မိမိပိုင်မြေတွေကို အကွက်ရိုက်ပြီး အိမ်ယာမဲ့သူများကို အခမဲ့ လှူမည့် သံဖြူဇရပ်က သူဌေးကြီး..

မိမိပိုင်မြေတွေကို အကွက်ရိုက်ပြီး အိမ်ယာမဲ့သူများကို အခမဲ့ လှူမည့် သံဖြူဇရပ်က သူဌေးကြီး

သံဖြူဇရပ်ဒေသခံ သူဌေးကြီးတစ်ဦးက ၎င်းပိုင်မြေဧက၈ဝကို မြေကွက် ၉၀၀ ကျော်ဖော်ထုတ်၍ မြေယာမဲ့ ပြည်သူများ အတွက်ပေး လှူမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။မွန်

ပြည်နယ် သံဖြူဇရပ်မြို့ဒေသခံ သူဌေးကြီးတစ်ဦးမှ၎င်းပိုင် ရော်ဘာခြံ မြေဧဏ ၈၀ မွာ မြေ ကွက် ၉၀၀ ကျော် ဖော်ထုတ်၍ ဒေသတွင်း မြေ ယာမဲ့ ပြည်သူတွေကို ပေးအပ်

လှူဒါန်းရန် လျှော က်လွှာများ လက်ခံခဲ့ပြီး ဖြစ်သည် ဟုသိရသည်။” မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ကို လျှောက်လွှာ တွေကို လက်ခံပြီး ခ်လံ (၉၀၀) ပေးလိုက်ပါပြီး၊ ချလံရတဲ့

လူတွေက မြေကွက်တွေ ရပြီးပေါ့၊ ဘယ်မြေ ကွက်ရမလဲ ဆိုတာကတော့ မဲနှိုက်ပါမယ်။ လာလျှောက်တဲ့ လူတိုင်းကို ပေးပါတယ်၊ ဒါပေမယ့်တစ်အိမ်ထောင်ကို မြေတစ်ကွက်

နှုန်းပဲပေါ့၊ ဆ ရာတို့ အဓိကစီစစ် တာက အိမ်ထောင်စု စာရင်း တစ်ခုထဲကနေ ၂ ယောက် ၃ ယောက် လာလျှော က်တာမျိုးကိုပဲ စီစစ်ပြီး ပယ်ပါတယ် ၊ ကျန်တာတွေ

အားလုံးက ရကြပါတယ်” ဟု မြေယာပေးဝေရေးမှာ ကူညီဆောင်ရွက် ပေးနေသူ ဒေါက် တာ တင့်အောင်စိုးက ပြောပါသည်။ သံဖြူဇရပ်မြို့ဒေသခံ သူဌေးကြီး ဦးခွေး -( ဒေါ်

ယိမ်း) တို့မွ သံဖြူ ဇရပ်မြို့နယ် စခန်းကြီး ကျေးရွာ သံဖြူဇရပ်- ဘုရားသုံးဆူ သြား ကားလမ်းမဘေးရှိ ပုံစံရ ကျထားပြီးသား ၎င်းတို့၏ မြေကွက်များပေါ်တွင် အလ်ား ၃၅

ပေ အနံ ၇၀ ပေ ရှိသည့် အိမ်ခြံကွက် (၉၀၀) ကျော်ကို ဖော်ထုတ်၍ လိုအပ် သူ များကို ပေးဝေလှူဒါန်း ခဲ့တာ ဖြစ်ပါသည်။ အဆို ပါ မြေယာဧက ၈၀ တွင် ဘုန်းကြီး

ကျောင်း တစ်ကျောင်းကို ဆောက်လုပ် ပေးလျက်ရှိပြီး ဘုရားစေတီ တစ်ဆူကိုလည်း တည်ထားလျက် ရှိသည်ဟု သိရသည် ။ မြေယာပေးဝေရာမှာ စည်ကမ်းချက် အနေနဲ့

မြေကွက်ရရှိ သူများသည် ဆယ်နှစ် နေထိုင် ရမည်ဖြစ်ပြီး ဆယ်နှစ် နေထိုင်ပြီးမှ မြေပိုင်ဆိုင်မှု စာချုပ် ထုတ်ပေးမှာ ဖြစ်ပါသည်။ ဆ ယ်နှစ်မပြည့်မီ လက်လွှဲ ရောင်းချခြင်း

နေထိုင်မှုမရှိခြင်း စစ်ဆေးတွေ့ ရှိပါက ပြန်လည်ပြီး သိမ်း ဆည်းကာ လိုအပ်သူတွေထံ ထပ်မံ ပေးအပ်သွားမည်ဟု သိရပါသည်။ ထပ်မံ၍ ယင်းသူဌေးကြီးကပင် တာပ

သွန် ကျေးရွာရှိ မြေဧဏ ၁၆၀ နှင့် ဘုရားသုံးဆူ လမ်းဝရှိ မြေဧဏ ၇ ဧဏ ကိုလည်း လှူဒါန်းမှု ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

source ; VOT သတင်းအေဂျင်စ