လက်မောင်းကပ်ရောဂါ နဲ့ ကုသနည်းများ

လက်မောင်းကပ်ရောဂါ နဲ့ ကုသနည်းများ

လက်ကိုဆန့်တန်းမြှောက်လျှင်နာသည်။နောက်ကျောပြင်ကုပ်လျှင်အပေါ်အထိမရ။အမျိုးသမီးများ ဆံပင်ထုံးမရ။ဇက်ကျီးပေါင်းရှိလျှင်လည်းဖြစ်တတ်သည်။တစ်ဘက်သပ်ဖိအိပ်လေ့ရှိသူများတွင်လည်းဖြစ်တတ်သည်။

ညာဘက်ဖြစ်လျှင်ပျောက်လွယ်သည်။အသုံးပြုနေ၍။ဘယ်ဖက်ဖြစ်လျှင်ပိုကြာသည်။ အသုံးနည်း၍။(သန်ရာလက်ကိုဆိုလိုပါသည်။ ဘယ်သန်လျှင် . ညာပျောက်ခဲမည်)

အနှိပ်ခံစရာမလိုပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်လျှင်၁၄ ရက်အတွင်းသက်သာပျောက်ကင်းနိုင်ပါသည် ။ဆားကြပ်ထုပ်ထိုးနိုင်ပါသည်။ မိဿလင်ကြပ်ထုုပ်ကတော့အကောင်းဆုံးပါ။ ရေနွေးငွေ့ခံထိုးပါ။ အပူခံနိုင်ရုံသာထိုးပါ။မုံညှင်းဆီလိမ်းပြီးထိုးလျှင် ချောမွေ့ပြီး အပူလောင်သက်သာသည်။

ဇက်ကျီးပေါင်းနေရာတွင် သင်္ဘောရွက်မီးကင်ပြီးကပ်ပေးပါ။ဘန်ဒါရွက်(ဗာဒံရွက်)ကပ်လျှင်လည်းရသည်။ချင်းခြောက်မှုံ့ ၃ဆ၊လင်းနေမှုံ့ ၁ဆ ၊ သစ်ကြမ်းပိုးအခေါက်မှုံ့၁ဆ ရော ရေနွေးနှင့်ဖျော် လက်မောင်းဆုံတွင်အုံစည်းလျှင်လက်မောင်းကပ်ရောဂါပျောက်ပါသည် ။

ကြည်လွင်မြင့်(မုဒြာ)

လက္ေမာင္းကပ္ေရာဂါ နဲ႔ ကုသနည္းမ်ား

လက္ကိုဆန႔္တန္းေျမႇာက္လွ်င္နာသည္။ေနာက္ေက်ာျပင္ကုပ္လွ်င္အေပၚအထိမရ။အမ်ိဳးသမီးမ်ား ဆံပင္ထုံးမရ။ဇက္က်ီးေပါင္းရွိလွ်င္လည္းျဖစ္တတ္သည္။တစ္ဘက္သပ္ဖိအိပ္ေလ့ရွိသူမ်ားတြင္လည္းျဖစ္တတ္သည္။

ညာဘက္ျဖစ္လွ်င္ေပ်ာက္လြယ္သည္။အသုံးျပဳေန၍။ဘယ္ဖက္ျဖစ္လွ်င္ပိုၾကာသည္။ အသုံးနည္း၍။(သန္ရာလက္ကိုဆိုလိုပါသည္။ ဘယ္သန္လွ်င္ . ညာေပ်ာက္ခဲမည္)

အႏွိပ္ခံစရာမလိုပါ။ ေလ့က်င့္ခန္းမွန္မွန္လုပ္လွ်င္၁၄ ရက္အတြင္းသက္သာေပ်ာက္ကင္းႏိုင္ပါသည္ ။ဆားၾကပ္ထုပ္ထိုးႏိုင္ပါသည္။ မိႆလင္ၾကပ္ထုုပ္ကေတာ့အေကာင္းဆုံးပါ။ ေရေႏြးေငြ႕ခံထိုးပါ။ အပူခံႏိုင္႐ုံသာထိုးပါ။မုံညႇင္းဆီလိမ္းၿပီးထိုးလွ်င္ ေခ်ာေမြ႕ၿပီး အပူေလာင္သက္သာသည္။

ဇက္က်ီးေပါင္းေနရာတြင္ သေဘၤာ႐ြက္မီးကင္ၿပီးကပ္ေပးပါ။ဘန္ဒါ႐ြက္(ဗာဒံ႐ြက္)ကပ္လွ်င္လည္းရသည္။ခ်င္းေျခာက္မႈံ႕ ၃ဆ၊လင္းေနမႈံ႕ ၁ဆ ၊ သစ္ၾကမ္းပိုးအေခါက္မႈံ႕၁ဆ ေရာ ေရေႏြးႏွင့္ေဖ်ာ္ လက္ေမာင္းဆုံတြင္အုံစည္းလွ်င္လက္ေမာင္းကပ္ေရာဂါေပ်ာက္ပါသည္ ။

ၾကည္လြင္ျမင့္(မုျဒာ)