဘွန်နစ်အက်ဆစ်က ခံတွင်းထဲမှာရှိတဲ့အာရုံကြောလေးတွေကို နှိုးဆွပေးပါတယ်။

အဲ့ဒါကြောင့် ခံတွင်းကိုကောင်း၊ နှုတ်ကိုမြိန်စေပြီး အစားတွေပိုစားဖြစ်တာကြောင့် ဘော်ဒီဝိတ်တက်လာတာဖြစ်နိုင်ပါတယ်တဲ့။ Carbonated water တွေဟာ အက်ဆစ်ဓာတ်ပါဝင်တာတော့မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီအက်ဆစ်ပမာဏဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေနဲ့ဆို ချေဖျက်ဖို့ရာမပြောပလောက်ပါဘူး။

အဲ့ဒါကြောင့် အပေါ်ကအချက်အလက်တွေကိုခြုံပြောရရင် ဂတ်စ်ပါတဲ့အချိုရည်တွေဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာဟာ ပြင်းရှရှအရသာရှိတဲ့ Carbonated water ရဲ့အာနိသင်ကြောင့်မဟုတ်ဘဲ ပါဝင်တဲ့ သကြားဓာတ်တွေ၊ ဆိုးဆေးတွေနဲ့ တခြားဓာတုပစ္စည်းတွေကြောင့်သာဖြစ်ပါတယ်။

Dr. Okka Kyi Winn

လူတုိင္းနီးပါး နားလည္မႈလဲြေနၾကတဲ့ ဂတ္စ္ပါတဲ့ အခ်ိဳရည္ေတြက လူကိုေဘးျဖစ္ေစတယ္ဆုိတာ

ဂတ္စ္ပါတဲ့အခ်ိဳရည္ေတြက လူကိုေဘးျဖစ္ေစသလား.. တကယ္ေတာ့ အခ်ိဳရည္ပဲျဖစ္ျဖစ္၊ အရက္နဲ႔ေရာေသာက္တဲ့ ဆိုဒါပဲျဖစ္ျဖစ္ ဖန္ခြက္ထဲေလာင္းခ်လိုက္ရင္ အျမႇုပ္ကေလးေတြပလုံစီထလာၿပီး၊ ေသာက္လိုက္ရင္ျပင္းရွရွအရသာျဖစ္ေနတာဟာ အဲ့ဒီအရည္ထဲကို ဖိအားျပင္းျပင္းနဲ႔ထည့္ထားတဲ့ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ CO2 gas ေၾကာင့္ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ အဲ့ဒီျပင္းရွရွအရည္ေတြကို Carbonated water လို႔ေခၚပါတယ္။ တခ်ိဳ႕လူေတြကေတာ့ အဲ့ဒီ Carbonated water ေတြဟာ အရိုးပြေရာဂါျဖစ္ေစတယ္။ သြားပိုးစားေစတယ္။ ဗိုက္ေအာင့္တာ၊ ဝမ္းပ်က္တာေတြျဖစ္ေစတယ္။ ေဘာ္ဒီဝိတ္တက္ေစတယ္လို႔ ထင္တတ္ၾကပါတယ္။

၂၀၀၆ ခုႏွစ္ကျပဳလုပ္ခဲ့တဲ့ လူဦးေရ ၂,၅၀၀ ပါဝင္တဲ့ ေလ့လာစမ္းသပ္ခ်က္တစ္ခုမွာေတာ့ Carbonated water ေတြဟာ အရိုးပြ၊ အရိုးပါးေရာဂါကိုျဖစ္ေစတယ္ဆိုတဲ့ သက္ေသျပခ်က္လုံးဝမေတြ႕ခဲ့ရပါဘူးတဲ့။

ဒါေပမယ့္ ထူးျခားတာကေတာ့ Carbonated Gas ပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ Cola အခ်ိဳရည္အေသာက္မ်ားတဲ့အမ်ိဳးသမီးေတြမွာ အရိုးပြ၊ အရိုးပါးေရာဂါပိုျဖစ္တတ္တယ္ဆိုတဲ့အခ်က္ကို ေတြ႕ရွိခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Cola မွာပါဝင္တဲ့ Phosphorus ဟာ ခႏၶာကိုယ္ထဲက Calcium ေတြကိုေလ်ာ့နည္းေစလို႔ပါပဲ။

၂၀၀၉ ခုႏွစ္ကထြက္ရွိခဲ့တဲ့ သုေတသနစာတမ္းတစ္ခုမွာေတာ့ အခ်ိဳရည္ေတြေၾကာင့္ သြားပိုးစားတယ္ဆိုဟာ အဲ့ဒီအခ်ိဳရည္မွာပါတဲ့ Carbonated gas ေၾကာင့္မဟုတ္ဘဲ သၾကားအခ်ိဳဓာတ္က အက္ဆစ္အျဖစ္ေျပာင္းသြားျခင္းေၾကာင့္သာျဖစ္တယ္လို႔ ေျပာပါတယ္။ လူေတြထင္ေနၾကတာက CO2 လို႔ေခၚတဲ့ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႕ဟာ ေရနဲ႔ေပါင္းရင္ ကာဘြန္နစ္အက္ဆစ္ျဖစ္မယ္။ အဲ့ဒီအက္ဆစ္ဓာတ္ဟာ လူကိုအႏၲရာယ္ျဖစ္ေစတယ္လို႔ မွားယြင္းၿပီးထင္ေနၾကတာပါ။

