မျက်စိရောဂါအတွက် တိုင်းရင်းဆေး

မျက်စိရောဂါအတွက် တိုင်းရင်းဆေး

အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မျက်စိပေကလတ်ပေကလတ် ဖြစ်နေသည်။ လက်ကိုင်ဖုန်းတွင် ပါလာသော ဂိမ်းကစားနည်းများကို နေ့စဉ်ငါးနာရီထက် ပိုပြီးကစားရာမှ မျက်စိအဖွင့်၊ အပိတ်ကို ထိန်းချုပ်သော အာရုံကြောများ အားနည်းလာပြီး ပေကလတ်ပေကလတ် ဖြစ်နေခြင်းဖြစ်သည်။

အသက်ငယ်ရွယ်သော ကလေးများကို ဂိမ်းကစားရာတွင် တစ်နာရီအလွန်ဆုံး၊ တစ်နာရီခွဲထက် မပိုအောင် ကန့်သတ်ပေးသင့်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်ရသော ကလေးများ များလာရခြင်းမှာ ဂိမ်းက စားနည်းများပါသည့် ဟန်းဖုန်းများပါလာပြီး ပိုများလာသည်။

ယနေ့ခေတ်မီတိုးတက်လာသော ဆက်သွယ်ရေးနည်းပညာများကြောင့် ကွန်ပျူတာအသုံးပြုသူ၊ ဖုန်းဖြင့် အင်တာနက်သုံးစွဲသူ၊ အထူးဖြင့် ကလေး၊ လူပြီးအရွယ်စုံ ဖေ့စ်ဘုတ်သုံးစွဲမှု များပြားလာပြီး နေရာတိုင်းတွင် ကိုယ်ပိုင်လက်ကိုင်ဖုန်းမျက်နှာပြင် လက်ဖြင့်ပွတ်ကာ မျက်စိအာရုံစူးစိုက်နေသူများကို တွေ့ မြင်နေရသည်။ရုံးများ၌ စာရင်းအင်းများပြုလုပ်ရာတွင် ရိုးရိုးစာရင်းကိုင်များထက် ကွန်ပျူတာ စားရင်းကိုင်များကို ပို၍အသုံးပြုလာသည်ကို တွေ့ရသည်။ စီမံခန့်ခွဲသူ စီအီးအိုနှင့် မန်နေဂျာများတွင် ခရီးဆောင် ကွန်ပျူတာ၊ လက်တော့များကို အသုံးပြုလာကြသည်။ ထိုသို့ ကွန်ပျူတာ သုံးစွဲသူများသည် တစ်နာရီအသုံးပြုပြီးလျှင် ဆယ်မိနစ်ခန့် မျက်စိကို အနားပေးရမည်။ အနီးကြည့်ရာမှ အဝေးရှိ စိမ်းစိုသော နေရာကို ကြည့်ရမည်ဟု ဗဟုသုတအနေဖြင့် သိထားကြသော်လည်း အလုပ်တွင် အာရုံဝင်စားမိသွားသောအခါ မရပ်နားနိုင်သဖြင့် လိုက်နာမှု အားနည်းသည်ကို တွေ့ရသည်။

ရှေးလူကြီးများ၏ “မျက်စိအဆုံး၊ နားအရှုံး” ဟူသော စကားမှာ အမှန်ပင်ဖြစ်သည်။ မျက်စိကို ပေါ့ ပေါ့တန်တန် သဘောထား၍ အမြင်အာရုံ ချို့ယွင်းလာမှ ခွဲစိတ်ကုသရသူများရှိသည်။ ခွဲစိတ်ကုသမှု တိုင်း အောင်မြင်သည်မဟုတ်ပါ။ စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် ခွဲစိတ်ကုသမည်ကိုကြောက်၍ ရက်ရွှေ့၊ လ ရွှေ့လုပ်နေခဲ့ရာ အမေရိကားမှ အထူးကုဆရာဝန်ကြီးများ လာရောက်ခွဲစိတ် ကုသမှုနှင့်ကြုံခဲ့ သော်လည်း မျက်စိကွယ်ခဲ့ရသည်။

“မျက်စိမှာ ရည်(ရေ)၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာခါး” ဟူသော ရှေးမြန်မာလူကြီးများ ဆိုရိုးစကား ရှိသည်။ နံနက်အိပ်ရာထ မျက်နှာသစ်ပြီးှလျှင် ရေကို လက်ခုပ်တစ်ဖက်ဖြင့် ခံယူပြီး မျက်လုံး အိမ်တွင် ကပ်၍ ရေဝင်အောင် ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်ခြင်းကို မျက်စိဆေးသည်ဟု ခေါ်သည်။ မျက် လုံးတစ်ဖက်လျှင် သုံးကြိမ်ခန့် ဆေးပေးလျှင် မျက်စိတွင်းမှ အပူ၊ အခိုး၊ အငွေ့ များထွက်သွားသည်။ အမြင် ကြည်လင်စေသည်။

