တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ နိုဝင်ဘာလဆန်းတွင် ပြန်လည်ဖွင့်လှစ်မည်
ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာ စာသင်ကျောင်းများကိုနိုဝင်ဘာလဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ပညာရေး ဝန်ကြီးဌာနက စီစဉ်နေပြီးကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးများ ဆောင်ရွက်ကြရန်နှင့် စာသင်ခန်းများပြင်ဆင်ခြင်းလုပ်ငန်းများ ကြိုတင်စီစဉ်ထားရှိရန် မြို့နယ်ပညာရေးမှူးများထံသို့ သက်ဆိုင်ရာက
စာပို့ထားကြောင်း သိရသည်။ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင်အခြေခံပညာ မူလတန်းများကို ချန်လှပ်ကာ အလယ်တန်းနှင့် အထက်တန်း ကျောင်းများကိုဦးစွာဖွင့်လှစ်သွားရန်ရှိပြီး အောက်တိုဘာ ၁၆ရက်ကစတင်ကာ အသက်၁၂နှစ်နှင့်အထက်ကျောင်းသား ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

Credit