ဖေဖေ ရောက်သွားတာ စစ်မြေပြင်တခု…ရင်ဘတ်ကြီးကွဲထွက်သွားတဲ့နေ့ပါ သမီးလေးရေ

ဖေဖေ ရောက်သွားတာ စစ်မြေပြင်တခု…ရင်ဘတ်ကြီးကွဲထွက်သွားတဲ့နေ့ပါ သမီးလေးရေ

တဦးတည်းသောသမီးလေး လမ်းပေါ်ထွက်တာ စိတ်မပူဘူးလား လို့ သူများတွေမေးရင်…

သမီးကို စိတ်မပူဘူး … လို့ပဲ ကျနော်ပြန်ဖြေနေခဲ့တာ…

သမီးက သွက်တဲ့ကလေး …ထက်တဲ့ကလေး …

ငယ်ငယ်လေးကတည်းက ဖေဖေဂုဏ်ယူခဲ့ရတဲ့သမီးလေး …

Gz လေးတယောက်မို့ …

ဒီမိုကရေစီတိုက်ပွဲမှာ သူစိတ်အားထက်သန်သလို….

တထောင့်တနေရာက ပြည်သူနဲ့အတူ ရှိနေခဲ့တဲ့ သမီးလေး …

ချစ်လွန်းလို့ ပ်ုးဥလေးလို မွေးထားပေမဲ့…

တိုက်ကွမ်ဒိုတွေ ကရာတေးတွေဝါသနာပါတော့လည်း သင်ခိုင်းစေခဲ့တာပါပဲ …

သမီးလေးက…ဖေဖေ့အသည်းကျော်လေးမို့….

ဖေဖေ့ဆံပင်ဆေးဆိုးတာကအစ သမီးလက်လေးနဲ့…

ထိတွေ့မှ ဖေဖေစိတ်တိုင်းကျတာ…

မနက်က သမီးသူငယ်ချင်းတွေ နဲ့အတူ ထွက်သွားတယ်…

သမီးတို့Gz လေးတွေရဲ့ ကျောပြင်လေးတွေ ငေးရင်း ….

ခါတိုင်းလိုပဲ…………

နေ့လည်သမီးပြန်လာမဲ့အချိန်စောင့်ပီး….

keyboard ဖိုက်တာလုပ်ဖို့က ဖေဖေ့တာဝန်လေ…

နေ့လည် ph ဖွင့်သတင်းတွေဖတ်မိတော့ မှ ……

ဖေဖေ့……… မျက်စိတွေဝါးသွားလိုက်….

ကိုယ်တခုလုံး မြောက်တက်သွားလိုက် ကြီးးးး

ထ ပြေးသွားတယ် …

ပြေးတယ် …

ထပ်ပြီး…ပြေးတယ် …

အသိစိတ်လေးဝင်မှ ကြည့်လိုက်တော့ …

ဖေဖေ ရောက်သွားတာ စစ်မြေပြင်တခု……!

လူတွေကြားထဲ … လူတွေအများကြီးကြားထဲမှာ…

လူငယ်လေးတယောက်က…… ဖေဖေ့ကိုတခုခု လှမ်းပေးလိုက်သလိုပဲ …

သမီးရဲ့ph လား ?

ဖေဖေဝယ်ပေးခဲ့တဲ့နာရီလေးလား…? မသဲကွဲဘူးး …

သေခြာလား သေခြာရဲ့လားဗျာ ???

ဖေဖေ့အတွက်တော့…မြင်ရတဲ့ မြင်ကွင်းက….

ရင်ဘတ်ကြီးကွဲထွက်သွားတဲ့နေ့ပါ သမီးလေးရေ ………

နန်းဂ်စ္ပြ (3-3-2021)

ဒီနေ့ဒီမိုကရေစီတိုက်ပွဲက ပုံလေးတပုံကြည့်ရင်း…

မိဘတယောက်အနေနဲ့ မျက်ရည် တစစ်စစ်ကျရင်းခံစားရေးဖွဲ့မိပါသည် ……

ဆယ်ကျော်သက် ကလေးတွေ အသက်ခြွေရတာ ….

မင်းတို့ပျော်လား ….

မငိးတို့ လဲ သားသမီးတွေနဲ့ပါ ….

မင်းတို့ သားသမီး မြေးမြစ်တွေကျရင်….