မျက်စိအာရုံမှာ မျက်ကြည်လွှာ၏ နောက်တွင် မှန်ဘီလူးနှင့်တူသော အသားနုလုံးဖြင့် ဖွဲ့စည်းထား သည်။ လူ၏ ကိုယ်တွင်းမှ တရှိန်ရှိန်ထွက်နေသော အခိုး၊ အငွေ့များသည် ရေချိုးခန်းအတွင်းရှိ မှန်တွင် ရေ ငွေ့များရိုက်လျှင် မှုန်သွားသကဲ့သို့ အခိုး၊ အငွေ့များဖြင့် မှုန်မှုန်မှိုင်းနေလျှင် အမြင်အာရုံ မကြည်လင်နိုင် ပေ။ မီးခိုးငွေ့များ၊ ဖုန်များ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီအငွေ့များသည် ပြင်ပမှ အမြဲဝင်လျက်ရှိသည်။ မျက်စိ ရေ ဆေးခြင်းကို အပြင်မှ ပြန်လာသည့် အခါတိုင်း ပြုလုပ်သင့်သည်။အညာဒေသတွင် နေထိုင်သူများမှာ မျက်ခမ်းစပ်ရောဂါအလွန်ပေါသည်။ ထိုရောဂါမှ ကာကွယ် သည့် အနေဖြင့် ပြုလုပ်သည့် ဆေးနည်းတိုနည်းလမ်းမှာ ဆီးဖြူသီးကို ထုထောင်းပြီး ညဘက်တွင် ရေစိမ် ထားသည်။ နံနက် အိပ်ယာထတွင် ထိုိစိမ်ရေမှ အကြည်ကို ယူပြီး မျက်စိကိုဆေးပေးလျှင် မျက်စိအတွင်းမှ အခိုးများထွက်သွားပြီး မျက်စိကြည့်ကောင်းသည်။ တိမ်ဖြစ်ခြင်းမှလည်း ကာကယ်သည်။

မျက်စိကိုက်လျှင် မျက်နှာကို ရေခွက်ထဲတွင် ရေထည့်၍ မျက်စိကို ရေမြုပ်အောင်ပြုလုပ်ပြီး အဖွင့်၊ အပိတ်ပြုလုပ်ပေးရသည်။ မျက်ရိုးကိုက်လျှင် ကွမ်းရွက်ကို ကျပ်စေ့ဝိုင်းခန့်ထည့်ပြီး မျက်စိထောင့်တွင် ကပ် ပေးထားလျှင် သက်သာသည်။ ကွမ်းရွက်ကို မျက်စိအရွယ် ဖောက်ပြီး တစ်ရွက်လုံးကပ်၍ ညအိပ်ပြီး နံနက် ထချိန်မှ ခွာသူလည်းရှိသည်။

စာကြည့်၊ ကွန်ပျူတာကြည့်၍ မျက်စိညောင်းလျှင် ပြေစေသော အလွယ်နည်းမှာ ငှက်ပျောရွက် စိမ်းကို မျက်လုံးအိမ်နှင့်ရွယ်တူစက်ဝိုင်းပုံညှပ်ပြီး မျက်စိနှစ်လုံးပေါ်တွင် ဖုံးအုပ်ထားသော နည်းဖြစ်သည်။ နာရီဝင်ခန့် ဖုံးအုပ်ထားပြီး အနားယူလျှင် မျက်စိညောင်းကိုက်ခြင်းမှ ကာကွယ်နိုင်သော လွယ်ကူသည့်နည်း ဖြစ်သည်။

မျက်စိအတွက် “စက္ခုပါလ” ဆေးနည်းကောင်း

ဤဆေးသည် လူသိများ၊ အသုံးများသော တိုင်းရင်းဆေး တစ်မျိုးဖြစ်သည်။ မျက်စိကြည်ဆေး တိမ် စသော မျက်စိရောဂါများ ကာကွယ်ဆေး၊ မျက်မှန်ဒီဂရီကျစေသောဆေးအဖြစ် အသုံးများသည်။ မျက် စိအတွက်သာမက ညောင်းကိုက်ရောဂါ၊ ဒူလာနှင့် အညောင်းအထိုင်များသူများ၊ ဝမ်းချုပ်သူများ အတွက် ဆေးစွမ်းကောင်းဖြစ်သည်။ ရေရှည်၊ နှစ်ရှည် စွဲ၍ သောက်သော်လည်း ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိဟု သုတေသနပြု လက်ခံထားသော ဆေးစွမ်းကောင်းဖြစ်သည်။

