ကျွန်မသာလျှင် မယားအစစ်ဖြစ်ပါကြောင်း

ကျွန်မသာလျှင် မယားအစစ်ဖြစ်ပါကြောင်း

” ဒါက ဘယ်သွားမလို့လဲ မောင် ” ” သြော် ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ အာလာပ သလ္လာပ သတင်းချင်းဖလှယ်ရအောင် အာလူးပေးရအောင်ပေါ့ကွာ ထွက်လိုက်ဦးမလေ ” ” သူငယ်ချင်းတွေနဲ့ ဘယ်မှာချိန်းထားလို့လဲ ” ” အုန်းမောင်တို့ အိမ်မှာလေကွာ ” ” မိလဲ လိုက်မယ်လေ ” ” အင် မိက ဘာလို့လိုက်မှာလဲ ”

” အို မောင်က ရုံးအားရက်ကလေး တစ်ရက်တစ်လေ အိမ်မှာမနေတော့ မိလဲလိုက်ချင်တာပေါ့ မောင်ရုံးသွားလဲ အိမ်မှာ မိတစ်ယောက်ထဲ မောင်ရုံးပိတ်တော့လဲ အိမ်မှာ မိတစ်ယောက်ထဲ ကြာတော့ အိမ်မှာနေရတာ ငြီးငွေ့တာပေါ့လို့ ” ” ကဲကဲ လိုက်ချင်လဲ လိုက်ခဲ့ပါဗျာ မသိပါဘူး ခါတိုင်းတော့ မိကဘယ်ခေါ်ခေါ်မရတော့ ဒီကနေ့မှ ထူးထူးဆန်းဆန်းဘာဖြစ်တာလဲလို့ ” ” အို နောက်ဆို မောင်ဘယ်သွားသွားလိုက်ခဲ့မယ်မောင်ရဲ့ ခေါ်သာခေါ် ”

အဝတ်အစားအပြေးအလွှားသွားလဲနေတဲ့ ကျွန်မကိုမောင်ကနားမလည်စွာ ပြန်ကြည့်နေပါသည်။ မောင်နှင့်ကျွန်မ အိမ်ထောင်ကျခဲ့သည့် လေးနှစ်တာကာလပတ်လုံး ကျွန်မသည် မောင်နှင့်အတူအပြင်ထွက်ခဲလှပါသည်။

တစ်ခါတစ်ရံ ရုပ်ရှင်နှင့် လဟာပြင်ဈေးလောက်တွင်သာ အတူသွားလေ့ရှိပါသည်။ မောင့်မှာမူ ခြေထောက်တွင် ဗွေပါသလားဆိုရအောင်အောင် ခဏလေးမှ အနားမနေ အပြင်သွားနေရမှ ကျေနပ်သူဖြစ်ပါသည်။

ကျွန်မကလဲ အပြင်ထွက်ရမှာ ကရိကထများလွန်းလို့ မောင်ခေါ်တိုင်း ရှောရှောရှူရှူဘယ်တော့မှမလိုက်။ အိမ်အလုပ်တွေရှိသေးသည်။ ဘတ်စ်ကားစီးရမှာ စိတ်ပျက်သည် အဝတ်အစားကောင်းကောင်းမရှိဘဲ စသည်ဖြင့်အမျိုးမျိုးငြင်းပယ်တတ်သည်။ ယခုတော့ ကျွန်မအကြောင်းနှင့်ကျွန်မမို့ လိုက်မှ လိုက်မှ။

” ကဲ မိရွှေမိ အဲ့ဒါကိုအုန်းမောင်တို့အမေပဲ စကားပြောနေချေ ပျင်းရင်လဲ စာအုပ်တွေကြည့် မောင်တို့ လက်ဖက်ရည်ဆိုင်သွားလိုက်ဦးမယ် ”

အပေါင်းအသင်းနှင့်တွေ့လျှင် မယားပါမေ့တတ်သော မောင်က အပြင်ထွက်ရန် ဟန်ပြင်ပါသည်။ ကိုအုန်းမောင်တို့အမေကလဲ ကျွန်မကိုဖော်ရွေစွာ ဖိတ်ခေါ်ပါသည်။

” ဒီက သမီးကို တစ်ခါမှမမြင်ဖူးသေးဘူး ” ” ဟုတ်ကဲ့ ကျွန်မက ကိုမြင့်နိုင် မိန်းမပါ ဒေါ်လေး ဟင်းဟင်း ” အပြင်ထွက်ရန် ဟန်ပြင်နေသော မောင်က ကျွန်မကိုမျက်လုံးတစ်ချက် ဝင့်ကြည့်သည်။ သူနှင့်အတူလိုက်လာမှတော့ သူ့မိန်းမမှန်းပြောပြ နေစရာမလိုပါပဲ ကျွန်မက မောင့်မိန်းမပါဟု ပြောနေသည်ကို အံ့သြသွားပုံရသည်။ ကျွန်မကတော့ ကျွန်မရည်ရွယ်ချက်နှင့် ကျွန်မ။

” တနင်္ဂနွေလေး တစ်နေ့တစ်လေများ အိမ်မှာနေပါအုန်းလားမောင်ရယ် ခုဘယ်သွားဦးမလို့လဲ ” ” ကိုစံဝင်းတို့အိမ်က ထမင်းစားဖိတ်ထားလို့ကွ ထမင်းတော့မဟုတ်ပါဘူး မုန့်ဟင်းခါး အပျော်ချက်စားကြမှာပါ ” ” အိမ်မှာချက်တဲ့မုန့်ဟင်းခါးဆိုတော့ စားလို့ကောင်းမှာပဲ သူတို့ကလဲပဲ မောင်တစ်ယောက်တည်းဖိတ်ရသလားလို့ ” ” နှစ်ယောက်စလုံးကိုဖိတ်ပါတယ်ကွာ မောင်ကမိလိုက်မှာမဟုတ်ဘူး တစ်ယောက်ထဲပဲလာခဲ့မယ်လို့ ပြောခဲ့တာပါ ”

” အိုမောင်ကလဲ မိကိုပါဖိတ်ရင် မိလိုက်မှာပေါ့လို့ သူတို့အိမ်လဲမရောက်တာကြာပြီ သူမိန်းမရပီးမှတစ်ခါမှ မရောက်လို့ သူ့မိန်းမတောင် မိကို ကောင်းကောင်းမှတ်မိမှာမဟုတ်ဘူး မင်္ဂလာဆောင်တုန်းကပဲ ခဏမြင်လိုက်ရတာ ” ” မိက မိကိုယ်မိ မောင့်မိန်းမမှန်း သိပ်သိစေချင်တယ်ပေါ့ ” ” အမယ် မဟုတ်ပါဘူး သူ့ကို မိမမြင်သေးဖူးတာကို ပြောတာပါ ” ” ကဲ လိုက်ချင်ရင်လဲမြန်မြန်လုပ်ချေကွာ ” ” ခဏလေးပါ မောင်ရဲ့ ခဏလေး ”

