ခန္ဓာကိုယ်စွန့်လှူ အပ်နှင်းရကျိုးများ

ခန္ဓာကိုယ်စွန့်လှူ အပ်နှင်းရကျိုးများ

ဘုရားနှင့်ဆရာအား ခန္ဓာကိုယ်စွန့်လှူ အပ်နှင်းရကျိုးများ

ဘုရားအားလှူခြင်း။ ။”ဣမာဟံ ဘဂဝါ အတ္တဘာဝံ တုမှာကံပရိစ္စဇာမိ= မြတ်စွာဘုရား၊ ဘုရားတပည့်တော် သည် ဤခန္ဓာကိုယ် အတ္တဘောကြီးကို မြတ်စွာဘုရား အား အပ်နှင်းစွန့်လှူပါသည်ဘုရား ”

“သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ ကမ္မဋ္ဌာနံ မေ ဒေထ = ဘုရားတပည့်တော်အား သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက် ကျွတ်လွတ် ပါရခြင်း အကျိုးငှာ ကမ္မဋ္ဌာန်း တရား ပေးသနား၍ ချီးမြှင့် တော်မူပါဘုရား ”

ဆရာအားလှူခြင်း။ ။”ဣမာဟံ ဘနေ ္တအတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ = (‘မြတ်စွာဘုရား ‘နေရာ၌ ‘အရှင်ဘုရား ‘ဆိုရုံသာ ထူးပေသည်။)

“သံသာရ ဝဋ်ဒုက္ခတော မောစနတ္ထာယ ကမ္မဋ္ဌာနံ မေ ဒေထ” (ရှေ့ကအတိုင်းသာ—)

ယင်းသို့ စွန့်လှူ အပ်နှင်းသည့် အတွက် အဘယ်အကျိုး ရှိပါသနည်း? အကျိုးများစွာရှိပေ၏။ ဤသို့ ပြုလုပ်ခြင်းသည် ဆရာသမားအား ရိုသေကျိုးနွံ့ကြောင်း ဖော်ပြခြင်းပင် ဖြစ်ပါ၏။

ရိုသေကျိုးနွံ့ မြေဝယ်မကျ နာယူသူတို့ မှာလည်း မြှောက်စား အားပေးခြင်း ခံယူ ရသည်။ ဆရာသမား မြှောက်စား အားပေးခြင်း ခံရသူ မှသာလျှင်လည်း လိုရာပန်းတိုင် သို့ ရောက်ရ၏။ ချမ်းသာရ၏။

ထိုမှ တစ်ပါးလည်း မိမိ၏ ဆန္ဒ၊ သဒ္ဓါ၊ ဝီရိယကို ထုတ်ဖော် ပြရာလည်း ရောက်သည်။ထိုသို့ နှုတ်မြွက် စွန့်လှူ ကတည်းက မိမိ၏ ရုပ်နာမ် အစဉ်၌ ကြည်လင် ပြတ်သားသော ယုံကြည်မှု အင်အား(သဒ္ဓါဓာတ်)၊ မရမနေ လိုလားသော စိတ်ဓာတ် အင်အား (ဆန္ဒဓာတ်)၊ မဖြစ်မနေ ကြိုးစားနိုင်သော အင်းအား (အာရ မ ္ဘ = နိက္ကမ = ပရက္ကမဓာတ် ခေါ် ဝီရိယဓာတ်) များ တရိပ်ရိပ် ဝင်လာသည်ကို တွေ့ရမည်ဖြစ်၏။

ထို သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယဓာတ်တို့သည် ပရမတ္ထသဘာဝ အမှန်တကယ် ရှိသော အင်အားများ၊ သတ္တိထူးကြီးများ ဖြစ်ကုန်၏။ ကမ္မဋ္ဌာန်းတရား အားထုတ်မည့် သူ၌ ထိုအင်အား သုံးခု မရှိ၍ မဖြစ်ချေ။