ဆေးအမှတ် (၁၂) စက္ခုပါလဆေး

၁။ ကရဝေးရွက် ၂ – ပဲသား

၂။ ဖာလာငယ် ၂ – ပဲသား

၃။ လက်ချား ၂ – ပဲသား

၄။ ချေးသီး ၄ – ပဲသား

၅။ ပန်းနု ၄ – ပဲသား

၆။ ရှိန်းခို ၄ – ပဲသား

၇။ ဇာတိပ္ဖိုလ်သီး ၄ – ပဲသား

၈။ လေးညှင်းပွင့် ၄ – ပဲသား

၉။ ကလောဆံ ၄ – ပဲသား

၁၀။ စမုန်ဖြူ ၄ – ပဲသား

၁၁။ စမုန်နီ ၄ – ပဲသား

၁၂။ စမုန်ညို ၄ – ပဲသား

၁၃။ စမုန်ဖွဲ ၄ – ပဲသား

၁၄။ စမုန်စပါး ၄ – ပဲသား

၁၅။ ဘုမ္မရာဇာ ၁ ကျပ်သား

၁၆။ ကန့်ချုပ်နီ ၁ ကျပ်သား

၁၇။ ပိတ်ချင်းသီး ၁ ကျပ်သား

၁၈။ ဆေးပုလဲ ၁ ကျပ်သား

၁၉။ မဏိသြဃ ၁ ကျပ်သား

၂၀။ စမုန်နက် ၁ ကျပ်သား

၂၁။ ပွေးကိုင်း ၁၅ ကျပ်သား

၂၂။ ဆားလှော် ၁၅ ကျပ်သား(တွင်းထွက်ဆား)

၂၃။ ဆူးကောက်နက် ၂၀ ကျပ်သား

(စုစုပေါင်း ဆေးအလေးချိန် ၅၉ ကျပ် ၂ ပဲသား)

လတ်ဆတ်သော ဆေး၏ အရောင် (ညိုဝါ)

လတ်ဆတ်သော ဆေး၏ အနံ့ ( ပွေးကိုင်းအနံ့လွှမ်း)

လတ်ဆတ်သော ဆေး၏ အရသာ ( အေး၊ ခါး၊ ငန်၊ စပ်)

ဓာတုဝိပါက (ဒေသနာ) ဆေးပညာအရ သီတ ဝါယော အာကာသ။ အပူငြိမ်းစေ၏။ အဇ္စျတ္တပထဝီ ပျက်စေ၏။ ဗဟိဒ္ဓအာပေါ ပျက်စေ၍ အာကာသ အနည်းငယ်ရစေ၏။ အနာ(၆)ပါး၊ အနာ (၈)ပါး ဆေးပညာတွင် ကက္ခဠနနှင့် ဝိတ္ထ မ္ဘိတနာများဖြစ်သည့် မျက်စိနှင့် ပတ်သက်သော ရောဂါများတွင် ညဆေး (ညအိပ်ယာဝင် သောက်သောဆေး) အဖြစ် အဓိက သုံးစွဲနိုင်သည်။

ဆေးဝါး၏ အကျိုးသွားနှင့် အသုံးပြုရမည့် ရေလဲပစ္စည်းများမှာ-

၁။ မျက်စိဝေခြင်း၊ မှုန်ခြင်း၊ တိမ်သလ္လာစွဲခြင်း တို့ကို နေ့စဉ် ရေအေးနှင့် လည်းကောင်း။

၂။ ခြေအေး၍ ဝမ်းချုပ်သော မီးယပ်၊ ဒူလာ၊ ထုံကျဉ်၊ ညောင်းကိုက်သော ရောဂါတို့တွင် ရေအေးနှင့် လည်း ကောင်း။

၃။ မီးယပ်ကွက်၊ ဒူလာကွက်၊ နှင်းခူ၊ သွေးသားမသန့်သော ရောဂါအမျိုးမျိုးနှင့် ခေါင်းအုံ၊ ဇက်လေး ရောဂါ တို့ကို ညစဉ် ရေအေးနှင့် မှန်မှန်သုံးစွဲပါ။

သောက်သုံးရမည့် ဆေးတစ်ခွက်စာ ပမာဏ

လူကြီး… ၂ – ပဲသား (၂ ဂရမ်) ဆေးပြား Tablet (၄)ပြား

ကလေး… ၁ – ပဲသား (၁ ဂရမ်) ဆေးပြား Tablet (၂)ပြား

သောက်ရမည့် အကြိမ်နှင့် ရက်တိုင်းရင်းဆေးပညာရှင်၏ ညွှန်ကြားချက်အတိုင်း သုံးစွဲသင့်ပါသည်။

