သွေးပေါင်ကျတတ်သူတွေ သတိထားသင့်တဲ့ အချက် ၅ ချက်

သွေးပေါင်ကျတတ်သူတွေ သတိထားသင့်တဲ့ အချက် ၅ ချက်

သွေးပေါင်ကျတတ်သူတွေ သတိထားသင့်တဲ့ အချက် ၅ ချက်နှင့်စားပေးရမယ့်အစားများ…

သွေးပေါင်ချိန် ၉၀/၆၀ အောက် ရောက်သွားရင်တော့ သွေးပေါင်ကျတယ်လို့ သတ်မှတ်ကြပါတယ်။

သွေးပေါင်ကျခြင်းဟာ သွေးတိုးခြင်းလိုပဲ ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သွေးပေါင်ချိန်ဟာ ၁၂၀/၈၀ ဖြစ်ပြီး ၉၀/၆၀ အောက် ရောက်သွားရင်တော့ သွေးပေါင်ကျတယ်လို့ သတ်မှတ်လို့ရပါတယ်။

သွေးပေါင်ကျခြင်းဟာ မွေးရာပါ သွေးအားနည်းခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ ဟော်မုန်း မညီမျှတဲ့ အခါမျိုးမှာ ဖြစ်ပေါ်တတ်ပြီး ရေရှည်စွဲမြဲသောက်သုံးတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ မကြာခဏ သွေးပေါင်ကျတတ်သူတွေ သတိထားပြီး လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) ရေများများ သောက်ပါ

ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့ အခါမျိုးမှာလည်း သွေးပေါင်ကျတတ်တာကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ သင့်အနေနဲ့ မကြာခဏ သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ ရေများများ သောက်ပေးသင့်သလို အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း စားပေးသင့်ပါတယ်။

(၂) ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးပါ

ဗီတာမင် B12 ချို့တဲ့တဲ့ အခါမျိုးမှာလည်း သွေးပေါင်ကျခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကြက်ဥ၊ ဘဲဥ စတဲ့ ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

(၃) သောက်နေကျ ဆေးဝါးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ

နှလုံးရောဂါ ဆေးဝါးတွေနဲ့ အသည်းရောဂါဆေးတွေ ရေရှည်စွဲမြဲသောက်သုံးတဲ့ အခါမျိုးမှာ သွေးပေါင်ကျတတ်တာကြောင့် မကြာခဏ သွေးပေါင်ကျတတ်တယ်ဆိုရင် မိမိသောက်နေကျဆေးဝါးတွေကို ဆရာဝန်နဲ့ ပြန်လည် တိုင်ပင်သင့်ပါတယ်။

(၄) ထိုင်တဲ့အခါမှာ ခြေချိတ်ပြီး ထိုင်ပါ

ဆေးပညာရှင်တွေရဲ့အဆိုအရ ထိုင်တဲ့အခါ ခြေချိတ်ပြီး ထိုင်ခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေတာကြောင့် သွေးပေါင်ကျတတ်သူတွေအနေနဲ့ ပြုလုပ်သင့်တဲ့ အရာတခုပဲ ဖြစ်ပါတယ်။

(၅) ကိုယ်နေဟန်ထား အပြောင်းအလဲကို သတိပြုပါ

ထိုင်ရာကနေ ရုတ်တရက်မတ်တပ်ထရပ်တာမျိုးနဲ့ တဖက်ကို ခေါင်းလှည့်တာမျိုးဟာ မူူးဝေပြီး လဲကျတဲ့အထိ ဖြစ်စေနိုင်တာကြောင့်သွေးပေါင်ကျတတ်သူတွေအနေနဲ့ ကိုယ်နေဟန်ထားအပြောင်းအလဲကို သတိပြုသင့်ပါတယ်။

Ref :

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော်

သွေးပေါင်ကျတယ်ဆိုတာကဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အလွယ်တကူ ကုသလို့ရပြီး အရမ်းကြီးစိုးရိမ်ရမယ့် ကျန်းမာရေးပြဿနာတော့မဟုတ်ပါဘူး။

