သရက်သီီးအစေး၏အန္တရာယ်
သရက်သီီးအစေး၏အန္တရာယ််
သရက်သီးအစေးက အန္တရာယ်ပေးတတ်ပါတယ် ။သရက်သီးရဲ့ အညှာဘက်ကို ဓားနဲ့လှီး ထွက်လာတဲ့အစေး mango sap ထဲမှာ စေးပျစ်နေတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။
Urushiol အူယုရှီယော လိို့ခေါ်ပါတယ် – အဲဒီ ဓာတ်ပစ္စည်းဟာ ထိတွေ့တဲ့လူရဲ့ အရေပြားကို ရောင်ရမ်းစေပါတယ်။
Contact dermatitis ပြီးရင် ယားယံစေပြီး အရေကြည်ဖုတွေ ထွက်စေပါတယ်။ ဒါကြောင့် အစေးတွေရှိတဲ့ထိပ်ပိုင်းကို ဓားနဲ့လှီးထုတ်ပစ်ပြီးမှစားရပါတယ်။
အူယုရှီီယော ဆိုတာက ဂျပန်စကားဖြစ်ပြီး ယွန်းထည် Lacquerware ပြုလုပ်ရာမှာ ပြုလုပ်ရာမှာသုံးတဲ့သစ်စေးလို့ အဓိပ္ပါယ်ရပါတယ်။
သစ်စေးထုတ်တဲ့အပင်ကိုတော့ Toxicodendron vernicifluum (Urushi) လို့ခေါ်ပါတယ်။
အူယုရှီယောအစေးတွေဟာ အဝါရောင်ရှိပြီး ရေမှာပျော်ဝင်ခြင်းမရှိပါ။ အယ်လ်ကိုဟောလ်. အီသာ. ဘင်ဇင်းတို့မှာသာ ပျော်ဝင်ပါတယ်။
သူဟာ ဒြပ်ပေါင်းတစ်ခုတည်းမဟုတ်ပဲ အော်ဂဲနစ်ဒြပ်ပေါင်းတွေ စုပေါင်းထားတဲ့ မော်် လီကျူးတစ်ခုဖြစ်ပါတယ်။
သရက်စေးနဲ့ ထိိတွေပြီး ၁ဝမိနစ်ကြာရင် အရေပြားကို စိမ့်ဝင်ရောက်ရှိပြီး အရေပြားကို ရောင်ရမ်းစေပါတယ်။
ထိိထိခြင်းရေနဲ့ဆေးပေမယ့် သူဟာရေမှာပျော်ဝင်တဲ့ပစ္စည်းမဟုတ်လို့ ထိရောက်မူ မရှိပါဘူး – ဆပ်ပြာနဲ့ဆေးမှ ရပါတယ်။
အရေပြားရောင်ပြီး ရေကြည်ဖုထွက်လာရင်် သွားမဖောက်ရပါဘူး။ ဖောက်ရင် ပိုဆိုးတတ်ပါတယ်။ ဒီအတို်င်း ထားရင် သူဟာသူ တဖြည်းဖြည်းပျောက်သွားပါတယ်။
ဒေါက်တာခင်မောင်လွင််
သရက်စေး အရေပြားကို လောင်တဲ့အခါ
အရေပြား ပူမယ်
အရေပြား ခြောက်မယ်
အသားတွေ ယားယံမယ်
အသား နီမြန်းလာမယ်
စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်
ရေကြည်ဖုလေးတွေ ထမယ်
သရက်စေး မျက်လုံးထဲ ဝင်ခဲ့မယ်ဆိုရင််
မျက်လုံးထဲမှာ ပူမယ််
တဆစ်ဆစ်နဲ့ အောင့်မယ််
စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်
သရက်စေးလောင်တာအတွက် အိမ်တွင်းကုထုံး
ဒီတော့ သရက်သီး ခူးရင်း သရက်စေး လောင်ခဲ့မယ်ဆိုရင်
ရေဆေးချပါ
သရက်စေးလောင်တဲ့အခါ အရင်ဆုံးလုပ်ရမှကြ ရေဆေးချလိုက်ဖို့ပါ။ ဒါမှ သရက်စေး လောင်တာ အရမ်းမပြင်းထန်မှာပါ။ ရေကို လောင်းချပြီး ဆေးရပါမယ်။ နှစ်ဆေးတာမျိုး မလုပ်ရပါဘူး။ အကြောင်းက သရက်စေးမှာ လောင်ကျွမ်းစေနိုင်တဲ့ အက်ဆစ်ဓာတ်ပါဝင်နေတာကြောင့်ပါ။
မျက်လုံးထဲ ဆိိုရင်တော့
ရေသန့်သန့်ကိို ခွက်တစ်လုံးထဲထည့်လို့ မျက်လုံးကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပါ။ မျက်လုံးထဲမှာ ပူတယ်ဆိုတဲ့ ခံစားရမှု မသက်သာမချင်း ဆက်တိုက်လုပ်ပေးပါ။
ရေအေးဝတ်် ကပ်ပါ
တဘက်စသန့်သန့်လေးကို ရေခဲရေစွတ်ပြီး သရက်စေးလောင်တဲ့နေရာကို ကပ်ပေးပါ။ ၁ မိနစ်လောက်ပေါ့။
hellosayarwon
သရက်သီးအစေး၏အန္တရာယ်
Urushiol အူယုရှီယော လို့ခေါ်ပါတယ် – အဲဒီ ဓာတ်ပစ္စည်းဟာ ထိတွေ့တဲ့လူရဲ့ အရေပြားကို ရောင်ရမ်းစေပါတယ်။
အူယုရှီယော ဆိုတာက ဂျပန်စကားဖြစ်ပြီး ယွန်းထည် Lacquerware ပြုလုပ်ရာမှာ ပြုလုပ်ရာမှာသုံးတဲ့သစ်စေးလို့ အဓိပ္ပါယ်ရပါတယ်။
သူဟာ ဒြပ်ပေါင်းတစ်ခုတည်းမဟုတ်ပဲ အော်ဂဲနစ်ဒြပ်ပေါင်းတွေ စုပေါင်းထားတဲ့ မော် လီကျူးတစ်ခုဖြစ်ပါတယ်။
သရက်စေးနဲ့ ထိတွေပြီး ၁၀မိနစ်ကြာရင် အရေပြားကို စိမ့်ဝင်ရောက်ရှိပြီး အရေပြားကို ရောင်ရမ်းစေပါတယ်။
ထိထိခြင်းရေနဲ့ဆေးပေမယ့် သူဟာရေမှာပျော်ဝင်တဲ့ပစ္စည်းမဟုတ်လို့ ထိရောက်မူ မရှိပါဘူး – ဆပ်ပြာနဲ့ဆေးမှ ရပါတယ်။
ဒေါက်တာခင်မောင်လွင်
အရေပြား ပူမယ်
အရေပြား ခြောက်မယ်
အသားတွေ ယားယံမယ်
အသား နီမြန်းလာမယ်
ရေကြည်ဖုလေးတွေ ထမယ်
မျက်လုံးထဲမှာ ပူမယ်
တဆစ်ဆစ်နဲ့ အောင့်မယ်
ရေဆေးချပါ
မျက်လုံးထဲ ဆိုရင်တော့
ရေအေးဝတ် ကပ်ပါ
hellosayarwon