သင့်စိတ်ကို ပူလောင်နေစေတဲ့အရာတွေကို ပြတင်းပေါက်လေးတွေကတစ်ဆင့် ထုတ်ဖော်ပေးမယ်

သင့်စိတ်ကို ပူလောင်နေစေတဲ့အရာတွေကို ပြတင်းပေါက်လေးတွေကတစ်ဆင့် ထုတ်ဖော်ပေးမယ်

နံပါတ် ၁

သင်ဟာ ပွင့်ပွင့်လင်းလင်းနေတတ်ပြီး လူတိုင်းအပေါ် ဖော်ရွေစွာဆက်ဆံတတ်တဲ့အတွက် မကြာခဏ သင်မယုံကြည်သင့်တဲ့လူတွေကို ယုံကြည်ပေးမိပါတယ်။ ဒါကြောင့်လည်း ခဏခဏ ယုံကြည်မှုအပေါ် အလွဲသုံးစားလုပ်ပြီး သစ္စာဖောက်ခံရပါတယ်။ ကြာလာတော့ သင်ဟာ ကိုယ့်ကိုယ်ကို အားမလိုအားမရတွေဖြစ်ပြီး စိတ်ပျက်လာပါတယ်။ တစ်ခါတစ်လေ ကိုယ်နဲ့ရင်းနှီးတဲ့လူတွေကိုတောင် စိတ်ပျက်တာမျိုးတွေ ဖြစ်မိပါတယ်။

သင်ဟာ မိမိယုံကြည်မှုတွေကို အလွဲသုံးစားလုပ်တဲ့ လူလိမ်တွေ၊ လူယုတ်မာတွေနဲ့ မတွေ့အောင် လူမနေသူမနေကျွန်းပေါ်မှာ တစ်ယောက်ထဲ သွားနေချင်စိတ်တွေ တစ်ခါတစ်လေ ဖြစ်နေတတ်ပါတယ်။ ကံမကောင်းချင်တော့..လောကမှာ ဘယ်သူ့ကို ယုံကြည်ရမလဲဆိုတာ သေချာမသိနိုင်တဲ့အတွက် သင်ဟာ စိတ်ပျက်နေရတုန်းပါပဲ…စိတ်မပူပါနဲ့…ဒီလိုလူတွေနဲ့ကြုံတိုင်း သင်ရခဲ့တဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး မိမိကိုယ်ကို တိုးတတ်ပြောင်းလဲအောင် လုပ်ဆောင်ပါ။

နံပါတ် ၂

သင်ဟာ သနားကြင်နာတတ်တဲ့အပြင် ကိုယ်ကျိုးစွန့်ပြီး လူတိုင်းအပေါ် ကူညီဖေးမတတ်ပါတယ်။ တစ်ခါတစ်လေ တဖက်လူက အကူအညီ တောင်းခံနေစရာတောင် မလိုပဲ အလိုက်တသိ ကူညီစောင့်ရှောက်တာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် လောကကြီးမှာ လူတိုင်း ဒုက္ခတေကိုယ်စီ ရှိနေတတ်ပါတယ်။ သေးတာနဲ့ ကြီးတာပဲ ကွာတာပေါ့။

ဒုက္ခရောက်နေတဲ့လူကို ကူညီဖေးမရယ်ဆိုပေမယ့် သင့်အနေနဲ့ မိမိလုပ်နိုင်တာထက်ပိုပြီး၊ မိမိကိုယ်ကျိုးကိုစွန့်ပြီး လုပ်ပေးဖို့တာဝန် ရှိမနေပြန်ပါဘူးနော်…ဘာလို့လဲဆိုတော့ သင့်ဘက်က စေတနာထားပြီး ဘာမှမမျှော်လင့်ပဲ ကူညီလိုက်ပေမယ့် သင့်အပေါ် ကျေးဇူးမသိတတ်တဲ့ လူတချို့နဲ့လည်း ကြုံတွေ့နေရလို့ပါ။ သင့်ဘက်က တဖက်လူကို ငြင်းဆန်ရမှာ အားနာတယ်ဆိုတာသိပေမယ့် ငြင်းဆန်တတ်အောင် ကြိုးစားပါနော်…

နံပါတ် ၃

သင်ဟာ အတိတ်ကို ထပ်တလဲလဲ ပြန်စဉ်းစားပြီး နာကျင်မှုတွေကို ခံစားနေရပါတယ်။ လူတိုင်းဘဝမှာ ဆုံးရှုံးမှုတွေရှိပါတယ်။ ဒါပေမယ့် ဒီဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး ပိုသန်မာတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်နေရတာပါ။ ဒါပေမယ့် သင်ကတော့ အတိတ်က အကြောင်းအရာတွေကို ပြန်တွေးနေပြီး နေ့စဉ်ဘဝမှာ ပျော်ရွှင်အောင် မနေနိုင်တဲ့အပြင် လောကကြီးရဲ့ အလှတရားတွေကို မြင်အောင်မကြည့်နိုင်တော့ပဲ ခံစားချက်မရှိတဲ့ မျက်ကန်းလိုလူတစ်ယောက် ဖြစ်နေပါတယ်။