ဒါပေမယ့်ရောဂါအခံတစ်ခုခုရှိမယ်ဆိုရင်တော့ အမြန်ဆုံးကုသမှုခံယူတာအကောင်းဆုံးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့သွေးပေါင်ကျတဲ့အခါမှာဖြစ်ဖြစ်သွေးပေါင်ကျတတ်ရင်ဖြစ်ဖြစ် ဘာတွေစားသင့်လဲဆိုတာကိုဆွေးနွေးပြောပြပေးပါရစေ။

သွေးပေါင်ကျရင် ဘာတွေခံစားရနိုင်လဲခန္ဓါကိုယ်ကဝေဒနာတစ်ခုခုကိုခံစားရတဲ့အခါ လက္ခဏာလေးတွေပြတတ်ပါတယ်။ ဒီလိုပါပဲ။သွေးပေါင်ကျတဲ့အခါ မှာအခုလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။

ခေါင်းထဲက မူးဝေတာ ခြေကုန်လက်ပမ်းကျတာ အာရုံစိုက်ရခက်လာတာ

စိတ်ဓါတ်ကျတာ အမြင်တွေဝါးလာတာ သတိလစ်တာ မအီမသာဖြစ်တာ အသက်ရှုရခက်တာ နဲ့ ရေငတ်တာမျိုးတွေခံစားရနိုင်ပါတယ်။

သွေးပေါင်ကျတတ်ရင်ဘာတွေစားရမလဲ

သကြားမုန်လာ – သကြားမုန်လာမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို နိုက်ထရိတ်ဒြပ်ပေါင်းပါဝင်တာကြောင့် ခန္ဓါကိုယ်အနံ့သွေးစီးဆင်းမှုကို တိုးစေနိုင်ပါတယ်။

အဆိုပါ နိုက်ထရိတ်ဒြပ်ပေါင်းကသွေးတွင်းက နိုက်ထရစ် အောက်ဆိုဒ်ပမာဏကိုကျဆင်းစေသလို သွေးကြောတွေထဲမှာသွေးစီးဆင်းမှုကောင်းစေပြီးသွေးတွင်းအောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကို တိုးစေနိုင်တာကြောင့်သွေးပေါင်ကျတာကိုသက်သာစေနိုင်ပါတယ်။

မုန်လာဥနီ – ဓါတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်တာဝန်ယူလုပ်ဆောင်ပေးတဲ့ ဘီတာကယ်လ်ရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အပင်ထွက်ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့glutathione လည်းကြွယ်ဝပါတယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓါကိုယ်အနှံ့သွေးစီးဆင်းရောက်ရှိမှုကို တိုစေနိုင်ပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။

မနက်ခင်းဘာမှမစားခင်မှာ မုန်လာဥနီဖျော်ရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးသောက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်သောက်ပေးမယ်ဆိုရင်သွေးပေါင်ကျတာကို သက်သာစေမှာပါ။

သံပရိုသီး – သံပရိုသီးကသွေးတိုးတာအတွက်ရော၊သွေးပေါင်ကျတာအတွက်ပါ အသုံးတည့်တဲ့ သဘာဝအသီးအနှံတစ်ခုပါ။ ကိုယ်တွင်းမှာရေဓါတ်နည်းသွားတဲ့အခါသွေးပေါင်ကျတာဖြစ်ပါတယ်။

ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမျာ သံပရိုသီး၊သကြားအနည်းငယ်နဲ့ဆားအနည်းငယ်ကိုရောစပ်ပြီး ထည့်သွင်းစားသုံးမယ်ဆိုရင် အသည်းလုပ်ဆောင်မှုကိုကောင်းစေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို ခန္ဓါကိုယ်မှာသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေနိုင်ပါတယ်။

အယ်လ်မွန်စေ့ -ရွှေညိုရောင်သန်းနေတဲ့ အခွံမာသီးတစ်မျိုးဖြစ်တဲ့ အယ်လ်မွန်စေ့ကသွေးပေါင်ကျတာကိုသက်သာစေနိုင်သလို နှလုံးကျန်းမာစေနိုင်ပါတယ်။