မိမိ တစ်ကိုယ်တည်း တရားထိုင် နေသည်ဟု ထင်ရ သော်လည်း မဟုတ်ချေ။ သုံးလောက ထွတ်ထား ဘုရားရှင် နှင့်တကွ မိမိ ကမ္မဋ္ဌာန်းဆရာ တို့၏ ဘုန်းတန်ခိုး မေတ္တာ ကရုဏာ အရှိန်အဝါများ သက်ဝင်ကာ စင်စစ် ဘုရားရှင်နှင့် ဆရာသမားများ သည် သင်ယောဂီနှင့် အတူရှိတော် မူနေကြ၏။***

စိတ္တဗေဒ အရလည်း ရှေးအခါက စစ်သူကြီး ဦးစီး တိုက်သော စစ်ပွဲနှင့် တိုင်းပြည်သခင် ရှင်ဘုရင် ကိုယ်တိုင် ဦးစီး တိုက်သော စစ်ပွဲများ အောင်ပွဲခံ ရပုံချင်း မတူကြချေ။ စစ်သည်များ ပို၍ စိတ်အား ထက်သန် တက်ကြွခြင်း၊ ဘုရင့်အရှိန်အဝါ ကြီးမားခြင်း တို့ကြောင့်ပင် ဖြစ်ပေသည်။

တရားထိုင်ခြင်း ဟူသည် မာရ်စစ်သည်များနှင့် တိုက်ပွဲဝင် နေရခြင်း ပင်တည်း။

ဤကဲ့သို့ စွန့်လှူ အပ်နှင်း၍ မထားပါဘဲ တောစွန် စုံပြား နေရာများသို့ သွားရောက်၍ တရားရှုပွားသည် ရှိသော် တစုံတစ်ခုသော ကြောက်ရွံ့ ထိတ်လန့်ဖွယ် အနှောင့်အယှက် အန ္တရာယ် အာရုံနိမိတ်များ တွေ့ကြုံ ထင်မြင်လာလျှင် ယောဂီသည် ကြံ့ကြံ့ခိုင်ခိုင် မခံရပ် နိုင်တော့၍ ရွာနီး ချုပ်စပ်သို့ ကပ်ရောက် လာရကာ လူတို့နှင့် ရော၍ မလိုလား အပ်သော အကျိုးမဲ့ ပျက်စီးခြင်း ပျက်စီးသွား နိုင်လေသည်။

ဘုရားရှင်အား ခန္ဓာကိုယ် စွန့်လှူ အပ်နှင်း ထားသော ယောဂီမှာကား အကယ်၍ တစုံတရာ ကြောက်ရွံ့ ထိတ်လန့်ဖွယ် အနှောင့်အယှက် အန ္တရာယ် အာရုံနိမိတ်များ တွေ့ကြုံရ သော်လည်း ကြောက်ရွံ့ ထိတ်လန့်ခြင်း မဖြစ်တော့ပြီ။ မဖြစ်ရုံသာမက–

“အသိဉာဏ် ရှိသော အိုယောဂီ…။ သင်သည် သင်၏ ခန္ဓာကိုယ်နှင့် အသက်ကို ဘုရားရှင်အား ရှေးမဆွ ကပင် နှင်းအပ် စွန့်လှူခဲ့ပြီ မဟုတ်ပါလား” ဟု ဆင်ခြင် လိုက်သည်နှင့် တပြိုင်နက်၊ “တွင်းပြင် နှစ်ဖြာ လွန်စွာ အန ္တရာယ် များလှသောငါ၏ ခန္ဓာကိုယ်ကြီးကို သင့်

လုံခြုံရာ၌ သိမ်းဆည်းအပ်နှံ ထားခဲ့ရပေပြီ” ဟု ဝမ်းမြောက် ဝမ်းသာ၍ပင် နေတော့သည်။

(ဝိသုဒ္ဓိမဂ်၊ မဟာဋီကာ)ဖားအောက်တောရဆရာတော်

Bhikkhu’s Dhamma

ခႏၶာကိုယ္စြန႔္လႉ အပ္ႏွင္းရက်ိဳးမ်ား

ဘုရားႏွင့္ဆရာအား ခႏၶာကိုယ္စြန႔္လႉ အပ္ႏွင္းရက်ိဳးမ်ား

ဘုရားအားလႉျခင္း။ ။”ဣမာဟံ ဘဂဝါ အတၱဘာဝံ တုမွာကံပရိစၥဇာမိ= ျမတ္စြာဘုရား၊ ဘုရားတပည့္ေတာ္ သည္ ဤခႏၶာကိုယ္ အတၱေဘာႀကီးကို ျမတ္စြာဘုရား အား အပ္ႏွင္းစြန႔္လႉပါသည္ဘုရား ”

