မိုးသဲထဲမှာ အောက်ဆီဂျင်ရဖို့တန်းစီရင်း လှူလိုက်တဲ့ထမင်းဗူးကို ထိုင်စားနေတာကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေတဲ့ ဧငြိမ်းဖြူ

မိုးသဲထဲမှာ အောက်ဆီဂျင်ရဖို့တန်းစီရင်း လှူလိုက်တဲ့ထမင်းဗူးကို ထိုင်စားနေတာကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေတဲ့ ဧငြိမ်းဖြူ

ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို မြန်မာပြည်သူတွေဟာ အလူးအလဲခံစားနေရပြီး သုသာန်တွေ၊ဆေးရုံတွေမှာလည်းလူတွေများပြားနေသလို အောက်ဆီဂျင်ဖြည့်ပေးတဲ့ နေရာတွေမှာလည်း ပြည်သူတွေဟာ နေပူမရှောင်၊မိုးရွာမရှောင်တန်းစီနေကြရပါတယ်။

ကိုဗစ်ရောဂါတွေကြောင့်အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ပြည်သူတွေကလည်း ချွေးနည်းစာထဲက တတ်နိုင်သလောက် လှူဒါန်းပေးနေကြကာ ကူညီဖေးမနေကြပါတယ်။ သရုပ်ဆောင်ဧငြိမ်းဖြူကလည်း မနေ့က ဝမ်းသာပီတိဖြစ်စရာကောင်းသလို အရမ်းလည်းကုသိုလ်ရတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အောက်ဆီဂျင်ဖြည့်ရဖို့အတွက် မိုးရွာကြီးထဲမှာ ပင်ပင်ပန်းပန်းနဲ့တန်းစီစောင့်ဆိုင်းနေကြတဲ့ တောင်ဒဂုံကပြည်သူတွေကို သူမက ထမင်းဗူး(၁၀၀)ပေးဝေလှူဒါန်းခဲ့တာဖြစ်ပါတယ်။ အောက်ဆီဂျင်ရဖို့ကိုသာ စိတ်ထဲထားပြီး ထမင်းမေ့ဟင်းမေ့တန်းစီနေကြချိန် အခုလိုလာရောက်လှူဒါန်းတာကြောင့်

ပြည်သူတွေက ဝမ်းသာနေကြပြီး လာရောက်လှူဒါန်းတဲ့ထမင်းဗူး(၁၀၀)ဟာလည်း (၅)မိနစ်အတွင်းကုန်သွားခဲ့ပါတယ်။ ဗိုက်ဆာဆာနဲ့ မိုးရွာကြီးထဲမှာ သူပေးလှူတဲ့ ထမင်းဗူးလေးတွေကို စားနေကြတဲ့ ပြည်သူတွေကိုကြည့်ပြီး အိမ်ပြန်ရောက်တဲ့အထိ တော်တော်စိတ်မကောင်းဖြစ်မိကြောင်း ဧငြိမ်းဖြူက ဖွင့်ဟလာခဲ့ပါတယ်။

သူမကတော့ ကိုဗစ်လူနာတွေအတွက် အပင်ပန်းခံနေတဲ့ပြည်သူတွေကို တတ်နိုင်သလောက်လှူဒါန်းခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့အလှူလေးအတွက် သာဓုခေါ်ဆိုနေကြပါတယ်။ ဧငြိမ်းဖြူကတော့ ” ဒီနေ့မနက် Oxygen တန်းစီနေရတဲ့ပြည်သူတွေအတွက် ထမင်းဗူး (၁၀၀)ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ပါတယ်ရှင့်

အဲလောက်လူတွေများမယ်မှန်းမသိလို့ ထမင်းဗူး(၁၀၀)က ငါးမိနစ်အတွင်းမှာ ဘယ်လိုကုန်သွားမှန်းတောင်မသိဘူးA စရောက်တဲ့အချိန်မှာ မိုးကအရမ်းရွာနေတာ မိုးရေထဲမှာ ကိုယ်ပေးတဲ့ထမင်းဗူးလေးတွေစားနေကြတာမြင်တော့ လူကပြန်ရောက်တဲ့ထိ တော်တော် စိတ်မကောင်းဘူး နောက်ရက်တွေကျ အများကြီးသွားထပ်လှူအုံးမယ် “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

မိုးသဲထဲမွာ ေအာက္ဆီဂ်င္ရဖို႔တန္းစီရင္း လႉလိုက္တဲ့ထမင္းဗူးကို ထိုင္စားေနတာကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္ေနတဲ့ ဧၿငိမ္းျဖဴ

