ဆင်မုန်ယိုခြင်း (သို့) မုန်ကျခြင်းဆိုတာ ဘာလဲ (မသိသေးသူများ အတွက် ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်)

ဆင်မုန်ယိုခြင်း (သို့) မုန်ကျခြင်းဆိုတာ ဘာလဲ (မသိသေးသူများ အတွက် ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်)

ဆင်၏နထင်နေရာတွင် မုန်ပေါက်ရှိပါသည်။ အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းမွန်သော ဆင်ပေါက်များမုန်ကျလေ့ရှိပြီး အသက်ကြီး၅၅နှစ်ကျော်ထိလည်း မုန်ကျမှု‌ တွေရှိရပါသည်။မုန်ကျခြင်း(Masth ) သည် မိတ်ယှဉ်လိုခြင်း ဖြစ်ပေါ်စေသည်ဟု တထစ်ချမှတ်ယူလို့မရပါ။

အလိုမကျ၊ ဗိုလ်မထားစိတ်ရိုင်းထကြွချိန်ဖြစ်သဖြင့်ထိန်းသိမ်းသူအပါအဝင်ဆင်မ(သို့ ) ဆင်ထီးများကိုလည်း ရန်ပြုတတ်ပါသည်။ဆင်၏ မုန်ပေါက်- ရောင်လာ ဖောင်းလာပါက မျက်မုန်စို့နေပြီ။Masth ဟင်ဒီဘာသာစကားမှဆင်းသက်လာခြင်းဖြစ်ပြီး ရူးသွပ်ခြင်း (intoxication)ဖြစ်သည်။

ဆင်ထီးနထင်ရှိ မုန်ပေါက် Temporal gland မှ အထီးဟော်မုန်း (Testostirone hormone) Level မြင့်တက်ခြင်းဖြစ်ပါသည်။အများအားဖြင့် ဆင်သစ်ဆွဲငုတ်ထုတ်လုပ်ငန်း ပြီးဆုံးချိန်နှင့် ဆင်ကျောင်းကာလ အနားရချိန်များတွင် ဆင်မုန်ကျမှုကို တွေ့ရှိရတတ်ပါသည်။

မုန်ကျခြင်း‌ အောက်ပါအတိုင်း တွေ့ရှိရပါသည်။ပထမအဆင့်=နောက်ခြေထောက်ကြားရှိသိုကြောတင်းလာသည်။ ၎င်းကို ခါးတောင်းကျိုက်သည်ဟု ခေါ်ဝေါ်ပါသည်။

နထင်ရှိ Temporal gland ယောင်လာသည်။ ၎င်းကို မုန်အိုးဖောင်းလာပြီ မျက်မုန်စို့နေပြီဟု ‌ခေါ်ကြပါသည်။သိုကြောတင်း ခါးတောင်ကျိုက်နေသည့်အဆင့်။ဒုတိယအဆင့်=မုန်ပေါက်Temporal gland မှ အထီးဟော်မုန်းအရည် -မုန်ရည်များ စီးကျလာသည်။

အပေါ်မုန်ကျပြီဟု ခေါ်ကြပါသည်။မုန်ပေါက်အား ကြက်မွှေး အုန်းဆီဖြင့် သန့်စင်ကြပ်ပေးခြင်းသည် အလွန်ကောင်းမွန်ပါသည်။ သို (-င်တံ) တောင့်တင်းလာပြီး ဝမ်းဗိုက်ထိကော့၍ ရိုက်နေတတ်သည်။တတိယအဆင့်=မုန်ပေါက်မှ မုန်ရည်များကျဆင်းမှုသည် ပါးစပ်အတွင်းသို့ ရောက်လာသည်။

၎င်းကိုမုန်အာသောက်သည်ဟုခေါ်ပါသည်။ _င်တံမှ ဆီးနှင့်အတူအလွန်စူးရှ‌ သောအနံ့ရှိသည့်အဆီရည်(မုန်ရည်)များ ကျဆင်း‌ နေပြီး‌‌ ပေါင်အတွင်းပိုင်းနှင့်‌ ခြေ ‌ထောက်ပိုင်းတို့တွင်ရွှဲစို‌နေသည်။