သည်တစ်ခါတော့ တနင်္ဂနွေနေ့မောင်အပြင်ထွက်လျှင် အသင့်လိုက်နိုင်ရန် ကြိုတင်ရွေးချယ်ထားသော အဝတ်အစားများကို အမြန်ဆုံးဝတ်ပီး ထွက်လာနိုင်သည်။ သားနှင့်သမီးတို့မှာ အဘွားဖြစ်သူနှင့် ဆော့ကစားနေကြသည်။

သမီးငယ်ကို စောစောကပင် ကွယ်ရာသို့ ခေါ်ထားရန် အမေ့ကိုမှာထားရသည်။ခါတိုင်းဆိုလျှင် သည်ကလေးတွေ သံယောဇဉ်ကြောင့် ကျွန်မ ဘယ်မှမသွားဖြစ်၊ ခုတော့ သားရေး သမီးရေးထက် အရေးကြီးတာကြောင့် ကျွန်မမောင့်နောက်သို့ လိုက်ခဲ့ပါပြီ။

ဘတ်စ်ကားကို မညည်းမညူမောင်နှင့်ရင်ဘောင်တန်းပီး တိုးဝှေ့တက်သည်။ နေပူသော ကုန်းကြောင်းလမ်းတွင် ခါတိုင်းလိုမောင့်ကိုရန်မထောင်ပဲ အားတင်းပီးလျှောက်သည်။

” မောင့်မိန်းမကတော့ တော်တော်တိုးတက်လာပြီ ခံနိုင်ရည်ရှိလာပီပဲ။ အလျင်ကလို မညည်းညူတော့ပါလား ” ဟုမောင်က ကျွန်မကို ကြည့်ပြီးပြောသည်။ ” တိုးတက်ရမယ် မောင်ရဲ့ တိုးတက်ရမယ် တိုးမတက်ရင်ကျန်ခဲ့မယ် မဟုတ်လား ” မောင်ကသဘောကျစွာရယ်သည်။ ” ခုတလော မိအမူအရာတွေသိပ်ထူးခြားတာပဲ ” ဟုလည်းဆိုသည်။ ကျွန်မကတော့ ကျွန်မစိတ်ကူးနှင့် ကျွန်မ။

” မောင်ရေမချိုးသေးဘူးလား ” အိပ်ရာမှထပီး မျက်နှာမသစ်သေးပဲ သတင်းစာဖတ်နေသော မောင့်ကိုကျွန်မကပြောလိုက်သည်။ မောင်ကကျွန်မကိုလှည့်ကြည့်ပီး မျက်လုံးပြူးသွားသည်။

” ဘယ်နှယ့် မိက အိမ်နေရင်းပြင်ဆင်ထားလိုက်တာ ကြော့လို့ မိစိတ်မှကောင်းသေးရဲ့လားခုတလော ” ” ကြည့်ပြောရော့မယ် ဒီနေ့ တနင်္ဂနွေလေ ” ” အဲ့ဒါဘာဖြစ်လဲ တနင်္ဂနွေနေ့မှာ ယောကျာ်းအိမ်ပြင်မထွက်ရအောင် ပြုပြုပြင်ပြင်နေရမယ်လို့ မိရဲ့စာအုပ်ကြီးကများဆိုထားသလား ” မောင်ကကျွန်မဖတ်နေသော ” သင့်ယောကျာ်းကို အိမ်ခင်အောင်ထားနည်း ” ဟူသောစာအုပ်ကိုရည်ရွယ်ပြောလိုက်ခြင်းဖြစ်ပါသည်။

” မောင်ကိုတော့ အိမ်ပြင်မထွက်အောင် ဘယ်ဒေဝစ္ဆရာကမှ တားနိုင်မှာမဟုတ်ဘူး မောင်ထွက်တဲ့ဆီ မိလိုက်နိုင်အောင်သာအသင့် လုပ်ထားတာသိပလား ” ” ရော့ ခက်ပဲခက်လှချည့် နေပါဦး မောင်ကဘယ်ကိုသွားမှာမို့ မိကဘယ်ကိုလိုက်မှာလဲ ” ” ဘယ်ပဲဖြစ်ဖြစ်ပေါ့ မောင်ကသွားမှာအမှန်ပဲမဟုတ်လား အဲ့တော့မောင်သွားတဲ့နေရာကို မိလိုက်မှာပေါ့လို့ ဘာလဲ မလိုက်စေချင်ဘူးလား ”

ကျွန်မက စိတ်ဆိုးစပြုလာပြီမို့ ရန်တွေ့လိုက်ပါသည်။ ” ဒီမှာ မရွှေမိ ခုသွားတဲ့နေရာက မင်းလိုက်လို့ ဘယ်လိုမှမဖြစ်ဘူးသိရဲ့လား ” ” မိလိုက်လို့မဖြစ်ရအောင် မောင်ကဘယ်ကိုသွားမှာမို့လဲ မိန်းမကိုခေါ်လို့မဖြစ်တဲ့နေရာ မောင့်မှာရှိနေပီလား ” ပြောရင်းမှ ကျွန်မဝမ်းနည်းလာပါသည်။

မောင်ကသတင်းစာကို စားပွဲပေါ်ပစ်တင်ရင်း ပြောပြောဆိုဆို ထသွားပါတော့သည်။ ” ရှိတယ်ဟေ့ ရှိတယ် တို့သူငယ်ချင်းတွေစုပြီး ဘီယာသွားသောက်ကြမလို့ကွ၊ မင်းလိုက်ချင်ရင် ဖန်ခွက်တစ်လုံးပါ ဆွဲခဲ့ပေတော့ ကဲ ”

တစ်ကယ်တော့ ကျွန်မအမူအရာများက မောင့်အတွက် အထူးအဆန်းဖြစ်မည်ဆိုလျှင် ဖြစ်စရာပါ။ အဖြစ်ကတော့ ဒီလိုပါ။ ကျွန်မတို့အိမ်တွင် မောင့်အပေါင်းအသင်းများ အဝင်အထွက်များလှသည်။ မောင်မသွားလျှင် သူတို့လာသည်။ သူတို့မလာလျှင် မောင်က သွားသည်။ ရုံးဆင်းချိန်လည်းမနေရ ညဦးပိုင်းလဲမအားရ။ မောင်သည်အပေါင်းအသင်းအလွန်ခင်သည်။

မောင့်အပေါင်းအသင်းအားလုံးလိုလို ကျွန်မသိသည်။ သူတို့မိန်းမများကိုတော့ သိပ်မမြင်ဖူးပေ။။ ကျွန်မလိုပဲ အိမ်တွင်းပုန်းများဖြစ်ဟန်တူသည်။ ကျွန်မကလည်း အထူးမရှိလျှင် မည်သည့်အိမ်မှလိုက်သွားပီး မိတ်မဖွဲ့တတ်ပါ။ သို့သော် ကျွန်မထံလာလည်လျှင်မူ ကျွန်မအလွန်ပျော်ပါသည်။

တစ်နေ့တွင်မောင့်သူငယ်ချင်း ကိုချမ်းမြတစ်ယောက်လာလည်သည်။ သူ့မိန်းမပါခေါ်လာသဖြင့် ကျွန်မကပျာပျာသလဲ ဆီးကြိုမိသည်။ ခါတိုင်းဆိုလျှင်တော့ သူတို့ယောကျာ်းနှင့် စကားပြောနေလျှင် ကျွေးစရာရှိက ချကျွေးပြီး ကျွန်မလုပ်စရာရှိတာာသာ လုပ်တတ်နေပါသည်။

