ဖလံံတောင်ဝှေးကို ဆေးဖက်ဝင်အောင် ချက်နည််း
ဖလံံတောင်ဝှေးကို ဆေးဖက်ဝင်အောင် ချက်နည််း
ရှေးလူကြီးများက ဖလံတောင်ဝှေးပင်ရဲ့ အမြစ်ကိို ထောင်းထု၍ နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ၊ လေနာ၊ အရေပြားရောဂါ၊ မြွေကိိုက်ခြင်းတို့အတွက် ဆေးမြီးတိုအဖြစ် ကုသလေ့ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ အမျိုးသမီးရောဂါများ ဖြစ်ကြတဲ့ သားအိမ်လျှော၊ သားအိမ်ကျ၊ သားအိမ်အောင့်ခြင်းနှင့် အမျိုးသားရောဂါများ ဖြစ်ကြတဲ့ အူကျခြင်း၊ တိုနာရောဂါတို့အတွက် ဖလံတောင်ဝှေးကို အခြောက်လှန်း အမှုန့်ပြု၍ အုန်းဆီနှင့်ရောဖျော်ပြီး စအိုနှင့်ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် ချမ်းသာရစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီး(အပျိုကြီး)တွေမှာ ဖြစ်တတ်တဲ့ ရင်သား အဆီကျိတ်ဖုအတွက် ဖလံတောင်ဝှေးပင် အနုအရင့်တွေကို ထုခြေ၍ အကျိတ်ပေါ်အုံပေးပြီး အဝတ်စည်းပေးခြင်းဖြင့် အကျိတ်ကြေစေပါတယ်။
တစ်နှစ်မှတစ်ကြိမ်သာပေါ်တဲ့ ရာသီစာ ဖလံတောင်ဝှေးကို ဆေးဖက်ဝင်အောင် ချက်ကျွေး ချင်တယ်ဆိိုရင်ဖြင့်-
၁) နို့တိုက်မိခင်များမှာဖြစ်လေ့ရှိတဲ့ နိို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်းပိတ်ခြင်း၊ သကျည်းကိုက်ခြင်း စတဲ့ပြဿနာများ အတွက် ဖလံတောင်ဝှေးကို မကြာခဏ ဟင်းခါးချက်စားပေးပါ။
(၂) နှမ်းဆီစစ်စစ်ဖြင့်ကြော်ပါ။ ချောင်းဆိုးရောဂါနှင့် နှလုံးအားနည်း၍ နှလုံးတုန်ရောဂါ တို့ကို သက်သာစေနိုင်ပါတယ်။
(၃) ငါးခူနှင့်ရော၍ ချက်စားပါ။ ကာမအားကို တိုးပွားစေနိုင်ပါတယ်။
(၄) ငါးသိုင်း သိို့မဟုတ် ပုစွန်နှင့်ရော၍ ချက်စားပါ။ သွေးဝမ်းရောဂါကို ပျောက်စေပါတယ်။
(၅) အမဲသားနှင့်ချက်စားပါ။ ဆီးရွှင်၍ ကျောက်ကပ်ကိို ကျန်းမာစေပါတယ်။
(၆) ရေကြက်သားနှင့် ချက်စားပါ။ ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့််၊ ဆီးအားနည်း၊ ဆီးကျန်၊ ဆီးဝါခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။
(၇) ပုစွန်စုတ်ဖွား(ပုစွန်စိတ်)လေးတွေဖြင့် ကြော်စားပါ။ လိိပ်ခေါင်းသွေးကျခြင်းကို သက်သာစေပါတယ်။
(၈) ကင်ပွန်းချဉ်ရွက်ဖြင့်ရော ကြော်စားပါ။ ဆံပင်ဖြူခြင်းနှင့် သွေးဆုံးကိိုင်ဝေဒနာကို သက်သာစေပါတယ်။
၉) ဖလံတောင်ဝှေးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့်် မကြာခဏ ချက်စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို မဖြစ်စေတော့ပါဘူး။