ဆေးဝါး၏ အခြားအာနိသင်

လိပ်ခေါင်းရောဂါ(Haemorrhoids) ကို ကုသရာတွင် ထိရောက်မှုရှိကြောင်းသိရသည်။

(တိုင်းရင်းဆေးပညာ ဦးစီးဌာန ဌာနသုံး တိုင်းရင်းဆေးနည်းများနှင့် သမားစဉ်ဆေးဖုံများ။ ၂၀၁၆ ခုနစ်၊ ဇူလိုင်လထုတ်စာအုပ်မှ)မျက်စိကွင်းဆေးများ

ရှေးမြန်မာများသည် မျက်စိကြည်စေရန် အတွက်လည်းကောင်း၊ မျက်စိနီရဲလျှင်၊ မျက်စိနာလျှင် အနာသက်သာစေရန်အတွက်လည်းကောင်း မန်ကျည်းခေါက် (မန်ကျည်းပင်၏ အခေါက်) ကို ခွာယူပြီး ခြောက်သွေ့အောင် နေလှန်းပြီး ကျောက်ပြင်တွင် သွေး၍ မျက်စိကွင်းကြသည်။ မန်ကျည်းပနီခေါက်က ပို၍ ဆေးအာနိသင် ကောင်းသည်ဟု ဆိုကြသည်။ မျက်စိဒဏ်ဖြစ်လျှင် ထိခိုက်မိ၍ ဒဏ်တိမ်ဖြစ်လျှင် မန်ကျည်း ပနီခေါက်ကို ရေရှည်စွဲ၍ မျက်စိကွင်းပေးလျှင် ပျောက်ကင်းနိုင်သည်ဟု ဆိုကြသည်။

မျက်စိကွင်းဆေးအဖြစ် အခြားသုံးစွဲ​ကောင်းသော ဆေးမြစ်မှာ “ကျားမနိုင်နွယ်မြစ်” ဖြစ်သည်။ ကျောက်ကြိုကျောက်ကြားတွင် ပေါက်သော နွယ်ပင်ကြီးမျိုးဖြစ်သည်။ ပိုင်းဖြတ်လိုက်လျှင် ထိပ်ပိုင်းတွင် ကျားခြေရာသဏ္ဍာန် တွေ့ရသောကြောင့် ကျားခြေရာမြစ်ဟု လည်းခေါ်သည်။ အပူနာ၊ အဖု အပိန့်များကို လိမ်းလျှင် အေးပြီး အဖုမှာ အကျိတ်မှာ ကျုံ့ဝင်ပြီး သေးပြီး ပျောက်ကင်းသွားနိုင်သည်။ မျက်စိကွင်းလျှင် အေးပြီးနီရဲနေသော မျက်စိကို ပြန်ဖြူစေနိုင်သည်။ မျက်ရိုးကိုက်ခြင်း၊ မျက်မှန်ဒီဂရီတိုးခြင်း များအတွက် လည်း မျက်စိကွင်းဆေးအဖြစ် အသုံးပြုနိုင်သည်။ ကျားမနိုင်နွယ်မြစ်ကို ပြင်ဦးလွင် (မေမြို့) နှင့် အနီးတစ် ဝိုက် တောကြီးများတွင် တွေ့ရသည်။ မန္တလေးမြို့အထွက် ပြင်ဦးလွင်အတက်လမ်းအနီး အုန်းချောရွာ ရွှေ စာရံဘုရားပွဲတွင် ဆေးမြစ်များရောင်းချရာတွင် ရရှိနိုင်သည်။ အစွမ်းထက်သော နွယ်ပင်ဆေးမြစ်ဖြစ်သည်။

ကြည်လွင်မြင့် (မုဒြာ)

၂၃.၇.၂၀၁၈

မ်က္စိေရာဂါအတြက္ တုိင္းရင္းေဆး

အသက္ခုနစ္ႏွစ္အရြယ္ ကေလးငယ္တစ္ဦးသည္ မ်က္စိေပကလတ္ေပကလတ္ ျဖစ္ေနသည္။ လက္ကိုင္ဖုန္းတြင္ ပါလာေသာ ဂိမ္းကစားနည္းမ်ားကို ေန့စဥ္ငါးနာရီထက္ ပိုၿပီးကစားရာမွ မ်က္စိအဖြင့္၊ အပိတ္ကို ထိန္းခ်ုပ္ေသာ အာရုံေၾကာမ်ား အားနည္းလာၿပီး ေပကလတ္ေပကလတ္ ျဖစ္ေနျခင္းျဖစ္သည္။

အသက္ငယ္ရြယ္ေသာ ကေလးမ်ားကို ဂိမ္းကစားရာတြင္ တစ္နာရီအလြန္ဆံုး၊ တစ္နာရီခြဲထက္ မပိုေအာင္ ကန့္သတ္ေပးသင့္သည္။ ငယ္ငယ္ရြယ္ရြယ္ႏွင့္ မ်က္မွန္တပ္ရေသာ ကေလးမ်ား မ်ားလာရျခင္းမွာ ဂိမ္းက စားနည္းမ်ားပါသည့္ ဟန္းဖုန္းမ်ားပါလာၿပီး ပိုမ်ားလာသည္။

