အစာအိမ်ရောဂါ အတွက် ဆန်ဆေးရေ

အစာအိမ်ရောဂါ အတွက် ဆန်ဆေးရေ

အစာအိမ်ဆေး လှူတဲ့အခါမှာ အလှူခံကြတာတွေ တွေ့ရတော့ ဝမ်းသာ ဝမ်းနည်းကြီး ဖြစ်ရပါတယ်။ ဝမ်းသာတာက အလှူခံကြလို့ပါ။ ဝမ်းနည်းရတာက သူတို့ ကာလကြာရှည် ခံစားနေရတဲ့ အစာအိမ် လေထိုး လေအောင့်ဆိုတဲ့ ရောဂါမျိုးတွေဟာ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းလေးနဲ့တင် ပျောက်အောင် ကုနိုင်ကြလို့ပါ။ အနာသိပြီး ဆေးမရှိတာ မဟုတ်၊ ဆေးရှိလျက်နဲ့ မသိကြတာ၊ ဆေးနဲ့ ဝေးနေကြတာပါ။

အဲဒါ အတော် စိတ်မကောင်း ဖြစ်ရပါတယ်။ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါမှာ သုံးခါဆေးလေ့ ရှိကြပါတယ်။ ဒုတိယ အကြိမ် ဆေးတဲ့ ရေကို မတ်ခွက် တစ်ခွက်စာ ယူပါ။ သကြားလေး နည်းနည်းပါအောင် ထည့်ပြီး ခလောက်ပါ။ ပြီးရင် အဲဒီရေကို သောက်ပါ။ ရောဂါ ပြင်းထန်ရင် တစ်ရက် နှစ်ခွက် သောက်ပါ။ ဘယ်လောက်ဆိုးဝါးတဲ့ အစာအိမ်ရောဂါဖြစ်ဖြစ် နင်နေ ငါသွားဆိုပြီး ထွက်သွားပါလိမ့်မယ်။ ခွဲစိတ်ရခါနီး အစာအိမ်ရောဂါတောင် အဲဒီ ဆန်ဆေးရေနဲ့တင် ပျောက်ပါတယ်။ စိတ်ရှည်ရှည် သောက်ပေးနေဖို့ပဲ လိုအပ်တာပါ။

ဆီးချိုရောဂါသည်များအဖို့ သကြားကို ပါလေရုံ တစ်မှုံ နှစ်မှုံပဲဖြစ်ဖြစ် ထည့်ရပါတယ်။ ဓါတ်သက်ဝင်စေဖို့ပါ။

သကြားဟာ ကြံက ထုတ်ထားတဲ့ သ‌ကြားပဲ ဖြစ်သင့်ပါတယ်။ ပြောင်းဖူး / မုန်လာဥနီတို့က ထုတ်တဲ့ သကြား မရပါ။

ဒီဆန်ဆေးရေကို မနက်ပိုင်း ယူထားပြီး ညနေကျမှ သောက်လဲ ရပါတယ်။ အရသာ ချဉ်မသွားသေးမချင်း ဆေးဘက်ဝင်ပါတယ်။ ယူထားတာကနေ အနည်းဆုံး ၁၂ နာရီကျော်မှ ချဉ်စပြုလာတတ်တာပါ။

မချဉ်သေးသမျှ ဘယ်အချိန်မဆို ဘယ်လိုမဆို သောက်နိုင်ပါတယ်။ ကျွန်တော်ဆိုရင် ရေဆာလာရင် ဒီဆန်ဆေးရေ သောက်လိုက်တာပါပဲ။ ဆန်ဆေးရေ ကုန်သွားမှ ရိုးရိုးရေ သောက်တာပါ။

ဒီဆန်ဆေးရေကို ရေခဲသေတ္တာထဲ မထားရပါ။

ဒီဆန်ဆေးရေဟာ ကိုယ်တွင်း အညစ်အကြေးများကို ဆေးကြောပေးတဲ့အတွက် အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။ ကျွန်တော်ဆိုရင် မည်းပြောင်နေရာကနေ ခုတော့ အနက်နုရောင်လေး သမ်းလာပါပြီ

ခန္ဓာကိုယ်တွင်းက အရက်ချိုး / ကွမ်းချိုးများကိုလဲ ဒီဆန်ဆေးရေက ဆေးကြော သန့်ရှင်းပေးတတ်တာမို့လို့ အရက်ဖြတ်သူ ကွမ်းဖြတ်သူများအတွက် အထူးသင့်လျော်ပါတယ်။

ဟောဒီ ဆန်ဆေးရေဟာ အစာအိမ်ရောဂါ တစ်မျိုးထဲကို တိုက်ရိုက်ကုသပေးတာဖြစ်ပြီး တခြား ဘယ်ရောဂါကိုမဆို သွယ်ဝိုက်သောနည်းနဲ့ ကုသပေးပါတယ်။ (ခန္ဓာကိုယ် အတွင်းပိုင်းကို ဆေးကြောသန့်ရှင်းပေးလို့ပါ။) ဒီတော့ ဘယ်ရောဂါသည်မဆို သက်ဆိုင်ရာ ဆေးဝါးများနဲ့ ကုသရင်း တစ်ဖက်ကနေ ဒီဆန်ဆေးရေကို ဓါတ်စာအဖြစ် မှီဝဲလို့ ရပါတယ်။

crd

အစာအိမ္ေရာဂါ အတြက္ ဆန္ေဆးေရ

အစာအိမ္ေဆး လႉတဲ့အခါမွာ အလႉခံၾကတာေတြ ေတြ႕ရေတာ့ ဝမ္းသာ ဝမ္းနည္းႀကီး ျဖစ္ရပါတယ္။ ဝမ္းသာတာက အလႉခံၾကလို႔ပါ။ ဝမ္းနည္းရတာက သူတို႔ ကာလၾကာရွည္ ခံစားေနရတဲ့ အစာအိမ္ ေလထိုး ေလေအာင့္ဆိုတဲ့ ေရာဂါမ်ိဳးေတြဟာ အိမ္ထဲမွာ ရွိတဲ့ ပစၥည္းေလးနဲ႔တင္ ေပ်ာက္ေအာင္ ကုနိုင္ၾကလို႔ပါ။ အနာသိၿပီး ေဆးမရွိတာ မဟုတ္၊ ေဆးရွိလ်က္နဲ႔ မသိၾကတာ၊ ေဆးနဲ႔ ေဝးေနၾကတာပါ။

