ကျောက်ကပ်ကိုပျက်စီးစေနိုင်တာကြောင့် သတိထားစားသုံးရမယ့် အစားအစာ(၅)မျိုး

ကျောက်ကပ်ကိုပျက်စီးစေနိုင်တာကြောင့် သတိထားစားသုံးရမယ့် အစားအစာ(၅)မျိုး

ကျောက်ကပ်ဟာ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့အဆိပ်အတောက်တွေကို ဆီးအဖြစ်စွန့်ထုတ်ဖို့အတွက် လုပ်ဆောင်နေတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ကိုထိခိုက်စေတဲ့ဓာတ်တွေအများအပြားပါဝင်တာကြောင့် ဆင်ခြင်ပြီးစားသင့်တဲ့အစားအစာတွေကတော့ ဒါတွေပဲဖြစ်ပါတယ်။

(၁) ထောပတ်သီး

ထောပတ်သီးက အာဟာရကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ပိုတက်စီယမ်ပါဝင်မှုပမာဏများလွန်းတာကြောင့် တော်ရုံသင့်ရုံမဟုတ်ဘဲ အလွန်အကျွံစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေတဲ့အပြင် ကြွက်သားနာကျင်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေကိုပါဖြစ်စေပါတယ်။

(၂) အနီရောင်အသား

အနီရောင်အသားမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ချေဖျက်ဖို့ခက်တာကြောင့် အများအပြားစားလိုက်မယ်ဆိုရင် ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။

(၃) ဆား

ဆားပါဝင်မှုများတဲ့ သရေစာတွေ၊ အသင့်စားအစားအစာတွေက ကျောက်ကပ်မှာကျောက်တည်စေပါတယ်။ အေးခဲထားတဲ့ပီဇာ၊ အရသာမှုန့်နဲ့ အသင့်စားအာလူးကြော် စတဲ့အစားအစာတွေကို အထူးရှောင်သင့်ပါတယ်။

(၄) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားတာကြောင့် တစ်နေ့ကို နှစ်လုံးထက်ပိုမစားသင့်ပါဘူး။ တစ်နေ့ကို ငှက်ပျောသီးနှစ်လုံးထက် ပိုစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။

(၅) လိမ္မော်ရည်

လိမ္မောသီးက ဗီတာမင် စီ ကြွယ်ဝတဲ့အသီးဖြစ်ပေမယ့် လိမ္မော်သီးကိုလတ်လတ်ဆတ်ဆတ်ညှစ်ထားလို့ရလာတဲ့ လိမ္မော်ရည်ကတော့ ကျောက်ကပ်ကိုထိခိုက်စေပါတယ်။ ဒါကြောင့် အသီးဖျော်ရည်သောက်မယ်ဆို လိမ္မော်သီးကိုညှစ်ပြီးရလာတဲ့လိမ္မော်ရည်ကို မသောက်ပါနဲ့။ တခြားအသီးဖျော်ရည်တွေကိုပဲ သောက်ပါ။

written by PP

ေက်ာက္ကပ္ကိုပ်က္စီးေစနိုင္တာေၾကာင့္ သတိထားစားသုံးရမယ့္ အစားအစာ(၅)မ်ိဳး

ေက်ာက္ကပ္ဟာ ခႏၶာကိုယ္ကို ဒုကၡေပးနိုင္တဲ့အဆိပ္အေတာက္ေတြကို ဆီးအျဖစ္စြန္႕ထုတ္ဖို႕အတြက္ လုပ္ေဆာင္ေနတဲ့ ကိုယ္တြင္းအဂၤါတစ္ခုျဖစ္ပါတယ္။ ေက်ာက္ကပ္ကိုထိခိုက္ေစတဲ့ဓာတ္ေတြအမ်ားအျပားပါဝင္တာေၾကာင့္ ဆင္ျခင္ျပီးစားသင့္တဲ့အစားအစာေတြကေတာ့ ဒါေတြပဲျဖစ္ပါတယ္။

(၁) ေထာပတ္သီး

ေထာပတ္သီးက အာဟာရၾကြယ္ဝတဲ့အသီးတစ္မ်ိဳးျဖစ္ေပမယ့္ ပိုတက္စီယမ္ပါဝင္မႈပမာဏမ်ားလြန္းတာေၾကာင့္ ေတာ္ရံုသင့္ရံုမဟုတ္ဘဲ အလြန္အကြ်ံစားလိုက္ရင္ ေက်ာက္ကပ္ကိုထိခိုက္ေစတဲ့အျပင္ ၾကြက္သားနာက်င္ျခင္း၊ နွလံုးခုန္ျမန္ျခင္း စတာေတြကိုပါျဖစ္ေစပါတယ္။

(၂) အနီေရာင္အသား

အနီေရာင္အသားမွာပါဝင္တဲ့ ပရိုတင္းဓာတ္က ေခ်ဖ်က္ဖို႕ခက္တာေၾကာင့္ အမ်ားအျပားစားလိုက္မယ္ဆိုရင္ ေက်ာက္ကပ္မွာေက်ာက္တည္ေစနိုင္ပါတယ္။

(၃) ဆား

ဆားပါဝင္မႈမ်ားတဲ့ သေရစာေတြ၊ အသင့္စားအစားအစာေတြက ေက်ာက္ကပ္မွာေက်ာက္တည္ေစပါတယ္။ ေအးခဲထားတဲ့ပီဇာ၊ အရသာမႈန္႕နဲ႕ အသင့္စားအာလူးေၾကာ္ စတဲ့အစားအစာေတြကို အထူးေရွာင္သင့္ပါတယ္။

(၄) ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ပိုတက္စီယမ္ပါဝင္မႈျမင့္မားတာေၾကာင့္ တစ္ေန႕ကို နွစ္လံုးထက္ပိုမစားသင့္ပါဘူး။ တစ္ေန႕ကို ငွက္ေပ်ာသီးနွစ္လံုးထက္ ပိုစားလိုက္ရင္ ေက်ာက္ကပ္ကိုထိခိုက္ေစနိုင္ပါတယ္။

(၅) လိေမၼာ္ရည္

လိေမၼာသီးက ဗီတာမင္ စီ ၾကြယ္ဝတဲ့အသီးျဖစ္ေပမယ့္ လိေမၼာ္သီးကိုလတ္လတ္ဆတ္ဆတ္ညွစ္ထားလို႕ရလာတဲ့ လိေမၼာ္ရည္ကေတာ့ ေက်ာက္ကပ္ကိုထိခိုက္ေစပါတယ္။ ဒါေၾကာင့္ အသီးေဖ်ာ္ရည္ေသာက္မယ္ဆို လိေမၼာ္သီးကိုညွစ္ျပီးရလာတဲ့လိေမၼာ္ရည္ကို မေသာက္ပါနဲ႕။ တျခားအသီးေဖ်ာ္ရည္ေတြကိုပဲ ေသာက္ပါ။

written by PP