စကားဝိုင်းဖွဲ့ပြောခြင်းမရှိပါ။ သည်တစ်ခါတော့အမျိုးသမီးပါ ပါလာသဖြင့် ကျွန်မပါ ဝင်ထိုင်လိုက်ရပါသည်။ ကျွန်မက ဖော်ရွေသောအပြုံးနှင့် အမျိုးသမီးကို စတင်ပြောပါသည်။ သို့သော် သူမပြုံးပုံက မဝံ့မရဲ။

” သြော် ကလေးတွေ အိမ်မှာထားခဲ့ရတာပေါ့နော် ဟင်းဟင်း ” ကျွန်မက စကားမရှိစကားရှာ ပြောရသည်။ ” ဟုတ်ကဲ့ ခင်ဗျ ” ဝင်ပြောသူက ကိုချမ်းမြ။ အမျိုးသမီးက မတုန်မလှုပ်။ ဘယ်နှယ့်အမျိုးသမီးပါလိမ့်။

သူလည်းငါ့လိုပဲ စကားနည်းလို့ထင်ပါရဲ့။ သူ့ကြည့်ရတာ အထက်တန်းလွှာကနဲ့ တူပါရဲ့။ ရုပ်ကလည်း ကလေးနှစ်ယောက်အမေသာဆိုတယ် မကျသေးဘူး။ လှတုန်း။ မာနတော့ ကြီးပုံပဲ။ ဒါကြောင့်သာ စကားမပြောတာပေါ့။

ကျွန်မတို့ အိမ်ထောင်ရှင်မိန်းမချင်းတွေ့လျှင်စကားမရှိစကားရှာ ပြောမကုန်အောင်ရှိရတတ်သည်။ ကုန်ဈေးနှုန်းကြီးကြောင်း၊ ကလေးတွေဆိုး ကြောင်း၊ လင်တော်မောင်တွေအကြောင်း ၊ ယောက္ခမ မကောင်းကြောင်း၊ သောင်းပြောင်းထွေလာ စုံလှစွာသည်။

သို့သော် သည်အမျိုးသမီး ကတော့ ဒါတွေကို အောက်တန်းစားအလုပ်တွေလို့ ထင်နေသလားမသိ။ လဲ့လဲ့သာပြုံးပီး ပုံ့ပုံ့လေးသာထိုင်နေသည်။

နောက်တစ်လခန့်အကြာတွင် သူတို့စုံတွဲရောက်လာပြန်သည်။ အချိန်ကညနေစောင်းနေပီ။ သူတို့မှာလဲ အထုပ်အပိုးတွေနှင့်ဖြစ်သည်။ ” နက်ဖန်တောင်ကြီးသွားမလို့ဗျာ မနက်စောစောဘူတာဆင်းရမှာမို့ လာအိပ်တာပဲဗျို့ ဘူတာမှာလဲ အိပ်လို့မရဘူးလေ ” ကိုချမ်းမြကအားတောင့်အားနာဟန်ဖြင့် ပြောသည်။

ကျွန်မတို့အိမ်က ဘူတာနှင့်နီးသည်မို့ ကျွန်မကြည်ကြည်ဖြူဖြူ လက်ခံလိုက်ရသည်။ ” အို အားမနာပါနဲ့ ဒီမှာအိပ်လို့ဖြစ်ပါတယ် ”

ပြောသာပြောရသည်။ သူစိမ်းအတွက် အိပ်ရာ ခြင်ထောင်အပိုမရှိသောကျွန်မတို့မှာ အတော်အကျပ်ရိုက်သွားခဲ့ရသည်။ နောက်ဆုံးတော့ ကျွန်မတို့ကုတင်ပေါ်မှာ သူတို့အိပ်၊ ကလေးတွေကို သူ့အဘွားခြင်ထောင်ထဲသွင်းပြီး ခေါင်းအုန်းတစ်လုံး ဖျာတစ်ချပ်နှင့် ကျွန်မတို့ နှစ်ယောက်ဖြစ်သလို အိပ်လိုက်ရသည်။

ကိုချမ်းမြတို့ လင်မယားကဖြင့် ညားခါစ ဇနီးမောင်နှံအလား စကားတတွတ်တွတ်နှင့် ရွှင်ရွှင်မြူးမြူးဖြစ်နေကြပုံရည်။ တို့လဲ ကလေးတွေထားခဲ့ပီး တစ်ခါလောက် ခရီးထွက်ရရင် ကောင်းမှာပဲဟု သူတို့ကို အားကျကာ တွေးမိသေးသည်။

သည်တစ်ခါတော့ ကိုချမ်းမြဇနီးကက ဖော်ဖော်ရွေရွေ စကားပြောဖော်ရလာသည်။ အိပ်ရာမဝင်မီ ဆီချက် ထွက်ဝယ်ကာ ကျွန်မတို့ တစ်အိမ်သားလုံးကို ကျွေးသည်။ နံနက် စောစောအလင်းရောင်မထွက်မီ သူတို့ထသွားကြရာ သူတို့အိပ်ရာကို ကျွန်မကပင်သိမ်းလိုက်ရသည်။

” သူတို့က တောင်ကြီးကို ဘာသွားလုပ်ကြတာလဲမောင် ” ” ကိုချမ်းမြက မှောင်ခိုကူးနေတယ် ” ” သြော် ဒီလူနှယ် မှောင်ခိုကုန်ကူးတာများ မယားငယ်ငယ်ချောချောလေးကို ခေါ်သွားရက်တယ်နော် ” မောင်ကတော့ သူ့သူငယ်ချင်းအတွက် ခပ်မဆိတ်သာနေပါလေသည်။

” သမီးရေ ဒီမှာ ဧည့်သည်လာနေတယ် ” အမေ့အသံကြားသဖြင့် အိမ်ရှေ့လှမ်းကြည့်လိုက်ရာ အမျိုးသမီးဖြစ်နေလို့ အပြေးထွက်သွားမိသည်။ မောင်ရုံးသွားနေခိုက်ဖြစ်လို့ အိမ်တွင်မရှိပေ။

” ဒီအိမ်က ကိုမြင့်နိုင်တို့အိမ် ဟုတ်ပါလားရှင် ” ” ဟုတ်ပါတယ် ဟုတ်ပါတယ် ထိုင်ပါအုန်းရှင် ” အမျိုးသမီးပုံက နွမ်းလျလှသည်။ ညိုးငယ်ပီးငိုတော့မလိုဖြစ်နေသည် ။ အရွယ်ကလဲ ကျွန်မထက်ကြီးပုံရသည်။ သူမက ကျွန်မဖိတ်ခေါ်ချက်ကို အသာအယာခေါင်းယမ်းပြသည်။