အယ်လ်မွန်စေ့မှာ biotin၊ ဗီတာမင် E၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဖလေဗာနွိုက်တို့ ပါဝင်နေပြီးသွေးတွင်းကိုလက်စထရောကို

ထိန်းညှိပေးနိုင်သလို နှလုံးကျန်းမာစေပြီး ကိုယ်တွင်းသွေးစီးဆင်းရောက်ရှိမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ခန္ဓါကိုယ်ကို အားပြည့်စေပြီးသွေးပေါင်မကျအောင် ထိန်းညှိပေးပါတယ်။

ပင်လယ်စာ – ပင်လယ်စာတွေဖြစ်ကြတဲ့ မက်ကာရယ်ငါး၊ ငါးခူ၊ ငါးရှဉ့် တို့လိုမျိုးငါးတွေမှာ ဆိုဒီယမ်ပါဝင်နေပြီးသွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။

သွေးကြောနံရံများအတွင်းက ဖိအားကိုတိုးစေပြီးသွေးပေါင်ချိန်ကိုထိန်းညှိပေးသလို ဆဲလ်တွေတဝိုက်ကရေပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ပင်စိမ်း – ကျန်းမာရေးအတွက် အကျိုးများတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ အအေးမိ၊ ချောင်းဆိုးတာကနေစလို့သွေးတွင်းကိုလက်စထရောများတာနဲ့ အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေအတွက် အသုံးတည့်ပါတယ်။

ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေသလိုရောင်ရမ်းနာကျင်မှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်နေတာကြောင့်သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

သွေးပေါင်ကျတတ်သူတွေအနေနဲ့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ပင်စိမ်းရွက်ကို ၆ ရွက် ကနေ ၇ ရွက်လောက်အထိကိုရေစင်စင်ဆေးပြီး အတို့အမြှုပ်အဖြစ်စားပေးလို့ရပါတယ်။သွေးပေါင်ကျတာအပြင် ခန္ဓါကိုယ်ကိုပါကျန်းမာနေစေမှာ အသေအချာပါ။

ကော်ဖီ -ကော်ဖီပူပူလေးတစ်ခွက်ကသွေးပေါင်ကျတတ်သူတွေအတွက်တော့ဆေးတစ်လက်ပါ။ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်ကသွေးတွေစီးဆင်းမှုကိုကောင်းမွန်စေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။

ဒါပေမယ့် တစ်နေ့ကိုကော်ဖီနှစ်ခွက်သောက်တာက အသင့်တော်ဆုံးဖြစ်မှာပါ။ ကဖင်းဓါတ်အရမ်းများတဲအခါကျရင် ခန္ဓါကိုယ်အတွက်ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်။

နွယ်ချိုရေနွေးကြမ်း -သွေးပေါင်ကျနေသူတွေအတွက် သင့်တော်တဲ့သောက်စရာတစ်ခုပါ။ဆေးဖက်ဝင်တဲ့အရာတစ်ခုအဖြစ်နွယ်ချိုကို သိထားကြပါတယ်။ ဒါကြောင့်သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ နွယ်ချိုရေနွေးကြမ်းကို တစ်နေ့နှစ်ခွက်လောက်သောက်ပေးပါ။

သောက်ရေ -ရေဓါတ်နည်းမှုက ကိုယ်တွင်းသွေးပမာဏကိုကျဆင်းစေနိုင်ပြီးသွေးပေါင်ကျစေရတဲ့ အဓိကအကြောင်းအရင်းပါ။

ဒါကြောင့် ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝအောင်ထားပါ။ရေများများသောက်တာ ဒါမှမဟုတ် အုန်းရည်ေသာက်တာမျိုးလုပ်ပေးပါ။ ခန္ဓါကိုယ်ကို လန်းဆန်းစေပြီးသွေးပေါင်ကျတကိုသက်သာစေနိုင်ပါတယ်။

