ရန်ကုန်နဲ့ မန္တလေးကို အချိန် ၈ နာရီပဲ ကြာမြင့်မယ့် မြန်နှုန်းမြှင့် ရထား ပြေးဆွဲတော့မယ်

ရန်ကုန်နဲ့ မန္တလေးကို အချိန် (၈) နာရီပဲ ကြာမြင့်မယ့် မြန်နှုန်းမြှင့် ရထား ပြေးဆွဲတော့မယ်

ရန်ကုန်-မန္တလေး မီးရထားလမ်းမှာ မြန်နှုန်းမြှင့် ရထားတွေကို မကြာခင် စတင်ပြေးဆွဲတော့မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ ၂၄ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့မှ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အထိ အဆန်ရထားလမ်းသစ်မှာ ရထားတွဲဆိုင်းအသစ်ဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်း စမ်းသပ်ပြေးဆွဲမှာ ဖြစ်တယ်လို့ မြန်မာ့ရထား တာဝန်ရှိသူတဦးက ပြောပါတယ်။

စမ်းသပ်ပြေးဆွဲမှု ပြီးစီးပါက မြန်နှုန်းမြှင့် ရထားတွေကို ရထားသံလမ်းသစ်ပေါ်မှာ ပြေးဆွဲတော့မှာဖြစ်တဲ့အတွက် ရထားသံလမ်းဘေးတစ်လျှေက် နေထိုင်နေတဲ့ ပြည်သူများနဲ့ ရထားသံလမ်းကူးတွေကို ဖြတ်သန်းသွားလာတဲ့ ပြည်သူများ မလိုလားအပ်တဲ့ မတော်တဆမှုများ မဖြစ်ပွားစေဖို့ အထူးဂရုပြု ဖြတ်သန်းသွားလာကြဖို့ မြန်မာ့မီးရထားက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ထို့ပြင် တရားမဝင် ရထားလမ်းကူးများမှ ဖြတ်သန်းသွားလာခြင်းနဲ့ မော်တော်ယာဉ်များ မောင်းနှင်ခြင်းမပြုကြရန်၊ ရထားသံလမ်းပေါ်မှာ ကျွဲနွားများ ထိန်းကျောင်းခြင်း၊ အဝတ်များလှန်းခြင်းနဲ့ ကလေးများ ဆော့ကစားခြင်း မပြုလုပ်ကြရန်၊ ဖြတ်သန်းသွားလာမယ့်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနဲ့ ပြည်သူများအနေနဲ့ သတ်မှတ်ထားတဲ့ သတိပေးဆိုင်းဘုတ်များနဲ့ တာဝန်ရှိသူများရဲ့ အချက်ပြများကို အလေးထား လိုက်နာကြစေဖို့ မြန်မာ့မီးရထားက အသိပေးကြေညာထားပါတယ်။

ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံရဲ့ ချေးငွေနဲ့ ရန်ကုန်မှ မန္တလေးလမ်းပိုင်းကို အပိုင်းနှစ်ပိုင်းခွဲပြီး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ လုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးပါက ရန်ကုန်မှ တောင်ငူအထိ ၃ နာရီခွဲနဲ့ မန္တလေးအထိ ၈ နာရီ သာ ကြာမြင့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန္ကုန္နဲ႔ မႏၲေလးကို အခ်ိန္ (၈) နာရီပဲ ၾကာျမင့္မယ့္ ျမန္ႏႈန္းျမႇင့္ ရထား ေျပးဆြဲေတာ့မယ္

ရန္ကုန္-မႏၲေလး မီးရထားလမ္းမွာ ျမန္ႏႈန္းျမႇင့္ ရထားေတြကို မၾကာခင္ စတင္ေျပးဆြဲေတာ့မွာ ျဖစ္တယ္လို႔ ျမန္မာ့မီးရထားက သတင္းထုတ္ျပန္လိုက္ပါတယ္။ ဇန္နဝါရီလ ၂၄ရက္ေန႔မွာ ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ပိန္းဇလုပ္ၿမိဳ႕မွ ေက်ာက္တံခါးၿမိဳ႕နယ္၊ ေတာကၽြဲအင္းၿမိဳ႕အထိ အဆန္ရထားလမ္းသစ္မွာ ရထားတြဲဆိုင္းအသစ္ျဖင့္ တစ္နာရီလၽွင္ ကီလိုမီတာ ၁၀၀ ႏႈန္း စမ္းသပ္ေျပးဆြဲမွာ ျဖစ္တယ္လို႔ ျမန္မာ့ရထား တာဝန္ရွိသူတဦးက ေျပာပါတယ္။

စမ္းသပ္ေျပးဆြဲမႈ ၿပီးစီးပါက ျမန္ႏႈန္းျမႇင့္ ရထားေတြကို ရထားသံလမ္းသစ္ေပၚမွာ ေျပးဆြဲေတာ့မွာျဖစ္တဲ့အတြက္ ရထားသံလမ္းေဘးတစ္ေလၽွက္ ေနထိုင္ေနတဲ့ ျပည္သူမ်ားနဲ႔ ရထားသံလမ္းကူးေတြကို ျဖတ္သန္းသြားလာတဲ့ ျပည္သူမ်ား မလိုလားအပ္တဲ့ မေတာ္တဆမႈမ်ား မျဖစ္ပြားေစဖို႔ အထူးဂ႐ုျပဳ ျဖတ္သန္းသြားလာၾကဖို႔ ျမန္မာ့မီးရထားက သတိေပးခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ထို႔ျပင္ တရားမဝင္ ရထားလမ္းကူးမ်ားမွ ျဖတ္သန္းသြားလာျခင္းနဲ႔ ေမာ္ေတာ္ယာဥ္မ်ား ေမာင္းႏွင္ျခင္းမျပဳၾကရန္၊ ရထားသံလမ္းေပၚမွာ ကၽြဲႏြားမ်ား ထိန္းေက်ာင္းျခင္း၊ အဝတ္မ်ားလွန္းျခင္းနဲ႔ ကေလးမ်ား ေဆာ့ကစားျခင္း မျပဳလုပ္ၾကရန္၊ ျဖတ္သန္းသြားလာမယ့္ယာဥ္မ်ား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားနဲ႔ ျပည္သူမ်ားအေနနဲ႔ သတ္မွတ္ထားတဲ့ သတိေပးဆိုင္းဘုတ္မ်ားနဲ႔ တာဝန္ရွိသူမ်ားရဲ့ အခ်က္ျပမ်ားကို အေလးထား လိုက္နာၾကေစဖို႔ ျမန္မာ့မီးရထားက အသိေပးေၾကညာထားပါတယ္။

ရန္ကုန္-မႏၲေလး မီးရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းကို ဂ်ပန္နိုင္ငံရဲ့ ေခ်းေငြနဲ႔ ရန္ကုန္မွ မႏၲေလးလမ္းပိုင္းကို အပိုင္းႏွစ္ပိုင္းခြဲၿပီး ေဆာင္ရြက္လ်က္ရွိတယ္လို႔ သိရပါတယ္။ လုပ္ငန္းမ်ား အားလုံး ေဆာင္ရြက္ၿပီးစီးပါက ရန္ကုန္မွ ေတာင္ငူအထိ ၃ နာရီခြဲနဲ႔ မႏၲေလးအထိ ၈ နာရီ သာ ၾကာျမင့္ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။