ငိုက်မြည်းနေတတ်ပြီး အသံ လှုပ်ရှားမှုတခုခု ကြားသိရပါက နားရွက်ကား မျက်လုံးပြူးပြီး မြင်တွေ့သမျှ ရန်မူချင်သည်။မျက်မုန်(အ‌ပေါ်မုန်)ကျပြီး မုန်အာသောက်နေသည့်အဆင့်။အထီးဟော်မုန်းမြင့်တက်ချိန်တွင် သွေးတွင်းစုပ်ယူမှုများပြီး ထိန်းသိမ်းနိုင်စိတ် မရှိတော့ဘဲ အမိန့်မနာခံ မြင်တွေ့သမျှ ရန်မူချင်သည့်စိတ်များပြီး စိတ်ရိုင်းဝင်ခြင်းဖြစ်ပါသည်။

အောက်မုန်ကျပြီး အပေါ်မုန် အောက်မုန်စုံပြီဟု ခေါ်ကြပါသည်။ ဟော်မုန်း level အမြင့်ဆုံးအချိန် ဖြစ်ပါသည်။မုန်ပေါက်နှင့် သို(-င်တံ)မှဟော်မုန်းရည်များထွက်ကျခြင်းတဖြည်းဖြည်းနည်းခြင်းဖြင့် ဟော်မုန်းပုံမှန်အခြေအနေသို့ ရောက်ရှိသွားပြီးနောက် မုန်တိတ်ပြီဟု ခေါ်ဝေါ်ကြပါသည်။မုန်ကာလ musth period မှာ ၂ပတ်မှ၄လအထိ ကြာမြင့်တတ်ပါသည်။

တခါတရံ မုန်မစုံဘဲ လခြား၍ တနှစ်ပတ်လုံးလည်း ကျတတ်ပါသည်။သဘာဝအရ ကျန်းမာရေးကောင်းမွန်၍ မုန်ကျခြင်းဖြစ်သဖြင့် သဘာဝကိုဆန့်ကျင်ပြီး မုန်တိတ်ဆေး ကျောက်ဖရုံသီး၊ ဘိန်းစသည်များ မကျွေးရပါ။ထိန်းသိမ်းစောင့်ရှောက်ခြင်းမုန်ရိပ်ရှိသည်ကို တွေ့ရသည်နှင့် ပုံမှန်အသုံးပြု ဆင်ကိရိယာများအစား မုန်ထူး(၆မူးလုံး)မုန်ကြိုး (၆မူးလုံး၄၀ပေ)တပ်ဆင်ရပါမည်။

အနီးပတ်ဝန်းကျင်ရှိ စခန်း/ရွာများသို့ ဆင်မုန်ရိပ်ရှိကြောင်း အသိပေး အကြောင်းကြားရပါမည်။အခြားဆင်များမလာရောက်စေရန်ထိန်းသိမ်းရပါမည်။

တောဆင်ဧရိယာဖြစ်ပါက ဆင်အနီးမီးဖိုပေးထားရပါမည်။အပေါ်မုန်ကျစဉ် နေ့ကျောင်းညချည်ထားရှိနိုင်ပြီး မုန်အာသောက်၍ အောက်မုန်ကျလာပါက ခိုင်ခန့်သော အရိပ်ရှိသစ်ပင်၊ ညီညာသော မြေ -ခလုတ် -ကျင်းမရှိသည့်နေရာများတွင် ချည်နှောင်ထားရပါသည်။

သဘာဝအစာ စုပုံခုတ်ကျွေးရပါမည်။ ဌက်ပျောပင်များများကျွေးနိုင်ပါက ရေအနည်းငယ်သာတိုက်ပေး၍ရပါသည်။ဆီး/ဝမ်းဂရုစိုက်ကြည့်ပြီး ဆားမန်ကျည်းကျွေးပေးရပါမည်။ရေတိုက်ရာတွင်ကြိုးတဆုံးနေ ရာတွင် ပလပ်စတစ်ပုန်းဖြင့်တိုက်ပေးရပါမည်။ ‌

ချောင်းအနီးချည်ပါက‌ ရေတိုက်စရာမလို‌ သော်လည်းမထင်မှတ်ဘဲ ‌ချောင်းရေကြီးခြင်းကို ဂရုပြုရပါမည်။မုန်ဆင်ထိန်းသိမ်း‌ စောင့်ရှောက်ရာတွင် ဆင်ဦးစီးတဦးတည်းမဟုတ်ဘဲ အဖွဲ့ဖြင့် ကိုင်တွယ်ထိန်းသိမ်းစောင့်ရှောက်ရပါသည်။