ကြက်ဥ/ ဘဲဥ -သွေးပေါင်ကျတဲ့ လူတော်တော်များများက ဗီတာမင် B12 ချို့တဲ့နေတတ်ကြပါတယ်။ ဗီတာမင် B12 နည်းတာကသွေးအားနည်းရောဂါကိုဖြစ်စေနိုင်ပြီးသွေးပေါင်ကျစေနိုင်ပါတယ်။

ဒါကြောင့် ဗီတာမင် B12 ကြွယ်ဝတဲ့ ကြက်ဥ၊ဘဲဥတို့ကိုပြုတ်စားတာဖြစ်ဖြစ်၊ကြော်စားတာဖြစ်ဖြစ်စားပေးပါ။

သံလွင်သီး – ဗီတာမင် E၊ သံဓါတ် နဲ့ကော့ပါးလိုမျိုးဓါတ်တွေပါဝင်နေတဲ့အပြင် ဆားဓါတ်အနည်းငယ်ပါဝင်နေတာကြောင့်သွေးဖိအားကိုထိန်းညှိပေးပြီးသွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။

ကဲသွေးပေါင်ကျလို့ဆိုပြီး စိတ်ညစ်မနေပါနဲ့နော်။ ဒီအစားအစာလေးတွေစားပြီးသွေးပေါင်ချိန်မကျအောင် ထိန်းညှိလိုက်ပါနော်……..။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ

Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

Hello Health

ေသြးေပါင္က်တတ္သူေတြ သတိထားသင့္တဲ့ အခ်က္ ၅ ခ်က္

ေသြးေပါင္က်တတ္သူေတြ သတိထားသင့္တဲ့ အခ်က္ ၅ ခ်က္ႏွင့္စားေပးရမယ့္အစားမ်ား…

ေသြးေပါင္ခ်ိန္ ၉၀/၆၀ ေအာက္ ေရာက္သြားရင္ေတာ့ ေသြးေပါင္က်တယ္လို႔ သတ္မွတ္ၾကပါတယ္။

ေသြးေပါင္က်ျခင္းဟာ ေသြးတိုးျခင္းလိုပဲ က်န္းမာေရးအတြက္ အႏၲရာယ္ ရွိပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ေသြးေပါင္ခ်ိန္ဟာ ၁၂၀/၈၀ ျဖစ္ၿပီး ၉၀/၆၀ ေအာက္ ေရာက္သြားရင္ေတာ့ ေသြးေပါင္က်တယ္လို႔ သတ္မွတ္လို႔ရပါတယ္။

ေသြးေပါင္က်ျခင္းဟာ ေမြးရာပါ ေသြးအားနည္းျခင္း၊ ေရဓာတ္ ခမ္းေျခာက္ျခင္းနဲ႔ ေဟာ္မုန္း မညီမၽွတဲ့ အခါမ်ိဳးမွာ ျဖစ္ေပၚတတ္ၿပီး ေရရွည္စြဲျမဲေသာက္သုံးတဲ့ ေဆးဝါးေတြေၾကာင့္လည္း ျဖစ္ေပၚတတ္ပါတယ္။

အခုေဖာ္ျပေပးမွာကေတာ့ မၾကာခဏ ေသြးေပါင္က်တတ္သူေတြ သတိထားၿပီး လိုက္နာသင့္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

(၁) ေရမ်ားမ်ား ေသာက္ပါ

ခႏၶာကိုယ္က ေရဓာတ္ခမ္းေျခာက္တဲ့ အခါမ်ိဳးမွာလည္း ေသြးေပါင္က်တတ္တာေၾကာင့္ ေရမ်ားမ်ားေသာက္ေပးသင့္ပါတယ္။ သင့္အေနနဲ႔ မၾကာခဏ ေသြးေပါင္က်တတ္တယ္ဆိုရင္ေတာ့ ေရမ်ားမ်ား ေသာက္ေပးသင့္သလို အရည္ရႊမ္းတဲ့ အသီးအႏွံေတြကိုလည္း စားေပးသင့္ပါတယ္။

