ယနေ့ ၂၅ ရက်နေ့မှာ ရန်ကုန် ၁၈ မြို့နယ် မီးပျက်မည်

ယနေ့ ၂၅ ရက်နေ့မှာ ရန်ကုန် ၁၈ မြို့နယ် မီးပျက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊

ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းလုပ်ငန်းကို (၂၅.၁၁.၂၀၂၁) ရက်နေ့၊ ( ကြာသပတေးနေ့ )တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်

ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သာကေတ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လသာ၊ကမာရွတ်၊ လမ်းမတော်၊ ဒဂုံ၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ အလုံ၊ သန်လျင်၊ ထောက်ကြန့်၊ လှည်းကူး၊ ထန်းတပင် မြို့နယ်များ အတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပြီး

အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မီးသုံးသူ ပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း







Leave a Comment