လွယ်လွယ်ကူကူ အာဟာရပြည့်ဝသော ငချိပ်ကန်စွန်းဥ မုန့်သားအိအိလေး ပြုလုပ်နည်း

လွယ်လွယ်ကူကူ အာဟာရပြည့်ဝသော ငချိပ်ကန်စွန်းဥ မုန့်သားအိအိလေး ပြုလုပ်နည်း

လွယ်လွယ်ကူကူ အာဟာရပြည့်ဝသော ငချိပ်ကန်စွန်းဥ မုန့်သားအိအိလေး အိမ်မှာ လုပ်စားကြရအောင်.. ငချိပ်ကန်စွန်းဥ အနေတော် ၂ လုံးကို အိအောင်ပြုတ်ပြီး ကြေအောင်ချေထားလိုက်ပါ.. ပြီးရင်ဆား ၁ ဇွန်း (လက်ဖက်ဇွန်း) သကြား ၁ ဇွန်း (ထမင်းစားဇွန်း) နွားနို့ကျိုပြီး ၄ ဇွန်း (ထမင်းစားဇွန်း) ထည့်ပေးလိုက်ပါ။

အားလုံးထည့်ပြီးရင် နှံ့သွားအောင်နာနာမွှေပေးလိုက်ပါ။ ဂျုံမှုန့် ၂၀၀ ဂရမ် (200g) ထဲကို ကြက်ဥတစ်လုံးထည့်.. ပြီးရင် ကျိုထားတဲ့ နွားနို့အေး ကော်ဖီခွက် ၂ ခွက်ကို သကြားအချိုကြိုက်သလောက် ထည့်ဖျော်ရပါမယ်။ ဂျုံမှုန့် ကြက်ဥထဲ ဖျော်ထားတဲ့ နွားနို့ ၂ ခွက်ထည့်ပြီး အခဲမရှိအောင် နာနာဖျော်ပေးလိုက်ပါ.. ပြီးရင် ၁၅ မိနစ်လောက် ထားပေးလိုက်ပါ..

ပြီးရင် မုန့်စလုပ်လို့ရပါပြီ။ အိုးမကပ်တာကို သုံးရပါမယ် မီးကို အလယ်အလတ် middle မှာထားပြီး အိုးအနည်းငယ်ပူလာပြီဆိုရင် ဆီအနည်းငယ်သုပ်ပေးလိုက်ပါ.. ဆီများလို့မရပါဘူး.. မီးလဲသိပ်မကြီးပါစေနဲ့.. ပြီးရင်ဖျော်ထားတဲ့ဂျုံမုန့်အရည်ကို ဇွန်းကြီးနဲ့တစ်ဇွန်းခွဲလောက်ထည့်ပြီး အိုးကို အနည်းငယ်လှည့်ကစားပေးလိုက်ပါ။ ဘေးသားပွလာပြီဆိုရင် ကျက်ပါပြီ။ အိုးကိုစောင်းလိုက်တာနဲ့ ပန်းကန်ပြားပေါ် အလွယ်တကူရောက်သွားပါမယ်တစ်ချပ်ရပါပြီ..

ကျန်တဲ့ မုန့်ရည်အားလုံးကို ဒီအတိုင်းပဲလုပ်ပေးလိုက်ပါ.. ရေမပါပဲ နွားနို့ပဲ သုံးထားလို့ မုန့်ကမွှေးနေတာပဲ။ အားလုံးပြီးသွားရင် မုန့်တစ်ချပ်ကိုယူ အတွင်းဖက်ကို ငချိပ်ကန်စွန်းဥ မွှေထားတာ တစ်ဇွန်းထည့် ဇွန်းလေးနဲ့နှံ့သွားအောင် ဖြန့်ပေးလိုက်မယ်။ ပြီးရင် လိပ်ပေးလိုက်ပါမယ်။ စောင်းစောင်းလေးတွေဖြတ်ပေးလိုက်ရင် ရပါပြီ။ ဖြည့်စွက်ခြင်း – အဝါရောင်မုန့်လုပ်ရန်အတွက် ကန်စွန်းဥအဝါ (သို့) ရွှေဖရုံသီး (သို့) အာလူး တို့ကို အသုံးပြုနိုင်ပါတယ်။

