တောင်ဥက္ကာလာမှာ ကားပေါ်ကနေ ပ.စ်.ချပြီးစွန့်ပစ်ခံလိုက်ရတဲ့ ကလေးငယ်ရဲ့အ‌‌ကြောင်းကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ အနယ်နယ်အရပ်ရပ်မှာ စွ.န့်ပ.စ်ခံရတဲ့ လူမယ်အရွယ် ကလေးသူငယ်တွေကို သူတို့ရဲ့အနာဂတ်အိမ်မက်တွေ တောက်ပလာစေဖို့အတွက် ခေါ်ယူပြီး မိခင်အရင်းသဖွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ လေးစားစရာသူတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးကုသဖို့ ငွေကြေးမတတ်နိုင်တဲ့ သူတွေကိုလည်း အစစအရာရာ လိုလေသေးမရှိအောင် ကူညီထောက်ပံ့မှုစတာတွေလည်း ရှိတာတွေ့ရပါတယ်။

ယနေ့မှာလည်း ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်မှာ လူမမယ် ကလေးငယ်တစ်ယောက် လာရောက်စွ.န့်ပ.စ်ခဲ့တဲ့အကြောင်းကို ဖော်ပြလာတာတွေ့ရပါတယ်။ စွ.န့်ပ.စ်ခံရတဲ့ကလေးငယ်ဟာ ဉာဏ်ရည်နိမ့်ပါးတယ်လို့လည်း သိရပါတယ်။

အဆိုပါကလေးငယ်ကို တောင်ဥက္ကာလာရှိ ရတနာလမ်းထောင့် မီးပွိုင့်အနီးတွင် Hijet ကားပေါ်ကနေပ.စ်.ချ ပြီး စွ.န့်ပ.စ်သွားခဲ့တာ ဖြစ်ပါတယ်။ရုပ်ပုံတွေအရ ဆာလောင်မွတ်သိပ်နေတဲ့ စွ.န့်ပ.စ်ခံရတဲ့ ကလေးငယ်ကို စားသောက်စရာလေးတွေကျွေးပြီး လိုအပ်တာများလုပ်ဆောင်ပေးဖို့ ခေါ်လာခဲ့တယ်လို့လည်း သိရပါတယ်။စိတ်မကောင်းစရာကတော့ကလေးငယ်လေးဟာ ဉာဏ်ရည်နိမ့်ပါးတဲ့အပြင် စကားလည်း မပြောတတ်သလို ကလေးဗို.က်မှာလည်း ဗို.က်.ခွဲ.ရာများ တွေ့ရတယ်လို့လည်း ခိုင်နှင်းဝေက ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Credit