” နေပါစေရှင် မထိုင်တော့ပါဘူး ကိုမြင့်နိုင်သူငယ်ချင်းကိုချမ်းမြတစ်ယောက် ဒီကိုလာသလားလို့ပါ ” ” ကိုချမ်းမြဟုတ်လား ဟိုတလောကတော့လာတယ်ရှင့် နောက်ထပ်မလာပါဘူး ဘာဖြစ်လို့လဲ ” ” သြော် သူအိမ်ပြန်မလာတာ လေးငါးဆယ်ရက်ရှိနေပြီမို့ပါ ” ” ရှင်…. ဒီကကိုချမ်းမြနဲ့ ဘာတော်ပါသလဲ ” ” ကျွန်မက သူ့မိန်းမပါ ” မြတ်စွာဘုရား။ ကျွန်မခေါင်းသည် ချာလပတ်လည်သွားပါသည်။ တံခါးကိုလဲ လက်ဖြင့် တင်းတင်းဆုပ်လိုက်မိသည်။

” သြော် အင်းအင်း ဟုတ်ကဲ့ဟုတ်ကဲ့ ” ” သူတောင်ကြီးသွားတာကြာလို့ လာမေးကြည့်တာပါ၊ ခါတိုင်း ဒီလောက်မကြာဘူး ပြန်ပါဦးမယ် ” ” ကောင်းပါပြီ ကောင်းပါပြီ သူလာရင်ပြောပြလိုက်ပါ့မယ် အိမ်ကစိတ်ပူနေတယ်လို့ ”

အင်းကိုချမ်းမြ ကိုချမ်းမြ လူကတော့ မချမ်းမြပါကလား။ လက်စသတ်တော့ ဟိုအမျိုးသမီးက သူ့မိန်းမမှမဟုတ်တာ။ အလိုက်တဲ့ငါနှယ့်။ ဒီလောက်ပဲ လူကဲခတ်ညံ့ရသလား။ ကလေးအမေနဲ့ အပျိုကိုမှ ခွဲခြားလို့မသိဘူးလား။ အအုံးဟဲ့ ထုံအုံးဟဲ့ အမူအရာကိုကြည့်တာနဲ့မှ အဖြစ်မှန်ကို မရိပ်မိဘူးလား၊ မသိဘူးလား။

နင်ဒီလို အပုံမျိုးနဲ့ နင့်ယောကျာ်းတော့ နင့်ကိုပစ်သွားတော့မှာပဲ။ အပြင်လောက ဘာဖြစ်လို့ဖြစ်မှန်းမသိ။ အိမ်တွင်းပုန်းနေတဲ့မိန်းမ။ သည်တစ်ခါ ခံရပေါ့။ ဟင်း ကိုချမ်းမြတော့လား လာပေစေဦး။

” မောင် ဒီနေ့ ကိုတင်မောင်ဦးတို့အိမ်က ဘုရားကိုးဆူဖိတ်ထားတယ်မဟုတ်လား ” ” အေးဟုတ်သားပဲ မေ့နေလိုက်တာ ” ” မိက အဝတ်အစားတောင် ရွေးထားပီးပီ ” ” ဘာလဲ မိပါလိုက်အုန်းမလို့လား” ” ဒါပေါ့ ဘာလဲမိကို မခေါ်ချင်ပြန်ဘူးလား ”

” ခေါ်ချင်ပါသဗျာ၊ မိသဘောပါ မိလိုက်မယ်ဆိုရင် သုံးဘီးငှားရဦးမှာပေါ့ ၊ ဒီအဝတ်စားတွေနဲ့ ” ” ငှားချင်လဲငှား မငှားချင် ဒီအတိုင်းသွား မောင် ၊ မိကတော့ လိုက်မှာပဲ ” ” သြော် လိုက်ပါ ပြောနေမှပဲ၊ လိုက်လိုက် တကတဲ သူ့မှာ ဘာဖြစ်နေတယ်မသိဘူး၊ သွားလေရာ တကောက်ကောက်လိုက်နေတော့တာပဲ ”

” လိုက်ရမယ်မောင်ရေ၊ လိုက်ရမယ်၊ မောင်တို့ယောကျာင်္းတွေက လိုက်နိုင်မှ တန်ကာကျတာ၊ အိမ်တွင်းမှုအလုပ် သိမ်းထုပ်သေချာနေရုံနဲ့ မပြီးသေးဘူး၊ မောင်တို့ရဲ့အလိမ်အညာအလှည့်အပတ် မခံရအောင် နှံ့စပ်အောင်သိထားမှနားလည်ထားမှ ” ကျွန်မက အဝတ်အစားလဲရင်း ပါးစပ်မှ တတွတ်တွတ်ပြောနေမိသည်။

” ကဲ မရွှေမိ စကားမရှည်နဲ့ပြီးရင်သွားမယ် ” ကျွန်မပြင်ဆင်လို့မှ စိတ်တိုင်းမကျသေးခင် မောင်ကပြောပြောဆိုဆိုရှေ့မှဆင်းသွားနှင့်သဖြင့် မနေ့ကမှရွေးထားသော ဒေါက်ဖိနပ်ဖြူဖြူဖွေးဖွေး အသစ်စက်စက်လေးကို ကိုင်တဲ့ကာ အပြေးအလွှားဆင်းလိုက်လာခဲ့ရပါသည်။

ကိုင်းးးး ဒီတစ်ခါကျွန်မသာလျှင် မယားအစစ်ဖြစ်ပါကြောင်း ပြည်ပေါ်မှာ ရွှေကြော်ငြာထုတ်နိုင်ဖို့ နောက်တော်ပါးမှ တစ်ဖဝါးမခွာ လိုက်ပါတော်မူရော့မယ်၊ ဗိန်းဗောင်းနဲ့ပို့စမ်းပါ ရွာစားရေ့။

မိုးမိုး – အင်းလျား (တိုင်းရင်းမေ ။ ။ ၁၊၁၀၊၁၉၇၄)

ကၽြန္မသာလၽွင္ မယားအစစ္ျဖစ္ပါေၾကာင္း

” ဒါက ဘယ္သြားမလို႔လဲ ေမာင္ ” ” ေၾသာ္ ထုံးစံအတိုင္း သူငယ္ခ်င္းေတြနဲ႔ အာလာပ သလႅာပ သတင္းခ်င္းဖလွယ္ရေအာင္ အာလူးေပးရေအာင္ေပါ့ကြာ ထြက္လိုက္ဦးမေလ ” ” သူငယ္ခ်င္းေတြနဲ႔ ဘယ္မွာခ်ိန္းထားလို႔လဲ ” ” အုန္းေမာင္တို႔ အိမ္မွာေလကြာ ” ” မိလဲ လိုက္မယ္ေလ ” ” အင္ မိက ဘာလို႔လိုက္မွာလဲ ”