လြယ္လြယ္ကူကူ အာဟာရျပည့္ဝေသာ ငခ်ိပ္ကန္စြန္းဥ မုန္႔သားအိအိေလး ျပဳလုပ္နည္း

လြယ္လြယ္ကူကူ အာဟာရျပည့္ဝေသာ ငခ်ိပ္ကန္စြန္းဥ မုန္႔သားအိအိေလး အိမ္မွာ လုပ္စားၾကရေအာင္.. ငခ်ိပ္ကန္စြန္းဥ အေနေတာ္ ၂ လုံးကို အိေအာင္ျပဳတ္ၿပီး ေၾကေအာင္ေခ်ထားလိုက္ပါ.. ၿပီးရင္ဆား ၁ ဇြန္း (လက္ဖက္ဇြန္း) သၾကား ၁ ဇြန္း (ထမင္းစားဇြန္း) ႏြားနို႔က်ိဳၿပီး ၄ ဇြန္း (ထမင္းစားဇြန္း) ထည့္ေပးလိုက္ပါ။

အားလုံးထည့္ၿပီးရင္ ႏွံ့သြားေအာင္နာနာေမႊေပးလိုက္ပါ။ ဂ်ဳံမႈန္႔ ၂၀၀ ဂရမ္ (200g) ထဲကို ၾကက္ဥတစ္လုံးထည့္.. ၿပီးရင္ က်ိဳထားတဲ့ ႏြားနို႔ေအး ေကာ္ဖီခြက္ ၂ ခြက္ကို သၾကားအခ်ိဳႀကိဳက္သေလာက္ ထည့္ေဖ်ာ္ရပါမယ္။ ဂ်ဳံမႈန႔္ ၾကက္ဥထဲ ေဖ်ာ္ထားတဲ့ ႏြားနို႔ ၂ ခြက္ထည့္ၿပီး အခဲမရွိေအာင္ နာနာေဖ်ာ္ေပးလိုက္ပါ.. ၿပီးရင္ ၁၅ မိနစ္ေလာက္ ထားေပးလိုက္ပါ..

ၿပီးရင္ မုန္႔စလုပ္လို႔ရပါၿပီ။ အိုးမကပ္တာကို သုံးရပါမယ္ မီးကို အလယ္အလတ္ middle မွာထားၿပီး အိုးအနည္းငယ္ပူလာၿပီဆိုရင္ ဆီအနည္းငယ္သုပ္ေပးလိုက္ပါ.. ဆီမ်ားလို႔မရပါဘူး.. မီးလဲသိပ္မႀကီးပါေစနဲ႔.. ၿပီးရင္ေဖ်ာ္ထားတဲ့ဂ်ဳံမုန႔္အရည္ကို ဇြန္းႀကီးနဲ႔တစ္ဇြန္းခြဲေလာက္ထည့္ၿပီး အိုးကို အနည္းငယ္လွည့္ကစားေပးလိုက္ပါ။ ေဘးသားပြလာၿပီဆိုရင္ က်က္ပါၿပီ။ အိုးကိုေစာင္းလိုက္တာနဲ႔ ပန္းကန္ျပားေပၚ အလြယ္တကူေရာက္သြားပါမယ္တစ္ခ်ပ္ရပါၿပီ..

က်န္တဲ့ မုန္႔ရည္အားလုံးကို ဒီအတိုင္းပဲလုပ္ေပးလိုက္ပါ.. ေရမပါပဲ ႏြားနို႔ပဲ သုံးထားလို႔ မုန္႔ကေမႊးေနတာပဲ။ အားလုံးၿပီးသြားရင္ မုန္႔တစ္ခ်ပ္ကိုယူ အတြင္းဖက္ကို ငခ်ိပ္ကန္စြန္းဥ ေမႊထားတာ တစ္ဇြန္းထည့္ ဇြန္းေလးနဲ႔ႏွံ့သြားေအာင္ ျဖန္႔ေပးလိုက္မယ္။ ၿပီးရင္ လိပ္ေပးလိုက္ပါမယ္။ ေစာင္းေစာင္းေလးေတြျဖတ္ေပးလိုက္ရင္ ရပါၿပီ။ ျဖည့္စြက္ျခင္း – အဝါေရာင္မုန႔္လုပ္ရန္အတြက္ ကန္စြန္းဥအဝါ (သို႔) ေရႊဖ႐ုံသီး (သို႔) အာလူး တို႔ကို အသုံးျပဳနိုင္ပါတယ္။