အနုပညာ လုပ်ရင်ကျ စိတ်မဝင်စား ကြပဲ ရည်းစား ထားတဲ့ ကိစ္စမှ အချိန်ကုန်ခံ ဝေဖန် သူတွေ ကို ဒဲ့ပြော လာတဲ့ အေသင်ချိုဆွေ

0
180

သရုပ်ဆောင် နဲ့ အဆို တော် အေသင်ချိုဆွေ ကတော့ တိုင်းသိပြည်သိ အနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့် ဟန်ဆောင်မှုတွေမရှိပဲ ပွင့်ပွင့်လင်းလင်း နေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ အေသင်ချိုဆွေက သူမရဲ့ Single Mom ဘဝဖြစ်တည်မှုကိုလည်း ပရိသတ်တွေကို ချပြ ထားသလို အခုလက်ရှိ သူမရဲ့ ဒုတိယမြောက်ရင်ခုန်သံနဲ့ ပတ်သက်ပြီးလည်း ပရိသတ်တွေကို ပွင့်လင်းစွာ ပြောလိုက်ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ဘဝရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဘာဖြစ်ဖြစ်မကောင်းပဲမြင်နေကြသူတွေကို အခုလိုပဲ ဒဲ့ပြော လာပါတယ်။

“ဪ လူတွေ လူတွေ ကိုယ်ကြိုးစားပမ်းစား လုပ်ထားတဲ့ အနုပညာ တွေဆို သောက်ဖတ်​လုပ်ပီး ဝေဖန်တာလည်းမရှိဘူး စိတ်လည်းမဝင်စားကြဘူး။ အိုင်ဗီ ၁၈ပြည့်မှ ယူမယ်ဆိုတဲ့ စကားကြမှတ်ထား လိုက်ကြတာ။ အံ့ဩစရာကြီး။ ကျွန်မသာ အဲ့လိုဉာဏ်တိမ်တဲ့ ဝေဖန်မှု အတင်းပြောမှုတွေ ကို အဖတ် လုပ်တတ်နေရင် single mom ကိစ္စကစလို့ အခု ရည်းစားထားတဲ့ ကိစ္စအဆုံး ဘာတခုမှ ပေါ်တင်မပြော တိတ်တိတ်လေးနေပြီး ဂျင်းထည့်နေလိုက်မှာပေါ့ အားလုံးကို။ ကျွန်မ လူဘိန်းကြိုက် မပြောတတ်ဘူး။ မှန်တာပဲ ပြောတတ်လို့ တချို့လူတွေအတွက် ကန့်လန့်ဖြစ်နေရင်လည်း မတတ်နိုင်ဘူး။ဆောရီး” ဆိုပြီး ပြောလာပါတယ်။

အေသင်ချို ဆွေကတော့ သူမဘဝကို အကောင်းဆုံး နဲ့ ယုံကြည်မှု ရှိရှိ လျှောက်လှမ်း နေသလို သူမရဲ့သမီးလေး Ivy အတွက်လည်း မိခင်ကောင်းတစ်ယောက် အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Athen Cho Swe’s fb

Credit – Cele Connections