ဂုတ်မဲနေတာကြောင့် အရှက်ရစေတဲ့ဒုက္ခတွေကနေ ကင်းလွတ်စေမယ့်နည်းလမ်းများ

ဂုတ်မဲနေတာကြောင့် အရှက်ရစေတဲ့ဒုက္ခတွေကနေ ကင်းလွတ်စေမယ့်နည်းလမ်းများ

တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့် တစ်ချို့သောသူတွေဆီမှာ ဂုတ်မည်းနေတာမျိုးတွေရှိတတ်ပါတယ်။

ဒီလိုအဖြစ်မျိုးတွေက အရမ်းကိုရှက်စရာကောင်းပြီး၊ ကိုယ့်ကိုယ်ကိုလည်းယုံကြည့်မှုလျော့နည်းစေတာကြောင့် ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ချို့ကို လေ့လာကြည့်ရအောင်နော်။

ရှားစောင်းလက်ပတ်အနှစ်

ရှားစောင်းလက်ပတ်က အသားအရေကို သဘာဝတိုင်းဖြူစင်လာစေပြီး အစိုဓာတ်ရရှိအောင်လုပ်ပေးနိုင်တာကြောင့် ဒီလိုပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။

အရေပြားမှာပျက်စီးသွားတဲ့ ဆဲလ်တွေအစား ဆဲလ်အသစ်တွေကိုပြန်လည်ဖန်တီးပေးနိုင်တာကြောင့် အရမ်းကို ကောင်းပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ဂုတ်မှာလိမ်းပေးပြီး အသားထဲစိမ့်ဝင်အောင် နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးမှ ရေဆေးချလိုက်ပါ။ နေ့တိုင်းပုံမှန်လုပ်ပေးရင် သိသာတဲ့ရလဒ်ကို လျှင်မြန်စွာရရှိလာမှာဖြစ်ပါတယ်။

လိမ္မော်သီးအခွံ

လိမ္မော်သီးမှာ ဗီတာမင်စီဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကိုပြန်လည်ဖြူစင်လာစေဖို့ အများကြီးကူညီပေးနိုင်ပါတယ်။ လိမ္မော်သီးကိုစားပြီးသွားရင် အခွံတွေကိုမလွတ်ပစ်ပဲ နေပူထဲမှာလှန်းထားပေးလိုက်ပါ။

အခွံတွေခြောက်သွားပြီဆိုရင်တော့ အမှုန့်ဖြစ်အောင်လုပ်ပေးပြီး နွားနို့နဲ့ရောကာ အနှစ်ဖြစ်အောင်လုပ်ပေးရမှာပါ။ ရလာတဲ့အနှစ်ကိုမှ မည်းနေတဲ့ဂုတ်နေရာပေါ်တင်ထားပေးပြီး ခြောက်သွားတဲ့ထိထားပြီးမှ ရေဆေးချပေးရမှာပါ။ ဒီနည်းလမ်းကလည်း နေ့တိုင်းလုပ်ပေးနိုင်ရင် ပိုပြီးတော့အကျိုးသက်ရောက်မှုရှိမှာပါ။

အာလူးအရည်

အာလူးကလည်း အသားအရေပေါ်မှာဖြစ်နေတဲ့ ညိုမဲနေတာတွေကို ပြန်လည်ဖြူစင်လာအောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ အာလူးကိုအရည်ရအောင်လုပ်ပြီး ရှောက်သီးအရည်နဲ့ ရောစပ်ပေးရမှာပဲဖြစ်ပါတယ်။

ပြီးသွားရင်တော့ ရောစပ်ပြီးတဲ့အရည်ကို ဂုတ်ပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားထားပေးပြီးမှာ ရေနွေးနွေးနဲ့ပြန်ပြီးတော့ ဆေးကြောပေးရမှာပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မည်းညစ်နေတဲ့ဂုတ်ကိုအချိန်တိုအတွင်းပြန်လည် ဖြူစင်လာစေမှာပါ

Credit

ဂုတ္မဲေနတာေၾကာင့္ အရွက္ရေစတဲ့ဒုကၡေတြကေန ကင္းလြတ္ေစမယ့္နည္းလမ္းမ်ား

တစ္ကိုယ္ရည္သန႔္ရွင္းမႈအားနည္းတာေၾကာင့္ တစ္ခ်ိဳ႕ေသာသူေတြဆီမွာ ဂုတ္မည္းေနတာမ်ိဳးေတြရွိတတ္ပါတယ္။

