သူငယ်ပြန်ခြင်းအတွက် တရားရေအေး

သူငယ်ပြန်ခြင်းအတွက် တရားရေအေး

သူငယ်မပြန်ရ လေအောင်

ခြောက်ဆယ်ကျော်ပြီ ဆိုကတည်းက ဇရာရဲ့ အရိပ်အယောင်တွေ ပိုတွေ့လာကြရပြီ ။ ဆံပင်တွေကတော့ ဖြူတာကြာပါပြီ ။ရှေးတုန်းက ဘုရင်တစ်ပါးလို ဆံပင်ဖြူတစ်ချောင်းတွေ့လို့ သံဝေဂရပြီး တောထွက်မယ်ဆိုရင်တော့ တောတွင်းသားဖြစ်တာ ကြာလှရောပေါ့ ။

ဒါပေမဲ့ သံဝေဂယူမဲ့အစား ဆံပင်နက်ဆေးလေးဆိုး၊ အဆင်နုနုလေးတွေဝတ်ပြီး ”မအိုသေးတဲ့လူ.. လူပျိုလေးနဲ့တူ” ဆိုပြီး ဇရာကို လှည့်စားခဲ့တာပါပဲလေ ။

အခုတော့ ဆံပင်တင်မက မျက်ခုံးမွှေးတွေပါ ဖြူလာပြီ ။ ဇရာကို လိမ်ဖို့ခက်လာပြီ ။ မျက်ခုံးမွှေးဆိုတာ ဆေးဆိုးလို့မှ မရပဲလေ ။ ဆိုးရင်တော့ အမျိုးသမီးတွေ မျက်ခုံးမွှေးဆွဲထားသလို ဖြစ်သွားမှာပါပဲ ။

လူကလည်း အားအင်ဆုတ်ယုတ်လို့ ချည့်နဲ့နဲ့ ဖြစ်လာပြီ ။ စိတ်သွားတိုင်း ကိုယ်မပါတော့ ။ အိုမင်းမစွမ်းဆိုတာ အိုလာရင် မင်းမစွမ်းတော့ဘူးလို့ ဆိုလိုမှန်း သိလာပြီ ။

ဇရာရဲ့ အပေါ်ယံသွင်ပြင် လက္ခဏာတွေကို ဘယ်လိုပဲ ဖုံးကွယ် ဖုံးကွယ် ၊ ပြုပြင် ပြုပြင် ဇရာဆိုတဲ့ အိုမင်းခြင်းဟာ ဇီဝကမ္မဗေဒဆိုင်ရာ ပြောင်းလဲမှုတစ်ခုဆိုတော့ မလွဲမသွေ ရောက်လာမှာပါပဲ ။

ဇာတိ ဇရာ မရဏ ဆိုတာ လောကဓမ္မတာ မဟုတ်လား ။ ဘုရား ရဟန္တာတောင် ရှောင်လွှဲလို့ မရဘူးလေ ။ဒီတော့ ကိုယ်လည်း အိုရမှာ အသေအချာပဲပေါ့ ။ ဒါ ကြောင့် ဇရာကို ရှောင်ပုန်းနေမဲ့အစား ရင်ဆိုင်ဖို့ ပြင်ဆင်တာက အကောင်းဆုံးပါပဲ ။

ဇရာအိုပေမဲ့လည်း နေညိုချိန်မှာ တင့်တင့်တယ်တယ် နေနိုင်ဖို့ ၊ ဇရာဒုဗ္ဗလအရွယ်မှာ စိတ်ရှင်သန် လန်းဆန်းနေဖို့ ငါအိုပြီဆိုတာကို မှန်မှန်ကန်ကန် လက်ခံနိုင်ဖို့လိုပါတယ် ။

အမတ်တွေ အလျော့ပေး မြှောက်ပေးတာကို အဟုတ်မှတ်သွားတဲ့ အလောင်းစည်သူမင်းကြီးလို လက်ရုံးတော်ဆန့်တန်းပြီး ”…ငါမအိုသေး ”လို့ ကြုံးဝါးနေလို့ မဖြစ်ပါဘူး ။ လက်ပျဉ်းတော်တွဲကျနေတာကို ကြည့်ကြပြီး ရယ်ခိုးဖွဲ့ ခံရမှာပါပဲ ။

