ဘာသာခြားနဲ့ယှဉ်ပြီးဆိုင်ဖွင့်တိုင်း မြန်မာတွေဆိုင်ပြုတ်ကုန်တဲ့အကြောင်းအရင်း

ဘာသာခြားနဲ့ယှဉ်ပြီးဆိုင်ဖွင့်တိုင်း မြန်မာတွေဆိုင်ပြုတ်ကုန်တဲ့အကြောင်းအရင်း

ယခုဆိုလူမျိိုးခြား ဘာသာခြားတွေဆိုင်လုပ်ငန်းလုပ်တယ်။လေး ငါးနှစ်ကြာတဲ့အခါဆိုင်ခွဲတွေထပ်ဖွင့်နိုင်တယ်။

လက်ရှိလုပ်ငန်းအထိုင်ကြလို့ ဆယ့်ငါးနှစ်လောက်ကြာရင် ဆိုင်ခွဲအနည်းဆုံးသုံးခုဖြစ်သွားပြီ။

မြန်မာဆိုင်နဲ့ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင် သိပ်မကြာခင်ပြုတ်ပြီးပြေးရပြီ။

ဟိုးလွန်ခဲ့သောနှစ်သုံးဆယ်လောက်က အရောင်းအဝယ်ကောင်းတဲ့ဆိုင်တစ်ဆိုင်မှာပညာသင်အလုပ်သမားအဖြစ်ဝင်လုပ်ရင်းလေ့လာကြည့်မိတယ်။

အလုပ်ချိန်တိကျတယ်။ဆိုင်ပိတ်ချိန်တစ်ခါတစ်ရံမှာသာနောက်ကျတယ်။နယ်အော်ဒါများလို့ ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီးထုတ်တယ်။နေ့ကူးရင် နောက်နေ့အော်ဒါ

တွေထပ်ပြီး ဂျမ်းမဖြစ်စေဖို့ပါ။

သူဌေးကအစ အလုပ်သမားအဆုံး အကုန်အလုပ်လုပ်တယ်။ဆိုင်မှာသွားပြီးလက်ဖက်ရည်ဆိုင်ထိုင် အာ မရိုက်ဘူး။သောက်ချိန်ရောက်ရင် လုပ်ငန်းခွင်မှာ ဆယ်မိနစ်

ခန့်နားပြီးသောက်တယ်။

သူဌေးအလုပ်က ဆိုင်ရဲ့ပစ္စည်းအဝင်အထွက်ပစ္စည်းအားလုံးခေါင်းထဲမှာ ရှိတယ်။ဆိုင်သမားနဲ့အသက်ကပစ္စည်းရှိရမယ်။စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ်လို့အ

မြဲပြောတဲ့ သူဌေးရဲ့စကား။

ဆိုင်မှာလာအားပေးသူအားလုံးကို နည်းနည်း များများပျူငှာသောဆက်ဆံရေးနဲ့ကြိုဆိုတယ်။

အကြွေးကိုပေးသင့်သူကိုပေးတယ်။မပေးသင့်သူကို လုံးဝမပေးတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်။အားနာလို့အားပါသွားတာမျိုးမရှိ။

တိကျမှန်ကန်တဲ့ စာရင်းအင်းရှိတယ်။ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်အမှားအယွင်းရှိခဲ့ရင် ကုန်သည်ထံချက်ခြင်း

အကြောင်းကြားပေးတယ်။(မှားခဲ့တာတော့ ရှားပါတယ်)

ဆိုင်မှာသူဌေးတစ်ယောက်ဘဲရှိတယ်။သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့တန်းတူအလုပ်လုပ်ရတယ်။အောက်သက်ကျေအောင် အလုပ်သမားဘဝကိုစာနာ

တတ်အောင်လုပ်ခိုင်းထားတော့ သူဌေးသားတွေလည်း အလုပ်သမားနဲ့တန်းတူညီအကိုလိုဖြစ်ပြီး လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူမရှိဘူး။တရုတ်နှစ်ကူးလို

အချိိန်ရောက်ရင် ဘောက်ဆူးပေးတာ အလုပ်သမားရဲ့လခ တနှစ်စာလောက်ရှိတယ်။ဆိုင်ရဲ့အလုပ်သမားရဲ့လုပ်သက်ဟာ ကျွန်တော်အလုပ်စဝင်တုန်းကမေးကြည့်တာ