ဆင်ချည်သောနေရာမှားခြင်း- ဆင်ကိုဂရုစိုက်မှုမရှိခြင်း- ဆင်ကိရိယာချည်နှောင်မှုအား မစစ်ဆေးခြင်း စသည့်အမှားများကြောင့် ဆင်အသက်ဆုံးရှုံးနိုင်သကဲ့သို့သတိမမူပေါ့ဆမှုကြောင့် အန္တရာယ်အပြုခံရပြီး ဆင်-လူများထိခိုက် ဒဏ်ရာရ ဆုံးရှုံးမှုဖြစ်တတ်ပါသည်။

ဗဟုသုတရစေရန် မျှဝေခြင်းဖြစ်ပြီး အချက်အလက်များမှားယွင်းနေပါက မိမိအားနည်းချက်သာဖြစ်ပါကြောင်းဝန်ခံအပ်ပါသည်။ကိုးကား။ DI,SOS -ဆင်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း

လမ်းညွှန် – ဒေါက်တာစိုင်းစံအိုက်(ဆင်ဝန်ထမ်းလက်စွဲ) – ဒေါက်တာဇော်မင်းဦး(အာရှဆင်အကြောင်းသိကောင်းစရာ)-ဦးတင်အောင်လှ(မြန်မာ့ဆင်)-ဦးအောင်စိုး(မြန်မာ့ဆင်)Ko Win Zaw (မြန်မာ့သစ်လုပ်ငန်း) ရေးသားသည့် စာစုဖြစ်ပါသည်။credit

ဆင္မုန္ယိုျခင္း (သို႔) မုန္က်ျခင္းဆိုတာ ဘာလဲ (မသိေသးသူမ်ား အတြက္ ဗဟုသုတအျဖစ္ မၽွေဝေပးလိုက္ပါတယ္)

ဆင္၏နထင္ေနရာတြင္ မုန္ေပါက္ရွိပါသည္။ အရြယ္ေရာက္ၿပီး က်န္းမာေရးေကာင္းမြန္ေသာ ဆင္ေပါက္မ်ားမုန္က်ေလ့ရွိၿပီး အသက္ႀကီး၅၅ႏွစ္ေက်ာ္ထိလည္း မုန္က်မႈ‌ ေတြရွိရပါသည္။မုန္က်ျခင္း(Masth ) သည္ မိတ္ယွဥ္လိုျခင္း ျဖစ္ေပၚေစသည္ဟု တထစ္ခ်မွတ္ယူလို႔မရပါ။

အလိုမက်၊ ဗိုလ္မထားစိတ္ရိုင္းထႂကြခ်ိန္ျဖစ္သျဖင့္ထိန္းသိမ္းသူအပါအဝင္ဆင္မ(သို႔ ) ဆင္ထီးမ်ားကိုလည္း ရန္ျပဳတတ္ပါသည္။ဆင္၏ မုန္ေပါက္- ေရာင္လာ ေဖာင္းလာပါက မ်က္မုန္စို႔ေနၿပီ။Masth ဟင္ဒီဘာသာစကားမွဆင္းသက္လာျခင္းျဖစ္ၿပီး ႐ူးသြပ္ျခင္း (intoxication)ျဖစ္သည္။

ဆင္ထီးနထင္ရွိ မုန္ေပါက္ Temporal gland မွ အထီးေဟာ္မုန္း (Testostirone hormone) Level ျမင့္တက္ျခင္းျဖစ္ပါသည္။အမ်ားအားျဖင့္ ဆင္သစ္ဆြဲငုတ္ထုတ္လုပ္ငန္း ၿပီးဆုံးခ်ိန္ႏွင့္ ဆင္ေက်ာင္းကာလ အနားရခ်ိန္မ်ားတြင္ ဆင္မုန္က်မႈကို ေတြ႕ရွိရတတ္ပါသည္။

မုန္က်ျခင္း‌ ေအာက္ပါအတိုင္း ေတြ႕ရွိရပါသည္။ပထမအဆင့္=ေနာက္ေျခေထာက္ၾကားရွိသိုေၾကာတင္းလာသည္။ ၎ကို ခါးေတာင္းက်ိဳက္သည္ဟု ေခၚေဝၚပါသည္။