” အို ေမာင္က ႐ုံးအားရက္ကေလး တစ္ရက္တစ္ေလ အိမ္မွာမေနေတာ့ မိလဲလိုက္ခ်င္တာေပါ့ ေမာင္႐ုံးသြားလဲ အိမ္မွာ မိတစ္ေယာက္ထဲ ေမာင္႐ုံးပိတ္ေတာ့လဲ အိမ္မွာ မိတစ္ေယာက္ထဲ ၾကာေတာ့ အိမ္မွာေနရတာ ၿငီးေငြ႕တာေပါ့လို႔ ” ” ကဲကဲ လိုက္ခ်င္လဲ လိုက္ခဲ့ပါဗ်ာ မသိပါဘူး ခါတိုင္းေတာ့ မိကဘယ္ေခၚေခၚမရေတာ့ ဒီကေန႔မွ ထူးထူးဆန္းဆန္းဘာျဖစ္တာလဲလို႔ ” ” အို ေနာက္ဆို ေမာင္ဘယ္သြားသြားလိုက္ခဲ့မယ္ေမာင္ရဲ့ ေခၚသာေခၚ ”

အဝတ္အစားအေျပးအလႊားသြားလဲေနတဲ့ ကၽြန္မကိုေမာင္ကနားမလည္စြာ ျပန္ၾကည့္ေနပါသည္။ ေမာင္ႏွင့္ကၽြန္မ အိမ္ေထာင္က်ခဲ့သည့္ ေလးႏွစ္တာကာလပတ္လုံး ကၽြန္မသည္ ေမာင္ႏွင့္အတူအျပင္ထြက္ခဲလွပါသည္။

တစ္ခါတစ္ရံ ႐ုပ္ရွင္ႏွင့္ လဟာျပင္ေဈးေလာက္တြင္သာ အတူသြားေလ့ရွိပါသည္။ ေမာင့္မွာမူ ေျခေထာက္တြင္ ေဗြပါသလားဆိုရေအာင္ေအာင္ ခဏေလးမွ အနားမေန အျပင္သြားေနရမွ ေက်နပ္သူျဖစ္ပါသည္။

ကၽြန္မကလဲ အျပင္ထြက္ရမွာ ကရိကထမ်ားလြန္းလို႔ ေမာင္ေခၚတိုင္း ေရွာေရွာရႉရႉဘယ္ေတာ့မွမလိုက္။ အိမ္အလုပ္ေတြရွိေသးသည္။ ဘတ္စ္ကားစီးရမွာ စိတ္ပ်က္သည္ အဝတ္အစားေကာင္းေကာင္းမရွိဘဲ စသည္ျဖင့္အမ်ိဳးမ်ိဳးျငင္းပယ္တတ္သည္။ ယခုေတာ့ ကၽြန္မအေၾကာင္းႏွင့္ကၽြန္မမို႔ လိုက္မွ လိုက္မွ။

” ကဲ မိေရႊမိ အဲ့ဒါကိုအုန္းေမာင္တို႔အေမပဲ စကားေျပာေနေခ် ပ်င္းရင္လဲ စာအုပ္ေတြၾကည့္ ေမာင္တို႔ လက္ဖက္ရည္ဆိုင္သြားလိုက္ဦးမယ္ ”

အေပါင္းအသင္းႏွင့္ေတြ႕လၽွင္ မယားပါေမ့တတ္ေသာ ေမာင္က အျပင္ထြက္ရန္ ဟန္ျပင္ပါသည္။ ကိုအုန္းေမာင္တို႔အေမကလဲ ကၽြန္မကိုေဖာ္ေရြစြာ ဖိတ္ေခၚပါသည္။

” ဒီက သမီးကို တစ္ခါမွမျမင္ဖူးေသးဘူး ” ” ဟုတ္ကဲ့ ကၽြန္မက ကိုျမင့္နိုင္ မိန္းမပါ ေဒၚေလး ဟင္းဟင္း ” အျပင္ထြက္ရန္ ဟန္ျပင္ေနေသာ ေမာင္က ကၽြန္မကိုမ်က္လုံးတစ္ခ်က္ ဝင့္ၾကည့္သည္။ သူႏွင့္အတူလိုက္လာမွေတာ့ သူ႔မိန္းမမွန္းေျပာၿပ ေနစရာမလိုပါပဲ ကၽြန္မက ေမာင့္မိန္းမပါဟု ေျပာေနသည္ကို အံ့ၾသသြားပုံရသည္။ ကၽြန္မကေတာ့ ကၽြန္မရည္ရြယ္ခ်က္ႏွင့္ ကၽြန္မ။

” တနဂၤေႏြေလး တစ္ေန႔တစ္ေလမ်ား အိမ္မွာေနပါအုန္းလားေမာင္ရယ္ ခုဘယ္သြားဦးမလို႔လဲ ” ” ကိုစံဝင္းတို႔အိမ္က ထမင္းစားဖိတ္ထားလို႔ကြ ထမင္းေတာ့မဟုတ္ပါဘူး မုန႔္ဟင္းခါး အေပ်ာ္ခ်က္စားၾကမွာပါ ” ” အိမ္မွာခ်က္တဲ့မုန႔္ဟင္းခါးဆိုေတာ့ စားလို႔ေကာင္းမွာပဲ သူတို႔ကလဲပဲ ေမာင္တစ္ေယာက္တည္းဖိတ္ရသလားလို႔ ” ” ႏွစ္ေယာက္စလုံးကိုဖိတ္ပါတယ္ကြာ ေမာင္ကမိလိုက္မွာမဟုတ္ဘူး တစ္ေယာက္ထဲပဲလာခဲ့မယ္လို႔ ေျပာခဲ့တာပါ ”

” အိုေမာင္ကလဲ မိကိုပါဖိတ္ရင္ မိလိုက္မွာေပါ့လို႔ သူတို႔အိမ္လဲမေရာက္တာၾကာၿပီ သူမိန္းမရပီးမွတစ္ခါမွ မေရာက္လို႔ သူ႔မိန္းမေတာင္ မိကို ေကာင္းေကာင္းမွတ္မိမွာမဟုတ္ဘူး မဂၤလာေဆာင္တုန္းကပဲ ခဏျမင္လိုက္ရတာ ” ” မိက မိကိုယ္မိ ေမာင့္မိန္းမမွန္း သိပ္သိေစခ်င္တယ္ေပါ့ ” ” အမယ္ မဟုတ္ပါဘူး သူ႔ကို မိမျမင္ေသးဖူးတာကို ေျပာတာပါ ” ” ကဲ လိုက္ခ်င္ရင္လဲျမန္ျမန္လုပ္ေခ်ကြာ ” ” ခဏေလးပါ ေမာင္ရဲ့ ခဏေလး ”

သည္တစ္ခါေတာ့ တနဂၤေႏြေန႔ေမာင္အျပင္ထြက္လၽွင္ အသင့္လိုက္နိုင္ရန္ ႀကိဳတင္ေရြးခ်ယ္ထားေသာ အဝတ္အစားမ်ားကို အျမန္ဆုံးဝတ္ပီး ထြက္လာနိုင္သည္။ သားႏွင့္သမီးတို႔မွာ အဘြားျဖစ္သူႏွင့္ ေဆာ့ကစားေနၾကသည္။

သမီးငယ္ကို ေစာေစာကပင္ ကြယ္ရာသို႔ ေခၚထားရန္ အေမ့ကိုမွာထားရသည္။ခါတိုင္းဆိုလၽွင္ သည္ကေလးေတြ သံေယာဇဥ္ေၾကာင့္ ကၽြန္မ ဘယ္မွမသြားျဖစ္၊ ခုေတာ့ သားေရး သမီးေရးထက္ အေရးႀကီးတာေၾကာင့္ ကၽြန္မေမာင့္ေနာက္သို႔ လိုက္ခဲ့ပါၿပီ။

