ယနေ့မနက်ပိုင်းက အင်းစိန်ထောင် ဆူပူမှုဖြစ်ပွား

ယနေ့မနက်ပိုင်းက အင်းစိန်ထောင် ဆူပူမှုဖြစ်ပွား

ယနေ့ (၂၃.၇.၂၀၂၁) မနက် ၈ နာရီခန့်က ရန်ကုန်မြို့ရှိ အင်းစိန် (ဗဟို) အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားခဲ့သည်ဟု ကနဦး သတင်းရရှိသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ NHP News မှ အကျဉ်းဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းရာ အဆက်အသွယ်မရရှိသေးသော်လည်း ယင်းဆူပူမှုသည် နာရီဝက်ခန့်အကြာတွင် ပြန်လည်ငြိမ်သက်သွားသည်ဟု သိရသည်။

အင်းစိန်ထောင်နှင့် နီးစပ်သူတစ်ဦးက *န စ က မှအမှုရုပ်သိမ်းပေးသူများကို ယနေ့ပြန်လွှတ်ပေးရန်ရှိသည့်အတွက် လွတ်မြောက်သူများစာရင်းတွင် မပါဝင်သော ပုဒ်မ – ၅၀၅ စီးရီးဖြင့် ဖမ်းဆီးခံထားရသူများ၏ အဆောင်ဘက်က မကျေနပ်၍ ယခုလို ဆူပူမှုပြုလုပ်ခြင်းဖြစ်သည် * ဟု ပြောဆိုသည်။

ပုဒ်မ ၅၀၅ (က) ဖြင့်ဖမ်းဆီးခံထားရသူ မိသားစုများဘက်ကမူ န စ က ၏ အမှုပြန်ရုပ်သိမ်းသည့် အမိန့်ကြေညာချက်သည် မျှတမှုမရှိကြောင်း ဝေဖန်နေလျှက်ရှိသည်။

နောက်ဆက်တွဲသိရပါက ဆက်လက်ဖော်ပြသွားမည်။

((NHP News Agency ))မှကူးယူဖော်ပြသည်၊

ယေန႔မနက္ပိုင္းက အင္းစိန္ေထာင္ ဆူပူမွုျဖစ္ပြား

ယေန႔ (၂၃.၇.၂၀၂၁) မနက္ ၈ နာရီခန္႔က ရန္ကုန္ၿမိဳ့ရွိ အင္းစိန္ (ဗဟို) အက်ဥ္းေထာင္တြင္ ဆူပူမွုျဖစ္ပြားခဲ့သည္ဟု ကနဦး သတင္းရရွိသည္။

ယင္းကိစၥႏွင့္ပတ္သတ္၍ NHP News မွ အက်ဥ္းဦးစီးဌာနသို့ ဆက္သြယ္စုံစမ္းရာ အဆက္အသြယ္မရရွိေသးေသာ္လည္း ယင္းဆူပူမွုသည္ နာရီဝက္ခန္႔အၾကာတြင္ ျပန္လည္ၿငိမ္သက္သြားသည္ဟု သိရသည္။

အင္းစိန္ေထာင္ႏွင့္ နီးစပ္သူတစ္ဦးက *န စ က မွအမွု႐ုပ္သိမ္းေပးသူမ်ားကို ယေန႔ျပန္လႊတ္ေပးရန္ရွိသည့္အတြက္ လြတ္ေျမာက္သူမ်ားစာရင္းတြင္ မပါဝင္ေသာ ပုဒ္မ – ၅၀၅ စီးရီးျဖင့္ ဖမ္းဆီးခံထားရသူမ်ား၏ အေဆာင္ဘက္က မေက်နပ္၍ ယခုလို ဆူပူမွုျပဳလုပ္ျခင္းျဖစ္သည္ * ဟု ေျပာဆိုသည္။

ပုဒ္မ ၅၀၅ (က) ျဖင့္ဖမ္းဆီးခံထားရသူ မိသားစုမ်ားဘက္ကမူ န စ က ၏ အမွုျပန္႐ုပ္သိမ္းသည့္ အမိန္႔ေၾကညာခ်က္သည္ မၽွတမွုမရွိေၾကာင္း ေဝဖန္ေနလၽွက္ရွိသည္။

ေနာက္ဆက္တြဲသိရပါက ဆက္လက္ေဖာ္ျပသြားမည္။

((NHP News Agency ))မွကူးယူေဖာ္ျပသည္၊