၁၉၉၉ နဲ႔ ၂၀၁၂ မွာျပဳလုပ္ခဲ့တဲ့ သုေတသနေတြအရလည္း Carbonated water ေတြဟာ သြားေႂကြလႊာေတြကိုထိခိုက္ေစတယ္ဆိုတာ မဟုတ္ပါဘူးလို႔အေျဖထြက္ခဲ့ပါတယ္။ ေနာက္တခ်က္ကေတာ့ ဂတ္စ္ပါတဲ့အခ်ိဳရည္ေတြဟာ ေလထိုးေလေအာင့္ျဖစ္ေစတတ္တယ္ဆိုတဲ့ အယူအဆပါပဲ။ တကယ္ေတာ့ အဲ့ဒါဟာ လူတစ္ဦးတစ္ေယာက္ခ်င္းစီနဲ႔ပဲဆိုင္ပါတယ္တဲ့။

ေအာင့္ခ်င္တဲ့သူကေတာ့ ေအာင့္မွာပါပဲ။ သင့္အေနနဲ႔ ဒီဟာေတြေသာက္လို႔ ဗိုက္ေအာင့္တတ္တယ္ဆိုရင္ မေသာက္ပါနဲ႔။ မေအာင့္တတ္ဘူးဆိုရင္ေတာ့ ေသာက္လို႔ရပါတယ္တဲ့။ ႀကီးႀကီးမားမားအႏၲရာယ္ေတာ့ မရွိပါဘူးတဲ့။

တကယ္ေတာ့ Carbonated water ေတြဟာ အစာေျခတာကိုအေထာက္အကူျပဳေစၿပီး၊ ဝမ္းခ်ဳပ္တာကို သက္သာေစတယ္လို႔ေတာင္ ေျပာပါတယ္။ ၿပီးေတာ့ Carbonated water ဟာ ေဘာ္ဒီဝိတ္တက္ေစသလားဆိုတဲ့ ျပႆနာပါ။ တကယ္ေတာ့ အဲ့ဒီဂတ္စ္ေၾကာင့္ တိုက္ရိုက္ေဘာ္ဒီဝိတ္တက္တာေတာ့ မဟုတ္ပါဘူး။

အဲ့ဒီအရည္ေတြကို အစာမစားခင္ေသာက္လိုက္ရင္ ဗိုက္ေခ်ာင္သြားၿပီး ခႏၶာကိုယ္ထဲကေန အစားစားခ်င္တဲ့ေဟာ္မုန္းတမ်ိဳး ထြက္လာေစပါတယ္။ ၿပီးေတာ့ ကာဘြန္နစ္အက္ဆစ္က ခံတြင္းထဲမွာရွိတဲ့အာ႐ုံေၾကာေလးေတြကို ႏွိုးဆြေပးပါတယ္။

အဲ့ဒါေၾကာင့္ ခံတြင္းကိုေကာင္း၊ ႏႈတ္ကိုၿမိန္ေစၿပီး အစားေတြပိုစားျဖစ္တာေၾကာင့္ ေဘာ္ဒီဝိတ္တက္လာတာျဖစ္နိုင္ပါတယ္တဲ့။ Carbonated water ေတြဟာ အက္ဆစ္ဓာတ္ပါဝင္တာေတာ့မွန္ပါတယ္။ ဒါေပမယ့္ အဲ့ဒီအက္ဆစ္ပမာဏဟာ ခႏၶာကိုယ္ရဲ့ ပုံမွန္လုပ္ေဆာင္ခ်က္ေတြနဲ႔ဆို ေခ်ဖ်က္ဖို႔ရာမေျပာပေလာက္ပါဘူး။

အဲ့ဒါေၾကာင့္ အေပၚကအခ်က္အလက္ေတြကိုျခဳံေျပာရရင္ ဂတ္စ္ပါတဲ့အခ်ိဳရည္ေတြဟာ က်န္းမာေရးအတြက္မေကာင္းဘူးဆိုတာဟာ ျပင္းရွရွအရသာရွိတဲ့ Carbonated water ရဲ့အာနိသင္ေၾကာင့္မဟုတ္ဘဲ ပါဝင္တဲ့ သၾကားဓာတ္ေတြ၊ ဆိုးေဆးေတြနဲ႔ တျခားဓာတုပစၥည္းေတြေၾကာင့္သာျဖစ္ပါတယ္။

Dr. Okka Kyi Winn