ဘတ္စ္ကားကို မညည္းမညဴေမာင္ႏွင့္ရင္ေဘာင္တန္းပီး တိုးေဝွ႕တက္သည္။ ေနပူေသာ ကုန္းေၾကာင္းလမ္းတြင္ ခါတိုင္းလိုေမာင့္ကိုရန္မေထာင္ပဲ အားတင္းပီးေလၽွာက္သည္။

” ေမာင့္မိန္းမကေတာ့ ေတာ္ေတာ္တိုးတက္လာၿပီ ခံနိုင္ရည္ရွိလာပီပဲ။ အလ်င္ကလို မညည္းညဴေတာ့ပါလား ” ဟုေမာင္က ကၽြန္မကို ၾကည့္ၿပီးေျပာသည္။ ” တိုးတက္ရမယ္ ေမာင္ရဲ့ တိုးတက္ရမယ္ တိုးမတက္ရင္က်န္ခဲ့မယ္ မဟုတ္လား ” ေမာင္ကသေဘာက်စြာရယ္သည္။ ” ခုတေလာ မိအမူအရာေတြသိပ္ထူးျခားတာပဲ ” ဟုလည္းဆိုသည္။ ကၽြန္မကေတာ့ ကၽြန္မစိတ္ကူးႏွင့္ ကၽြန္မ။

” ေမာင္ေရမခ်ိဳးေသးဘူးလား ” အိပ္ရာမွထပီး မ်က္ႏွာမသစ္ေသးပဲ သတင္းစာဖတ္ေနေသာ ေမာင့္ကိုကၽြန္မကေျပာလိုက္သည္။ ေမာင္ကကၽြန္မကိုလွည့္ၾကည့္ပီး မ်က္လုံးျပဴးသြားသည္။

” ဘယ္ႏွယ့္ မိက အိမ္ေနရင္းျပင္ဆင္ထားလိုက္တာ ေၾကာ့လို႔ မိစိတ္မွေကာင္းေသးရဲ့လားခုတေလာ ” ” ၾကည့္ေျပာေရာ့မယ္ ဒီေန႔ တနဂၤေႏြေလ ” ” အဲ့ဒါဘာျဖစ္လဲ တနဂၤေႏြေန႔မွာ ေယာက်ာ္းအိမ္ျပင္မထြက္ရေအာင္ ျပဳျပဳျပင္ျပင္ေနရမယ္လို႔ မိရဲ့စာအုပ္ႀကီးကမ်ားဆိုထားသလား ” ေမာင္ကကၽြန္မဖတ္ေနေသာ ” သင့္ေယာက်ာ္းကို အိမ္ခင္ေအာင္ထားနည္း ” ဟူေသာစာအုပ္ကိုရည္ရြယ္ေျပာလိုက္ျခင္းျဖစ္ပါသည္။

” ေမာင္ကိုေတာ့ အိမ္ျပင္မထြက္ေအာင္ ဘယ္ေဒဝစၧရာကမွ တားနိုင္မွာမဟုတ္ဘူး ေမာင္ထြက္တဲ့ဆီ မိလိုက္နိုင္ေအာင္သာအသင့္ လုပ္ထားတာသိပလား ” ” ေရာ့ ခက္ပဲခက္လွခ်ည့္ ေနပါဦး ေမာင္ကဘယ္ကိုသြားမွာမို႔ မိကဘယ္ကိုလိုက္မွာလဲ ” ” ဘယ္ပဲျဖစ္ျဖစ္ေပါ့ ေမာင္ကသြားမွာအမွန္ပဲမဟုတ္လား အဲ့ေတာ့ေမာင္သြားတဲ့ေနရာကို မိလိုက္မွာေပါ့လို႔ ဘာလဲ မလိုက္ေစခ်င္ဘူးလား ”

ကၽြန္မက စိတ္ဆိုးစျပဳလာၿပီမို႔ ရန္ေတြ႕လိုက္ပါသည္။ ” ဒီမွာ မေရႊမိ ခုသြားတဲ့ေနရာက မင္းလိုက္လို႔ ဘယ္လိုမွမျဖစ္ဘူးသိရဲ့လား ” ” မိလိုက္လို႔မျဖစ္ရေအာင္ ေမာင္ကဘယ္ကိုသြားမွာမို႔လဲ မိန္းမကိုေခၚလို႔မျဖစ္တဲ့ေနရာ ေမာင့္မွာရွိေနပီလား ” ေျပာရင္းမွ ကၽြန္မဝမ္းနည္းလာပါသည္။

ေမာင္ကသတင္းစာကို စားပြဲေပၚပစ္တင္ရင္း ေျပာေျပာဆိုဆို ထသြားပါေတာ့သည္။ ” ရွိတယ္ေဟ့ ရွိတယ္ တို႔သူငယ္ခ်င္းေတြစုၿပီး ဘီယာသြားေသာက္ၾကမလို႔ကြ၊ မင္းလိုက္ခ်င္ရင္ ဖန္ခြက္တစ္လုံးပါ ဆြဲခဲ့ေပေတာ့ ကဲ ”

တစ္ကယ္ေတာ့ ကၽြန္မအမူအရာမ်ားက ေမာင့္အတြက္ အထူးအဆန္းျဖစ္မည္ဆိုလၽွင္ ျဖစ္စရာပါ။ အျဖစ္ကေတာ့ ဒီလိုပါ။ ကၽြန္မတို႔အိမ္တြင္ ေမာင့္အေပါင္းအသင္းမ်ား အဝင္အထြက္မ်ားလွသည္။ ေမာင္မသြားလၽွင္ သူတို႔လာသည္။ သူတို႔မလာလၽွင္ ေမာင္က သြားသည္။ ႐ုံးဆင္းခ်ိန္လည္းမေနရ ညဦးပိုင္းလဲမအားရ။ ေမာင္သည္အေပါင္းအသင္းအလြန္ခင္သည္။

ေမာင့္အေပါင္းအသင္းအားလုံးလိုလို ကၽြန္မသိသည္။ သူတို႔မိန္းမမ်ားကိုေတာ့ သိပ္မျမင္ဖူးေပ။။ ကၽြန္မလိုပဲ အိမ္တြင္းပုန္းမ်ားျဖစ္ဟန္တူသည္။ ကၽြန္မကလည္း အထူးမရွိလၽွင္ မည္သည့္အိမ္မွလိုက္သြားပီး မိတ္မဖြဲ႕တတ္ပါ။ သို႔ေသာ္ ကၽြန္မထံလာလည္လၽွင္မူ ကၽြန္မအလြန္ေပ်ာ္ပါသည္။

တစ္ေန႔တြင္ေမာင့္သူငယ္ခ်င္း ကိုခ်မ္းျမတစ္ေယာက္လာလည္သည္။ သူ႔မိန္းမပါေခၚလာသျဖင့္ ကၽြန္မကပ်ာပ်ာသလဲ ဆီးႀကိဳမိသည္။ ခါတိုင္းဆိုလၽွင္ေတာ့ သူတို႔ေယာက်ာ္းႏွင့္ စကားေျပာေနလၽွင္ ေကၽြးစရာရွိက ခ်ေကၽြးၿပီး ကၽြန္မလုပ္စရာရွိတာာသာ လုပ္တတ္ေနပါသည္။