ဆယ်နှစ်အောက်မရှိဘူး။

ဒီနေ့ပိုက်ဆိုင်မှာ ပိုက်ခေါင်းတစ်ခုသွားဝယ်တော့ သူဌေးကတော်က TVကြည့်နေတယ်သူဌေးလို့ထင်ရတဲ့ကောင်ကဖုန်းပွတ်နေတယ်။ပစ္စည်းသွားဝယ်တော့မှ ထချင်

သလိုမ ထချင်သလိုနဲ့ထသွားပြီး ပစ္စည်းရှာတာငါးမိနစ်ကြာတယ်။ပြီးမှ ကုန်နေတယ်ပြောတယ်။ကျွန်တော်ဝယ်တာ တစ်ခုထဲ။ကျွန်တော်ဘာသာခြားဆိုင်ရောက်

တယ်။ချက်ခြင်းထယူပေးတယ်။ငွေရှင်းတော့ ကျေးဇူးအထပ်ထပ်တင်ကြောင်းပြောတယ်။ဘာကွာသလဲ။ဒီဘာသာခြားဆိုင်က စဖွင့်ချိိန်မှာ သေးသေးလေး။အခု

အတော်ကြီးလာပြီ။မကြာမီ ထပ်ကြီးလာတော့မယ်

သူတစ်ပါးကြီးပွားလာတာ အကြောင်းမဲ့မဟုတ်။ဒီအချိန်ရောက်မှ လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီးအုပ်ထားတယ်ပြောလို့မရ။မြန်မာတွေကြီးပွားချင်ရင်တော့

ဒီဂါထာလေး နေ့တိုင်းရွတ်။

ဉုံ….မပျင်းနဲ့။မဖျင်းနဲ့။အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်။ဒါဘဲ။

Credit – Nyunt Han Smo

ဘာသာျခားနဲ႔ယွဥ္ၿပီးဆိုင္ဖြင့္တိုင္း ျမန္မာေတြဆိုင္ျပဳတ္ကုန္တဲ့အေၾကာင္းအရင္း

ယခုဆိုလူမ်ိိုးျခား ဘာသာျခားေတြဆိုင္လုပ္ငန္းလုပ္တယ္။ေလး ငါးႏွစ္ၾကာတဲ့အခါဆိုင္ခြဲေတြထပ္ဖြင့္နိုင္တယ္။

လက္ရွိလုပ္ငန္းအထိုင္ၾကလို႔ ဆယ့္ငါးႏွစ္ေလာက္ၾကာရင္ ဆိုင္ခြဲအနည္းဆုံးသုံးခုျဖစ္သြားၿပီ။

ျမန္မာဆိုင္နဲ႔ေဘးခ်င္းယွဥ္လာဖြင့္ရင္ ျမန္မာဆိုင္ သိပ္မၾကာခင္ျပဳတ္ၿပီးေျပးရၿပီ။

ဟိုးလြန္ခဲ့ေသာႏွစ္သုံးဆယ္ေလာက္က အေရာင္းအဝယ္ေကာင္းတဲ့ဆိုင္တစ္ဆိုင္မွာပညာသင္အလုပ္သမားအျဖစ္ဝင္လုပ္ရင္းေလ့လာၾကည့္မိတယ္။

အလုပ္ခ်ိန္တိက်တယ္။ဆိုင္ပိတ္ခ်ိန္တစ္ခါတစ္ရံမွာသာေနာက္က်တယ္။နယ္ေအာ္ဒါမ်ားလို႔ ဒီေန႔ဝင္တဲ့ေအာ္ဒါ ဒီေန႔အၿပီးထုတ္တယ္။ေန႔ကူးရင္ ေနာက္ေန႔ေအာ္ဒါ

ေတြထပ္ၿပီး ဂ်မ္းမျဖစ္ေစဖို႔ပါ။

သူေဌးကအစ အလုပ္သမားအဆုံး အကုန္အလုပ္လုပ္တယ္။ဆိုင္မွာသြားၿပီးလက္ဖက္ရည္ဆိုင္ထိုင္ အာ မရိုက္ဘူး။ေသာက္ခ်ိန္ေရာက္ရင္ လုပ္ငန္းခြင္မွာ ဆယ္မိနစ္

ခန႔္နားၿပီးေသာက္တယ္။

သူေဌးအလုပ္က ဆိုင္ရဲ့ပစၥည္းအဝင္အထြက္ပစၥည္းအားလုံးေခါင္းထဲမွာ ရွိတယ္။ဆိုင္သမားနဲ႔အသက္ကပစၥည္းရွိရမယ္။စစ္သားရဲ့အသက္က က်ည္ဆံရွိရမယ္လို႔အ

