ထမင်းစားပြီးပြီးချင်း ကော်ဖီမသောက်သင့်တဲ့ အကြောင်းအရင်းများ

ထမင်းစားပြီးပြီးချင်း ကော်ဖီမသောက်သင့်တဲ့ အကြောင်းအရင်းများ

မနက်စာစားပြီးတာနဲ့ ကော်ဖီပူပူလေးတစ်ခွက် လိုအပ်သလို နေ့လည်စာစားအပြီးမှာ

cappuccino ပူပူလေးတစ်ခွက်က မပါမဖြစ်ဆိုတဲ့သူမျိုးတွေ ရှိကြမှာပါ။

နောက်ပြီး လေးလံတဲ့တစ်နေ့တာကို ဖြတ်သန်းဖို့ တစ်နေ့ကုန်အားအင်အပြည့်နဲ့

လှုပ်ရှားနိုင်ဖို့အတွက် ခပ်ပြင်းပြင်း espresso တစ်ခွက် လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အစားစားပြီးတိုင်း ကော်ဖီသောက်တတ်တဲ့ အလေ့အကျင့်က

သင့်ကျန်းမာရေးနဲ့ သင့်ရုပ်ရည်ကို ထိခိုက်စေနိုင်ပါတယ်။

-အသားအရေကို ခြောက်သွေ့စေတယ်

အရသာရှိတဲ့ ကော်ဖီတစ်ခွက်ဟာ မနက်ခင်းမှာ သင့်ကိုနိုးထစေပြီး သင့်ရဲ့ကျန်းမာရေးကို

များစွာအကျိုးပြုပါတယ်။ ဒါပေမယ့် ထမင်းစားပြီးတာနဲ့ ကော်ဖီတန်းသောက်တာက

သင့်ခန္ဓာကိုယ်ကနေ အစားအစာရဲ့အဟာရအကုန်လုံးကို မရရှိစေပဲ သံဓာတ်စုပ်ယူမှုကို 80% အထိ

လျော့ချပစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က သံဓာတ်လုံလောက်စွာမရတဲ့အခါ အသားအရေက

ပုံမှန်ထက်ပိုပြီး အရောင်ဖျော့လာကာ ခြောက်သွေ့ပြီး အရေးအကြောင်းတွေ ပိုဖြစ်လာတတ်ပါတယ်။

-သွားတွေကို ပျက်စီးစေတယ်

ထမင်းစားပြီးပြီးချင်း ကော်ဖီသောက်ခြင်းက ကယ်လ်စီယမ်အပါအဝင် တစ်ခြားလိုအပ်တဲ့

သတ္တုဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းကို နှေးကွေးသွားစေပါတယ်။

လူတွေဟာ ဆံပင်နဲ့ အရေပြားတွေကနေ ကယ်လ်စီယမ်ဓာတ်ကို သဘာဝအတိုင်းဆုံးရှုံးပြီး

ခန္ဓာကိုယ်ကနေ ဆီးနဲ့ချွေးအဖြစ် ဖယ်ထုတ်ပါတယ်။ ကော်ဖီသောက်ခြင်းက ခန္ဓာကိုယ်ကနေ

ကယ်လ်စီယမ်ဓာတ်ကို ပိုဆုံးရှုံးစေပြီး အစားအသောက်နဲ့မထိန်းဘူးဆိုရင်တော့ အရိုးနဲ့သွားတွေက

ကယ်လ်စီယမ်ဓာတ်ကို နောက်ဆုံးမှရရှိကြမှာဖြစ်လို့ ကယ်လ်စီယမ်မလုံလောက်မှုကြောင့်

သွားနဲ့ သွားဖုံးတွေကို ထိခိုက်လာစေနိုင်ပါတယ်။

-Cholesterol level ကို တိုးစေတယ်

ကော်ဖီမှာပါတဲ့ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောကို ထိန်းညှိပေးတဲ့စွမ်းရည်ကို

ထိခိုက်နိုင်စေပြီး ဒါက cholesterol level ကို မြှင့်တက်စေနိုင်ကြောင်း

လေ့လာမှုတွေအရ တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။

-ဆံသားတွေကို ပျက်စီးစေတယ်

ကိုယ်စားလိုက်တဲ့ နေ့လည်စာဟာ အဟာရမျှတပြီးကောင်းမွန်ပေမယ့်လို့

စားပြီးပြီးချင်း ကော်ဖီသောက်လိုက်တဲ့အခါမှာ စောစောကစားထားတာတွေက မထိရောက်တော့ပါဘူး။

အစာစားပြီးနောက် ကော်ဖီသောက်ခြင်းက အရေးကြီးတဲ့ဓာတ်သတ္တုတွေကို

ခန္ဓာကိုယ်ကနေ စုပ်ယူနိုင်စွမ်းအားနည်းသွားပြီး ဆံပင်သားတွေကိုလည်း ထိခိုစေနိုင်ပါတယ်။

သံဓာတ်ချို့တဲ့ခြင်းက ဆံပင်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ ဆဲလ်တွေရဲ့ပြုပြင်နိုင်စွမ်းကို ထိခိုက်သွားစေတာပါ။