စကားဝိုင္းဖြဲ႕ေျပာျခင္းမရွိပါ။ သည္တစ္ခါေတာ့အမ်ိဳးသမီးပါ ပါလာသျဖင့္ ကၽြန္မပါ ဝင္ထိုင္လိုက္ရပါသည္။ ကၽြန္မက ေဖာ္ေရြေသာအျပဳံးႏွင့္ အမ်ိဳးသမီးကို စတင္ေျပာပါသည္။ သို႔ေသာ္ သူမျပဳံးပုံက မဝံ့မရဲ။

” ေၾသာ္ ကေလးေတြ အိမ္မွာထားခဲ့ရတာေပါ့ေနာ္ ဟင္းဟင္း ” ကၽြန္မက စကားမရွိစကားရွာ ေျပာရသည္။ ” ဟုတ္ကဲ့ ခင္ဗ် ” ဝင္ေျပာသူက ကိုခ်မ္းျမ။ အမ်ိဳးသမီးက မတုန္မလႈပ္။ ဘယ္ႏွယ့္အမ်ိဳးသမီးပါလိမ့္။

သူလည္းငါ့လိုပဲ စကားနည္းလို႔ထင္ပါရဲ့။ သူ႔ၾကည့္ရတာ အထက္တန္းလႊာကနဲ႔ တူပါရဲ့။ ႐ုပ္ကလည္း ကေလးႏွစ္ေယာက္အေမသာဆိုတယ္ မက်ေသးဘူး။ လွတုန္း။ မာနေတာ့ ႀကီးပုံပဲ။ ဒါေၾကာင့္သာ စကားမေျပာတာေပါ့။

ကၽြန္မတို႔ အိမ္ေထာင္ရွင္မိန္းမခ်င္းေတြ႕လၽွင္စကားမရွိစကားရွာ ေျပာမကုန္ေအာင္ရွိရတတ္သည္။ ကုန္ေဈးႏႈန္းႀကီးေၾကာင္း၊ ကေလးေတြဆိုး ေၾကာင္း၊ လင္ေတာ္ေမာင္ေတြအေၾကာင္း ၊ ေယာကၡမ မေကာင္းေၾကာင္း၊ ေသာင္းေျပာင္းေထြလာ စုံလွစြာသည္။

သို႔ေသာ္ သည္အမ်ိဳးသမီး ကေတာ့ ဒါေတြကို ေအာက္တန္းစားအလုပ္ေတြလို႔ ထင္ေနသလားမသိ။ လဲ့လဲ့သာျပဳံးပီး ပုံ႔ပုံ႔ေလးသာထိုင္ေနသည္။

ေနာက္တစ္လခန႔္အၾကာတြင္ သူတို႔စုံတြဲေရာက္လာျပန္သည္။ အခ်ိန္ကညေနေစာင္းေနပီ။ သူတို႔မွာလဲ အထုပ္အပိုးေတြႏွင့္ျဖစ္သည္။ ” နက္ဖန္ေတာင္ႀကီးသြားမလို႔ဗ်ာ မနက္ေစာေစာဘူတာဆင္းရမွာမို႔ လာအိပ္တာပဲဗ်ိဳ႕ ဘူတာမွာလဲ အိပ္လို႔မရဘူးေလ ” ကိုခ်မ္းျမကအားေတာင့္အားနာဟန္ျဖင့္ ေျပာသည္။

ကၽြန္မတို႔အိမ္က ဘူတာႏွင့္နီးသည္မို႔ ကၽြန္မၾကည္ၾကည္ျဖဴျဖဴ လက္ခံလိုက္ရသည္။ ” အို အားမနာပါနဲ႔ ဒီမွာအိပ္လို႔ျဖစ္ပါတယ္ ”

ေျပာသာေျပာရသည္။ သူစိမ္းအတြက္ အိပ္ရာ ျခင္ေထာင္အပိုမရွိေသာကၽြန္မတို႔မွာ အေတာ္အက်ပ္ရိုက္သြားခဲ့ရသည္။ ေနာက္ဆုံးေတာ့ ကၽြန္မတို႔ကုတင္ေပၚမွာ သူတို႔အိပ္၊ ကေလးေတြကို သူ႔အဘြားျခင္ေထာင္ထဲသြင္းၿပီး ေခါင္းအုန္းတစ္လုံး ဖ်ာတစ္ခ်ပ္ႏွင့္ ကၽြန္မတို႔ ႏွစ္ေယာက္ျဖစ္သလို အိပ္လိုက္ရသည္။

ကိုခ်မ္းျမတို႔ လင္မယားကျဖင့္ ညားခါစ ဇနီးေမာင္ႏွံအလား စကားတတြတ္တြတ္ႏွင့္ ရႊင္ရႊင္ျမဴးျမဴးျဖစ္ေနၾကပုံရည္။ တို႔လဲ ကေလးေတြထားခဲ့ပီး တစ္ခါေလာက္ ခရီးထြက္ရရင္ ေကာင္းမွာပဲဟု သူတို႔ကို အားက်ကာ ေတြးမိေသးသည္။

သည္တစ္ခါေတာ့ ကိုခ်မ္းျမဇနီးကက ေဖာ္ေဖာ္ေရြေရြ စကားေျပာေဖာ္ရလာသည္။ အိပ္ရာမဝင္မီ ဆီခ်က္ ထြက္ဝယ္ကာ ကၽြန္မတို႔ တစ္အိမ္သားလုံးကို ေကၽြးသည္။ နံနက္ ေစာေစာအလင္းေရာင္မထြက္မီ သူတို႔ထသြားၾကရာ သူတို႔အိပ္ရာကို ကၽြန္မကပင္သိမ္းလိုက္ရသည္။

” သူတို႔က ေတာင္ႀကီးကို ဘာသြားလုပ္ၾကတာလဲေမာင္ ” ” ကိုခ်မ္းျမက ေမွာင္ခိုကူးေနတယ္ ” ” ေၾသာ္ ဒီလူႏွယ္ ေမွာင္ခိုကုန္ကူးတာမ်ား မယားငယ္ငယ္ေခ်ာေခ်ာေလးကို ေခၚသြားရက္တယ္ေနာ္ ” ေမာင္ကေတာ့ သူ႔သူငယ္ခ်င္းအတြက္ ခပ္မဆိတ္သာေနပါေလသည္။

” သမီးေရ ဒီမွာ ဧည့္သည္လာေနတယ္ ” အေမ့အသံၾကားသျဖင့္ အိမ္ေရွ႕လွမ္းၾကည့္လိုက္ရာ အမ်ိဳးသမီးျဖစ္ေနလို႔ အေျပးထြက္သြားမိသည္။ ေမာင္႐ုံးသြားေနခိုက္ျဖစ္လို႔ အိမ္တြင္မရွိေပ။

