အစာအိမ်ဝေဒနာရှင်များကို ကူညီထောက်ပံ့ပေးသောအစားစာများ

အစာအိမ်ဝေဒနာရှင်များကို ကူညီထောက်ပံ့ပေးသောအစားစာများ

အစာအိမ်ဝေဒနာရှင်များကို သက်သာပျောက်ကင်းအောင် ကူညီထောက်ပံ့ပေးသောအစားစာများရှောင်သင့်သော အစားအစာမ်ား

ရှောင်သင့်သောအချက်များ…

အစာအိမ္က ခန္ဓာကိုယ်အတွင်းလိုအပ်သော အာဟာရဓာတ်များကို အစာချက်ခြင်းဖြင့် ထုတ်လုပ်ပေးတဲ့ လုပ်ငန်းကို အဓိကလုပ်ဆောင်ရပါတယ်။

အစာအိမ်မှ အစာချက်လုပ်ငန်းကို လုပ်ဆောင်နေရ သောကြောင့် အစားအစာမ်ားကို ဂရုမစိုက်စားသုံးခြင်းဖြင့် အစာအိမ်ရောဂါကို ဖြစ်ပေါ်စေနိုင်ပြီး အစာအိမ်ရောဂါကြောင့် အခြားကူးဆက်ရောဂါများ ဖြစ်ပွားနိုင်တတ်ပါတယ်။

ဒါကြောင့် အစာအိမ်ရောဂါမဖြစ်ပေါ်ရ လေအောင် အစားအစာမ်ားကို ဂရုစိုက်ခြင်းကြောင့် အစာအိမ်ရောဂါဝေဒနာရှင်များအနေဖြင့် စာအိမ်ဝေသနာကို သက်သာစေနိုင်ပါသည်စားသင့်သောအစားစာများ…..

ငှက်ပျောသီး

ငှက်ပျောသီးက လူတိုင်းစားသုံးကြပြီး ခန္ဓာကိုယ်တွင်းလိုအပ်နေတဲ့ အာဟာရဓာတ်များကို ဖြည့်စီးပေးနိုင်သလို ငှက်ပျောသီးတွင် ကာဗိုဟိုက်ဒရိတ်ဓာတ် ပါဝင်သောကြောင့် ဆီးချိုသွေးချိရောဂါကို သက်သာစေတာ၊ ဆီးဝမ်းလည်ပတ်မှု နဲ့ အစားချေစနစ်ကို ကောင်းမွန်စေတဲ့ အတွက် တစ်ရက်ကို ထမင်းစားပြီးချိန်တိုင်း ငှက်ပျောသီးတစ်လုံးစားသုံးပေးခြင်းဖြင့် အစာအိမ်ရောဂါကို သာသက်နိုင်ပါတယ်။

အရည်ချွမ်းသော အသီးမ်ား

အရည်ချွမ်းသော အသီများဖြစ်တဲ့ စတော်ဘယ်ရီသီးများ၊ ဘယ်ရီသီးများ ၊ ပန်းသီး ၊ လိမ္မော်သီးများ၊ ထောပတ်သီးများစတဲ့ အသီးများတွင် ခန္ဓာကိုယ်အတွင်း ရေဓာတ်ခြောက်သွေ့မှုများကို ဖြည့်စီးနိုင်ပြီး အသားရေခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။

ဒါအပြင် အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အတွက် အစာအိမ်ဝေသနာရှင်များအနေဖြင့် စားသုံးရန်အသင့်သော်ဆုံး အစားအစာတစ်မျိုုးလည်းဖြစ်ပါတယ်။

အမျှဓာတ်ပါ ဝင်သော အစားအစာမ်ား

အမျှင်ဓာတ်ပါဝင်သော အစားအစာမ်ားကို စားသုံးပေးခြင်းဖြင့် ဆီးချိသွေးချိုရောဂါ ၊ အူလမ်းကြောင်းကို ကောင်းမွန်တာနဲ့ အစာချေစနစ်ကောင်းမွန်စေတဲ့ အတွက် အစာအိမ်ရောဂါကိုသက်သာ ပျောက်ကင်းစေပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥလို့ပြောရင် လူတော်တော်များများ စိမ်းတဲ့ အစားအစာတော့ဟုတ်ပေမဲ့ ကန်စွန်းဥစားသုံးခြင်းကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများကိုတော့ သိရှိမူနည်းကောင်းနည်းနိုင်ပါတယ်။

ဒါကြောင့် ကန်စွန်းဥက သွေးတင်းသကြားဓာတ်ကို ထိန်းညိုပေးတာ၊ ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေတာ ၊ ကိုယ်ခံအားကောင်းစေတဲ့အပြင် အစာအိမ် အစာချေလည်ပတ်မှုစနစ်ကို ကောင်းမွန်စေတဲ့ အတွက် အစာအိမ်ဝေဒနာရှင်များအနေဖြင့် ကန်စွန်းဥကို စားသုံးခြင်းဖြင့် အစာအိမ်ရောဂါကို သက်သာစေနိုင်ပါတယ်။