(၂) ဗီတာမင္ B12 ပါဝင္တဲ့ အစားအစာေတြကို မ်ားမ်ား စားေပးပါ

ဗီတာမင္ B12 ခ်ိဳ႕တဲ့တဲ့ အခါမ်ိဳးမွာလည္း ေသြးေပါင္က်ျခင္းကို ျဖစ္ေပၚေစနိုင္တာေၾကာင့္ ၾကက္ဥ၊ ဘဲဥ စတဲ့ ဗီတာမင္ B12 ပါဝင္တဲ့ အစားအစာေတြကို စားသုံးေပးသင့္ပါတယ္။

(၃) ေသာက္ေနက် ေဆးဝါးေတြကို ဆရာဝန္နဲ႔ တိုင္ပင္ပါ

ႏွလုံးေရာဂါ ေဆးဝါးေတြနဲ႔ အသည္းေရာဂါေဆးေတြ ေရရွည္စြဲျမဲေသာက္သုံးတဲ့ အခါမ်ိဳးမွာ ေသြးေပါင္က်တတ္တာေၾကာင့္ မၾကာခဏ ေသြးေပါင္က်တတ္တယ္ဆိုရင္ မိမိေသာက္ေနက်ေဆးဝါးေတြကို ဆရာဝန္နဲ႔ ျပန္လည္ တိုင္ပင္သင့္ပါတယ္။

(၄) ထိုင္တဲ့အခါမွာ ေျခခ်ိတ္ၿပီး ထိုင္ပါ

ေဆးပညာရွင္ေတြရဲ့အဆိုအရ ထိုင္တဲ့အခါ ေျခခ်ိတ္ၿပီး ထိုင္ျခင္းဟာ ေသြးေပါင္ခ်ိန္ကို ျမင့္တက္ေစတာေၾကာင့္ ေသြးေပါင္က်တတ္သူေတြအေနနဲ႔ ျပဳလုပ္သင့္တဲ့ အရာတခုပဲ ျဖစ္ပါတယ္။

(၅) ကိုယ္ေနဟန္ထား အေျပာင္းအလဲကို သတိျပဳပါ

ထိုင္ရာကေန ႐ုတ္တရက္မတ္တပ္ထရပ္တာမ်ိဳးနဲ႔ တဖက္ကို ေခါင္းလွည့္တာမ်ိဳးဟာ မူူးေဝၿပီး လဲက်တဲ့အထိ ျဖစ္ေစနိုင္တာေၾကာင့္ေသြးေပါင္က်တတ္သူေတြအေနနဲ႔ ကိုယ္ေနဟန္ထားအေျပာင္းအလဲကို သတိျပဳသင့္ပါတယ္။

Ref :

ေသြးေပါင္က်တတ္ရင္ ဒါေတြစားေပးေနာ္

ေသြးေပါင္က်တယ္ဆိုတာကျဖစ္ေလ့ျဖစ္ထရွိတဲ့ က်န္းမာေရးအေျခအေနတစ္ရပ္ပါ။ အလြယ္တကူ ကုသလို႔ရၿပီး အရမ္းႀကီးစိုးရိမ္ရမယ့္ က်န္းမာေရးျပႆနာေတာ့မဟုတ္ပါဘူး။

ဒါေပမယ့္ေရာဂါအခံတစ္ခုခုရွိမယ္ဆိုရင္ေတာ့ အျမန္ဆုံးကုသမႈခံယူတာအေကာင္းဆုံးျဖစ္မွာပါ။ ဒီတစ္ေခါက္ေတာ့ေသြးေပါင္က်တဲ့အခါမွာျဖစ္ျဖစ္ေသြးေပါင္က်တတ္ရင္ျဖစ္ျဖစ္ ဘာေတြစားသင့္လဲဆိုတာကိုေဆြးေႏြးေျပာျပေပးပါရေစ။