အဲဒါ အေတာ္ စိတ္မေကာင္း ျဖစ္ရပါတယ္။ထမင္းခ်က္ဖို႔ ဆန္ေဆးတဲ့အခါမွာ သုံးခါေဆးေလ့ ရွိၾကပါတယ္။ ဒုတိယ အႀကိမ္ ေဆးတဲ့ ေရကို မတ္ခြက္ တစ္ခြက္စာ ယူပါ။ သၾကားေလး နည္းနည္းပါေအာင္ ထည့္ၿပီး ခေလာက္ပါ။ ၿပီးရင္ အဲဒီေရကို ေသာက္ပါ။ ေရာဂါ ျပင္းထန္ရင္ တစ္ရက္ ႏွစ္ခြက္ ေသာက္ပါ။ ဘယ္ေလာက္ဆိုးဝါးတဲ့ အစာအိမ္ေရာဂါျဖစ္ျဖစ္ နင္ေန ငါသြားဆိုၿပီး ထြက္သြားပါလိမ့္မယ္။ ခြဲစိတ္ရခါနီး အစာအိမ္ေရာဂါေတာင္ အဲဒီ ဆန္ေဆးေရနဲ႔တင္ ေပ်ာက္ပါတယ္။ စိတ္ရွည္ရွည္ ေသာက္ေပးေနဖို႔ပဲ လိုအပ္တာပါ။

ဆီးခ်ိဳေရာဂါသည္မ်ားအဖို႔ သၾကားကို ပါေလ႐ုံ တစ္မႈံ ႏွစ္မႈံပဲျဖစ္ျဖစ္ ထည့္ရပါတယ္။ ဓါတ္သက္ဝင္ေစဖို႔ပါ။

သၾကားဟာ ႀကံက ထုတ္ထားတဲ့ သ‌ၾကားပဲ ျဖစ္သင့္ပါတယ္။ ေျပာင္းဖူး / မုန္လာဥနီတို႔က ထုတ္တဲ့ သၾကား မရပါ။

ဒီဆန္ေဆးေရကို မနက္ပိုင္း ယူထားၿပီး ညေနက်မွ ေသာက္လဲ ရပါတယ္။ အရသာ ခ်ဥ္မသြားေသးမခ်င္း ေဆးဘက္ဝင္ပါတယ္။ ယူထားတာကေန အနည္းဆုံး ၁၂ နာရီေက်ာ္မွ ခ်ဥ္စျပဳလာတတ္တာပါ။

မခ်ဥ္ေသးသမၽွ ဘယ္အခ်ိန္မဆို ဘယ္လိုမဆို ေသာက္နိုင္ပါတယ္။ ကၽြန္ေတာ္ဆိုရင္ ေရဆာလာရင္ ဒီဆန္ေဆးေရ ေသာက္လိုက္တာပါပဲ။ ဆန္ေဆးေရ ကုန္သြားမွ ရိုးရိုးေရ ေသာက္တာပါ။

ဒီဆန္ေဆးေရကို ေရခဲေသတၱာထဲ မထားရပါ။

ဒီဆန္ေဆးေရဟာ ကိုယ္တြင္း အညစ္အေၾကးမ်ားကို ေဆးေၾကာေပးတဲ့အတြက္ အသားအေရကို ၾကည္လင္သန႔္ရွင္းေစပါတယ္။ ကၽြန္ေတာ္ဆိုရင္ မည္းေျပာင္ေနရာကေန ခုေတာ့ အနက္ႏုေရာင္ေလး သမ္းလာပါၿပီ

ခႏၶာကိုယ္တြင္းက အရက္ခ်ိဳး / ကြမ္းခ်ိဳးမ်ားကိုလဲ ဒီဆန္ေဆးေရက ေဆးေၾကာ သန႔္ရွင္းေပးတတ္တာမို႔လို႔ အရက္ျဖတ္သူ ကြမ္းျဖတ္သူမ်ားအတြက္ အထူးသင့္ေလ်ာ္ပါတယ္။

ေဟာဒီ ဆန္ေဆးေရဟာ အစာအိမ္ေရာဂါ တစ္မ်ိဳးထဲကို တိုက္ရိုက္ကုသေပးတာျဖစ္ၿပီး တျခား ဘယ္ေရာဂါကိုမဆို သြယ္ဝိုက္ေသာနည္းနဲ႔ ကုသေပးပါတယ္။ (ခႏၶာကိုယ္ အတြင္းပိုင္းကို ေဆးေၾကာသန႔္ရွင္းေပးလို႔ပါ။) ဒီေတာ့ ဘယ္ေရာဂါသည္မဆို သက္ဆိုင္ရာ ေဆးဝါးမ်ားနဲ႔ ကုသရင္း တစ္ဖက္ကေန ဒီဆန္ေဆးေရကို ဓါတ္စာအျဖစ္ မွီဝဲလို႔ ရပါတယ္။

crd

Leave a Comment