ယေန့ေခတ္မီတိုးတက္လာေသာ ဆက္သြယ္ေရးနည္းပညာမ်ားေၾကာင့္ ကြန္ပ်ူတာအသံုးျပုသူ၊ ဖုန္းျဖင့္ အင္တာနက္သံုးစြဲသူ၊ အထူးျဖင့္ ကေလး၊ လူၿပီးအရြယ္စံု ေဖ့စ္ဘုတ္သံုးစြဲမႈ မ်ားျပားလာၿပီး ေနရာတိုင္းတြင္ ကိုယ္ပိုင္လက္ကိုင္ဖုန္းမ်က္ႏွာျပင္ လက္ျဖင့္ပြတ္ကာ မ်က္စိအာရုံစူးစိုက္ေနသူမ်ားကို ေတြ့ ျမင္ေနရသည္။ရုံးမ်ား၌ စာရင္းအင္းမ်ားျပုလုပ္ရာတြင္ ရုိးရုိးစာရင္းကိုင္မ်ားထက္ ကြန္ပ်ူတာ စားရင္းကိုင္မ်ားကို ပို၍အသံုးျပုလာသည္ကို ေတြ့ရသည္။ စီမံခန့္ခြဲသူ စီအီးအုိႏွင့္ မန္ေနဂ်ာမ်ားတြင္ ခရီးေဆာင္ ကြန္ပ်ူတာ၊ လက္ေတာ့မ်ားကို အသံုးျပုလာၾကသည္။ ထုိသို့ ကြန္ပ်ူတာ သံုးစြဲသူမ်ားသည္ တစ္နာရီအသံုးျပုၿပီးလွ်င္ ဆယ္မိနစ္ခန့္ မ်က္စိကို အနားေပးရမည္။ အနီးၾကည့္ရာမွ အေဝးရွိ စိမ္းစိုေသာ ေနရာကို ၾကည့္ရမည္ဟု ဗဟုသုတအေနျဖင့္ သိထားၾကေသာ္လည္း အလုပ္တြင္ အာရုံဝင္စားမိသြားေသာအခါ မရပ္နားနုိင္သျဖင့္ လိုက္နာမႈ အားနည္းသည္ကို ေတြ့ရသည္။

ေရွးလူႀကီးမ်ား၏ “မ်က္စိအဆံုး၊ နားအရႈံး” ဟူေသာ စကားမွာ အမွန္ပင္ျဖစ္သည္။ မ်က္စိကို ေပါ့ ေပါ့တန္တန္ သေဘာထား၍ အျမင္အာရုံ ခ်ုိ့ယြင္းလာမွ ခြဲစိတ္ကုသရသူမ်ားရွိသည္။ ခြဲစိတ္ကုသမႈ တုိင္း ေအာင္ျမင္သည္မဟုတ္ပါ။ စာေရးသူ၏ မိတ္ေဆြတစ္ဦးသည္ ခြဲစိတ္ကုသမည္ကိုေၾကာက္၍ ရက္ေရႊ့၊ လ ေရႊ့လုပ္ေနခဲ့ရာ အေမရိကားမွ အထူးကုဆရာဝန္ႀကီးမ်ား လာေရာက္ခြဲစိတ္ ကုသမႈႏွင့္ႀကုံခဲ့ ေသာ္လည္း မ်က္စိကြယ္ခဲ့ရသည္။

“မ်က္စိမွာ ရည္(ေရ)၊ နားမွာ ဆီ၊ ဒႏၱီမွာ ဆား၊ ဝမ္းမွာခါး” ဟူေသာ ေရွးျမန္မာလူႀကီးမ်ား ဆုိရုိးစကား ရွိသည္။ နံနက္အိပ္ရာထ မ်က္ႏွာသစ္ၿပီးွလွ်င္ ေရကို လက္ခုပ္တစ္ဖက္ျဖင့္ ခံယူၿပီး မ်က္လံုး အိမ္တြင္ ကပ္၍ ေရဝင္ေအာင္ ဖြင့္လုိက္၊ ပိတ္လိုက္ ျပုလုပ္ျခင္းကို မ်က္စိေဆးသည္ဟု ေခၚသည္။ မ်က္ လံုးတစ္ဖက္လွ်င္ သံုးႀကိမ္ခန့္ ေဆးေပးလွ်င္ မ်က္စိတြင္းမွ အပူ၊ အခိုး၊ အေငြ့ မ်ားထြက္သြားသည္။ အျမင္ ၾကည္လင္ေစသည္။