ရှိခဲ့တဲ့ အခွင့်အာဏာကို မစွန့်ချင်လို့ သားသမီးတွေကို ဟိုလူ့မာန် ဒီလူ့မဲ လုပ်နေရင် ၊ ရွှေထီးဆောင်းခဲ့တဲ့ အတိတ်အကြောင်းတွေကိုပဲ ထပ်တလဲလဲ ပြောနေရင် ၊ ဘယ်ပြဿနာမျိုးမဆို ကိုယ်သာဖြေရှင်းနိုင်တယ်လို့ စိတ်ကြီးဝင်နေရင်တော့ လူတွေနဲ့ ပဋိပက္ခဖြစ်ပြီး ကိုယ့်ကို ဝေးဝေးရှောင်ကြမှာပါပဲ ။

အထီးကျန်ဖြစ်ခြင်းဆိုတဲ့ ဇရာရဲ့ အကြီးဆုံး ဒုက္ခကို ရင်ဆိုင်သွားရနိုင်ပါတယ် ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ဗဟိုပြုမနေမှ ၊ နေရာတိုင်း ဝင်ပါပြီး သြဇာပေးတာတွေကို ဆင်ခြင်မှ လူတွေနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်ပြီး အထီးကျန်ဒုက္ခက လွတ်ကင်းမှာပါ ။

ပြီးတော့ လူတွေကြားထဲ ထင်ထင်ပေါ်ပေါ် ဖြစ်အောင် ကြိုးစားနေမဲ့အစား တစ်ဦးတည်း ငြိမ်းငြိမ်းချမ်းချမ်း နေရတဲ့ အရသာကို သဘောကျတတ်ဖို့လည်း လိုပါတယ် ။အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးမှာ ကိုယ်နှစ်သက်တဲ့ စာလေး အေးအေးဆေးဆေးဖတ်ရင်း ၊ စာလေးရေးရင်းနဲ့ပေါ့ ။

ကဗျာတို့ ၊ စာပေ ဂီတတို့မှာ စိတ်ဝင်စားတတ်ရင်တော့ အကောင်းဆုံးပါပဲ။ စာပေနဲ့ဂီတက ဇရာကြောင့် အိုမင်းရွတ်တွ အကျည်းတန်နေတဲ့ လက်ရှိကမ္ဘာကနေ သာယာဆန်းကြယ်တဲ့ ကမ္ဘာသစ်ဆီကို ခေါ်ဆောင်သွားနိုင်သတဲ့ ။

ဇရာမှာ ကြောက်စရာအကောင်းဆုံးကတော့ သတိမေ့လျော့လာတာပါပဲ ။ ငယ်ငယ်က ဉာဏ်ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့ အခုတော့ ဟိုမေ့ဒီမေ့ ဖြစ်စပြုနေပြီ ။

ဇရာရဲ့ ဒဏ်ချက်ကြောင့် ဦးနှောက်ကလပ်စည်းတွေ ယိုယွင်းပျက်စီးစ ပြုလာပြီ မဟုတ်လား ။ ပြုပြင်ထိန်းသိမ်းမှု မရှိရင်တော့ သူငယ်ပြန်တာမျိုး ဖြစ်သွားနိုင်ပါတယ် ။

တချို့ သက်ကြီးရွယ်အိုကြီးတွေ အဓိပ္ပါယ်မဲ့ စကားတွေကို အရှက်အကြောက်မရှိ ပရမ်းပတာ ပြောလိုပြော ၊ မတော်မလျော်တွေ ဝတ်စားလိုဝတ်စားနဲ့ ဖြစ်လာရင် သူငယ်ပြန်ပြီဆိုပြီး လူတွေကဲ့ရဲ့တတ်ကြပါတယ် ။

တချို့ကတော့ စားပြီးသားကို မေ့လျော့သွားပြီး မစားရသေးဘူး ပြောရုံ ၊ ပြောပြီးသား စကားတွေကို ထပ်တလဲလဲ ပြောရုံလောက် သိမ်သိမ်မွေ့မွေ့ သူငယ်ပြန်ပေမဲ့ တချို့ကျတော့ ကလေးတွေနဲ့ ရောနှောပြီး အိုးပုတ် ချိုးရုပ်တွေနဲ့ ကစားလိုကစား ၊ အလိုမပြည့်တဲ့အခါမျိုးမှာ ကလေးလိုပဲ ခြေဆင်းလူးလှိမ့်ငိုယိုနဲ့ မြင်ရတာကိုက ရွံစရာကြီးပါ ။

မတော်မလျော်တွေပါ လုပ်မယ် ပြောမယ်ဆိုရင်တော့ ပိုဆိုးတော့တာပေါ့ ။

သူငယ်ပြန်တာ အလွန်အကျွံဖြစ်လာတဲ့ သူများဆိုရင် သားတွေ ၊ သမီးတွေကိုလည်း မမှတ်မိတော့ဘူးတဲ့ ။ အလေး. အပေါ့ စွန့်လို့စွန့်မိမှန်းလည်းမသိတော့ဘူးတဲ့ ။အတူနေသူ သားသမီးများအတွက် အတော့်ကို ဒုက္ခများစေမှာပါပဲ ။