(၁ဝ) အမျိုးသားများ ဒူလာရောဂါအတွက်ကိိုတော့ လက်တစ်ဆုပ်စာ ပမာဏရှိတဲ့ ဖလံတောင်ဝှေး အပင်နှင့်အမြစ်တို့ကို သုံးခွက်တစ်ခွက်တင် ကြိုသောက်၍သော်လည်း
ကောင်း၊ ဖလံတောင်ဝှေးအမြစ်ဥကို ချင်း၊သကြားနှင့်ရောကြို၍သော်် လည်းကောင်း တစ်နေ့နှစ်ကြိမ် သောက်ပေးသင့်ပါတယ်။
(၁၁) အထိုင်များ၍ ခါးနာတတ်သူများနှင့် ဆီးချိုရောဂါကြောင့် ကျောက်ကပ် ပျက်စီးသူများအတွက် ဖလံတောင်ဝှေး ပဥ္စငါးပါး (ပင်စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) တို့ကို ငရုတ်ကောင်း နှှစ်စေ့ထည့်၍ ဆူပွက်နေအောင် ကျိုချက်ပြုတ်ကာ သောက်သုံးနိုင်ပါတယ်။
(၁၂) နာလန်ထစလူနာများ အတွက် ဖလံတောင်ဝှေးပင်ကိို အခြောက်မှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့်တေ၍ ညအိပ်ရာဝင်ခါနီးတိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွွန်း မှန်မှန်စားသုံးပေးခြင်းဖြင့်် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် သိသိသာသာ ခွန်အားပြည့်စေပါတယ်။ ။
TYT
ဖလံတောင်ဝှေးကို ဆေးဖက်ဝင်အောင် ချက်နည်း
တစ်နှစ်မှတစ်ကြိမ်သာပေါ်တဲ့ ရာသီစာ ဖလံတောင်ဝှေးကို ဆေးဖက်ဝင်အောင် ချက်ကျွေး ချင်တယ်ဆိုရင်ဖြင့်-
၁) နို့တိုက်မိခင်များမှာဖြစ်လေ့ရှိတဲ့ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်းပိတ်ခြင်း၊ သကျည်းကိုက်ခြင်း စတဲ့ပြဿနာများ အတွက် ဖလံတောင်ဝှေးကို မကြာခဏ ဟင်းခါးချက်စားပေးပါ။
၉) ဖလံတောင်ဝှေးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် မကြာခဏ ချက်စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို မဖြစ်စေတော့ပါဘူး။
(၁ဝ) အမျိုးသားများ ဒူလာရောဂါအတွက်ကိုတော့ လက်တစ်ဆုပ်စာ ပမာဏရှိတဲ့ ဖလံတောင်ဝှေး အပင်နှင့်အမြစ်တို့ကို သုံးခွက်တစ်ခွက်တင် ကြိုသောက်၍သော်လည်း
ကောင်း၊ ဖလံတောင်ဝှေးအမြစ်ဥကို ချင်း၊သကြားနှင့်ရောကြို၍သော် လည်းကောင်း တစ်နေ့နှစ်ကြိမ် သောက်ပေးသင့်ပါတယ်။
(၁၁) အထိုင်များ၍ ခါးနာတတ်သူများနှင့် ဆီးချိုရောဂါကြောင့် ကျောက်ကပ် ပျက်စီးသူများအတွက် ဖလံတောင်ဝှေး ပဉ္စငါးပါး (ပင်စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) တို့ကို ငရုတ်ကောင်း နှစ်စေ့ထည့်၍ ဆူပွက်နေအောင် ကျိုချက်ပြုတ်ကာ သောက်သုံးနိုင်ပါတယ်။
(၁၂) နာလန်ထစလူနာများ အတွက် ဖလံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့်တေ၍ ညအိပ်ရာဝင်ခါနီးတိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း မှန်မှန်စားသုံးပေးခြင်းဖြင့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် သိသိသာသာ ခွန်အားပြည့်စေပါတယ်။ ။
TYT