အတိတ်ကို ပြန်တွေးပြီး ပူဆွေးနေရင် လက်ရှိအချိန်မှာ သင်ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အပြင် အနာဂတ်မှာလည်း ပျော်ရွှင်မှုတွေကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ အတိတ်ဆိုတာ ပြန်ပြင်လို့ ရနိုင်တဲ့အရာမှ မဟုတ်တာ။ ဒါကြောင့် အတိတ်ကို မေ့ဖျောက်ပြီး တဖန်ပျော်ရွှင်အောင် နေတတ်ဖို့ ကြိုးစားသင်ယူပါ။

နံပါတ် ၄

သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူး ဖြစ်နေပါတယ်။ “ငါကမတော်ဘူး၊ မပြည့်စုံဘူး၊ မလှဘူး” အစရှိတဲ့အရာတွေကို ထပ်တလဲလဲတွေးနေပြီး နေ့စဉ်ဘဝမှာ မပျော်မရွှင် ဖြစ်နေရပါတယ်။ သင့်ကိုယ်သင် ယုံကြည်ချက်မရှိလို့ပဲ သင်ဟာ မအောင်မြင်တာပါ။ ဒါ့အပြင် တခြားသူတွေထက် အဆိုးမြင်တတ်ပေမယ့် သင့်လုပ်ဆောင်ချက်တွေကတော့ အကောင်းဘက်ကို ဦးတည်နေတတ်ပါတယ်။

ဘာလို့လဲဆိုတော့ သင်က မိမိခံစားချက်တွေကို ကောင်းကောင်းဖုံးကွယ်ထားတတ်လို့ပါ။ သင့်ကိုယ်သင် မှန်ထဲမှာ ပြန်ကြည့်ပြီး သင့်လုပ်နိုင်စွမ်းတွေ၊ သင်ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို တစ်ခုချင်းရေရွတ်ကြည့်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ကြိုးစားပါ။ ဒါဆို သင့်အနေနဲ့ အောင်မြင်မှုတွေကို ပိုရရှိစေမှာပါ။

credit to lotaya

သင့္စိတ္ကို ပူေလာင္ေနေစတဲ့အရာေတြကို ျပတင္းေပါက္ေလးေတြကတစ္ဆင့္ ထုတ္ေဖာ္ေပးမယ္

နံပါတ္ ၁

သင္ဟာ ပြင့္ပြင့္လင္းလင္းေနတတ္ၿပီး လူတိုင္းအေပၚ ေဖာ္ေရြစြာဆက္ဆံတတ္တဲ့အတြက္ မၾကာခဏ သင္မယုံၾကည္သင့္တဲ့လူေတြကို ယုံၾကည္ေပးမိပါတယ္။ ဒါေၾကာင့္လည္း ခဏခဏ ယုံၾကည္မႈအေပၚ အလြဲသုံးစားလုပ္ၿပီး သစၥာေဖာက္ခံရပါတယ္။ ၾကာလာေတာ့ သင္ဟာ ကိုယ့္ကိုယ္ကို အားမလိုအားမရေတြျဖစ္ၿပီး စိတ္ပ်က္လာပါတယ္။ တစ္ခါတစ္ေလ ကိုယ္နဲ႔ရင္းႏွီးတဲ့လူေတြကိုေတာင္ စိတ္ပ်က္တာမ်ိဳးေတြ ျဖစ္မိပါတယ္။

သင္ဟာ မိမိယုံၾကည္မႈေတြကို အလြဲသုံးစားလုပ္တဲ့ လူလိမ္ေတြ၊ လူယုတ္မာေတြနဲ႔ မေတြ႕ေအာင္ လူမေနသူမေနကၽြန္းေပၚမွာ တစ္ေယာက္ထဲ သြားေနခ်င္စိတ္ေတြ တစ္ခါတစ္ေလ ျဖစ္ေနတတ္ပါတယ္။ ကံမေကာင္းခ်င္ေတာ့..ေလာကမွာ ဘယ္သူ႔ကို ယုံၾကည္ရမလဲဆိုတာ ေသခ်ာမသိနိုင္တဲ့အတြက္ သင္ဟာ စိတ္ပ်က္ေနရတုန္းပါပဲ…စိတ္မပူပါနဲ႔…ဒီလိုလူေတြနဲ႔ၾကဳံတိုင္း သင္ရခဲ့တဲ့ အေတြ႕အၾကဳံေတြကို သင္ခန္းစာယူၿပီး မိမိကိုယ္ကို တိုးတတ္ေျပာင္းလဲေအာင္ လုပ္ေဆာင္ပါ။

နံပါတ္ ၂

သင္ဟာ သနားၾကင္နာတတ္တဲ့အျပင္ ကိုယ္က်ိဳးစြန႔္ၿပီး လူတိုင္းအေပၚ ကူညီေဖးမတတ္ပါတယ္။ တစ္ခါတစ္ေလ တဖက္လူက အကူအညီ ေတာင္းခံေနစရာေတာင္ မလိုပဲ အလိုက္တသိ ကူညီေစာင့္ေရွာက္တာမ်ိဳးေတြလည္း ရွိပါတယ္။ ဒါေပမယ့္ ေလာကႀကီးမွာ လူတိုင္း ဒုကၡေတကိုယ္စီ ရွိေနတတ္ပါတယ္။ ေသးတာနဲ႔ ႀကီးတာပဲ ကြာတာေပါ့။