မ်က္စိအာရုံမွာ မ်က္ၾကည္လႊာ၏ ေနာက္တြင္ မွန္ဘီလူးႏွင့္တူေသာ အသားႏုလံုးျဖင့္ ဖြဲ့စည္းထား သည္။ လူ၏ ကိုယ္တြင္းမွ တရွိန္ရွိန္ထြက္ေနေသာ အခိုး၊ အေငြ့မ်ားသည္ ေရခ်ိုးခန္းအတြင္းရွိ မွန္တြင္ ေရ ေငြ့မ်ားရုိက္လွ်င္ မႈန္သြားသကဲ့သို့ အခိုး၊ အေငြ့မ်ားျဖင့္ မႈန္မႈန္မိႈင္းေနလွ်င္ အျမင္အာရုံ မၾကည္လင္နုိင္ ေပ။ မီးခိုးေငြ့မ်ား၊ ဖုန္မ်ား၊ ဓာတ္ဆီ၊ ဒီဇယ္ဆီအေငြ့မ်ားသည္ ျပင္ပမွ အၿမဲဝင္လ်က္ရွိသည္။ မ်က္စိ ေရ ေဆးျခင္းကို အျပင္မွ ျပန္လာသည့္ အခါတိုင္း ျပုလုပ္သင့္သည္။အညာေဒသတြင္ ေနထုိင္သူမ်ားမွာ မ်က္ခမ္းစပ္ေရာဂါအလြန္ေပါသည္။ ထုိေရာဂါမွ ကာကြယ္ သည့္ အေနျဖင့္ ျပုလုပ္သည့္ ေဆးနည္းတိုနည္းလမ္းမွာ ဆီးျဖူသီးကို ထုေထာင္းၿပီး ညဘက္တြင္ ေရစိမ္ ထားသည္။ နံနက္ အိပ္ယာထတြင္ ထုိိစိမ္ေရမွ အၾကည္ကို ယူၿပီး မ်က္စိကိုေဆးေပးလွ်င္ မ်က္စိအတြင္းမွ အခိုးမ်ားထြက္သြားၿပီး မ်က္စိၾကည့္ေကာင္းသည္။ တိမ္ျဖစ္ျခင္းမွလည္း ကာကယ္သည္။

မ်က္စိကိုက္လွ်င္ မ်က္ႏွာကို ေရခြက္ထဲတြင္ ေရထည့္၍ မ်က္စိကို ေရျမုပ္ေအာင္ျပုလုပ္ၿပီး အဖြင့္၊ အပိတ္ျပုလုပ္ေပးရသည္။ မ်က္ရုိးကိုက္လွ်င္ ကြမ္းရြက္ကို က်ပ္ေစ့ဝိုင္းခန့္ထည့္ၿပီး မ်က္စိေထာင့္တြင္ ကပ္ ေပးထားလွ်င္ သက္သာသည္။ ကြမ္းရြက္ကို မ်က္စိအရြယ္ ေဖာက္ၿပီး တစ္ရြက္လံုးကပ္၍ ညအိပ္ၿပီး နံနက္ ထခ်ိန္မွ ခြာသူလည္းရွိသည္။

စာၾကည့္၊ ကြန္ပ်ူတာၾကည့္၍ မ်က္စိေညာင္းလွ်င္ ေျပေစေသာ အလြယ္နည္းမွာ ငွက္ေပ်ာရြက္ စိမ္းကို မ်က္လံုးအိမ္ႏွင့္ရြယ္တူစက္ဝုိင္းပုံညွပ္ၿပီး မ်က္စိႏွစ္လံုးေပၚတြင္ ဖံုးအုပ္ထားေသာ နည္းျဖစ္သည္။ နာရီဝင္ခန့္ ဖံုးအုပ္ထားၿပီး အနားယူလွ်င္ မ်က္စိေညာင္းကိုက္ျခင္းမွ ကာကြယ္ႏုိင္ေသာ လြယ္ကူသည့္နည္း ျဖစ္သည္။

မ်က္စိအတြက္ “စကၡုပါလ” ေဆးနည္းေကာင္း

ဤေဆးသည္ လူသိမ်ား၊ အသံုးမ်ားေသာ တိုင္းရင္းေဆး တစ္မ်ိုးျဖစ္သည္။ မ်က္စိၾကည္ေဆး တိမ္ စေသာ မ်က္စိေရာဂါမ်ား ကာကြယ္ေဆး၊ မ်က္မွန္ဒီဂရီက်ေစေသာေဆးအျဖစ္ အသံုးမ်ားသည္။ မ်က္ စိအတြက္သာမက ေညာင္းကိုက္ေရာဂါ၊ ဒူလာႏွင့္ အေညာင္းအထိုင္မ်ားသူမ်ား၊ ဝမ္းခ်ုပ္သူမ်ား အတြက္ ေဆးစြမ္းေကာင္းျဖစ္သည္။ ေရရွည္၊ ႏွစ္ရွည္ စြဲ၍ ေသာက္ေသာ္လည္း ေဘးထြက္ဆိုးက်ုိး ႀကီးႀကီးမားမား မရွိဟု သုေတသနျပု လက္ခံထားေသာ ေဆးစြမ္းေကာင္းျဖစ္သည္။