အုန်းရည်

အုန်းသီးဆိုရင်လည်း နေရောတော်တော်များများတွင် ရနိုင်တဲ့အပြင်စျေးနှုန်းကလည်း အသင့်သင့်ရှိတော့ ဝယ်ယူသောက်သုံးရန် အဆင်ပြေနိုင်တဲ့ သဘာဝ အရည်တစ်မျိုးလည်းဖြစ်ပါတယ်။

အုန်းရန်သောက်သုံးခြင်းဖြင့် အသာရေလှပစေတာ၊ ရေဓာတ်ဖြည့်တွင်း နိုင်တာ ၊ သွေးတိုးကျစေတာနဲ့ အစာချေဖျက်အားကောင်းမွန်စေတဲ့အတွက် အုန်းရည်ကို သောက်သုံးခြင်းဖြင့် အစာအိမ်ရောဂါကို သက်သာစေနိုင်ပါတယ်။

အစာအိမ်ရောင်ခြင်းဆိုသည်မှာ

အစာအိမ်တလျှောက်ကာရံထားသော နံရံရောင်ယမ်းခြင်းကို ဆို လိုခြင်းဖြစ်ပါတယ်။

အချို့သော အစာအိမ်ရောင်ယမ်းခြင်းများဟာ သူ့အလိုလိုပြန်ကောင်း တတ်သော် လည်း အချို့သောအစာအိမ်ရောင်ခြင်းမျိူးမှာမူ ပြန်လည်ကောင်းမွန်နိုင်ခြင်းမရှိပဲ ဗိုက်နာခြင်း ၊လေ ပွခြင်း၊ ပျို့အန်ခြင်း၊အစာမကြေဖြစ်ခြင်း၊အစာစားလိုစိတ်နည်းပါးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ဖြစ်ပွားကာစတွင် မကုသပါက အချိန်ကြာလာတာနဲ့အမျှ အစာအိမ်အနာများအပြင် အစာအိမ်ကင်ဆာအထိ ဖြစ်ပေါ်စေတာမို့ မပေါ့ဆသင့်ပါဘူး။

အစားအစာများကြောင့် အစာအိမ်ရောင်ခြင်းဖြစ်တာ ရှားပါတယ်။ အစာအိမ်ရောင်ခြင်းကို အဓိကဖြစ်စေသော အကြောင်းရင်းမှာ Helicobacter pylori ဆိုသော ဘတ်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အချို့သောအစားအစာများကြောင့် အစာအိမ်ရောင်ခြင်းကို ပိုမိုဆိုးဝါးလာစေပါတယ်။ ထို့ကြောင့် ယခုဖော်ပြမယ့် အစားအစာမ်ားကို အစာအိမ်ရောဂါရှိသူများ ရှောင်ကြဉ်သင့်ပါတယ်။

ရှောင်ကြဉ်သင့်သောအစားစာများ

(၁)အချဉ်ပါသော အစားအသောက်များနှင့် ကော်ဖီ လက်ဖက်ရည်

အက်ဆစ်ပါဝင်မှုများသော အသီးမ်ား။ ဥပမာ ခရမ်းချဉ်သီး၊ သံပုရာသီး ကျွဲကောသီး တို့နှင့် ကော်ဖီ၊ လက်ဖက်ရည် စသည်တို့သည် အစာအိမ်အတွင်း အက်ဆစ်levelကို ပိုမိုမြင့်မားစေတဲ့အတွက် အစာအိမ် ရောဂါကို ပိုမိုဆိုးဝါးစေပါတယ်။

(၂) ဆီကြော်မုန့်များနဲ့ အဆီများသောအစာများ

ဆီကြော်မုန့်များတွင် ကိုလက္စထေရာ ပါဝင်မှု မြင့်မားတာမို့ အစာအိမ်ရောင်ခြင်းကို ပိုမိုဆိုးဝါးစေပါတယ်။

(၃) ဂတ်စ်ပါသော အချိုရည်များ

ဂတ်စ်ပါသောအချိုရည် အားလုံးကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ထိုထဲတြငိ ဆိုဒါမွာ အက်ဆစ်ကော သကြားကောများပြားစွာပါတာမို့ အဆိုးဆုံးဖြစ်ပါတယ်။

မြန်မာလူမျိူးတွေရဲ့အယူအရ အစာအိမ်ရောဂါ ရွိသူမ်ား စပါကလင်သောက်ခြင်းဖြင့် သက်သာတယ်လို့ဆိုပါတယ်။ တကယ်တော့ စပါကလင်မှာလဲ ဂတ်စ်ပါဝင်တာကြောင့် မသောက်သုံးသင့်ပါဘူး။