သူငယ်ပြန်တယ်လို့ ယဉ်ယဉ်ကျေးကျေး ပြောကြပေမဲ့ တကယ်တော့ ရူးသွပ်ခြင်း တစ်မျိုးပါပဲ ။ အသက်ကြီးပြီး အိုမင်းရင့်ရော်လာလို့ နာဗ်ကြော အာရုံကြောတွေ ပျက်စီးလာတဲ့အတွက် နာမ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်လာတာကြောင့်ပါ ။ ဆေးဝါးတွေနဲ့လည်း ကုလို့မရပါဘူး ။

သူငယ်ပြန်တယ်ဆိုတာ အလွန်ရှက်စရာ ကြောက်စရာ ကောင်းပါတယ် ။ ဒါကြောင့် သူငယ်ပြန်တဲ့ အဖြစ်ဆိုးနဲ့ ကင်းဝေးအောင် ကြိုတင်ပြင်ဆင်ထားရမှာပါပဲ ။

ငယ်စဉ်တုန်းက မူးယစ်ဆေးဝါး အရက်သေစာ မှီဝဲခဲ့လို့ရှိရင် အိုမင်းမစွမ်းဖြစ်လာတဲ့အခါ သူငယ်ပြန်တတ်သတဲ့ ။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ လေ့လာပွားများမှု မရှိရင်လည်း သူငယ်ပြန်တတ်သတဲ့ ။

ဒါကြောင့် ကြိုတင်ပြီး ရှောင်စရာရှိတာရှောင် ၊ ဆောင်စရာရှိတာဆောင်ဖို့ လိုပါတယ် ။

”သတိပဋ္ဌာန်တရား ပွားများလျှင် သတိမေ့လျော့ခြင်း ၊ သူငယ်ပြန်ခြင်း မဖြစ်နိုင် ” လို့ အမရပူရမြို့ ၊ မဟာဂန္ဓာရုံဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသက မိန့်ကြားခဲ့ဖူးပါတယ် ။

သူငယ်ပြန်တယ်ဆိုတာ လူ့လောကမှာ ရှက်စရာ ရွံရှာစရာတင်မကပါဘူး နောက်ဆုံး ဘဝတုံးတဲ့အထိ တွေတွေဝေဝေနဲ့ ဇာတ်သိမ်းသွားတတ်ပါတယ် ။

ကုသိုလ်ကောင်းမှုလည်း လုပ်ဖို့ မလွယ်တော့ပါဘူး ။ တွေဝေမိန်းမောပြီး သေမှာဆိုတော့ ကောင်းရာသုဂတိရောက်နိုင်ဖို့လည်း မရှိတော့ပါဘူး ။ အပါယ်ဒုဂ္ဂတိသာ ရောက်ရတော့မှာပါ ။ တွေးကြည့်ရင် ကြောက်စရာပါပဲ ။

ဒါကြောင့် သတိမေ့လျော့ခြင်းကို အခြေခံတဲ့ သူငယ်ပြန်တာမျိုး မဖြစ်စေဖို့ သတိအားကောင်းအောင် ၊ ခိုင်မြဲအောင် ထူထောင်တဲ့ သတိပဋ္ဌာန်တရားကို ကြိုးစားအားထုတ်နေဖို့ လိုပါတယ် ။

သတိပဋ္ဌာန်တရား အားထုတ်လို့ သတိမြဲမြံနေတဲ့ သူမျိုးမှာ ဘယ်တော့မှ သူငယ်မပြန်ပါဘူး ။ သေခါနီး အချိန်မျိုးမှာတောင် သတိမလွတ်တဲ့အတွက် အလိုရှိရာကို အာရုံပြုထားနိုင်ပါတယ် ။ သုဂတိကောင်းရာဘုံကို ရောက်စေနိုင်ပါတယ် ။

သတိနဲ့ တရားရှုမှတ်ရင်း စုတိစိတ်ကျသွားရင်တော့ ” အနာတဂေ ပစ္စယော ဘဝဿတိ ” လို့ဆိုတဲ့အတိုင်း နောက်ဘဝမှာ နတ်သားအဖြစ်နဲ့ မဂ်ဖိုလ်ရနိုင်ပါတယ် ။