ကိုဗစ္ေရာဂါကူးစက္မႈဒဏ္ကို ျမန္မာျပည္သူေတြဟာ အလူးအလဲခံစားေနရၿပီး သုသာန္ေတြ၊ေဆး႐ုံေတြမွာလည္းလူေတြမ်ားျပားေနသလို ေအာက္ဆီဂ်င္ျဖည့္ေပးတဲ့ ေနရာေတြမွာလည္း ျပည္သူေတြဟာ ေနပူမေရွာင္၊မိုး႐ြာမေရွာင္တန္းစီေနၾကရပါတယ္။

ကိုဗစ္ေရာဂါေတြေၾကာင့္အေျခခံလူတန္းစားေတြဟာ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရၿပီး ျပည္သူေတြကလည္း ေခြၽးနည္းစာထဲက တတ္ႏိုင္သေလာက္ လႉဒါန္းေပးေနၾကကာ ကူညီေဖးမေနၾကပါတယ္။ သ႐ုပ္ေဆာင္ဧၿငိမ္းျဖဴကလည္း မေန႔က ဝမ္းသာပီတိျဖစ္စရာေကာင္းသလို အရမ္းလည္းကုသိုလ္ရတဲ့ အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

ေအာက္ဆီဂ်င္ျဖည့္ရဖို႔အတြက္ မိုး႐ြာႀကီးထဲမွာ ပင္ပင္ပန္းပန္းနဲ႔တန္းစီေစာင့္ဆိုင္းေနၾကတဲ့ ေတာင္ဒဂုံကျပည္သူေတြကို သူမက ထမင္းဗူး(၁၀၀)ေပးေဝလႉဒါန္းခဲ့တာျဖစ္ပါတယ္။ ေအာက္ဆီဂ်င္ရဖို႔ကိုသာ စိတ္ထဲထားၿပီး ထမင္းေမ့ဟင္းေမ့တန္းစီေနၾကခ်ိန္ အခုလိုလာေရာက္လႉဒါန္းတာေၾကာင့္

ျပည္သူေတြက ဝမ္းသာေနၾကၿပီး လာေရာက္လႉဒါန္းတဲ့ထမင္းဗူး(၁၀၀)ဟာလည္း (၅)မိနစ္အတြင္းကုန္သြားခဲ့ပါတယ္။ ဗိုက္ဆာဆာနဲ႔ မိုး႐ြာႀကီးထဲမွာ သူေပးလႉတဲ့ ထမင္းဗူးေလးေတြကို စားေနၾကတဲ့ ျပည္သူေတြကိုၾကည့္ၿပီး အိမ္ျပန္ေရာက္တဲ့အထိ ေတာ္ေတာ္စိတ္မေကာင္းျဖစ္မိေၾကာင္း ဧၿငိမ္းျဖဴက ဖြင့္ဟလာခဲ့ပါတယ္။

သူမကေတာ့ ကိုဗစ္လူနာေတြအတြက္ အပင္ပန္းခံေနတဲ့ျပည္သူေတြကို တတ္ႏိုင္သေလာက္လႉဒါန္းခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကလည္း သူမရဲ႕အလႉေလးအတြက္ သာဓုေခၚဆိုေနၾကပါတယ္။ ဧၿငိမ္းျဖဴကေတာ့ ” ဒီေန႔မနက္ Oxygen တန္းစီေနရတဲ့ျပည္သူေတြအတြက္ ထမင္းဗူး (၁၀၀)ကိုယ္တိုင္သြားေရာက္ လႉဒါန္းခဲ့ပါတယ္ရွင့္

အဲေလာက္လူေတြမ်ားမယ္မွန္းမသိလို႔ ထမင္းဗူး(၁၀၀)က ငါးမိနစ္အတြင္းမွာ ဘယ္လိုကုန္သြားမွန္းေတာင္မသိဘူးA စေရာက္တဲ့အခ်ိန္မွာ မိုးကအရမ္း႐ြာေနတာ မိုးေရထဲမွာ ကိုယ္ေပးတဲ့ထမင္းဗူးေလးေတြစားေနၾကတာျမင္ေတာ့ လူကျပန္ေရာက္တဲ့ထိ ေတာ္ေတာ္ စိတ္မေကာင္းဘူး ေနာက္ရက္ေတြက် အမ်ားႀကီးသြားထပ္လႉအုံးမယ္ “ဆိုၿပီး ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။