ေဆးအမွတ္ (၁၂) စကၡုပါလေဆး

၁။ ကရေဝးရြက္ ၂ – ပဲသား

၂။ ဖာလာငယ္ ၂ – ပဲသား

၃။ လက္ခ်ား ၂ – ပဲသား

၄။ ေခ်းသီး ၄ – ပဲသား

၅။ ပန္းႏု ၄ – ပဲသား

၆။ ရွိန္းခုိ ၄ – ပဲသား

၇။ ဇာတိပၹုိလ္သီး ၄ – ပဲသား

၈။ ေလးညွင္းပြင့္ ၄ – ပဲသား

၉။ ကေလာဆံ ၄ – ပဲသား

၁၀။ စမုန္ျဖူ ၄ – ပဲသား

၁၁။ စမုန္နီ ၄ – ပဲသား

၁၂။ စမုန္ညို ၄ – ပဲသား

၁၃။ စမုန္ဖြဲ ၄ – ပဲသား

၁၄။ စမုန္စပါး ၄ – ပဲသား

၁၅။ ဘုမၼရာဇာ ၁ က်ပ္သား

၁၆။ ကန့္ခ်ုပ္နီ ၁ က်ပ္သား

၁၇။ ပိတ္ခ်င္းသီး ၁ က်ပ္သား

၁၈။ ေဆးပုလဲ ၁ က်ပ္သား

၁၉။ မဏိၾသဃ ၁ က်ပ္သား

၂၀။ စမုန္နက္ ၁ က်ပ္သား

၂၁။ ေပြးကိုင္း ၁၅ က်ပ္သား

၂၂။ ဆားေလွာ္ ၁၅ က်ပ္သား(တြင္းထြက္ဆား)

၂၃။ ဆူးေကာက္နက္ ၂၀ က်ပ္သား

(စုစုေပါင္း ေဆးအေလးခ်ိန္ ၅၉ က်ပ္ ၂ ပဲသား)

လတ္ဆတ္ေသာ ေဆး၏ အေရာင္ (ညိုဝါ)

လတ္ဆတ္ေသာ ေဆး၏ အနံ့ ( ေပြးကိုင္းအနံ့လႊမ္း)

လတ္ဆတ္ေသာ ေဆး၏ အရသာ ( ေအး၊ ခါး၊ ငန္၊ စပ္)

ဓာတုဝိပါက (ေဒသနာ) ေဆးပညာအရ သီတ ဝါေယာ အာကာသ။ အပူၿငိမ္းေစ၏။ အဇၥ်တၱပထဝီ ပ်က္ေစ၏။ ဗဟိဒၶအာေပါ ပ်က္ေစ၍ အာကာသ အနည္းငယ္ရေစ၏။ အနာ(၆)ပါး၊ အနာ (၈)ပါး ေဆးပညာတြင္ ကကၡဠနႏွင့္ ဝိတၳ မၻိတနာမ်ားျဖစ္သည့္ မ်က္စိႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားတြင္ ညေဆး (ညအိပ္ယာဝင္ ေသာက္ေသာေဆး) အျဖစ္ အဓိက သံုးစြဲႏုိင္သည္။

ေဆးဝါး၏ အက်ိုးသြားႏွင့္ အသံုးျပုရမည့္ ေရလဲပစၥည္းမ်ားမွာ-

၁။ မ်က္စိေဝျခင္း၊ မႈန္ျခင္း၊ တိမ္သလႅာစြဲျခင္း တို့ကို ေန့စဥ္ ေရေအးႏွင့္ လည္းေကာင္း။

၂။ ေျခေအး၍ ဝမ္းခ်ုပ္ေသာ မီးယပ္၊ ဒူလာ၊ ထံုက်ဥ္၊ ေညာင္းကိုက္ေသာ ေရာဂါတို့တြင္ ေရေအးႏွင့္ လည္း ေကာင္း။

၃။ မီးယပ္ကြက္၊ ဒူလာကြက္၊ ႏွင္းခူ၊ ေသြးသားမသန့္ေသာ ေရာဂါအမ်ိုးမ်ိုးႏွင့္ ေခါင္းအုံ၊ ဇက္ေလး ေရာဂါ တုိ့ကို ညစဥ္ ေရေအးႏွင့္ မွန္မွန္သံုးစြဲပါ။

