ယုန်လေးနဲ့အတူအဆိုတော်၊သရုပ်ဆောင် အယောက် ၇၀ နဲ့ ဖန်တီးထားတဲ့ “ငါတို့အားလုံးရဲ့မြေ” သီချင်း

0
1387

ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာသူဖြစ်ပေမယ့် နောက်ပိုင်းမှာ သရုပ်ဆောင်၊ဒါရိုက်တာအနေနဲ့ ပါဇာတ်ကားပေါင်းများစွာကို ပုံဖော်ရိုက်ကူးလာခဲ့သူပါ။ ကိုဗစ်ကာလ ရိုက်ကူးရေးတွေရပ်နားထားစဉ်မှာတော့ သီချင်းတွေဘက်ပြန်လှည့်ကာ သီချင်းကောင်းတွေ ပြန်လည်ဖန်တီးရင်း ပရိသတ်ကို ဆက်တိုက်ချပြနေသူပါ။

ဒီနေ့မှာတော့ သူနောက်ဆုံးဖန်တီးထားတဲ့ ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) ဆိုတဲ့သီချင်းလေးကို ချပြခဲ့ပါတယ်။ ဒီသီချင်းလေးကိုတော့ ယုန်လေးနဲ့အတူ အဆိုတော်၊ သရုပ်ဆောင် အယောက်(၇၀) က သီဆိုပုံဖော်ထားပါတယ်။ မြန်မာပြည်သားတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်မနေကြဘဲ ကမ္ဘာ့အလယ်မှာ မြန်မာရယ်လို့ ရဲရဲဝံ့ဝံ့ရပ်တည်နိုင်အောင် စည်းလုံးဖို့အချိန်တန်ပြီဆိုတဲ့အကြောင်း သီချင်းလေးဖန်တီးထားရုံသာမက သီချင်းဗွီဒီယိုလေးကိုလည်း ယုန်လေးကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး အမိုက်စားပုံဖော်ထားပါတယ်။


အဆိုတော်ပေါင်းများစွာသီဆိုထားတဲ့ ဒီသီချင်းလေးကတော့ နားထောင်လိုက်ရုံနဲ့ ကြက်သီးထစေမှာ အမှန်ပါ။ အားလုံးရဲ့ ဦးခေါင်းထပ်အလံက ဝါ၊စိမ်း၊နီ အလယ်မှာကြယ် ဆိုတဲ့အတိုင်းပဲ မြန်မာနိုင်ငံသားတစ်ယောက်မှာ တကယ်ရှိသင့်တဲ့စိတ်ကို သီချင်းလေးနဲ့ ဖန်တီးပုံဖော်ထားတဲ့ ယုန်လေးရဲ့သီချင်းသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Yone Lay

Rainbow- Cele Gabar