MMA ပွဲထက်တောင် ပိုကြမ်းနေတဲ့ ကြွက်နှစ်ကောင်ရဲ့ ရန်ပွဲ

ချစ်သူ Shwemom စာဖတ်သူတွေ အတွက် အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ရန်ပွဲ ဗီဒီယိုဖိုင် လေး အ ကြောင်းကို ပြန်လည် ဝေမျှ ပေး ချင်ပါတယ်။ရန် ပွဲ ဆို ပေမယ့် ကြောက်စရာ မ ပဲ ရယ်စရာ ဟာသ ရန်ပွဲ လေးပါ။ကြွက် နှစ်ကောင် အသည်း အသန် ရန် ဖြစ် နေတဲ့ ဗီဒီယိုဖိုင် လေးပါ။MMA ထက် တောင် ပို ကြမ်း နေ တဲ့ သူတို့ ရန်ပွဲ ဗီဒီယိုဖိုင် အ ကြောင်းကိုတော့ worldofbuzz မှာ ဖော်ပြ ထားတာပါ။

ဗီဒီယိုဖိုင်ကို ရိုက်တဲ့ အမျိုးသမီး က တော့ ဇူလိုင် (၈)ရက်နေ့က ည (၁၀)နာရီ လောက် အိမ်ပြန်လာတဲ့ အချိန် မှာပဲ သူမရဲ့ တိုက် ခန်း နားမှာ ကြွက် နှစ်ကောင်ရဲ့ ရန်ပွဲကို တွေ့ ခဲ့တာပါ။တစ်ကောင်နဲ့ တစ်ကောင် ပြေး လိုက် ၊လိုက် လိုက် လုပ် နေတာပါ။ဒါကို မြင် တဲ့ အချိန်မှာပဲ ဗီဒီယို ရိုက်မယ်လို့ စိတ်ကူး ရပြီး ရိုက်ယူ ထားလိုက်တာ လို့ Cheez က ပြောခဲ့ပါတယ်။ရန်ဖြစ်တဲ့ အစ ပိုင်းကို တော့ မမြင် လိုက်ရ ပေမယ့် သူမ မြင်တဲ့ နေရာက စ ရိုက် ထားတာပါ။


ကြွက် နှစ် ကောင် အပြန် အလှန် အကဲ စမ်း နေ ကြတဲ့ ဗီဒီယို ဖိုင် ကိုတော့ @anqkhr ဆိုတဲ့ အ ကောင့် က နေ ဝေမျှ ပေး လိုက်တာပါ။ကြွက် ရန်ပွဲ ကို ကြောင် တစ်ကောင် က ချောင်း နေပြီး သူတို့ရန်သူ တော်ကြီး ချောင်း နေတယ်ဆိုတာကို မသိ ပဲ အပြန် အလှန် တိုက်ခိုက် နေခဲ့ကြတာပါ။အဲ့ဒီ ဗီဒီယိုဖိုင်ကိုတော့ ပြန် ရှယ် တဲ့ သူ (၃)သောင်း ကျော်ရှိခဲ့ပါတယ်။

credit – shwemom