တွေဝေမိန်းမောပြီး သေတာမျိုးမဟုတ်လို့ ဝိနိပါတဘေးသင့်ပြီး ကျချင်ရာကျ ရောက်ချင်ရာ ရောက်သွားတာမျိုး မဖြစ်တော့ပါဘူး ။

တကယ်တော့ သတိပဋ္ဌာန်တရားဟာ သူငယ်ပြန်တာ မဖြစ်စေရုံတင် မကပါဘူး ၊ လူတွေမှာရှိတဲ့ လောဘ ၊ ဒေါသ ၊ မောဟ ကိလေသာ စိတ်အညစ်အကြေးတွေ ၊ ပရိဒေဝ သောကမီးတွေ ငြိမ်းသတ်ပေးနိူုင်တဲ့ ကျင့်စဉ်တစ်ခုပါ ။ သံသရာ ဆင်းရဲ ဒုက္ခတွေက ကင်းလွတ်စေဖို့ ဘုရားရှင်က မဟာကရုဏာတော်နဲ့ ပေးသနားခဲ့တဲ့ ဆေးတစ်ခွက်ပါ ။

ဒီဆေးသောက်လိုက်လို့ ကိုယ့်သန္တာန်မှာရှိတဲ့ လောဘ ဒေါသ မောဟ မာန ကိလေသာတွေ အညစ်အကြေးတွေ ပျောက်ကွယ်သွားရင် အဲဒီနေရာမှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာစတဲ့ ဗြဟ္မစိုရ်တရားတွေ အစားဝင်လာပါလိမ့်မယ် ။

စိတ်ရှည်သူ ၊ ကိုယ်ချင်းစာတရားရှိသူ ၊ မေတ္တာ ဓာတ်ရှိသူ ၊ သိမ်မွေ့ပြီး စိတ်နှလုံးတည်ကြည် ဖြောင့်မတ်သူ ၊ မာန်မာန ကင်းရှင်းတဲ့ မောက်မာခြင်းကင်းတဲ့သူ တစ်ယောက် ဖြစ်လာပါလိမ့်မယ် ။ ဒီလိုလူမျိုးကိုတော့ လူတိုင်း ချစ်ခင် နှစ်သက်ကြမှာပါပဲ ။

ဒါဆိုရင်တော့ ကိုယ့်မိသားစု ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမဲ့ အထီးကျန်နေတဲ့ လူအိုကြီးတစ်ယောက် မဟုတ်တော့ဘဲ အားကိုးတိုင်ပင်စရာ အဖိုးတန် အဘိုးကြီး အဘွားကြီးတစ်ယောက် ဖြစ်လာနိုင်ပါလိမ့်မယ် ။

ဒါကြောင့် ကိုယ်ခန္ဓာကိုရော နှလုံးသားကိုပါ အကျိုးပြုတဲ့ သတိပဋ္ဌာန်ကျင့်စဉ် ဝိပဿနာတရားကိုပဲ နောက်ဆုံးထွက်သက်အထိ ဖက်တွယ်ထားဖို့ တိုက်တွန်းချင်ပါတယ် ။

ကျွန်တော့်ရဲ့ ပဥ္စမမြောက် ” ဉာဏ်လမ်းပေါ် လျှောက်လျှင် ဉာဏ်ပါမှ ” စာအုပ်ပါ ဆောင်းပါးလေးပါ ။

မေတ္တာဖြင့်………

ထင်ကျော် (စက်မှုတက္ကသိုလ်)

သူငယ္ျပန္ျခင္းအတြက္ တရားေရေအး

သူငယ္မျပန္ရ ေလေအာင္

ေျခာက္ဆယ္ေက်ာ္ၿပီ ဆိုကတည္းက ဇရာရဲ့ အရိပ္အေယာင္ေတြ ပိုေတြ႕လာၾကရၿပီ ။ ဆံပင္ေတြကေတာ့ ျဖဴတာၾကာပါၿပီ ။ေရွးတုန္းက ဘုရင္တစ္ပါးလို ဆံပင္ျဖဴတစ္ေခ်ာင္းေတြ႕လို႔ သံေဝဂရၿပီး ေတာထြက္မယ္ဆိုရင္ေတာ့ ေတာတြင္းသားျဖစ္တာ ၾကာလွေရာေပါ့ ။

ဒါေပမဲ့ သံေဝဂယူမဲ့အစား ဆံပင္နက္ေဆးေလးဆိုး၊ အဆင္ႏုႏုေလးေတြဝတ္ၿပီး ”မအိုေသးတဲ့လူ.. လူပ်ိဳေလးနဲ႔တူ” ဆိုၿပီး ဇရာကို လွည့္စားခဲ့တာပါပဲေလ ။