” ဒီအိမ္က ကိုျမင့္နိုင္တို႔အိမ္ ဟုတ္ပါလားရွင္ ” ” ဟုတ္ပါတယ္ ဟုတ္ပါတယ္ ထိုင္ပါအုန္းရွင္ ” အမ်ိဳးသမီးပုံက ႏြမ္းလ်လွသည္။ ညိဳးငယ္ပီးငိုေတာ့မလိုျဖစ္ေနသည္ ။ အရြယ္ကလဲ ကၽြန္မထက္ႀကီးပုံရသည္။ သူမက ကၽြန္မဖိတ္ေခၚခ်က္ကို အသာအယာေခါင္းယမ္းျပသည္။

” ေနပါေစရွင္ မထိုင္ေတာ့ပါဘူး ကိုျမင့္နိုင္သူငယ္ခ်င္းကိုခ်မ္းျမတစ္ေယာက္ ဒီကိုလာသလားလို႔ပါ ” ” ကိုခ်မ္းျမဟုတ္လား ဟိုတေလာကေတာ့လာတယ္ရွင့္ ေနာက္ထပ္မလာပါဘူး ဘာျဖစ္လို႔လဲ ” ” ေၾသာ္ သူအိမ္ျပန္မလာတာ ေလးငါးဆယ္ရက္ရွိေနၿပီမို႔ပါ ” ” ရွင္…. ဒီကကိုခ်မ္းျမနဲ႔ ဘာေတာ္ပါသလဲ ” ” ကၽြန္မက သူ႔မိန္းမပါ ” ျမတ္စြာဘုရား။ ကၽြန္မေခါင္းသည္ ခ်ာလပတ္လည္သြားပါသည္။ တံခါးကိုလဲ လက္ျဖင့္ တင္းတင္းဆုပ္လိုက္မိသည္။

” ေၾသာ္ အင္းအင္း ဟုတ္ကဲ့ဟုတ္ကဲ့ ” ” သူေတာင္ႀကီးသြားတာၾကာလို႔ လာေမးၾကည့္တာပါ၊ ခါတိုင္း ဒီေလာက္မၾကာဘူး ျပန္ပါဦးမယ္ ” ” ေကာင္းပါၿပီ ေကာင္းပါၿပီ သူလာရင္ေျပာျပလိုက္ပါ့မယ္ အိမ္ကစိတ္ပူေနတယ္လို႔ ”

အင္းကိုခ်မ္းၿမ ကိုခ်မ္းၿမ လူကေတာ့ မခ်မ္းျမပါကလား။ လက္စသတ္ေတာ့ ဟိုအမ်ိဳးသမီးက သူ႔မိန္းမမွမဟုတ္တာ။ အလိုက္တဲ့ငါႏွယ့္။ ဒီေလာက္ပဲ လူကဲခတ္ညံ့ရသလား။ ကေလးအေမနဲ႔ အပ်ိဳကိုမွ ခြဲျခားလို႔မသိဘူးလား။ အအုံးဟဲ့ ထုံအုံးဟဲ့ အမူအရာကိုၾကည့္တာနဲ႔မွ အျဖစ္မွန္ကို မရိပ္မိဘူးလား၊ မသိဘူးလား။

နင္ဒီလို အပုံမ်ိဳးနဲ႔ နင့္ေယာက်ာ္းေတာ့ နင့္ကိုပစ္သြားေတာ့မွာပဲ။ အျပင္ေလာက ဘာျဖစ္လို႔ျဖစ္မွန္းမသိ။ အိမ္တြင္းပုန္းေနတဲ့မိန္းမ။ သည္တစ္ခါ ခံရေပါ့။ ဟင္း ကိုခ်မ္းျမေတာ့လား လာေပေစဦး။

” ေမာင္ ဒီေန႔ ကိုတင္ေမာင္ဦးတို႔အိမ္က ဘုရားကိုးဆူဖိတ္ထားတယ္မဟုတ္လား ” ” ေအးဟုတ္သားပဲ ေမ့ေနလိုက္တာ ” ” မိက အဝတ္အစားေတာင္ ေရြးထားပီးပီ ” ” ဘာလဲ မိပါလိုက္အုန္းမလို႔လား” ” ဒါေပါ့ ဘာလဲမိကို မေခၚခ်င္ျပန္ဘူးလား ”

” ေခၚခ်င္ပါသဗ်ာ၊ မိသေဘာပါ မိလိုက္မယ္ဆိုရင္ သုံးဘီးငွားရဦးမွာေပါ့ ၊ ဒီအဝတ္စားေတြနဲ႔ ” ” ငွားခ်င္လဲငွား မငွားခ်င္ ဒီအတိုင္းသြား ေမာင္ ၊ မိကေတာ့ လိုက္မွာပဲ ” ” ေၾသာ္ လိုက္ပါ ေျပာေနမွပဲ၊ လိုက္လိုက္ တကတဲ သူ႔မွာ ဘာျဖစ္ေနတယ္မသိဘူး၊ သြားေလရာ တေကာက္ေကာက္လိုက္ေနေတာ့တာပဲ ”

” လိုက္ရမယ္ေမာင္ေရ၊ လိုက္ရမယ္၊ ေမာင္တို႔ေယာက်ာၤးေတြက လိုက္နိုင္မွ တန္ကာက်တာ၊ အိမ္တြင္းမႈအလုပ္ သိမ္းထုပ္ေသခ်ာေန႐ုံနဲ႔ မၿပီးေသးဘူး၊ ေမာင္တို႔ရဲ့အလိမ္အညာအလွည့္အပတ္ မခံရေအာင္ ႏွံ့စပ္ေအာင္သိထားမွနားလည္ထားမွ ” ကၽြန္မက အဝတ္အစားလဲရင္း ပါးစပ္မွ တတြတ္တြတ္ေျပာေနမိသည္။

” ကဲ မေရႊမိ စကားမရွည္နဲ႔ၿပီးရင္သြားမယ္ ” ကၽြန္မျပင္ဆင္လို႔မွ စိတ္တိုင္းမက်ေသးခင္ ေမာင္ကေျပာေျပာဆိုဆိုေရွ႕မွဆင္းသြားႏွင့္သျဖင့္ မေန႔ကမွေရြးထားေသာ ေဒါက္ဖိနပ္ျဖဴျဖဴေဖြးေဖြး အသစ္စက္စက္ေလးကို ကိုင္တဲ့ကာ အေျပးအလႊားဆင္းလိုက္လာခဲ့ရပါသည္။

ကိုင္းးးး ဒီတစ္ခါကၽြန္မသာလၽွင္ မယားအစစ္ျဖစ္ပါေၾကာင္း ျပည္ေပၚမွာ ေရႊေၾကာ္ျငာထုတ္နိုင္ဖို႔ ေနာက္ေတာ္ပါးမွ တစ္ဖဝါးမခြာ လိုက္ပါေတာ္မူေရာ့မယ္၊ ဗိန္းေဗာင္းနဲ႔ပို႔စမ္းပါ ရြာစားေရ့။

မိုးမိုး – အင္းလ်ား (တိုင္းရင္းေမ ။ ။ ၁၊၁၀၊၁၉၇၄)