တာမွေတံတားနားမှာ ထမင်းဗူးသွားဝေတော့ဆန္ဒပြနေတဲ့ ကလေးတွေထဲမှာ

တာမွေတံတားနားမှာ ထမင်းဗူးသွားဝေတော့ဆန္ဒပြနေတဲ့ ကလေးတွေထဲမှာ

တာမွေတံတားနားမှာ ထမင်းဗူးသွားဝေတော့ဆန္ဒပြနေတဲ့ ကလေးတွေထဲမှာ…အသက်ဆယ့်ငါးနှစ်အရွယ် ဒီကလေးလေးပါလာတယ်

မကြီး..သားမစားရရင်ရတယ်..ကြောင်လေးအတွက်စားစရာတစ်ခုခုသာပေးပါတဲ့…

သားရယ်ကြောင်လေးကိုအိမ်မှာထားခဲ့ပြီးရော..အရမ်းချစ်လို့ခေါ်လာတာလားလို့ပြောတော့..

မဟုတ်ဘူးမကြီး…

သားတို့ဆန္ဒပြနေတဲ့..တံဆိပ်ရိုက်တဲ့ဆိုင်နားမှာခဏနားတုန်း..သူ့ကိုလမ်းမှာတွေ့တာ..ဆိုင်ကိုမေးကြည့်တော့စောင့်ရှောက်မယ့်သူလည်းမရှိဘူး..တာဝန်လည်းမယူနိုင်ဘူးဆိုလို့…သေ သွားမှာစိုးလို့သားခေါ်လာတာတဲ့

အိမ်ကိုခေါ်သွားမှာလားမေးတော့ခေါ်သွားမှာတဲ့တယုတယပွတ်သပ်နေတယ်အထီးလားအမလားမေးတော့မသိဘူးဆိုပြီးနှစ်ယောက်သားကြောင်ကိုလှန်ကြည့်ကြတော့အထီးလေးပါ…

ထမင်းဗူးလေးယူလာပြီးပေးတော့…သူစားမယ့်ပေါင်မုန့်လေးကိုလက်ဝါးလေးပေါ်တင်ပြီးကြောင်လေးကိုကျွေးနေရှာတယ်…

ကြည့်ပါဦး…ကျွန်မတို့ပြည်သူတွေရဲ့ရင်ထဲ..GZ လေးတွေရဲ့..ရင်ထဲအသဲထဲမှာလမ်းဘေးကကြောင်တစ်ကောင်ရဲ့အသက်တောင်တန်ဖိုးထားတယ်ဆိုတာ…

ပြည်သူတွေကိုသတ်ပစ်ဖို့အမိန့်ပေးသူနဲ့ ပြည်သူတွေကိုလက်နက်ကိုင်ပြီး သတ်နေသူတွေသိကြစမ်းစေချင်တယ်…

ရင်ထဲစို့နင့်နေတယ်… ကားပေါ်မှာသားလေးအကြောင်းပဲတွေးမိနေတယ်…

ဒီနေ့သားလေးရောကြောင်လေးပါ…အိမ်ကိုချောချောမွေ့မွေ့ပြန်ရောက်ပါစေကွယ်…

ချစ်တဲ့..အန်တီလွင်နှင်းဆီလှိုင်

တာေမြတံတားနားမွာ ထမင္းဗူးသြားေဝေတာ့ဆႏၵျပေနတဲ့ ကေလးေတြထဲမွာ

တာေမြတံတားနားမွာ ထမင္းဗူးသြားေဝေတာ့ဆႏၵျပေနတဲ့ ကေလးေတြထဲမွာ…အသက္ဆယ့္ငါးႏွစ္အရြယ္ ဒီကေလးေလးပါလာတယ္

မႀကီး..သားမစားရရင္ရတယ္..ေၾကာင္ေလးအတြက္စားစရာတစ္ခုခုသာေပးပါတဲ့…

သားရယ္ေၾကာင္ေလးကိုအိမ္မွာထားခဲ့ၿပီးေရာ..အရမ္းခ်စ္လို႔ေခၚလာတာလားလို႔ေျပာေတာ့..

မဟုတ္ဘူးမႀကီး…

သားတို႔ဆႏၵျပေနတဲ့..တံဆိပ္ရိုက္တဲ့ဆိုင္နားမွာခဏနားတုန္း..သူ႔ကိုလမ္းမွာေတြ႕တာ..ဆိုင္ကိုေမးၾကည့္ေတာ့ေစာင့္ေရွာက္မယ့္သူလည္းမရွိဘူး..တာဝန္လည္းမယူနိုင္ဘူးဆိုလို႔…ေသ သြားမွာစိုးလို႔သားေခၚလာတာတဲ့

အိမ္ကိုေခၚသြားမွာလားေမးေတာ့ေခၚသြားမွာတဲ့တယုတယပြတ္သပ္ေနတယ္အထီးလားအမလားေမးေတာ့မသိဘူးဆိုၿပီးႏွစ္ေယာက္သားေၾကာင္ကိုလွန္ၾကည့္ၾကေတာ့အထီးေလးပါ…

ထမင္းဗူးေလးယူလာၿပီးေပးေတာ့…သူစားမယ့္ေပါင္မုန႔္ေလးကိုလက္ဝါးေလးေပၚတင္ၿပီးေၾကာင္ေလးကိုေကၽြးေနရွာတယ္…

ၾကည့္ပါဦး…ကၽြန္မတို႔ျပည္သူေတြရဲ့ရင္ထဲ..GZ ေလးေတြရဲ့..ရင္ထဲအသဲထဲမွာလမ္းေဘးကေၾကာင္တစ္ေကာင္ရဲ့အသက္ေတာင္တန္ဖိုးထားတယ္ဆိုတာ…

ျပည္သူေတြကိုသတ္ပစ္ဖို႔အမိန႔္ေပးသူနဲ႔ ျပည္သူေတြကိုလက္နက္ကိုင္ၿပီး သတ္ေနသူေတြသိၾကစမ္းေစခ်င္တယ္…

ရင္ထဲစို႔နင့္ေနတယ္… ကားေပၚမွာသားေလးအေၾကာင္းပဲေတြးမိေနတယ္…

ဒီေန႔သားေလးေရာေၾကာင္ေလးပါ…အိမ္ကိုေခ်ာေခ်ာေမြ႕ေမြ႕ျပန္ေရာက္ပါေစကြယ္…

ခ်စ္တဲ့..အန္တီလြင္ႏွင္းဆီလွိုင္