ဒုကၡေရာက္ေနတဲ့လူကို ကူညီေဖးမရယ္ဆိုေပမယ့္ သင့္အေနနဲ႔ မိမိလုပ္နိုင္တာထက္ပိုၿပီး၊ မိမိကိုယ္က်ိဳးကိုစြန႔္ၿပီး လုပ္ေပးဖို႔တာဝန္ ရွိမေနျပန္ပါဘူးေနာ္…ဘာလို႔လဲဆိုေတာ့ သင့္ဘက္က ေစတနာထားၿပီး ဘာမွမေမၽွာ္လင့္ပဲ ကူညီလိုက္ေပမယ့္ သင့္အေပၚ ေက်းဇူးမသိတတ္တဲ့ လူတခ်ိဳ႕နဲ႔လည္း ၾကဳံေတြ႕ေနရလို႔ပါ။ သင့္ဘက္က တဖက္လူကို ျငင္းဆန္ရမွာ အားနာတယ္ဆိုတာသိေပမယ့္ ျငင္းဆန္တတ္ေအာင္ ႀကိဳးစားပါေနာ္…

နံပါတ္ ၃

သင္ဟာ အတိတ္ကို ထပ္တလဲလဲ ျပန္စဥ္းစားၿပီး နာက်င္မႈေတြကို ခံစားေနရပါတယ္။ လူတိုင္းဘဝမွာ ဆုံးရႈံးမႈေတြရွိပါတယ္။ ဒါေပမယ့္ ဒီဆုံးရႈံးမႈေတြကို သင္ခန္းစာယူၿပီး ပိုသန္မာတဲ့လူတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနထိုင္ေနရတာပါ။ ဒါေပမယ့္ သင္ကေတာ့ အတိတ္က အေၾကာင္းအရာေတြကို ျပန္ေတြးေနၿပီး ေန႔စဥ္ဘဝမွာ ေပ်ာ္ရႊင္ေအာင္ မေနနိုင္တဲ့အျပင္ ေလာကႀကီးရဲ့ အလွတရားေတြကို ျမင္ေအာင္မၾကည့္နိုင္ေတာ့ပဲ ခံစားခ်က္မရွိတဲ့ မ်က္ကန္းလိုလူတစ္ေယာက္ ျဖစ္ေနပါတယ္။

အတိတ္ကို ျပန္ေတြးၿပီး ပူေဆြးေနရင္ လက္ရွိအခ်ိန္မွာ သင္ေပ်ာ္ရႊင္နိုင္မွာ မဟုတ္တဲ့အျပင္ အနာဂတ္မွာလည္း ေပ်ာ္ရႊင္မႈေတြကို ဖန္တီးနိုင္မွာ မဟုတ္ပါဘူး။ အတိတ္ဆိုတာ ျပန္ျပင္လို႔ ရနိုင္တဲ့အရာမွ မဟုတ္တာ။ ဒါေၾကာင့္ အတိတ္ကို ေမ့ေဖ်ာက္ၿပီး တဖန္ေပ်ာ္ရႊင္ေအာင္ ေနတတ္ဖို႔ ႀကိဳးစားသင္ယူပါ။

နံပါတ္ ၄

သင္ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈမရွိဘူး ျဖစ္ေနပါတယ္။ “ငါကမေတာ္ဘူး၊ မျပည့္စုံဘူး၊ မလွဘူး” အစရွိတဲ့အရာေတြကို ထပ္တလဲလဲေတြးေနၿပီး ေန႔စဥ္ဘဝမွာ မေပ်ာ္မရႊင္ ျဖစ္ေနရပါတယ္။ သင့္ကိုယ္သင္ ယုံၾကည္ခ်က္မရွိလို႔ပဲ သင္ဟာ မေအာင္ျမင္တာပါ။ ဒါ့အျပင္ တျခားသူေတြထက္ အဆိုးျမင္တတ္ေပမယ့္ သင့္လုပ္ေဆာင္ခ်က္ေတြကေတာ့ အေကာင္းဘက္ကို ဦးတည္ေနတတ္ပါတယ္။

ဘာလို႔လဲဆိုေတာ့ သင္က မိမိခံစားခ်က္ေတြကို ေကာင္းေကာင္းဖုံးကြယ္ထားတတ္လို႔ပါ။ သင့္ကိုယ္သင္ မွန္ထဲမွာ ျပန္ၾကည့္ၿပီး သင့္လုပ္နိုင္စြမ္းေတြ၊ သင္ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြကို တစ္ခုခ်င္းေရရြတ္ၾကည့္ပါ။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိေအာင္ ႀကိဳးစားပါ။ ဒါဆို သင့္အေနနဲ႔ ေအာင္ျမင္မႈေတြကို ပိုရရွိေစမွာပါ။

credit to lotaya