CDMမှာပါဝင်ပေးဖို့ ရုံးရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့တာကြောင့် ပြည်သူပရိသတ်တွေချီးကျူးနေကြတဲ့” ကျော်ထက်အောင်”

CDMမှာပါဝင်ပေးဖို့ ရုံးရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့တာကြောင့် ပြည်သူပရိသတ်တွေချီးကျူးနေကြတဲ့” ကျော်ထက်အောင်”

ပရိသတ်ကြီးရေ.. အမိုက်စားအသံပါဝါကြောင့် အစီအစဉ်တင်ဆက်သူအဖြစ် Myamnar Idol ကနေ ပရိသတ်တွေစတင်သိကျွမ်းခဲ့ပြီး အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ရပ်တည်လျှောက်လှမ်းနေတဲ့ အနုပညာရှင်ကတော့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်နော်..။

အမျိုးသမီးပရိသတ်တွေအများဆုံးရရှိထားတဲ့ ကျော်ထက်အောင်ကတော့ လတ်တလော မတည်ငြိမ်သေးတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့တန်းတူရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

ပထမနေ့ကတည်းက ပြည်သူတွေနဲ့တစ်သွေးတစ်သားတည်းရပ်တည်နေခဲ့တဲ့ ကျော်ထက်အောင်ဟာ ပြီးခဲ့တဲ့ရက်က မထင်မှတ်ထားတဲ့ သူ့ူ့ရဲ့လုပ်ရက်တချို့ကြောင့် ပြည်သူပရိသတ်တွေအများအပြား ချီးကျူးလေးစားနေခဲ့ကြတာလည်း တွေ့ရပါတယ်..။

ပြည်သူပရိသတ်တွေနဲ့အတူ ရန်ကုန်အကောက်ခွန်ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပြီး ရုံးတက်အလုပ်လုပ်နေကြတဲ့သူတွေကို CDM မှာ ပါဝင်ပေးကြဖို့ ကျော်ထက်အောင်က ဒူးထောက်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်နော်..။

နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပြည်သူတွေနဲ့အတူရပ်တည်ပြီး အားလုံးရဲ့အနာဂတ်အတွက် မရှက်မကြောက်ဒူးထောက်တောင်းပန်ခဲ့တဲ့ သူ့ရဲ့ချီးကျူးစရာလုပ်ရပ်လေးကို ပြည်သူပရိသတ်တွေအများအပြားက သဘောကျချီးကျူးနေကြတာပဲ ဖြစ်ပါတယ်နော်..။

အဆိုပါနေ့က အကောက်ခွန်ရုံးရှေ့မှာ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ ကျော်ထက်အောင်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Source:Su Kyi Phyu’s Fb Acc & John Ramond’s Fb Acc




ပထမနေ့ကတည်းက ပြည်သူတွေနဲ့တစ်သွေးတစ်သားတည်းရပ်တည်နေခဲ့တဲ့ ကျော်ထက်အောင်ဟာ ပြီးခဲ့တဲ့ရက်က မထင်မှတ်ထားတဲ့ သူ့ရဲ့လုပ်ရက်တချို့ကြောင့် ပြည်သူပရိသတ်တွေအများအပြား ချီးကျူးလေးစားနေခဲ့ကြတာလည်း တွေ့ရပါတယ်..။





Leave a Comment