“သံသာရ ဝ႗ဒုကၡေတာ ေမာစနတၳာယ ကမၼ႒ာနံ ေမ ေဒထ = ဘုရားတပည့္ေတာ္အား သံသရာ ဝဋ္ဆင္းရဲမွ ထြက္ေျမာက္ ကၽြတ္လြတ္ ပါရျခင္း အက်ိဳးငွာ ကမၼ႒ာန္း တရား ေပးသနား၍ ခ်ီးျမႇင့္ ေတာ္မူပါဘုရား ”

ဆရာအားလႉျခင္း။ ။”ဣမာဟံ ဘေန ၱအတၱဘာဝံ တုမွာကံ ပရိစၥဇာမိ = (‘ျမတ္စြာဘုရား ‘ေနရာ၌ ‘အရွင္ဘုရား ‘ဆို႐ုံသာ ထူးေပသည္။)

“သံသာရ ဝဋ္ဒုကၡေတာ ေမာစနတၳာယ ကမၼ႒ာနံ ေမ ေဒထ” (ေရွ႕ကအတိုင္းသာ—)

ယင္းသို႔ စြန႔္လႉ အပ္ႏွင္းသည့္ အတြက္ အဘယ္အက်ိဳး ရွိပါသနည္း? အက်ိဳးမ်ားစြာရွိေပ၏။ ဤသို႔ ျပဳလုပ္ျခင္းသည္ ဆရာသမားအား ရိုေသက်ိဳးႏြံ့ေၾကာင္း ေဖာ္ျပျခင္းပင္ ျဖစ္ပါ၏။

ရိုေသက်ိဳးႏြံ့ ေျမဝယ္မက် နာယူသူတို႔ မွာလည္း ေျမႇာက္စား အားေပးျခင္း ခံယူ ရသည္။ ဆရာသမား ေျမႇာက္စား အားေပးျခင္း ခံရသူ မွသာလၽွင္လည္း လိုရာပန္းတိုင္ သို႔ ေရာက္ရ၏။ ခ်မ္းသာရ၏။

ထိုမွ တစ္ပါးလည္း မိမိ၏ ဆႏၵ၊ သဒၶါ၊ ဝီရိယကို ထုတ္ေဖာ္ ျပရာလည္း ေရာက္သည္။ထိုသို႔ ႏႈတ္ႁမြက္ စြန႔္လႉ ကတည္းက မိမိ၏ ႐ုပ္နာမ္ အစဥ္၌ ၾကည္လင္ ျပတ္သားေသာ ယုံၾကည္မႈ အင္အား(သဒၶါဓာတ္)၊ မရမေန လိုလားေသာ စိတ္ဓာတ္ အင္အား (ဆႏၵဓာတ္)၊ မျဖစ္မေန ႀကိဳးစားနိုင္ေသာ အင္းအား (အာရ မ ၻ = နိကၠမ = ပရကၠမဓာတ္ ေခၚ ဝီရိယဓာတ္) မ်ား တရိပ္ရိပ္ ဝင္လာသည္ကို ေတြ႕ရမည္ျဖစ္၏။

ထို သဒၶါ၊ ဆႏၵ၊ ဝီရိယဓာတ္တို႔သည္ ပရမတၳသဘာဝ အမွန္တကယ္ ရွိေသာ အင္အားမ်ား၊ သတၱိထူးႀကီးမ်ား ျဖစ္ကုန္၏။ ကမၼ႒ာန္းတရား အားထုတ္မည့္ သူ၌ ထိုအင္အား သုံးခု မရွိ၍ မျဖစ္ေခ်။