ေသြးေပါင္က်ရင္ ဘာေတြခံစားရနိုင္လဲခႏၶါကိုယ္ကေဝဒနာတစ္ခုခုကိုခံစားရတဲ့အခါ လကၡဏာေလးေတြျပတတ္ပါတယ္။ ဒီလိုပါပဲ။ေသြးေပါင္က်တဲ့အခါ မွာအခုလိုမ်ိဳး လကၡဏာေတြခံစားရနိုင္ပါတယ္။

ေခါင္းထဲက မူးေဝတာ ေျခကုန္လက္ပမ္းက်တာ အာ႐ုံစိုက္ရခက္လာတာ

စိတ္ဓါတ္က်တာ အျမင္ေတြဝါးလာတာ သတိလစ္တာ မအီမသာျဖစ္တာ အသက္ရႈရခက္တာ နဲ႔ ေရငတ္တာမ်ိဳးေတြခံစားရနိုင္ပါတယ္။

ေသြးေပါင္က်တတ္ရင္ဘာေတြစားရမလဲ

သၾကားမုန္လာ – သၾကားမုန္လာမွာ ဓါတ္တိုးဆန႔္က်င္အာနိသင္ေတြႂကြယ္ဝစြာပါဝင္ေနသလို နိုက္ထရိတ္ျဒပ္ေပါင္းပါဝင္တာေၾကာင့္ ခႏၶါကိုယ္အနံ့ေသြးစီးဆင္းမႈကို တိုးေစနိုင္ပါတယ္။

အဆိုပါ နိုက္ထရိတ္ျဒပ္ေပါင္းကေသြးတြင္းက နိုက္ထရစ္ ေအာက္ဆိုဒ္ပမာဏကိုက်ဆင္းေစသလို ေသြးေၾကာေတြထဲမွာေသြးစီးဆင္းမႈေကာင္းေစၿပီးေသြးတြင္းေအာက္ဆီဂ်င္စီးဆင္းေရာက္ရွိမႈကို တိုးေစနိုင္တာေၾကာင့္ေသြးေပါင္က်တာကိုသက္သာေစနိုင္ပါတယ္။

မုန္လာဥနီ – ဓါတ္တိုးဆန႔္က်င္ပစၥည္းအျဖစ္တာဝန္ယူလုပ္ေဆာင္ေပးတဲ့ ဘီတာကယ္လ္ရိုတင္းႂကြယ္ဝစြာပါဝင္ေနပါတယ္။ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးနိုင္တဲ့ အပင္ထြက္ဓါတုပစၥည္းတစ္မ်ိဳးျဖစ္တဲ့glutathione လည္းႂကြယ္ဝပါတယ္။

ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြက ခႏၶါကိုယ္အႏွံ့ေသြးစီးဆင္းေရာက္ရွိမႈကို တိုေစနိုင္ၿပီး ကိုယ္ခံအားကိုေကာင္းေစနိုင္ပါတယ္။

မနက္ခင္းဘာမွမစားခင္မွာ မုန္လာဥနီေဖ်ာ္ရည္ထဲကို ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာထည့္ၿပီးေသာက္ေပးပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္ေသာက္ေပးမယ္ဆိုရင္ေသြးေပါင္က်တာကို သက္သာေစမွာပါ။

သံပရိုသီး – သံပရိုသီးကေသြးတိုးတာအတြက္ေရာ၊ေသြးေပါင္က်တာအတြက္ပါ အသုံးတည့္တဲ့ သဘာဝအသီးအႏွံတစ္ခုပါ။ ကိုယ္တြင္းမွာေရဓါတ္နည္းသြားတဲ့အခါေသြးေပါင္က်တာျဖစ္ပါတယ္။

ဒါေၾကာင့္ေန႔စဥ္စားသုံးတဲ့အစားအေသာက္ထဲမ်ာ သံပရိုသီး၊သၾကားအနည္းငယ္နဲ႔ဆားအနည္းငယ္ကိုေရာစပ္ၿပီး ထည့္သြင္းစားသုံးမယ္ဆိုရင္ အသည္းလုပ္ေဆာင္မႈကိုေကာင္းေစၿပီးေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးနိုင္သလို ခႏၶါကိုယ္မွာေသြးစီးဆင္းေရာက္ရွိမႈေကာင္းမြန္ေစနိုင္ပါတယ္။