အခုေတာ့ ဆံပင္တင္မက မ်က္ခုံးေမႊးေတြပါ ျဖဴလာၿပီ ။ ဇရာကို လိမ္ဖို႔ခက္လာၿပီ ။ မ်က္ခုံးေမႊးဆိုတာ ေဆးဆိုးလို႔မွ မရပဲေလ ။ ဆိုးရင္ေတာ့ အမ်ိဳးသမီးေတြ မ်က္ခုံးေမႊးဆြဲထားသလို ျဖစ္သြားမွာပါပဲ ။

လူကလည္း အားအင္ဆုတ္ယုတ္လို႔ ခ်ည့္နဲ႔နဲ႔ ျဖစ္လာၿပီ ။ စိတ္သြားတိုင္း ကိုယ္မပါေတာ့ ။ အိုမင္းမစြမ္းဆိုတာ အိုလာရင္ မင္းမစြမ္းေတာ့ဘူးလို႔ ဆိုလိုမွန္း သိလာၿပီ ။

ဇရာရဲ့ အေပၚယံသြင္ျပင္ လကၡဏာေတြကို ဘယ္လိုပဲ ဖုံးကြယ္ ဖုံးကြယ္ ၊ ျပဳျပင္ ျပဳျပင္ ဇရာဆိုတဲ့ အိုမင္းျခင္းဟာ ဇီဝကမၼေဗဒဆိုင္ရာ ေျပာင္းလဲမႈတစ္ခုဆိုေတာ့ မလြဲမေသြ ေရာက္လာမွာပါပဲ ။

ဇာတိ ဇရာ မရဏ ဆိုတာ ေလာကဓမၼတာ မဟုတ္လား ။ ဘုရား ရဟႏၲာေတာင္ ေရွာင္လႊဲလို႔ မရဘူးေလ ။ဒီေတာ့ ကိုယ္လည္း အိုရမွာ အေသအခ်ာပဲေပါ့ ။ ဒါ ေၾကာင့္ ဇရာကို ေရွာင္ပုန္းေနမဲ့အစား ရင္ဆိုင္ဖို႔ ျပင္ဆင္တာက အေကာင္းဆုံးပါပဲ ။

ဇရာအိုေပမဲ့လည္း ေနညိဳခ်ိန္မွာ တင့္တင့္တယ္တယ္ ေနနိုင္ဖို႔ ၊ ဇရာဒုဗၺလအရြယ္မွာ စိတ္ရွင္သန္ လန္းဆန္းေနဖို႔ ငါအိုၿပီဆိုတာကို မွန္မွန္ကန္ကန္ လက္ခံနိုင္ဖို႔လိုပါတယ္ ။

အမတ္ေတြ အေလ်ာ့ေပး ေျမႇာက္ေပးတာကို အဟုတ္မွတ္သြားတဲ့ အေလာင္းစည္သူမင္းႀကီးလို လက္႐ုံးေတာ္ဆန႔္တန္းၿပီး ”…ငါမအိုေသး ”လို႔ ၾကဳံးဝါးေနလို႔ မျဖစ္ပါဘူး ။ လက္ပ်ဥ္းေတာ္တြဲက်ေနတာကို ၾကည့္ၾကၿပီး ရယ္ခိုးဖြဲ႕ ခံရမွာပါပဲ ။

ရွိခဲ့တဲ့ အခြင့္အာဏာကို မစြန႔္ခ်င္လို႔ သားသမီးေတြကို ဟိုလူ႔မာန္ ဒီလူ႔မဲ လုပ္ေနရင္ ၊ ေရႊထီးေဆာင္းခဲ့တဲ့ အတိတ္အေၾကာင္းေတြကိုပဲ ထပ္တလဲလဲ ေျပာေနရင္ ၊ ဘယ္ျပႆနာမ်ိဳးမဆို ကိုယ္သာေျဖရွင္းနိုင္တယ္လို႔ စိတ္ႀကီးဝင္ေနရင္ေတာ့ လူေတြနဲ႔ ပဋိပကၡျဖစ္ၿပီး ကိုယ့္ကို ေဝးေဝးေရွာင္ၾကမွာပါပဲ ။

