မျှစ်ခြောက်ကို ဘာလုပ်စားရမှန်း မသိသူတွေအတွက် အရသာအသစ် ရရှိစေမယ့် မျှစ်ခြောက်ထောင်း

မျှစ်ခြောက်ကို ဘာလုပ်စားရမှန်း မသိသူတွေအတွက် အရသာအသစ် ရရှိစေမယ့် မျှစ်ခြောက်ထောင်း

မျှစ်ခြောက်ထောင်း.. တကယ်ကို အရသာအသစ် ရရှိစေမယ့် မျှစ်ခြောက်ထောင်းကို တစ်ခါလောက် စမ်းပြီးလုပ်စားကြည့်ပါ.. အလွန်စားကောင်းတဲ့ ဟင်းတစ်ခွက်ရရှိစေမှာပါ.. မျှစ်ခြောက်ပါ နှစ်ကြိမ်ပြုတ်ရပါမယ်။ ပထမတစ်ကြိမ်ပြုတ်ပြီး ရေသွန်ပစ်ပါ။ ဒုတိယတစ်ကြိမ်ပြုတ်ပြီး ရေသွန်ပစ်ပါ။ ပြီးရင် ရလာတဲ့ မျှစ်ခြောက်ကို ရေဆေးပါ။

ပြုတ်ပြီး ရေဆေးထားတဲ့ မျှစ်ကို အဖတ်သေးသေးလေးဖြစ်သွားအောင် ကတ်ကြေးနဲ့ ညှပ်ပါမယ်။ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ဆား ၊ အရသာမှုန့် ကို ညှပ်ထားတဲ့ မျှစ်ပမာဏကို ကြည့် သင့်သလို ထည့်ပြီး ထောင်းပါမယ်။ ဒီလောက်အနေအထားဆို ထောင်းတာရပါပြီ။ ပြီးရင်မျှစ်ထည့်ပြီး ထောင်းပါမယ်။

ထောင်းပြီးရင် ပန်းကန်ထဲထည့် ပဲဆီမွှေးမွှေးလေး ဆမ်းလိုက်လို့ ရပါပြီ။ နံနံပင်နဲ့ အလှဆင်ထားလိုက်ပါ။ မျှစ်ရဲ့နူးညံ့နေမှုရယ် ငရုတ်သီးစိမ်းရဲ့ မွှေးမွှေးစပ်စပ်အရသာရယ် ပဲဆီမွှေးမွှေးလေးရဲ့ အနံ့လေးရယ် လုံးဝ ရှယ် ရှယ့် ရှယ်ပါပဲ.. မင်မင်ကတော့ ထမင်းပူပူလေးနဲ့ စားလိုက်ပါတယ်.. ဘေးဘယာအပေါင်း ကင်းဝေးကြပါစေ..

သင့်အတွက်ဟင်းတစ်ခွက် (Cook by SLK)

မၽွစ္ေျခာက္ကို ဘာလုပ္စားရမွန္း မသိသူေတြအတြက္ အရသာအသစ္ ရရွိေစမယ့္ မၽွစ္ေျခာက္ေထာင္း

မၽွစ္ေျခာက္ေထာင္း.. တကယ္ကို အရသာအသစ္ ရရွိေစမယ့္ မၽွစ္ေျခာက္ေထာင္းကို တစ္ခါေလာက္ စမ္းၿပီးလုပ္စားၾကည့္ပါ.. အလြန္စားေကာင္းတဲ့ ဟင္းတစ္ခြက္ရရွိေစမွာပါ.. မၽွစ္ေျခာက္ပါ ႏွစ္ႀကိမ္ျပဳတ္ရပါမယ္။ ပထမတစ္ႀကိမ္ျပဳတ္ၿပီး ေရသြန္ပစ္ပါ။ ဒုတိယတစ္ႀကိမ္ျပဳတ္ၿပီး ေရသြန္ပစ္ပါ။ ၿပီးရင္ ရလာတဲ့ မၽွစ္ေျခာက္ကို ေရေဆးပါ။

ျပဳတ္ၿပီး ေရေဆးထားတဲ့ မၽွစ္ကို အဖတ္ေသးေသးေလးျဖစ္သြားေအာင္ ကတ္ေၾကးနဲ႔ ညႇပ္ပါမယ္။ င႐ုတ္သီးစိမ္း ၊ ၾကက္သြန္ျဖဴ ၊ ဆား ၊ အရသာမႈန႔္ ကို ညႇပ္ထားတဲ့ မၽွစ္ပမာဏကို ၾကည့္ သင့္သလို ထည့္ၿပီး ေထာင္းပါမယ္။ ဒီေလာက္အေနအထားဆို ေထာင္းတာရပါၿပီ။ ၿပီးရင္မၽွစ္ထည့္ၿပီး ေထာင္းပါမယ္။

ေထာင္းၿပီးရင္ ပန္းကန္ထဲထည့္ ပဲဆီေမႊးေမႊးေလး ဆမ္းလိုက္လို႔ ရပါၿပီ။ နံနံပင္နဲ႔ အလွဆင္ထားလိုက္ပါ။ မၽွစ္ရဲ့ႏူးညံ့ေနမႈရယ္ င႐ုတ္သီးစိမ္းရဲ့ ေမႊးေမႊးစပ္စပ္အရသာရယ္ ပဲဆီေမႊးေမႊးေလးရဲ့ အနံ့ေလးရယ္ လုံးဝ ရွယ္ ရွယ့္ ရွယ္ပါပဲ.. မင္မင္ကေတာ့ ထမင္းပူပူေလးနဲ႔ စားလိုက္ပါတယ္.. ေဘးဘယာအေပါင္း ကင္းေဝးၾကပါေစ..

သင့္အတြက္ဟင္းတစ္ခြက္ (Cook by SLK)