ေသာက္သံုးရမည့္ ေဆးတစ္ခြက္စာ ပမာဏ

လူႀကီး… ၂ – ပဲသား (၂ ဂရမ္) ေဆးျပား Tablet (၄)ျပား

ကေလး… ၁ – ပဲသား (၁ ဂရမ္) ေဆးျပား Tablet (၂)ျပား

ေသာက္ရမည့္ အႀကိမ္ႏွင့္ ရက္တုိင္းရင္းေဆးပညာရွင္၏ ညႊန္ၾကားခ်က္အတိုင္း သံုးစြဲသင့္ပါသည္။

ေဆးဝါး၏ အျခားအာနိသင္

လိပ္ေခါင္းေရာဂါ(Haemorrhoids) ကို ကုသရာတြင္ ထိေရာက္မႈရွိေၾကာင္းသိရသည္။

(တုိင္းရင္းေဆးပညာ ဦးစီးဌာန ဌာနသံုး တုိင္းရင္းေဆးနည္းမ်ားႏွင့္ သမားစဥ္ေဆးဖံုမ်ား။ ၂၀၁၆ ခုနစ္၊ ဇူလုိင္လထုတ္စာအုပ္မွ)မ်က္စိကြင္းေဆးမ်ား

ေရွးျမန္မာမ်ားသည္ မ်က္စိၾကည္ေစရန္ အတြက္လည္းေကာင္း၊ မ်က္စိနီရဲလွ်င္၊ မ်က္စိနာလွ်င္ အနာသက္သာေစရန္အတြက္လည္းေကာင္း မန္က်ည္းေခါက္ (မန္က်ည္းပင္၏ အေခါက္) ကို ခြာယူၿပီး ေျခာက္ေသြ့ေအာင္ ေနလွန္းၿပီး ေက်ာက္ျပင္တြင္ ေသြး၍ မ်က္စိကြင္းၾကသည္။ မန္က်ည္းပနီေခါက္က ပို၍ ေဆးအာနိသင္ ေကာင္းသည္ဟု ဆုိၾကသည္။ မ်က္စိဒဏ္ျဖစ္လွ်င္ ထိခုိက္မိ၍ ဒဏ္တိမ္ျဖစ္လွ်င္ မန္က်ည္း ပနီေခါက္ကို ေရရွည္စြဲ၍ မ်က္စိကြင္းေပးလွ်င္ ေပ်ာက္ကင္းနုိင္သည္ဟု ဆုိၾကသည္။

မ်က္စိကြင္းေဆးအျဖစ္ အျခားသံုးစြဲ​ေကာင္းေသာ ေဆးျမစ္မွာ “က်ားမႏုိင္ႏြယ္ျမစ္” ျဖစ္သည္။ ေက်ာက္ႀကိုေက်ာက္ၾကားတြင္ ေပါက္ေသာ ႏြယ္ပင္ႀကီးမ်ိုးျဖစ္သည္။ ပိုင္းျဖတ္လုိက္လွ်င္ ထိပ္ပိုင္းတြင္ က်ားေျခရာသ႑ာန္ ေတြ့ရေသာေၾကာင့္ က်ားေျခရာျမစ္ဟု လည္းေခၚသည္။ အပူနာ၊ အဖု အပိန့္မ်ားကို လိမ္းလွ်င္ ေအးၿပီး အဖုမွာ အက်ိတ္မွာ က်ုံ့ဝင္ၿပီး ေသးၿပီး ေပ်ာက္ကင္းသြားႏုိင္သည္။ မ်က္စိကြင္းလွ်င္ ေအးၿပီးနီရဲေနေသာ မ်က္စိကို ျပန္ျဖူေစႏုိင္သည္။ မ်က္ရိုးကိုက္ျခင္း၊ မ်က္မွန္ဒီဂရီတိုးျခင္း မ်ားအတြက္ လည္း မ်က္စိကြင္းေဆးအျဖစ္ အသံုးျပုႏုိင္သည္။ က်ားမႏုိင္ႏြယ္ျမစ္ကို ျပင္ဦးလြင္ (ေမၿမုိ့) ႏွင့္ အနီးတစ္ ဝုိက္ ေတာႀကီးမ်ားတြင္ ေတြ့ရသည္။ မႏၱေလးၿမုိ့အထြက္ ျပင္ဦးလြင္အတက္လမ္းအနီး အုန္းေခ်ာရြာ ေရႊ စာရံဘုရားပြဲတြင္ ေဆးျမစ္မ်ားေရာင္းခ်ရာတြင္ ရရွိႏုိင္သည္။ အစြမ္းထက္ေသာ ႏြယ္ပင္ေဆးျမစ္ျဖစ္သည္။

ၾကည္လြင္ျမင့္ (မုျဒာ)

၂၃.၇.၂၀၁၈