အကျိုးဆက်ကတော့ ဆံပင်ကျွတ်ခြင်းတွေ ဖြစ်လာစေပြီး ဆံပင်သားတွေပါးလာစေတာပါ။

ထမင္းစားၿပီးၿပီးခ်င္း ေကာ္ဖီမေသာက္သင့္တဲ့ အေၾကာင္းအရင္းမ်ား

မနက္စာစားၿပီးတာနဲ႔ ေကာ္ဖီပူပူေလးတစ္ခြက္ လိုအပ္သလို ေန႔လည္စာစားအၿပီးမွာ

cappuccino ပူပူေလးတစ္ခြက္က မပါမျဖစ္ဆိုတဲ့သူမ်ိဳးေတြ ရွိၾကမွာပါ။

ေနာက္ၿပီး ေလးလံတဲ့တစ္ေန႔တာကို ျဖတ္သန္းဖို႔ တစ္ေန႔ကုန္အားအင္အျပည့္နဲ႔

လႈပ္ရွားႏိုင္ဖို႔အတြက္ ခပ္ျပင္းျပင္း espresso တစ္ခြက္ လိုအပ္တာလည္း ျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္ အစားစားၿပီးတိုင္း ေကာ္ဖီေသာက္တတ္တဲ့ အေလ့အက်င့္က

သင့္က်န္းမာေရးနဲ႔ သင့္႐ုပ္ရည္ကို ထိခိုက္ေစႏိုင္ပါတယ္။

-အသားအေရကို ေျခာက္ေသြ႕ေစတယ္

အရသာရွိတဲ့ ေကာ္ဖီတစ္ခြက္ဟာ မနက္ခင္းမွာ သင့္ကိုႏိုးထေစၿပီး သင့္ရဲ႕က်န္းမာေရးကို

မ်ားစြာအက်ိဳးျပဳပါတယ္။ ဒါေပမယ့္ ထမင္းစားၿပီးတာနဲ႔ ေကာ္ဖီတန္းေသာက္တာက

သင့္ခႏၶာကိုယ္ကေန အစားအစာရဲ႕အဟာရအကုန္လုံးကို မရရွိေစပဲ သံဓာတ္စုပ္ယူမႈကို 80% အထိ

ေလ်ာ့ခ်ပစ္ႏိုင္ပါတယ္။ ခႏၶာကိုယ္က သံဓာတ္လုံေလာက္စြာမရတဲ့အခါ အသားအေရက

ပုံမွန္ထက္ပိုၿပီး အေရာင္ေဖ်ာ့လာကာ ေျခာက္ေသြ႕ၿပီး အေရးအေၾကာင္းေတြ ပိုျဖစ္လာတတ္ပါတယ္။

-သြားေတြကို ပ်က္စီးေစတယ္

ထမင္းစားၿပီးၿပီးခ်င္း ေကာ္ဖီေသာက္ျခင္းက ကယ္လ္စီယမ္အပါအဝင္ တစ္ျခားလိုအပ္တဲ့

သတၱဳဓာတ္ေတြကို ခႏၶာကိုယ္က စုပ္ယူႏိုင္စြမ္းကို ေႏွးေကြးသြားေစပါတယ္။

လူေတြဟာ ဆံပင္နဲ႔ အေရျပားေတြကေန ကယ္လ္စီယမ္ဓာတ္ကို သဘာဝအတိုင္းဆုံးရႈံးၿပီး

ခႏၶာကိုယ္ကေန ဆီးနဲ႔ေခြၽးအျဖစ္ ဖယ္ထုတ္ပါတယ္။ ေကာ္ဖီေသာက္ျခင္းက ခႏၶာကိုယ္ကေန

ကယ္လ္စီယမ္ဓာတ္ကို ပိုဆုံးရႈံးေစၿပီး အစားအေသာက္နဲ႔မထိန္းဘူးဆိုရင္ေတာ့ အ႐ိုးနဲ႔သြားေတြက

ကယ္လ္စီယမ္ဓာတ္ကို ေနာက္ဆုံးမွရရွိၾကမွာျဖစ္လို႔ ကယ္လ္စီယမ္မလုံေလာက္မႈေၾကာင့္

သြားနဲ႔ သြားဖုံးေတြကို ထိခိုက္လာေစႏိုင္ပါတယ္။

-Cholesterol level ကို တိုးေစတယ္

ေကာ္ဖီမွာပါတဲ့ အဆီေတြဟာ ခႏၶာကိုယ္ရဲ႕ ကိုလက္စထေရာကို ထိန္းညႇိေပးတဲ့စြမ္းရည္ကို

ထိခိုက္ႏိုင္ေစၿပီး ဒါက cholesterol level ကို ျမႇင့္တက္ေစႏိုင္ေၾကာင္း

ေလ့လာမႈေတြအရ ေတြ႕ရွိထားခဲ့တာ ျဖစ္ပါတယ္။

-ဆံသားေတြကို ပ်က္စီးေစတယ္

ကိုယ္စားလိုက္တဲ့ ေန႔လည္စာဟာ အဟာရမွ်တၿပီးေကာင္းမြန္ေပမယ့္လို႔

စားၿပီးၿပီးခ်င္း ေကာ္ဖီေသာက္လိုက္တဲ့အခါမွာ ေစာေစာကစားထားတာေတြက မထိေရာက္ေတာ့ပါဘူး။

အစာစားၿပီးေနာက္ ေကာ္ဖီေသာက္ျခင္းက အေရးႀကီးတဲ့ဓာတ္သတၱဳေတြကို

ခႏၶာကိုယ္ကေန စုပ္ယူႏိုင္စြမ္းအားနည္းသြားၿပီး ဆံပင္သားေတြကိုလည္း ထိခိုေစႏိုင္ပါတယ္။

သံဓာတ္ခ်ိဳ႕တဲ့ျခင္းက ဆံပင္ႀကီးထြားမႈကို လႈံ႕ေဆာ္ေပးတဲ့ ဆဲလ္ေတြရဲ႕ျပဳျပင္ႏိုင္စြမ္းကို ထိခိုက္သြားေစတာပါ။

အက်ိဳးဆက္ကေတာ့ ဆံပင္ကြၽတ္ျခင္းေတြ ျဖစ္လာေစၿပီး ဆံပင္သားေတြပါးလာေစတာပါ။

Leave a Comment