အသက်ပေးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲရကြောင်းပြောပြလာတဲ့ ဒေါင်း

အသက်ပေးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲရကြောင်းပြောပြလာတဲ့ ဒေါင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ အောင်မြင်လျက် ရှိနေတဲ့ အနုပညာ ရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဒေါင်းကတော့ ရုပ်ရှင် ဇာတ်ကားတွေအပြင် ကြော်ငြာတွေကိုလည်း ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ကာ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့ပါတယ်။ အနုပညာ အလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ ဒေါင်းကတော့ ပြည်သူတွေ ဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။

ဒေါင်းကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး သူရဲ့ ထင်မြင်ချက်ကို လူမှုကွန်ယက် စာမျက်နှာထက်မှာ မကြာခဏမျှဝေပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့ကတော့ ပြည်သူတွေများစွာဟာ လူထုလှုပ်ရှားမှုမှာ မမောနိုင်မပန်းနိုင်ပါဝင်ကြရင်း အသက်တွေ ပေးခဲ့ ရပါတယ်။ ဒေါင်းကတော့ ယခုမှာ အသက်ပေး ခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲရပြီး ဒီနေ့ရက်တွေကို နှလုံးသားမှာ ဘယ်တော့မှမေ့သွားမှာ မဟုတ်တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

ဒေါင်းကတော့ ” ကျွန်တော်တို့ အိမ်ပြန်နိုင်ခဲ့ပေမယ့် အိမ်ကိုပြန် မရောက်တော့တဲ့ ပြည်သူများအတွက် ဝမ်းနည်း ကြေကွဲရပါတယ် ဒါပေမယ့် အသက်ပေးခဲ့ရတဲ့သူရဲကောင်းပြည်သူတစ်ဦးချင်းစီအတွက် ရှေ့ဆက်ပြီးတော်လှန်ကြရမယ် ဒီနေ့ရက်တွေအတွက် တို့တွေနှလုံးသားမှာ ဘယ်တော့မှ မမေ့ဘူး ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ထားခဲ့ပါတယ်။ မနေ့ကပြုလုပ်တဲ့လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ ပါဝင်နေတဲ့ ဒေါင်းရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက် ရပါတယ်နော်…။

Source : daung – ဒေါင်း ‘ s Facebook Page

Credit

အသက္ေပးခဲ့ရတဲ့ အာဇာနည္သူရဲေကာင္းေတြအတြက္ ဝမ္းနည္းေၾကကြဲရေၾကာင္းေျပာျပလာတဲ့ ေဒါင္း

မဂၤလာပါ ပရိသတ္ႀကီးေရ ေအာင္ျမင္လ်က္ ရွိေနတဲ့ အႏုပညာ ရွင္ေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္တဲ့ ေဒါင္းကေတာ့ ႐ုပ္ရွင္ ဇာတ္ကားေတြအျပင္ ေၾကာ္ျငာေတြကိုလည္း ရိုက္ကူးခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ကာ ပရိသတ္ေတြရဲ့အားေပးဝန္းရံမႈကိုလည္း အျပည့္အဝရယူထားနိုင္ခဲ့ပါတယ္။ အႏုပညာ အလုပ္ေတြကိုလည္း ဆက္လက္လုပ္ကိုင္လ်က္ရွိေနတဲ့ ေဒါင္းကေတာ့ ျပည္သူေတြ ဘက္ကေန ျပတ္ျပတ္သားသားရပ္တည္လ်က္ရွိေနတဲ့ အႏုပညာရွင္တစ္ေယာက္ ပဲျဖစ္ပါတယ္။

ေဒါင္းကေတာ့ လက္ရွိ ျဖစ္ပြားေနတဲ့ ကိစၥေတြ နဲ႔ပတ္သက္ၿပီး သူရဲ့ ထင္ျမင္ခ်က္ကို လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ မၾကာခဏမၽွေဝေပးေလ့ရွိသူတစ္ေယာက္ပဲျဖစ္ပါတယ္။ မေန႔ကေတာ့ ျပည္သူေတြမ်ားစြာဟာ လူထုလႈပ္ရွားမႈမွာ မေမာနိုင္မပန္းနိုင္ပါဝင္ၾကရင္း အသက္ေတြ ေပးခဲ့ ရပါတယ္။ ေဒါင္းကေတာ့ ယခုမွာ အသက္ေပး ခဲ့ရတဲ့ သူရဲေကာင္းေတြအတြက္ ဝမ္းနည္းေၾကကြဲရၿပီး ဒီေန႔ရက္ေတြကို ႏွလုံးသားမွာ ဘယ္ေတာ့မွေမ့သြားမွာ မဟုတ္တဲ့အေၾကာင္း ေျပာျပလာခဲ့ပါတယ္။

ေဒါင္းကေတာ့ ” ကၽြန္ေတာ္တို႔ အိမ္ျပန္နိုင္ခဲ့ေပမယ့္ အိမ္ကိုျပန္ မေရာက္ေတာ့တဲ့ ျပည္သူမ်ားအတြက္ ဝမ္းနည္း ေၾကကြဲရပါတယ္ ဒါေပမယ့္ အသက္ေပးခဲ့ရတဲ့သူရဲေကာင္းျပည္သူတစ္ဦးခ်င္းစီအတြက္ ေရွ႕ဆက္ၿပီးေတာ္လွန္ၾကရမယ္ ဒီေန႔ရက္ေတြအတြက္ တို႔ေတြႏွလုံးသားမွာ ဘယ္ေတာ့မွ မေမ့ဘူး ” ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသား ထားခဲ့ပါတယ္။ မေန႔ကျပဳလုပ္တဲ့လူထုလႈပ္ရွားမႈမွာ ျပည္သူေတြနဲ႔အတူ ပါဝင္ေနတဲ့ ေဒါင္းရဲ့ ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ ရပါတယ္ေနာ္…။

Source : daung – ေဒါင္း ‘ s Facebook Page

Credit