အိုလံပစ်ပြိုင်ပွဲကအုပ်စုပွဲစဉ်(၂)ပွဲဆက် ရှုံးခဲ့တာကြောင့် နှုတ်ထွက်ခဲ့ရပြီး အိမ်ပြန်ရတော့မယ့် သက်ထားသူဇာ

အိုလံပစ်ပြိုင်ပွဲကအုပ်စုပွဲစဉ်(၂)ပွဲဆက် ရှုံးခဲ့တာကြောင့် နှုတ်ထွက်ခဲ့ရပြီး အိမ်ပြန်ရတော့မယ့် သက်ထားသူဇာ

လက်ရှိ ကျင်းပနေတဲ့ ဂျပန်နိုင်ငံ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်မြန်မာနိုင်ငံ ကိုယ်စားပြုအားကစားသမား နှစ်ဦးသာဝင်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းက အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းကြက်တောင်ပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာတော့

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာတစ်ယောက် ဘယ်လ်ဂျီယံကြက်တောင်မယ် Lianne Tan ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အုပ်စုပွဲစဉ် (၂) ပွဲကစားအပြီး ပထမပွဲစဉ်တွင် အင်ဒိုနီးရှားကစားသမားကို နှစ်ပွဲပြတ်ဖြင့်ရှုံးရုံတင်မကဘဲ

အခုနောက်ဆုံးပွဲစဉ်မှာလည်း ဘယ်လ်ဂျီယံကစားသမားကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ပြီး အိမ်ပြန်လာရတော့မှာဖြစ်ပါတယ်။ဒီပွဲစဉ်တွေမှာ အုပ်စုထဲက ပထမရရှိသူတစ်ဦးတည်းကိုသာ နောက်တစ်ဆင့် တက်ရောက်ခွင့်ရှိတာကြောင့် သက်ထားသူဇာတစ်ယောက် ဒီအဆင့်မှာတင် ရှုံးနိမ့်ပြီး ဝမ်းနည်းစွာဖြင့် နောက်လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

သက်ထားသူဇာဟာ အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိဖို့ကို နှစ်တွေချီပြီး မျှော်လင့်ခဲ့တဲ့ အိမ်မက်ဖြစ်တာကြောင့်ဝေဖန်မှုတွေများစွာခံနေရတဲ့ကြားက သွားရောက်ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။သက်ထားသူဇာတင်မကဘဲ သေနတ်ပစ်ကစားသမား ရဲထွန်းနောင်ဟာလည်း အမျိုးသား ၁၀ မီတာ လေသေနတ်ပစ္စတိုပြိုင်ပွဲတွင် အဆင့် (၁၄) သာ ရရှိခဲ့တဲ့အတွက် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲကနေ အသီးသီးနှုတ်ထွက်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ကစားသမားတွေ ဒီအချိန်မှာအတော်လေးကို စိတ်ထိခိုက်နေကြမှာ အသေချာပါပဲ။ နောက်လာမယ့် ပြိုင်ပွဲတွေမှာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit

အိုလံပစ္ၿပိဳင္ပြဲကအုပ္စုပြဲစဥ္(၂)ပြဲဆက္ ရႈံးခဲ့တာေၾကာင့္ ႏႈတ္ထြက္ခဲ့ရၿပီး အိမ္ျပန္ရေတာ့မယ့္ သက္ထားသူဇာ

လက္ရွိ က်င္းပေနတဲ့ ဂ်ပန္ႏိုင္ငံ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲတြင္ျမန္မာႏိုင္ငံ ကိုယ္စားျပဳအားကစားသမား ႏွစ္ဦးသာဝင္ေရာက္ယွဥ္ၿပိဳင္ေနၾကတာ ျဖစ္ပါတယ္။ ဒီေန႔မနက္ပိုင္းက အိုလံပစ္ၿပိဳင္ပြဲ အမ်ိဳးသမီးတစ္ဦးခ်င္းၾကက္ေတာင္ၿပိဳင္ပြဲ အုပ္စုအဆင့္ ေနာက္ဆုံးပြဲစဥ္မွာေတာ့

ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာတစ္ေယာက္ ဘယ္လ္ဂ်ီယံၾကက္ေတာင္မယ္ Lianne Tan ကို ႏွစ္ပြဲျပတ္ျဖင့္ ရႈံးနိမ့္သြားခဲ့တာ ျဖစ္ပါတယ္။ သူမဟာ အုပ္စုပြဲစဥ္ (၂) ပြဲကစားအၿပီး ပထမပြဲစဥ္တြင္ အင္ဒိုနီးရွားကစားသမားကို ႏွစ္ပြဲျပတ္ျဖင့္ရႈံး႐ုံတင္မကဘဲ

အခုေနာက္ဆုံးပြဲစဥ္မွာလည္း ဘယ္လ္ဂ်ီယံကစားသမားကို ႏွစ္ပြဲျပတ္ရႈံးနိမ့္ခဲ့ၿပီး အိမ္ျပန္လာရေတာ့မွာျဖစ္ပါတယ္။ဒီပြဲစဥ္ေတြမွာ အုပ္စုထဲက ပထမရရွိသူတစ္ဦးတည္းကိုသာ ေနာက္တစ္ဆင့္ တက္ေရာက္ခြင့္ရွိတာေၾကာင့္ သက္ထားသူဇာတစ္ေယာက္ ဒီအဆင့္မွာတင္ ရႈံးနိမ့္ၿပီး ဝမ္းနည္းစြာျဖင့္ ေနာက္လွည့္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။

သက္ထားသူဇာဟာ အိုလံပစ္ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိဖို႔ကို ႏွစ္ေတြခ်ီၿပီး ေမွ်ာ္လင့္ခဲ့တဲ့ အိမ္မက္ျဖစ္တာေၾကာင့္ေဝဖန္မႈေတြမ်ားစြာခံေနရတဲ့ၾကားက သြားေရာက္ၿပိဳင္ပြဲဝင္ခဲ့တာ ျဖစ္ပါတယ္။သက္ထားသူဇာတင္မကဘဲ ေသနတ္ပစ္ကစားသမား ရဲထြန္းေနာင္ဟာလည္း အမ်ိဳးသား ၁၀ မီတာ ေလေသနတ္ပစၥတိုၿပိဳင္ပြဲတြင္ အဆင့္ (၁၄) သာ ရရွိခဲ့တဲ့အတြက္ ၿပိဳင္ပြဲကေန ႏႈတ္ထြက္ခဲ့ရၿပီ ျဖစ္ပါတယ္။

အေကာင္းဆုံးယွဥ္ၿပိဳင္ခဲ့ေပမယ့္လည္း ၿပိဳင္ပြဲကေန အသီးသီးႏႈတ္ထြက္ခဲ့ရတဲ့ ျမန္မာ့လက္ေ႐ြးစင္ကစားသမားေတြ ဒီအခ်ိန္မွာအေတာ္ေလးကို စိတ္ထိခိုက္ေနၾကမွာ အေသခ်ာပါပဲ။ ေနာက္လာမယ့္ ၿပိဳင္ပြဲေတြမွာ အေကာင္းဆုံးႀကိဳးစားယွဥ္ၿပိဳင္ၿပီး ေအာင္ျမင္မႈေတြ ရရွိပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Credit