အထီးက်န္ျဖစ္ျခင္းဆိုတဲ့ ဇရာရဲ့ အႀကီးဆုံး ဒုကၡကို ရင္ဆိုင္သြားရနိုင္ပါတယ္ ။ ဒီေတာ့ ကိုယ့္ကိုယ္ကိုယ္ပဲ ဗဟိုျပဳမေနမွ ၊ ေနရာတိုင္း ဝင္ပါၿပီး ၾသဇာေပးတာေတြကို ဆင္ျခင္မွ လူေတြနဲ႔ အဆင္ေျပေၿပ ဆက္ဆံနိုင္ၿပီး အထီးက်န္ဒုကၡက လြတ္ကင္းမွာပါ ။

ၿပီးေတာ့ လူေတြၾကားထဲ ထင္ထင္ေပၚေပၚ ျဖစ္ေအာင္ ႀကိဳးစားေနမဲ့အစား တစ္ဦးတည္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနရတဲ့ အရသာကို သေဘာက်တတ္ဖို႔လည္း လိုပါတယ္ ။ေအးခ်မ္းဆိတ္ၿငိမ္တဲ့ ေနရာေလးမွာ ကိုယ္ႏွစ္သက္တဲ့ စာေလး ေအးေအးေဆးေဆးဖတ္ရင္း ၊ စာေလးေရးရင္းနဲ႔ေပါ့ ။

ကဗ်ာတို႔ ၊ စာေပ ဂီတတို႔မွာ စိတ္ဝင္စားတတ္ရင္ေတာ့ အေကာင္းဆုံးပါပဲ။ စာေပနဲ႔ဂီတက ဇရာေၾကာင့္ အိုမင္းရြတ္တြ အက်ည္းတန္ေနတဲ့ လက္ရွိကမၻာကေန သာယာဆန္းၾကယ္တဲ့ ကမၻာသစ္ဆီကို ေခၚေဆာင္သြားနိုင္သတဲ့ ။

ဇရာမွာ ေၾကာက္စရာအေကာင္းဆုံးကေတာ့ သတိေမ့ေလ်ာ့လာတာပါပဲ ။ ငယ္ငယ္က ဉာဏ္ဘယ္ေလာက္ပဲ ေကာင္းခဲ့ ေကာင္းခဲ့ အခုေတာ့ ဟိုေမ့ဒီေမ့ ျဖစ္စျပဳေနၿပီ ။

ဇရာရဲ့ ဒဏ္ခ်က္ေၾကာင့္ ဦးေႏွာက္ကလပ္စည္းေတြ ယိုယြင္းပ်က္စီးစ ျပဳလာၿပီ မဟုတ္လား ။ ျပဳျပင္ထိန္းသိမ္းမႈ မရွိရင္ေတာ့ သူငယ္ျပန္တာမ်ိဳး ျဖစ္သြားနိုင္ပါတယ္ ။

တခ်ိဳ႕ သက္ႀကီးရြယ္အိုႀကီးေတြ အဓိပၸါယ္မဲ့ စကားေတြကို အရွက္အေၾကာက္မရွိ ပရမ္းပတာ ေျပာလိုေျပာ ၊ မေတာ္မေလ်ာ္ေတြ ဝတ္စားလိုဝတ္စားနဲ႔ ျဖစ္လာရင္ သူငယ္ျပန္ၿပီဆိုၿပီး လူေတြကဲ့ရဲ့တတ္ၾကပါတယ္ ။

တခ်ိဳ႕ကေတာ့ စားၿပီးသားကို ေမ့ေလ်ာ့သြားၿပီး မစားရေသးဘူး ေျပာ႐ုံ ၊ ေျပာၿပီးသား စကားေတြကို ထပ္တလဲလဲ ေျပာ႐ုံေလာက္ သိမ္သိမ္ေမြ႕ေမြ႕ သူငယ္ျပန္ေပမဲ့ တခ်ိဳ႕က်ေတာ့ ကေလးေတြနဲ႔ ေရာေႏွာၿပီး အိုးပုတ္ ခ်ိဳး႐ုပ္ေတြနဲ႔ ကစားလိုကစား ၊ အလိုမျပည့္တဲ့အခါမ်ိဳးမွာ ကေလးလိုပဲ ေျခဆင္းလူးလွိမ့္ငိုယိုနဲ႔ ျမင္ရတာကိုက ရြံစရာႀကီးပါ ။

မေတာ္မေလ်ာ္ေတြပါ လုပ္မယ္ ေျပာမယ္ဆိုရင္ေတာ့ ပိုဆိုးေတာ့တာေပါ့ ။

သူငယ္ျပန္တာ အလြန္အကၽြံျဖစ္လာတဲ့ သူမ်ားဆိုရင္ သားေတြ ၊ သမီးေတြကိုလည္း မမွတ္မိေတာ့ဘူးတဲ့ ။ အေလး. အေပါ့ စြန႔္လို႔စြန႔္မိမွန္းလည္းမသိေတာ့ဘူးတဲ့ ။အတူေနသူ သားသမီးမ်ားအတြက္ အေတာ့္ကို ဒုကၡမ်ားေစမွာပါပဲ ။

