ကိုဗစ်ဖြစ်နေတဲ့ မိခင်နားမှာဘဲ အမြဲကပ်နေတဲ့ ၈နှစ် ကလေး ကူးစက်ခြင်းမရှိလို့ ကလေး စားနေကြအစားအစာကိုမေးကြည့်လိုက်တဲ့အခါ

ကိုဗစ်ဖြစ်နေတဲ့ မိခင်နားမှာဘဲ အမြဲကပ်နေတဲ့ ၈နှစ် ကလေး ကူးစက်ခြင်းမရှိလို့ ကလေး စားနေကြအစားအစာကိုမေးကြည့်လိုက်တဲ့အခါ

အမေက ကိုဗစ် ဖြစ်ပေမယ့် မောင်လေးက ကိုဗစ်မကူးခဲ့ပါဘူး

ကလေးက ၈ နှစ်ပဲ ရှိပါသေးတယ်

အမေတိူ့ ဆေးရုံမှာသွားနေရတုန်းကလဲ မောင်လေးပါ ပါသွားတာပါ

ကလေးကငယ်တဲ့အပြင် အမေနားပဲ ကပ်နေတာမို့ ရောဂါကူးနိုင်ခြေအများဆုံးလို့ ယူဆကြပါတယ်

ဒါနဲ့ပဲ ကလေးက ကိုဗစ်လက္ခဏာ ဘာမှ မပြသေးပေမယ့်ရုတ်တရက်များ ညကြီးမိုးချုပ် တစ်ခုခုဖြစ်လာရင်သွားရ လာရအဆင်မပြေမှာစိုးလို့ ဆရာဝန်ကြီးရဲ့ အကြံပေးချက်အရ ကလေးကိုပါ အမေနဲ့အတူ ဆေးရုံမှာ ထားခဲ့ရပါတယ်

အခု အမေပြန်ကောင်းပြီး ဆေးရုံကဆင်းလာတဲ့အထိ မောင်လေးက ဘာမှ မဖြစ်ခဲ့ပါဘူး

အိမ်ပြန်ရောက်တဲ့အထိလဲ ကလေးက အကောင်းပါ

သူစားနေကြ ကလေးအားဆေး ဗီတာမင်စီ ကလွဲရင် ဘာဆေးမှ မတိုက်ခဲ့ မသောက်ခဲ့ရပါဘူး

ကလေးက နဂိုထဲကချူချာသူ နုနုလေးမို့ သူ့ကို စိတ်ပူခဲ့ပေမယ့် သူက ကြီးကောင်ဝင်လာတာကြောင့် အရင်ထက် အစားပိုစားချိန်ဖြစ်နေတာမို့ ကိုယ်ခံအားကောင်းနေလို့ ပဲ ထင်ပါတယ် မကူးခဲ့ပါဘူး

ဆေးရုံမှာ Q ဝင်နေစဉ်တလျှောက်လဲ အပြင်လဲ မထွက်ရအခန်းထဲနေပြီး ကလေးက လုပ်စရာမရှိတော့ အားနေ မုန့်မျိုးစုံ အစားမျိုးစုံ ထမင်းရော ဘာရော အကုန်စားနေတာပါ

အားရှိနေတာမို့ ကိုယ်ခံအား​ကောင်းနေတာမို့ပဲ ကလေးကမကူးခဲ့တာထင်ပါတယ်

ဆေးရုံမှာနေတုန်းက ကိုဗစ်စင်တာသီးသန့်မရှိသေးတာကြောင့် အခန်းလွတ်တစ်ခုမှာ ကလေးရယ် အမေရယ်

သူ့ယောင်းမရယ်အပြင် တခြားကိုဗစ်လူနာတွေနဲ့ပါ တစ်ခန်းထဲကို ၂ ပတ်တိတိ အတူနေခဲ့ရတာပါ

ဒါတောင်မှ ကလေးက ကိုယ်ခံအားကောင်းနေလို့ မကူးခဲ့ပါဘူး

ဒါ့ကြောင့် ကိုဗစ်ကိုကြောက်ရင် ကိုယ်တိုင်ရော…ကလေးသူငယ်နဲ့ လူကြီးတွေကိုပါ အစားအသောက်ကို ဂရုတစိုက်ကြွေးမွေးကြပါ

ဖြစ်လာရင်လဲ ကိုဗစ်ကိုတိုက်နိုင်ဖို့က ကိုယ်ခံအားကောင်းနေဖို့လိုပါတယ်

အားရှိဖို့ ငှက်သိုက်တွေချည်း တိုက်စရာမလိုပါ

ထမင်း ဟင်းနဲ့ အာဟာရရှိစေမယ့် အသားငါးအပြင်

ကြက်ဥပြုတ် ငုံးဥပြုတ် ကန်စွန်းဥပြုတ် ရွှေဖရုံသီး အာလူး ပန်းဂေါ်ဖီစိမ်း ..ဟင်းနုနွယ် ..စတဲ့ အသီးအရွက်တွေက်ုလဲ အလှည့်ကျ ချက်ပြုတ်ကြွေးကြပါ

ဒါက လက်ရှိ မောင်လေးရဲ့ ပုံပါ

ကလေးက အဆော့မပျက် အစားမပျက်ပါဘူး

စိုးရိန်သင့်တာ စိုးရိန်ပါ ..စားစရာရှိတာလဲ ဝင်အောင်စားကြပါ ..

လူတိုင်း လူတိုင်း ကိုဗစ်ကို အသက်ဘေးမထိခိုက်ပဲ ကျော်လွှားနိုင်ပါစေ☘️

Credit @ Tharaphi Maung




အမေတို့ ဆေးရုံမှာသွားနေရတုန်းကလဲ မောင်လေးပါ ပါသွားတာပါ





















Credit @ Tharaphi Maung