“ ကိုယ့်ယောကျ်ား အိမ်မြဲစေချင်ရင် မိန်းမတွေ ဒါတွေရှောင်ပါ ”
ကိုယ့်ယောကျာ်း အိမ်မြဲပြီး ကိုယ့်အနားမှာပဲ အမြဲရှိစေချင်တဲ့ ဇနီးတို့အနေနဲ့ ဒီအောက်မှာ ပြောပြထားတဲ့အချက်လေးတွေ လုပ်ဆောင်ပေးကြည့်နော်။
အိမ်ရှင်မလေးတို့အနေနဲ့ အိမ်ထောင်သက်လာကြာတဲ့အခါမှာ ကိုယ့်ယောကျာ်းက အိမ်မကပ်ဘူး၊ အပြင်မှာပဲ အမြဲနေချင်တယ်ဆိုတာမျိုး ကြုံလာနိုင်ပါတယ်။
ဒီလိုဆိုရင်တော့ ကိုယ့်ယောကျ်ားအိမ်မှာ မြဲစေဖို့အတွက် အိမ်ရှင်မလေးတို့ ဆောင်ရ ရှောင်ရမှာလေးတွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့
အိမ်ရှင်မလေးတို့ ရှောင်ရမှာတွေကို ပြောပြမယ်နော်။ကိစ္စတိုင်းကို ပြဿနာလို့ မြင်တာမိန်းကလေးတွေရဲ့အဓိက ပြဿနာကလည်း စိတ်ပူတတ်တာ၊
စိုးရိမ်တတ်တာ၊ ပွစိပွစိလုပ်တာနဲ့ ကိစ္စတိုင်းကို ပြဿနာအကြီးကြီးတစ်ခု အဖြစ် တွေးမြင်တတ်တာပါ။ဒီတေ့ာ အိမ်က ပူပင်တာတွေ ဖြစ်ပြီး
မအေးချမ်းတာတွေ ဖြစ်တာကြောင့် ယောကျ်ားတော်တေ်ာများများက အိမ်ကပ်တဲ့အချိန် နည်းလာတတ်ပါတယ်။
ဒါကြောင့် ဘယ်ကိစ္စကိုမဆို အေးအေးချမ်းချမ်း ဖြေရှင်းပြီး ပူညံပူညံလုပ်တာတွေ လျှော့ပါ။ အရမ်းညဉ်းတွားတတ်တာတွေ ရှောင်ပါ။
အသေးစိတ် ချုပ်ချယ်တာဘယ်သူမဆို ချစ်လို့ ဂရုစိုက်တာကို လက်ခံနိုင်ပေမယ့် အသေးစိတ် ချုပ်ချယ်လွန်းတာကိုတော့ မကြိုက်ကြပါဘူး။
ယောကျာ်းလေးတွေမှာလည်း အပေါင်းအသင်းတွေနဲ့ အပြင်ထွက်ချင်တာ၊ ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ဘယ်အချိန်ပြန်လာမှာလဲ အစရှိသလို
မသွားရသေးဘူး မေးခွန်းပေါင်းများစွာနဲ့ စိတ်ညစ်အောင် ပြောတာက ယောကျ်ားကို စိတ်ညစ်စေတဲ့ အကြေင်းအရာပါ။
အသေးစိတ်ချုပ်ချယ်တာတွေ လျှော့ချပါ။ အပြင်သွားတဲ့အခါမှာလည်း ဘယ်သူနဲ့ ဘယ်နေရာသွားတယ် ဘယ်တော့လောက် ပြန်လာမယ်ဆိုတာလောက်ပဲ မေးပါ။
ဖုန်းဆက်ရင် ကိုင်ဖို့တော့ ကြိုတင်ပြောထားလိုက်ပါနော်။အသုံးစရိတ် – ကိုယ့်ယောကျာ်းရဲ့ အသုံးစရိတ်ကို အတိအကျ အတင်းကြီး ကန့်သတ်တာ၊
ပိုက်ဆံ နည်းနည်းလေး သုံးမိတာနဲ့ စိတ်ဆိုးမာန်ဆိုး ပြောတာတွေက အိမ်ထောင်ရေး မသာယာမှုတွေ ဖြစ်စေပြီး အိမ်မမြဲစေတာတွေ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် အထိုက်အလျောက်တော့ ပေးသုံးပါနော်။ဖုန်းတွေ စစ်တာ – သဝန်တိုတာက ချစ်လို့ဆိုပေမယ့် အတိုင်းအတာတစ်ခုထိပဲ သဝန်တိုပါနော်။
ကိုယ်က ဖုန်းတွေ စစ်မယ်၊ စာတွေလည်း တောက်လျှောက် စစ်နေတာက ပူလောင်မှုတွေ ဖြစ်ပြီး သူ့ကို အမြဲစောင့်ကြည့်နေတယ်လို့ ခံစားမိရင်
ယောကျ်ားက အိမ်ကို ပြန်လာချင်မှာ မဟုတ်ပါဘူးနော်။အိမ်မှုကိစ္စတွေ မပျက်ကွက်ပါနဲ့ – အိမ်ရှင်မလေးတွေအနေနဲ့ အလုပ်လည်း လုပ်ရတယ်ဆိုရင်တောင်
အိမ်မှုကိစ္စတွေကို မမေ့ထားပါနဲ့နော်။ ပိတ်ရက်လေးတွေမှာတော့ ထမင်းဟင်းချက်ကျွေးတာမျိုး လုပ်ပေးနေ်ာ။
မပြင်မဆင် နေတာ – အလှအပကို မကြိုက်တဲ့သူဆိုတာ ရှိတောင် ရှိမှာ မဟုတ်ပါဘူး။ အိမ်ထောင်သက်ကြာသွားတဲ့အခါမှာ အလှပြင်စရာ မလိုတော့ဘူးလို့
တွေးတတ်ကြပါတယ်။ တကယ်တော့ လှလှပပလေး နေသင့်ပါတယ်နော်။ လှလှလေး ပြင်ဆင်ထားမှ ကိုယ့်ယောကျာ်းက ကိုယ့်အနားနေမှာပါ။
ကိုယ့်ယောကျာ်း အိမ်မြဲပြီး ကိုယ့်အနားမှာပဲ အမြဲရှိစေချင်တဲ့ ဇနီးတို့အနေနဲ့ အပေါ်က ပြောပြထားတဲ့အချက်လေးတွေ လုပ်ဆောင်ပေးကြည့်နော်။
Credit Original Writer