မိမိ တစ္ကိုယ္တည္း တရားထိုင္ ေနသည္ဟု ထင္ရ ေသာ္လည္း မဟုတ္ေခ်။ သုံးေလာက ထြတ္ထား ဘုရားရွင္ ႏွင့္တကြ မိမိ ကမၼ႒ာန္းဆရာ တို႔၏ ဘုန္းတန္ခိုး ေမတၱာ က႐ုဏာ အရွိန္အဝါမ်ား သက္ဝင္ကာ စင္စစ္ ဘုရားရွင္ႏွင့္ ဆရာသမားမ်ား သည္ သင္ေယာဂီႏွင့္ အတူရွိေတာ္ မူေနၾက၏။***

စိတၱေဗဒ အရလည္း ေရွးအခါက စစ္သူႀကီး ဦးစီး တိုက္ေသာ စစ္ပြဲႏွင့္ တိုင္းျပည္သခင္ ရွင္ဘုရင္ ကိုယ္တိုင္ ဦးစီး တိုက္ေသာ စစ္ပြဲမ်ား ေအာင္ပြဲခံ ရပုံခ်င္း မတူၾကေခ်။ စစ္သည္မ်ား ပို၍ စိတ္အား ထက္သန္ တက္ႂကြျခင္း၊ ဘုရင့္အရွိန္အဝါ ႀကီးမားျခင္း တို႔ေၾကာင့္ပင္ ျဖစ္ေပသည္။

တရားထိုင္ျခင္း ဟူသည္ မာရ္စစ္သည္မ်ားႏွင့္ တိုက္ပြဲဝင္ ေနရျခင္း ပင္တည္း။

ဤကဲ့သို႔ စြန႔္လႉ အပ္ႏွင္း၍ မထားပါဘဲ ေတာစြန္ စုံျပား ေနရာမ်ားသို႔ သြားေရာက္၍ တရားရႈပြားသည္ ရွိေသာ္ တစုံတစ္ခုေသာ ေၾကာက္ရြံ့ ထိတ္လန႔္ဖြယ္ အေႏွာင့္အယွက္ အန ၱရာယ္ အာ႐ုံနိမိတ္မ်ား ေတြ႕ၾကဳံ ထင္ျမင္လာလၽွင္ ေယာဂီသည္ ႀကံ့ႀကံ့ခိုင္ခိုင္ မခံရပ္ နိုင္ေတာ့၍ ရြာနီး ခ်ဳပ္စပ္သို႔ ကပ္ေရာက္ လာရကာ လူတို႔ႏွင့္ ေရာ၍ မလိုလား အပ္ေသာ အက်ိဳးမဲ့ ပ်က္စီးျခင္း ပ်က္စီးသြား နိုင္ေလသည္။

ဘုရားရွင္အား ခႏၶာကိုယ္ စြန႔္လႉ အပ္ႏွင္း ထားေသာ ေယာဂီမွာကား အကယ္၍ တစုံတရာ ေၾကာက္ရြံ့ ထိတ္လန႔္ဖြယ္ အေႏွာင့္အယွက္ အန ၱရာယ္ အာ႐ုံနိမိတ္မ်ား ေတြ႕ၾကဳံရ ေသာ္လည္း ေၾကာက္ရြံ့ ထိတ္လန႔္ျခင္း မျဖစ္ေတာ့ၿပီ။ မျဖစ္႐ုံသာမက–

“အသိဉာဏ္ ရွိေသာ အိုေယာဂီ…။ သင္သည္ သင္၏ ခႏၶာကိုယ္ႏွင့္ အသက္ကို ဘုရားရွင္အား ေရွးမဆြ ကပင္ ႏွင္းအပ္ စြန႔္လႉခဲ့ၿပီ မဟုတ္ပါလား” ဟု ဆင္ျခင္ လိုက္သည္ႏွင့္ တၿပိဳင္နက္၊ “တြင္းျပင္ ႏွစ္ျဖာ လြန္စြာ အန ၱရာယ္ မ်ားလွေသာငါ၏ ခႏၶာကိုယ္ႀကီးကို သင့္

လုံျခဳံရာ၌ သိမ္းဆည္းအပ္ႏွံ ထားခဲ့ရေပၿပီ” ဟု ဝမ္းေျမာက္ ဝမ္းသာ၍ပင္ ေနေတာ့သည္။

(ဝိသုဒၶိမဂ္၊ မဟာဋီကာ)ဖားေအာက္ေတာရဆရာေတာ္

Bhikkhu’s Dhamma