၁၆နှစ်အရွယ် အမျိုးသမီးငယ်ကို အသက် ၆၀ ကျော် ပထွေးမှ သားမယားပြုကျင့်၍ ကိုယ်ဝန် ၃ လကျော်ရရှိ

0
161

တိုက်ကြီး၊ ဇူလိုင် ၁၈/၂၀၂၀

ပထွေးဖြစ်သူမှ မယားပါသမီးအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သဖြင့် ကိုယ်ဝန်ရရှိခဲ့၍ ဇူလိုင် ၁၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်ခရမ်း အုပ်စု၊ ပြည်တော်အေးကျေးရွာနေ တရားလိုမှ လွန်ခဲ့သော ၁၃နှစ်ခန့်က ခင်ပွန်းဖြစ်သူကွယ်လွန်သွား၍ ၂၀၁၇ ခုနှစ်၌ ၎င်းကျေးရွာနေ ဦးတင်မြင့်နှင့် နောက်အိမ်ထောင် ပြုခဲ့ကြောင်း ဆိုသည်။

တရားလိုမှာ ပန်းရောင်းသည့်လုပ်ငန်းလုပ်ကိုင်သဖြင့် ညစဉ် ၁၂နာရီခန့်၌ တိုက်ကြီးမြို့သို့ ပန်းဝယ်သွားပြီး ရွာတွင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ ထိုသို့ဈေးဝယ်သွား နေစဉ် နေအိမ်၌သမီးဖြစ်သူ မအိ(အမည်လွဲ)ပါ သားသမီး နှစ်ဦးနှင့် ပထွေးဖြစ်သူတို့ကျန်ရစ်ခဲ့ရာမှ သမီးဖြစ်သူ မအိ(အမည်လွှဲ)၁၆ နှစ်သည် အော့အန်၍ နေမကောင်းသည်မှ (၁)ပတ်ကျော်ခန့်ရှိပြီဖြစ်၍ ဇူလိုင်လ ၁၅ ရက်နေက သမီးဖြစ်သူအား ချော့မော့မေးမြန်းခဲ့ရာ ၂၀၂ဝခုနှစ် ဖေဖေါ်ဝါရီလက မိခင်ဈေးသွားနေစဉ် ပထွေးဖြစ်သူဦးတင်မြင့်မှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကာ နောက်ရက်များတွင်လည်း သားမယား အကြိမ်ကြိမ်ပြုကျင့်ခဲ့ပြီး ပထွေးမှ မိခင်ဖြစ်သူအား ပြန်ပြောပါက သတ်ပြစ်မည်ဟု ခြိမ်းခြောက်ပြောဆို ခဲ့သဖြင့် မပြောရဲဘဲနေခဲ့ရကြောင်း ပြောပြသိရသဖြင့် ဦးတင်မြင့်အား ဥပဒေအရအရေးယူပေးပါရန် မိခင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း ဖိုးခေါင်နယ်မြေ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးတင်မြင့် (၆၇ နှစ်)အား ဖိုးခေါင်နယ်မြေရဲစခန်းမှ (ပ) ၂၇/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်း ရရှိသည်။

မျိုးမင်းသူ(တိုက်ကြီး)

Top Phoenix Media Group