အယ္လ္မြန္ေစ့ -ေရႊညိဳေရာင္သန္းေနတဲ့ အခြံမာသီးတစ္မ်ိဳးျဖစ္တဲ့ အယ္လ္မြန္ေစ့ကေသြးေပါင္က်တာကိုသက္သာေစနိုင္သလို ႏွလုံးက်န္းမာေစနိုင္ပါတယ္။

အယ္လ္မြန္ေစ့မွာ biotin၊ ဗီတာမင္ E၊ က်န္းမာေရးနဲ႔ညီညြတ္တဲ့အဆီေတြ၊ မဂၢနီဆီယမ္၊ ပိုတက္ဆီယမ္ နဲ႔ ဖေလဗာႏြိဳက္တို႔ ပါဝင္ေနၿပီးေသြးတြင္းကိုလက္စထေရာကို

ထိန္းညႇိေပးနိုင္သလို ႏွလုံးက်န္းမာေစၿပီး ကိုယ္တြင္းေသြးစီးဆင္းေရာက္ရွိမႈကို ထိန္းညႇိေပးနိုင္ပါတယ္။ ခႏၶါကိုယ္ကို အားျပည့္ေစၿပီးေသြးေပါင္မက်ေအာင္ ထိန္းညႇိေပးပါတယ္။

ပင္လယ္စာ – ပင္လယ္စာေတြျဖစ္ၾကတဲ့ မက္ကာရယ္ငါး၊ ငါးခူ၊ ငါးရွဉ့္ တို႔လိုမ်ိဳးငါးေတြမွာ ဆိုဒီယမ္ပါဝင္ေနၿပီးေသြးေပါင္က်တာကို သက္သာေစနိုင္ပါတယ္။

ေသြးေၾကာနံရံမ်ားအတြင္းက ဖိအားကိုတိုးေစၿပီးေသြးေပါင္ခ်ိန္ကိုထိန္းညႇိေပးသလို ဆဲလ္ေတြတဝိုက္ကေရပမာဏကိုလည္း ထိန္းညႇိေပးနိုင္ပါတယ္။

ပင္စိမ္း – က်န္းမာေရးအတြက္ အက်ိဳးမ်ားတဲ့ သဘာဝေဆးဖက္ဝင္အပင္တစ္မ်ိဳးပါ။ အေအးမိ၊ ေခ်ာင္းဆိုးတာကေနစလို႔ေသြးတြင္းကိုလက္စထေရာမ်ားတာနဲ႔ အမ်ိဳးမ်ိဳးေသာက်န္းမာေရးျပႆနာေတြအတြက္ အသုံးတည့္ပါတယ္။

ဓါတ္တိုးဆန႔္က်င္အာနိသင္ပါဝင္ေနသလိုေရာင္ရမ္းနာက်င္မႈကို သက္သာေစၿပီး ဘက္တီးရီးယားေတြကိုလည္း တိုက္ဖ်က္ေပးနိုင္ပါတယ္။ ဗီတာမင္ C၊ မဂၢနီဆီယမ္၊ ပိုတက္ဆီယမ္တို႔ပါဝင္ေနတာေၾကာင့္ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးနိုင္ပါတယ္။

ေသြးေပါင္က်တတ္သူေတြအေနနဲ႔ မနက္တစ္ႀကိမ္ ညေနတစ္ႀကိမ္ ပင္စိမ္းရြက္ကို ၆ ရြက္ ကေန ၇ ရြက္ေလာက္အထိကိုေရစင္စင္ေဆးၿပီး အတို႔အျမႇုပ္အျဖစ္စားေပးလို႔ရပါတယ္။ေသြးေပါင္က်တာအျပင္ ခႏၶါကိုယ္ကိုပါက်န္းမာေနေစမွာ အေသအခ်ာပါ။