နထင္ရွိ Temporal gland ေယာင္လာသည္။ ၎ကို မုန္အိုးေဖာင္းလာၿပီ မ်က္မုန္စို႔ေနၿပီဟု ‌ေခၚၾကပါသည္။သိုေၾကာတင္း ခါးေတာင္က်ိဳက္ေနသည့္အဆင့္။ဒုတိယအဆင့္=မုန္ေပါက္Temporal gland မွ အထီးေဟာ္မုန္းအရည္ -မုန္ရည္မ်ား စီးက်လာသည္။

အေပၚမုန္က်ၿပီဟု ေခၚၾကပါသည္။မုန္ေပါက္အား ၾကက္ေမႊး အုန္းဆီျဖင့္ သန႔္စင္ၾကပ္ေပးျခင္းသည္ အလြန္ေကာင္းမြန္ပါသည္။ သို (-င္တံ) ေတာင့္တင္းလာၿပီး ဝမ္းဗိုက္ထိေကာ့၍ ရိုက္ေနတတ္သည္။တတိယအဆင့္=မုန္ေပါက္မွ မုန္ရည္မ်ားက်ဆင္းမႈသည္ ပါးစပ္အတြင္းသို႔ ေရာက္လာသည္။

၎ကိုမုန္အာေသာက္သည္ဟုေခၚပါသည္။ _င္တံမွ ဆီးႏွင့္အတူအလြန္စူးရွ‌ ေသာအနံ့ရွိသည့္အဆီရည္(မုန္ရည္)မ်ား က်ဆင္း‌ ေနၿပီး‌‌ ေပါင္အတြင္းပိုင္းႏွင့္‌ ေၿခ ‌ေထာက္ပိုင္းတို႔တြင္ရႊဲစို‌ေနသည္။

ငိုက္ျမည္းေနတတ္ၿပီး အသံ လႈပ္ရွားမႈတခုခု ၾကားသိရပါက နားရြက္ကား မ်က္လုံးျပဴးၿပီး ျမင္ေတြ႕သမၽွ ရန္မူခ်င္သည္။မ်က္မုန္(အ‌ေပၚမုန္)က်ၿပီး မုန္အာေသာက္ေနသည့္အဆင့္။အထီးေဟာ္မုန္းျမင့္တက္ခ်ိန္တြင္ ေသြးတြင္းစုပ္ယူမႈမ်ားၿပီး ထိန္းသိမ္းနိုင္စိတ္ မရွိေတာ့ဘဲ အမိန႔္မနာခံ ျမင္ေတြ႕သမၽွ ရန္မူခ်င္သည့္စိတ္မ်ားၿပီး စိတ္ရိုင္းဝင္ျခင္းျဖစ္ပါသည္။

ေအာက္မုန္က်ၿပီး အေပၚမုန္ ေအာက္မုန္စုံၿပီဟု ေခၚၾကပါသည္။ ေဟာ္မုန္း level အျမင့္ဆုံးအခ်ိန္ ျဖစ္ပါသည္။မုန္ေပါက္ႏွင့္ သို(-င္တံ)မွေဟာ္မုန္းရည္မ်ားထြက္က်ျခင္းတျဖည္းျဖည္းနည္းျခင္းျဖင့္ ေဟာ္မုန္းပုံမွန္အေျခအေနသို႔ ေရာက္ရွိသြားၿပီးေနာက္ မုန္တိတ္ၿပီဟု ေခၚေဝၚၾကပါသည္။မုန္ကာလ musth period မွာ ၂ပတ္မွ၄လအထိ ၾကာျမင့္တတ္ပါသည္။

တခါတရံ မုန္မစုံဘဲ လျခား၍ တႏွစ္ပတ္လုံးလည္း က်တတ္ပါသည္။သဘာဝအရ က်န္းမာေရးေကာင္းမြန္၍ မုန္က်ျခင္းျဖစ္သျဖင့္ သဘာဝကိုဆန႔္က်င္ၿပီး မုန္တိတ္ေဆး ေက်ာက္ဖ႐ုံသီး၊ ဘိန္းစသည္မ်ား မေကၽြးရပါ။ထိန္းသိမ္းေစာင့္ေရွာက္ျခင္းမုန္ရိပ္ရွိသည္ကို ေတြ႕ရသည္ႏွင့္ ပုံမွန္အသုံးျပဳ ဆင္ကိရိယာမ်ားအစား မုန္ထူး(၆မူးလုံး)မုန္ႀကိဳး (၆မူးလုံး၄၀ေပ)တပ္ဆင္ရပါမည္။

