ရေဖျဉ်းရောဂါအတွက် မြန်မာ့ဆေးနည်းများ( ရေဖျဉ်း ပေခင်း )
ရေဖျဉ်းရောဂါအတွက် မြန်မာ့ဆေးနည်းများ( ရေဖျဉ်း ပေခင်း )
ဆရာကြီး အစည်းအဝေးတက်လာနိုင် ်တာဝမ်းသာတယ်ဗျာ˝ မြို့နယ်ပညာရေးမှူးဆရာကြီး ရေဖျဉ်းရေဂါဖြင့်အိပ်ရာထဲလှဲခဲ့ရသည်။မြန်မာ့တိုင်းရင်းဆေးဖြင့် သက်သာပျောက် ်ကင်းသွားခြင်းဖြစ်သည်။
ဆေးနည်းမှာ
ပေပင်၏အရွက်ကို အိပ်ရာအောက်ခင်းပြီးအိပ်ပေးခြင်းညဉ့်အိပ်စဉ် ပေရွက်ပတ်၍အိပ်ခြင်းပေရွက်ကို (၃)ခွက်(၁)ခွက်တင် ဆေးကျိုပြီးသောက်ပေးခြင်း
ထိုအပြင်အရှင်နာဂသိန်ဆေးကျမ်းမှပြဆိုထားသော ဇော်ဂျီခါးပုံစ၊ ခေါ်ဗြဟ္မာခါးပုံစ ခေါ်သူယောင်ဂမုန်းကြောင့်လည်းပါသည်။ ရေဖျဉ်းရောဂါကို ပျောက်ကင်းစေသည်မှာ ကိုယ်တွေ့ဖြစ်ကြောင်း ဆေးကျမ်းတွင် ဖေါ်ပြ ထားသည်။
ဇော်ဂျီခါးပုံစအား အရွက်ကိုကျက်ရုံပြုတ်၍ ပါးပါးလှီးကာ မန်ကျည်းရည်၊ကြက်သွန်နီ၊ကြက် ်သွန်ဖြူ၊ပုဇွန်ခြောက်တ ို့ထည့်ပြီး ရေဖျဉ်းဝေဒနာရှင်ကို လက်သုပ်လုပ်ပြီးကျွေးရပါသည်။ ထိုပြင် ပြုတ်ရည်ကို ဟင်းချိုချက်၍လည်းတိုက် ရသည်။ (၇)ရက်တစ်ကြိမ်ဝမ်းနုတ်ပေးပါ။၎င်းနည်းဖြင့် ဆေးရုံကလက်လွတ်လိုက်ရသော ရေဖျဉ်းရောဂါသည်တို့ပျောက်ကင်းကြသည် ဟု အရှင်နာဂသိန်ဆေးကျမ်း ပုံပြဆေးအဘိဓာန်တတိယတွဲ စာမျှက်နှာ(၃၄၂)တွင်ဖေါ်ပြထားပါသည်။
လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်းတွင်
ဘိုးဝါးယမနှင့်ဆေးပင်ရှာပုံတော်ခေါင်းစဉ်ဖြင့်(ရေဖျဉ်း ရောဂါပျောက်ကင်းပုံ)ဖေါ်ပြပြီးဖြစ်ပါသည်။
ထိုကြောင့်
(၁)ပေရွက်ကိုခင်း၍ ဗိုက်ကိုပတ်ပြီးအိပ်ပေးပါ။
(၂)ပေရွက်ကို (၃)ခွက်(၁)ခွက်တင်ပြုတ်ကျိုသောက် ပေးပါ။
(၃) ဇော်ဂျီခါးပေါင်းစ ကို သုပ်ပြီးကျွေးပေးပါ။ ဟင်းချိုချက်၍တိုက်ပေးပါ။
(၄) ၇ ရက်တစ်ကြိမ် ဝမ်းနုတ်ပေးပါ။ (၃)ပတ်အတွင် ရေဖျဉ်းရောဂါသက်သာပျောက်ကင်း ဝမ်းသာခြင်းကြုံ ရပါလိမ့်မည်။
လက်ဆင့်ကမ်းကာဝေဒနာရှင်များထံမျှဝေပေးပါ
စာကိုး
အရှင်နာဂသိန်ဆေးကျမ်း
နက္ခတ္တရောင်ခြည်မဂ္ဂဇင်း အမှတ်(၃၆၄)
ရေဖျဉ်းရောဂါအတွက်ဆေးကောင်းတစ်လက်မှ ရဲမျိုးသူ(ဗောဓိမြိုင်)
ဆရာကြီး အစည်းအဝေးတက်လာနိုင်တာဝမ်းသာတယ်ဗျာ˝ မြို့နယ်ပညာရေးမှူးဆရာကြီး ရေဖျဉ်းရေဂါဖြင့်အိပ်ရာထဲလှဲခဲ့ရသည်။မြန်မာ့တိုင်းရင်းဆေးဖြင့် သက်သာပျောက်ကင်းသွားခြင်းဖြစ်သည်။
ဆေးနည်းမှာ
ထိုကြောင့်
စာကိုး