(၄) ငရုပ်မှုန့်နှင့် အရသာမှုန့်များ ပါဝင်သောအစာများ

ငရုပ်ကောင်းမှုန့်၊ အချိုမှုန့်၊ ကြက်သားမှုန့်စသော အရသာအမှုန့်များကြောင့် အစာအိမ်ကိုပိုရောင်စေပြီး ရင်ပူစေပါတယ်။ ထိုအစား ဂျင်း၊ နနွင်းနဲ့ သစ်ကြမ်းပိုးခေါက်မှုန့်တို့ကို အစားထိုးသုံးသင့်တယ်နော်။

(၅) အရက်၊ ဘီယာ

အစာအိမ်ရောင်ခြင်းကိုဖြစ်စေသော အချက်များတွင် အပါအဝင် ဖြစ်ပါတယ်။ အစာအိမ်သွေးကြောပေါက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။

(၆) အသင့်စားအစာများ

ထိုအစာမ်ားကို ဆီများဖြင့် နှစ်ပြီးကြော်ထားခြင်း၊ အချိူမှုန့်နဲ့ အရသာမှုန့်များ ပါဝင်ခြင်းကြောင့် အစာအိမ်နာခြင်းကို ပိုဆိုးစေပါတယ်။

(၇) အကိုက်အခဲပျောက်ဆေးများ

Aspirin, Diclofenac, Naproxen စေသာ အကိုက်အခဲပျောက်ဆေးများဟာ အစာအိမ်ရောင်ခြင်းကို ဖြစ်စေသောအကြောင်းအရင်းများတွင် ပါဝင်တာမို့ ရှောင်ရှားသင့်ပါတယ်။

အစာအိမ်ရောင်သူများအတွက် ဦးစားပေးစားသင့်သောအစားအစာများ….

(၁) အမျှင်ဓာတ်များသောအစာများ

အစိမ်းရောင်အသီးအရွက်များ၊ ဘယ်ရီသီးများ၊ အေစ့အဆန္မ်ား၊ ပဲအမျိူးမျိူး…

(၂) ကောင်းသောအဆီ ပါဝင်သည့်အစာများ

အစာအိမ်ရောင်သူများအနေဖြင့် ဆီကြော်များကို ရှောင်ရှားသင့်သော်လည်း ကျန်းမာရေးကိုအကျိူးပြုသော ကောင်းမွန်သည့် အဆီများပါသော အစာမ်ားကို စားပေးသင့်ပါတယ်။ ဥပမာ ဆယ်မွန်ငါး၊ ဆာဒင်းငါး၊ သစ်ကြားသီး၊ သံလွင်ဆီ၊ထောပတ်သီး စသည်တို့ဖြစ်ပါတယ်။

(၃) probiotic ပါသောအစာများ

ဒိန်ချဉ်၊ ကင်မ်ချီစသော အစားအစာများတွင် probiotic ခေါ် ကျန်းမာရေးအကျိူးပြု ဘတ္တီးရီးယားမ်ား ပါဝင်ပါတယ်။ ထိုအစာမ်ားကို စားပေးခြင်းဖြင့် အစာအိမ်ရောင်ခြင်းကို ဖြစ်စေသော Helicobacter pylori ကို သေစေမှာ ဖြစ်ပါတယ်။

(၄) ပရိုတင်းပါဝင်မှု များသောအစာများ

အစာအိမ်ရောင်ခြင်းကြောင့် အစာအိမ္နံရံ ပျက်စီးခြင်းကို ပရိုတင်းဓာတ်က ပြန်လည်ကောင်းမွန်စေပါတယ်။ ကြက်သား၊ကြက်ဆင်သား၊ ကြက်ဥအကာ၊ တူနာငါးနဲ့ ပဲအမျိူးမျိူးကို စားဖို့မမေ့ပါနဲ့။

(၄) ပိုးသတ်အာနိသင် ရှိသောအစာများ

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်း၊ ပျားရည်၊ သစ်ကြမ်းပိုးခေါက်စသော သဘာဝပစ္စည်းများတွင် အစာအိမ်ရောင်ခြင်းဖြစ်စေသော ပိုးမ်ားကို သေစေတဲ့ အာနိသင်ရှိတာမို့ နေ့စဉ်စားသုံးသင့်ပါတယ်။

(၆) အသီးအရွက်ဖျော်ရည်များ

သစ်သီးများတွင်ပါဝင်သော အက်ဆစ်ကြောင့် အစာအိမ္ကို ရောင်စေတာမို့ ဟင်းရွက်များကို ဖျော်ရည်အဖြစ် သောက်သုံးသင့်တယ်နော်။ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဘယ်ရီသီးဖျော်ရည်များကို သောက်သုံးနိုင်ပါတယ်။

Credit