အနီးပတ္ဝန္းက်င္ရွိ စခန္း/ရြာမ်ားသို႔ ဆင္မုန္ရိပ္ရွိေၾကာင္း အသိေပး အေၾကာင္းၾကားရပါမည္။အျခားဆင္မ်ားမလာေရာက္ေစရန္ထိန္းသိမ္းရပါမည္။

ေတာဆင္ဧရိယာျဖစ္ပါက ဆင္အနီးမီးဖိုေပးထားရပါမည္။အေပၚမုန္က်စဥ္ ေန႔ေက်ာင္းညခ်ည္ထားရွိနိုင္ၿပီး မုန္အာေသာက္၍ ေအာက္မုန္က်လာပါက ခိုင္ခန႔္ေသာ အရိပ္ရွိသစ္ပင္၊ ညီညာေသာ ေၿမ -ခလုတ္ -က်င္းမရွိသည့္ေနရာမ်ားတြင္ ခ်ည္ေႏွာင္ထားရပါသည္။

သဘာဝအစာ စုပုံခုတ္ေကၽြးရပါမည္။ ဌက္ေပ်ာပင္မ်ားမ်ားေကၽြးနိုင္ပါက ေရအနည္းငယ္သာတိုက္ေပး၍ရပါသည္။ဆီး/ဝမ္းဂ႐ုစိုက္ၾကည့္ၿပီး ဆားမန္က်ည္းေကၽြးေပးရပါမည္။ေရတိုက္ရာတြင္ႀကိဳးတဆုံးေန ရာတြင္ ပလပ္စတစ္ပုန္းျဖင့္တိုက္ေပးရပါမည္။ ‌

ေခ်ာင္းအနီးခ်ည္ပါက‌ ေရတိုက္စရာမလို‌ ေသာ္လည္းမထင္မွတ္ဘဲ ‌ေခ်ာင္းေရႀကီးျခင္းကို ဂ႐ုျပဳရပါမည္။မုန္ဆင္ထိန္းသိမ္း‌ ေစာင့္ေရွာက္ရာတြင္ ဆင္ဦးစီးတဦးတည္းမဟုတ္ဘဲ အဖြဲ႕ျဖင့္ ကိုင္တြယ္ထိန္းသိမ္းေစာင့္ေရွာက္ရပါသည္။

ဆင္ခ်ည္ေသာေနရာမွားျခင္း- ဆင္ကိုဂ႐ုစိုက္မႈမရွိျခင္း- ဆင္ကိရိယာခ်ည္ေႏွာင္မႈအား မစစ္ေဆးျခင္း စသည့္အမွားမ်ားေၾကာင့္ ဆင္အသက္ဆုံးရႈံးနိုင္သကဲ့သို႔သတိမမူေပါ့ဆမႈေၾကာင့္ အႏၲရာယ္အျပဳခံရၿပီး ဆင္-လူမ်ားထိခိုက္ ဒဏ္ရာရ ဆုံးရႈံးမႈျဖစ္တတ္ပါသည္။

ဗဟုသုတရေစရန္ မၽွေဝျခင္းျဖစ္ၿပီး အခ်က္အလက္မ်ားမွားယြင္းေနပါက မိမိအားနည္းခ်က္သာျဖစ္ပါေၾကာင္းဝန္ခံအပ္ပါသည္။ကိုးကား။ DI,SOS -ဆင္ထိန္းသိမ္းေစာင့္ေရွာက္ျခင္းလုပ္ငန္း

လမ္းညႊန္ – ေဒါက္တာစိုင္းစံအိုက္(ဆင္ဝန္ထမ္းလက္စြဲ) – ေဒါက္တာေဇာ္မင္းဦး(အာရွဆင္အေၾကာင္းသိေကာင္းစရာ)-ဦးတင္ေအာင္လွ(ျမန္မာ့ဆင္)-ဦးေအာင္စိုး(ျမန္မာ့ဆင္)Ko Win Zaw (ျမန္မာ့သစ္လုပ္ငန္း) ေရးသားသည့္ စာစုျဖစ္ပါသည္။credit