မင်းတို့ ခံနိုင်ရည်ရှိနိုင်ကျပါစေ… (၃/ ၃/၂၀၂၁)

စစ်အာဏာရှင်တွေအမြန်ကြရှုံးပါစေ….။မေဖြူပွင့်

ေဖေဖ ေရာက္သြားတာ စစ္ေျမျပင္တခု…ရင္ဘတ္ႀကီးကြဲထြက္သြားတဲ့ေန႔ပါ သမီးေလးေရ

တဦးတည္းေသာသမီးေလး လမ္းေပၚထြက္တာ စိတ္မပူဘူးလား လို႔ သူမ်ားေတြေမးရင္…

သမီးကို စိတ္မပူဘူး … လို႔ပဲ က်ေနာ္ျပန္ေျဖေနခဲ့တာ…

သမီးက သြက္တဲ့ကေလး …ထက္တဲ့ကေလး …

ငယ္ငယ္ေလးကတည္းက ေဖေဖဂုဏ္ယူခဲ့ရတဲ့သမီးေလး …

Gz ေလးတေယာက္မို႔ …

ဒီမိုကေရစီတိုက္ပြဲမွာ သူစိတ္အားထက္သန္သလို….

တေထာင့္တေနရာက ျပည္သူနဲ႔အတူ ရွိေနခဲ့တဲ့ သမီးေလး …

ခ်စ္လြန္းလို႔ ပ္ုးဥေလးလို ေမြးထားေပမဲ့…

တိုက္ကြမ္ဒိုေတြ ကရာေတးေတြဝါသနာပါေတာ့လည္း သင္ခိုင္းေစခဲ့တာပါပဲ …

သမီးေလးက…ေဖေဖ့အသည္းေက်ာ္ေလးမို႔….

ေဖေဖ့ဆံပင္ေဆးဆိုးတာကအစ သမီးလက္ေလးနဲ႔…

ထိေတြ႕မွ ေဖေဖစိတ္တိုင္းက်တာ…

မနက္က သမီးသူငယ္ခ်င္းေတြ နဲ႔အတူ ထြက္သြားတယ္…

သမီးတို႔Gz ေလးေတြရဲ႕ ေက်ာျပင္ေလးေတြ ေငးရင္း ….

ခါတိုင္းလိုပဲ…………

ေန႔လည္သမီးျပန္လာမဲ့အခ်ိန္ေစာင့္ပီး….

keyboard ဖိုက္တာလုပ္ဖို႔က ေဖေဖ့တာဝန္ေလ…

ေန႔လည္ ph ဖြင့္သတင္းေတြဖတ္မိေတာ့ မွ ……

ေဖေဖ့……… မ်က္စိေတြဝါးသြားလိုက္….

ကိုယ္တခုလုံး ေျမာက္တက္သြားလိုက္ ႀကီးးးး

ထ ေျပးသြားတယ္ …

ေျပးတယ္ …

ထပ္ၿပီး…ေျပးတယ္ …

အသိစိတ္ေလးဝင္မွ ၾကည့္လိုက္ေတာ့ …

ေဖေဖ ေရာက္သြားတာ စစ္ေျမျပင္တခု……!

လူေတြၾကားထဲ … လူေတြအမ်ားႀကီးၾကားထဲမွာ…

လူငယ္ေလးတေယာက္က…… ေဖေဖ့ကိုတခုခု လွမ္းေပးလိုက္သလိုပဲ …

သမီးရဲ႕ph လား ?

ေဖေဖဝယ္ေပးခဲ့တဲ့နာရီေလးလား…? မသဲကြဲဘူးး …

ေသျခာလား ေသျခာရဲ႕လားဗ်ာ ???

ေဖေဖ့အတြက္ေတာ့…ျမင္ရတဲ့ ျမင္ကြင္းက….

ရင္ဘတ္ႀကီးကြဲထြက္သြားတဲ့ေန႔ပါ သမီးေလးေရ ………

နႏ္းဂ္ျစၸ (3-3-2021)

ဒီေန႔ဒီမိုကေရစီတိုက္ပြဲက ပုံေလးတပုံၾကည့္ရင္း…

မိဘတေယာက္အေနနဲ႔ မ်က္ရည္ တစစ္စစ္က်ရင္းခံစားေရးဖြဲ႕မိပါသည္ ……

ဆယ္ေက်ာ္သက္ ကေလးေတြ အသက္ေႁခြရတာ ….

မင္းတို႔ေပ်ာ္လား ….

မငိးတို႔ လဲ သားသမီးေတြနဲ႔ပါ ….

မင္းတို႔ သားသမီး ေျမးျမစ္ေတြက်ရင္….

မင္းတို႔ ခံႏိုင္ရည္ရွိႏိုင္က်ပါေစ… (၃/ ၃/၂၀၂၁)

စစ္အာဏာရွင္ေတြအျမန္ၾကရွုံးပါေစ….။ေမျဖဴပြင့္