သူငယ္ျပန္တယ္လို႔ ယဥ္ယဥ္ေက်းေက်း ေျပာၾကေပမဲ့ တကယ္ေတာ့ ႐ူးသြပ္ျခင္း တစ္မ်ိဳးပါပဲ ။ အသက္ႀကီးၿပီး အိုမင္းရင့္ေရာ္လာလို႔ နာဗ္ေၾကာ အာ႐ုံေၾကာေတြ ပ်က္စီးလာတဲ့အတြက္ နာမ္ပိုင္းဆိုင္ရာ ခၽြတ္ယြင္းမႈ ျဖစ္လာတာေၾကာင့္ပါ ။ ေဆးဝါးေတြနဲ႔လည္း ကုလို႔မရပါဘူး ။

သူငယ္ျပန္တယ္ဆိုတာ အလြန္ရွက္စရာ ေၾကာက္စရာ ေကာင္းပါတယ္ ။ ဒါေၾကာင့္ သူငယ္ျပန္တဲ့ အျဖစ္ဆိုးနဲ႔ ကင္းေဝးေအာင္ ႀကိဳတင္ျပင္ဆင္ထားရမွာပါပဲ ။

ငယ္စဥ္တုန္းက မူးယစ္ေဆးဝါး အရက္ေသစာ မွီဝဲခဲ့လို႔ရွိရင္ အိုမင္းမစြမ္းျဖစ္လာတဲ့အခါ သူငယ္ျပန္တတ္သတဲ့ ။ ေနာက္ၿပီး စိတ္ပိုင္းဆိုင္ရာ ေလ့လာပြားမ်ားမႈ မရွိရင္လည္း သူငယ္ျပန္တတ္သတဲ့ ။

ဒါေၾကာင့္ ႀကိဳတင္ၿပီး ေရွာင္စရာရွိတာေရွာင္ ၊ ေဆာင္စရာရွိတာေဆာင္ဖို႔ လိုပါတယ္ ။

”သတိပ႒ာန္တရား ပြားမ်ားလၽွင္ သတိေမ့ေလ်ာ့ျခင္း ၊ သူငယ္ျပန္ျခင္း မျဖစ္နိုင္ ” လို႔ အမရပူရၿမိဳ႕ ၊ မဟာဂႏၶာ႐ုံဆရာေတာ္ အဂၢမဟာပ႑ိတ အရွင္ဇနကာဘိဝံသက မိန႔္ၾကားခဲ့ဖူးပါတယ္ ။

သူငယ္ျပန္တယ္ဆိုတာ လူ႔ေလာကမွာ ရွက္စရာ ရြံရွာစရာတင္မကပါဘူး ေနာက္ဆုံး ဘဝတုံးတဲ့အထိ ေတြေတြေဝေဝနဲ႔ ဇာတ္သိမ္းသြားတတ္ပါတယ္ ။

ကုသိုလ္ေကာင္းမႈလည္း လုပ္ဖို႔ မလြယ္ေတာ့ပါဘူး ။ ေတြေဝမိန္းေမာၿပီး ေသမွာဆိုေတာ့ ေကာင္းရာသုဂတိေရာက္နိုင္ဖို႔လည္း မရွိေတာ့ပါဘူး ။ အပါယ္ဒုဂၢတိသာ ေရာက္ရေတာ့မွာပါ ။ ေတြးၾကည့္ရင္ ေၾကာက္စရာပါပဲ ။

ဒါေၾကာင့္ သတိေမ့ေလ်ာ့ျခင္းကို အေျခခံတဲ့ သူငယ္ျပန္တာမ်ိဳး မျဖစ္ေစဖို႔ သတိအားေကာင္းေအာင္ ၊ ခိုင္ျမဲေအာင္ ထူေထာင္တဲ့ သတိပ႒ာန္တရားကို ႀကိဳးစားအားထုတ္ေနဖို႔ လိုပါတယ္ ။

သတိပ႒ာန္တရား အားထုတ္လို႔ သတိျမဲၿမံေနတဲ့ သူမ်ိဳးမွာ ဘယ္ေတာ့မွ သူငယ္မျပန္ပါဘူး ။ ေသခါနီး အခ်ိန္မ်ိဳးမွာေတာင္ သတိမလြတ္တဲ့အတြက္ အလိုရွိရာကို အာ႐ုံျပဳထားနိုင္ပါတယ္ ။ သုဂတိေကာင္းရာဘုံကို ေရာက္ေစနိုင္ပါတယ္ ။