ဒီလိုအျဖစ္မ်ိဳးေတြက အရမ္းကိုရွက္စရာေကာင္းၿပီး၊ ကိုယ့္ကိုယ္ကိုလည္းယုံၾကည့္မႈေလ်ာ့နည္းေစတာေၾကာင့္ ဒီျပႆနာေတြကိုေျဖရွင္းေပးနိုင္မယ့္ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို ေလ့လာၾကည့္ရေအာင္ေနာ္။

ရွားေစာင္းလက္ပတ္အႏွစ္

ရွားေစာင္းလက္ပတ္က အသားအေရကို သဘာဝတိုင္းျဖဴစင္လာေစၿပီး အစိုဓာတ္ရရွိေအာင္လုပ္ေပးနိုင္တာေၾကာင့္ ဒီလိုျပႆနာေတြကိုေျဖရွင္းနိုင္ဖို႔ နည္းလမ္းေကာင္းတစ္ခုပါပဲ။

အေရျပားမွာပ်က္စီးသြားတဲ့ ဆဲလ္ေတြအစား ဆဲလ္အသစ္ေတြကိုျပန္လည္ဖန္တီးေပးနိုင္တာေၾကာင့္ အရမ္းကို ေကာင္းပါတယ္။ ရွားေစာင္းလက္ပတ္အႏွစ္ကို ဂုတ္မွာလိမ္းေပးၿပီး အသားထဲစိမ့္ဝင္ေအာင္ ႏွိပ္နယ္ေပးလိုက္ပါ။ မိနစ္ ၂၀ ေလာက္ထားၿပီးမွ ေရေဆးခ်လိုက္ပါ။ ေန႔တိုင္းပုံမွန္လုပ္ေပးရင္ သိသာတဲ့ရလဒ္ကို လၽွင္ျမန္စြာရရွိလာမွာျဖစ္ပါတယ္။

လိေမၼာ္သီးအခြံ

လိေမၼာ္သီးမွာ ဗီတာမင္စီဓာတ္ေတြ ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ အသားအေရကိုျပန္လည္ျဖဴစင္လာေစဖို႔ အမ်ားႀကီးကူညီေပးနိုင္ပါတယ္။ လိေမၼာ္သီးကိုစားၿပီးသြားရင္ အခြံေတြကိုမလြတ္ပစ္ပဲ ေနပူထဲမွာလွန္းထားေပးလိုက္ပါ။

အခြံေတြေျခာက္သြားၿပီဆိုရင္ေတာ့ အမႈန႔္ျဖစ္ေအာင္လုပ္ေပးၿပီး ႏြားနို႔နဲ႔ေရာကာ အႏွစ္ျဖစ္ေအာင္လုပ္ေပးရမွာပါ။ ရလာတဲ့အႏွစ္ကိုမွ မည္းေနတဲ့ဂုတ္ေနရာေပၚတင္ထားေပးၿပီး ေျခာက္သြားတဲ့ထိထားၿပီးမွ ေရေဆးခ်ေပးရမွာပါ။ ဒီနည္းလမ္းကလည္း ေန႔တိုင္းလုပ္ေပးနိုင္ရင္ ပိုၿပီးေတာ့အက်ိဳးသက္ေရာက္မႈရွိမွာပါ။

အာလူးအရည္

အာလူးကလည္း အသားအေရေပၚမွာျဖစ္ေနတဲ့ ညိဳမဲေနတာေတြကို ျပန္လည္ျဖဴစင္လာေအာင္ လုပ္ေပးနိုင္စြမ္းရွိပါတယ္။ အာလူးကိုအရည္ရေအာင္လုပ္ၿပီး ေရွာက္သီးအရည္နဲ႔ ေရာစပ္ေပးရမွာပဲျဖစ္ပါတယ္။

ၿပီးသြားရင္ေတာ့ ေရာစပ္ၿပီးတဲ့အရည္ကို ဂုတ္ေပၚမွာလိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ထားထားေပးၿပီးမွာ ေရေႏြးေႏြးနဲ႔ျပန္ၿပီးေတာ့ ေဆးေၾကာေပးရမွာပါ။ ေန႔တိုင္းလုပ္ေပးမယ္ဆိုရင္ မည္းညစ္ေနတဲ့ဂုတ္ကိုအခ်ိန္တိုအတြင္းျပန္လည္ ျဖဴစင္လာေစမွာပါ

Credit