ျမဲေျပာတဲ့ သူေဌးရဲ့စကား။

ဆိုင္မွာလာအားေပးသူအားလုံးကို နည္းနည္း မ်ားမ်ားပ်ဴငွာေသာဆက္ဆံေရးနဲ႔ႀကိဳဆိုတယ္။

အေႂကြးကိုေပးသင့္သူကိုေပးတယ္။မေပးသင့္သူကို လုံးဝမေပးတဲ့မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ကိုခ်နိုင္တယ္။အားနာလို႔အားပါသြားတာမ်ိဳးမရွိ။

တိက်မွန္ကန္တဲ့ စာရင္းအင္းရွိတယ္။ဆိုင္ပိတ္ရက္ တနဂၤေႏြေန႔တိုင္း တစ္ပတ္စာ အေရာင္းအဝယ္စာရင္းကို ျပန္စစ္တယ္အမွားအယြင္းရွိခဲ့ရင္ ကုန္သည္ထံခ်က္ျခင္း

အေၾကာင္းၾကားေပးတယ္။(မွားခဲ့တာေတာ့ ရွားပါတယ္)

ဆိုင္မွာသူေဌးတစ္ေယာက္ဘဲရွိတယ္။သူေဌးသားေတြလည္း အလုပ္သမားေတြနဲ႔တန္းတူအလုပ္လုပ္ရတယ္။ေအာက္သက္ေက်ေအာင္ အလုပ္သမားဘဝကိုစာနာ

တတ္ေအာင္လုပ္ခိုင္းထားေတာ့ သူေဌးသားေတြလည္း အလုပ္သမားနဲ႔တန္းတူညီအကိုလိုျဖစ္ၿပီး လုပ္ငန္းခြင္မွာေပ်ာ္ေတာ့ အလုပ္ထြက္သူမရွိဘူး။တ႐ုတ္ႏွစ္ကူးလို

အခ်ိိန္ေရာက္ရင္ ေဘာက္ဆူးေပးတာ အလုပ္သမားရဲ့လခ တႏွစ္စာေလာက္ရွိတယ္။ဆိုင္ရဲ့အလုပ္သမားရဲ့လုပ္သက္ဟာ ကၽြန္ေတာ္အလုပ္စဝင္တုန္းကေမးၾကည့္တာ

ဆယ္ႏွစ္ေအာက္မရွိဘူး။

ဒီေန႔ပိုက္ဆိုင္မွာ ပိုက္ေခါင္းတစ္ခုသြားဝယ္ေတာ့ သူေဌးကေတာ္က TVၾကည့္ေနတယ္သူေဌးလို႔ထင္ရတဲ့ေကာင္ကဖုန္းပြတ္ေနတယ္။ပစၥည္းသြားဝယ္ေတာ့မွ ထခ်င္

သလိုမ ထခ်င္သလိုနဲ႔ထသြားၿပီး ပစၥည္းရွာတာငါးမိနစ္ၾကာတယ္။ၿပီးမွ ကုန္ေနတယ္ေျပာတယ္။ကၽြန္ေတာ္ဝယ္တာ တစ္ခုထဲ။ကၽြန္ေတာ္ဘာသာျခားဆိုင္ေရာက္

တယ္။ခ်က္ျခင္းထယူေပးတယ္။ေငြရွင္းေတာ့ ေက်းဇူးအထပ္ထပ္တင္ေၾကာင္းေျပာတယ္။ဘာကြာသလဲ။ဒီဘာသာျခားဆိုင္က စဖြင့္ခ်ိိန္မွာ ေသးေသးေလး။အခု

အေတာ္ႀကီးလာၿပီ။မၾကာမီ ထပ္ႀကီးလာေတာ့မယ္

သူတစ္ပါးႀကီးပြားလာတာ အေၾကာင္းမဲ့မဟုတ္။ဒီအခ်ိန္ေရာက္မွ လူမ်ိဳးျခားေတြ စီးပြားေရး လက္ဝါးႀကီးအုပ္ထားတယ္ေျပာလို႔မရ။ျမန္မာေတြႀကီးပြားခ်င္ရင္ေတာ့

ဒီဂါထာေလး ေန႔တိုင္းရြတ္။

ဉုံ….မပ်င္းနဲ႔။မဖ်င္းနဲ႔။အလုပ္ကိုအလုပ္နဲ႔တူေအာင္လုပ္။ဒါဘဲ။

Credit – Nyunt Han Smo

Leave a Comment