သတိနဲ႔ တရားရႈမွတ္ရင္း စုတိစိတ္က်သြားရင္ေတာ့ ” အနာတေဂ ပစၥေယာ ဘဝႆတိ ” လို႔ဆိုတဲ့အတိုင္း ေနာက္ဘဝမွာ နတ္သားအျဖစ္နဲ႔ မဂ္ဖိုလ္ရနိုင္ပါတယ္ ။

ေတြေဝမိန္းေမာၿပီး ေသတာမ်ိဳးမဟုတ္လို႔ ဝိနိပါတေဘးသင့္ၿပီး က်ခ်င္ရာက် ေရာက္ခ်င္ရာ ေရာက္သြားတာမ်ိဳး မျဖစ္ေတာ့ပါဘူး ။

တကယ္ေတာ့ သတိပ႒ာန္တရားဟာ သူငယ္ျပန္တာ မျဖစ္ေစ႐ုံတင္ မကပါဘူး ၊ လူေတြမွာရွိတဲ့ ေလာဘ ၊ ေဒါသ ၊ ေမာဟ ကိေလသာ စိတ္အညစ္အေၾကးေတြ ၊ ပရိေဒဝ ေသာကမီးေတြ ၿငိမ္းသတ္ေပးနိူုင္တဲ့ က်င့္စဥ္တစ္ခုပါ ။ သံသရာ ဆင္းရဲ ဒုကၡေတြက ကင္းလြတ္ေစဖို႔ ဘုရားရွင္က မဟာက႐ုဏာေတာ္နဲ႔ ေပးသနားခဲ့တဲ့ ေဆးတစ္ခြက္ပါ ။

ဒီေဆးေသာက္လိုက္လို႔ ကိုယ့္သႏၲာန္မွာရွိတဲ့ ေလာဘ ေဒါသ ေမာဟ မာန ကိေလသာေတြ အညစ္အေၾကးေတြ ေပ်ာက္ကြယ္သြားရင္ အဲဒီေနရာမွာ ေမတၱာ က႐ုဏာ မုဒိတာ ဥေပကၡာစတဲ့ ျဗဟၼစိုရ္တရားေတြ အစားဝင္လာပါလိမ့္မယ္ ။

စိတ္ရွည္သူ ၊ ကိုယ္ခ်င္းစာတရားရွိသူ ၊ ေမတၱာ ဓာတ္ရွိသူ ၊ သိမ္ေမြ႕ၿပီး စိတ္ႏွလုံးတည္ၾကည္ ေျဖာင့္မတ္သူ ၊ မာန္မာန ကင္းရွင္းတဲ့ ေမာက္မာျခင္းကင္းတဲ့သူ တစ္ေယာက္ ျဖစ္လာပါလိမ့္မယ္ ။ ဒီလိုလူမ်ိဳးကိုေတာ့ လူတိုင္း ခ်စ္ခင္ ႏွစ္သက္ၾကမွာပါပဲ ။

ဒါဆိုရင္ေတာ့ ကိုယ့္မိသားစု ကို ဝန္ထုပ္ဝန္ပိုး ျဖစ္ေစမဲ့ အထီးက်န္ေနတဲ့ လူအိုႀကီးတစ္ေယာက္ မဟုတ္ေတာ့ဘဲ အားကိုးတိုင္ပင္စရာ အဖိုးတန္ အဘိုးႀကီး အဘြားႀကီးတစ္ေယာက္ ျဖစ္လာနိုင္ပါလိမ့္မယ္ ။

ဒါေၾကာင့္ ကိုယ္ခႏၶာကိုေရာ ႏွလုံးသားကိုပါ အက်ိဳးျပဳတဲ့ သတိပ႒ာန္က်င့္စဥ္ ဝိပႆနာတရားကိုပဲ ေနာက္ဆုံးထြက္သက္အထိ ဖက္တြယ္ထားဖို႔ တိုက္တြန္းခ်င္ပါတယ္ ။

ကၽြန္ေတာ့္ရဲ့ ပဥၥမေျမာက္ ” ဉာဏ္လမ္းေပၚ ေလၽွာက္လၽွင္ ဉာဏ္ပါမွ ” စာအုပ္ပါ ေဆာင္းပါးေလးပါ ။

ေမတၱာျဖင့္………

ထင္ေက်ာ္ (စက္မႈတကၠသိုလ္)