ေကာ္ဖီ -ေကာ္ဖီပူပူေလးတစ္ခြက္ကေသြးေပါင္က်တတ္သူေတြအတြက္ေတာ့ေဆးတစ္လက္ပါ။ေကာ္ဖီမွာပါတဲ့ ကဖင္းဓါတ္ကေသြးေတြစီးဆင္းမႈကိုေကာင္းမြန္ေစၿပီးေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးပါတယ္။

ဒါေပမယ့္ တစ္ေန႔ကိုေကာ္ဖီႏွစ္ခြက္ေသာက္တာက အသင့္ေတာ္ဆုံးျဖစ္မွာပါ။ ကဖင္းဓါတ္အရမ္းမ်ားတဲအခါက်ရင္ ခႏၶါကိုယ္အတြက္ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကပိုမ်ားပါတယ္။

ႏြယ္ခ်ိဳေရေႏြးၾကမ္း -ေသြးေပါင္က်ေနသူေတြအတြက္ သင့္ေတာ္တဲ့ေသာက္စရာတစ္ခုပါ။ေဆးဖက္ဝင္တဲ့အရာတစ္ခုအျဖစ္ႏြယ္ခ်ိဳကို သိထားၾကပါတယ္။ ဒါေၾကာင့္ေသြးေပါင္က်တတ္တယ္ဆိုရင္ေတာ့ ႏြယ္ခ်ိဳေရေႏြးၾကမ္းကို တစ္ေန႔ႏွစ္ခြက္ေလာက္ေသာက္ေပးပါ။

ေသာက္ေရ -ေရဓါတ္နည္းမႈက ကိုယ္တြင္းေသြးပမာဏကိုက်ဆင္းေစနိုင္ၿပီးေသြးေပါင္က်ေစရတဲ့ အဓိကအေၾကာင္းအရင္းပါ။

ဒါေၾကာင့္ ခႏၶါကိုယ္ကိုေရဓါတ္ျပည့္ဝေအာင္ထားပါ။ေရမ်ားမ်ားေသာက္တာ ဒါမွမဟုတ္ အုန္းရည္ေသာက္တာမ်ိဳးလုပ္ေပးပါ။ ခႏၶါကိုယ္ကို လန္းဆန္းေစၿပီးေသြးေပါင္က်တကိုသက္သာေစနိုင္ပါတယ္။

ၾကက္ဥ/ ဘဲဥ -ေသြးေပါင္က်တဲ့ လူေတာ္ေတာ္မ်ားမ်ားက ဗီတာမင္ B12 ခ်ိဳ႕တဲ့ေနတတ္ၾကပါတယ္။ ဗီတာမင္ B12 နည္းတာကေသြးအားနည္းေရာဂါကိုျဖစ္ေစနိုင္ၿပီးေသြးေပါင္က်ေစနိုင္ပါတယ္။

ဒါေၾကာင့္ ဗီတာမင္ B12 ႂကြယ္ဝတဲ့ ၾကက္ဥ၊ဘဲဥတို႔ကိုျပဳတ္စားတာျဖစ္ျဖစ္၊ေၾကာ္စားတာျဖစ္ျဖစ္စားေပးပါ။

သံလြင္သီး – ဗီတာမင္ E၊ သံဓါတ္ နဲ႔ေကာ့ပါးလိုမ်ိဳးဓါတ္ေတြပါဝင္ေနတဲ့အျပင္ ဆားဓါတ္အနည္းငယ္ပါဝင္ေနတာေၾကာင့္ေသြးဖိအားကိုထိန္းညႇိေပးၿပီးေသြးေပါင္က်တာကို သက္သာေစနိုင္ပါတယ္။

ကဲေသြးေပါင္က်လို႔ဆိုၿပီး စိတ္ညစ္မေနပါနဲ႔ေနာ္။ ဒီအစားအစာေလးေတြစားၿပီးေသြးေပါင္ခ်ိန္မက်ေအာင္ ထိန္းညႇိလိုက္ပါေနာ္……..။ ။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ

Dr. Thurein Hlaing Win

ေရးသားသူ Aye Thi Mon

Hello Health