ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်း အကြောင်းရင်း ၆ ချက်

0
51

ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်း အကြောင်းရင်း ၆ ချက်

လူအတော်များများသည် ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းမျိုးကို ကြားဖူးကြပါလိမ့်မည်။ ယင်းအပြုအမူသည် အာရှသားများအဖို့ ကြောင်တောင်တောင်နိုင်သော်လည်း အနောက်တိုင်းသားများအဖို့ မဆန်းတော့ပါ။ အောက်ပါတို့သည် ကိုယ်လုံးတီးအိပ်စက်ခြင်းမှ ရရှိနိုင်မည့် သင်မကြားဖူးသေးသော အကျိုးရလဒ်များ ဖြစ်ပါသည်။

1. နှစ်ဦးသားချစ်ခြင်းကို တိုးလာစေခြင်း

အဝတ်အစားမပါဘဲ အိပ်စက်သူများသည် နှစ်ဦးသားချစ်ခြင်းကို တိုးလာစေကြောင်း ဗြိတိန်ရှိ အိပ်ရာခင်း ကုမ္မဏီတစ်ခုက အရွယ်ရောက်ပြီးသူ ၁၀၀၀ ကို သုတေသနပြုလုပ်ထားပါသည်။ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ကိုယ်လုံးတီးအိပ်စက်သူများ၏ ၅၇ %သည် နှစ်ဦးသားချစ်ခြင်းတွင် စိတ်ပျော်ရွှင်မှုများ ရရှိကြပြီး ၄၈%သည် ကိုယ်လုံးတီးအိပ်စက်ခြင်းနှင့် သင့်တင့်ကြောင်း တွေ့ရပါသည်။

2. အိပ်ရေးဝခြင်း

အိပ်ချင်စိတ်ဖြစ်လာရန်အတွက် သင့်ခန္ဓာကိုယ် အတွင်းပိုင်းအပူချိန်သည် ဒီဂရီတဝက်ခန့် နိမ့်ကျသွားရမည်ဖြစ်ပါသည်။ အိပ်ပျော်နေစေဖို့အတွက် သင့်ဦးနှောက်မှ သင့်ခန္ဓာကိုယ်အပူချိန်ကို အသိအမှတ်မပြုခင် အပူချိန်ကို အနေအထားတစ်ခုတွင် သတ်မှတ်ထားပြီးသာဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်လုံးတီးအိပ်စက်ခြင်းက သင့်ခန္ဓာကိုယ် အပူချိန်ကို မြန်မြန်အေးသွားစေပြီး အိပ်ပျော်သွားရန် ဦးနှောက် ကအလိုရှိနေသော အတွင်းပိုင်းအပူချိန်ကို မြန်မြန်ရစေပါသည်။

ပူလွန်းသောကြောင့် အိပ်ရေးပျက်ခြင်းများသည် သာမန်အားဖြင့် အိပ်ရေးမဝရုံသာ တွေးကြမည်ဖြစ်သော်လည်း အမှန်မှာ သင့်အတွက် အရေးကြီးသော မှတ်ဉာဏ်များတည်ဆောက်ခြင်းနှင့် ဦးနှောက်ဆဲလ်များကို ထိန်းသိမ်းထားနိုင်ခြင်းတို့ကို ထိခိုက်သွားခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိပ်နေစဉ် စောင်ခြုံထားပါ။ ညအိပ်ဝတ်စုံကို သင့်အိမ်ထောင်ဖက်နှင့် အတူဘေးတွင်ထားပါ။ သင်သည် အိပ်နေရင်းနွေးထွေးမှုကို လိုလာမှ အသုံးပြုပြီး ချွေးစို့လာသည် ပူလာသည်ဟု ခံစားရပါက ထိုအရာများကို ဘေးဖယ်ထားလိုက်ပါ။ ထိုနည်းသည် အကောင်းဆုံးဖြစ်ပါသည်။

3. သွေးပေါင်ကို လျော့ကျစေခြင်း

သင့်အိမ်ထောင်ဖက်နှင့်အတူ ကိုယ်လုံးတီးအိပ်စက်ခြင်းက အောက်ဆီတိုစင်ဟော်မုန်းကို မြင့်တက်စေပါသည်။ ထိုဟော်မုန်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးများကိုဖြစ်စေပါသည်။ အသားချင်းထိနေခြင်းက ဦးနှောက်ကို အောက်ဆီတိုစင်ဟော်မုန်း ထွက်စေရန် လှုံ့ဆော်ပေးပါသည်။ထိုဟော်မုန်းသည် နှလုံးကို ကာကွယ်ပေးခြင်း၊ သွေးပေါင်ကျစေခြင်း၊ ကိုယ်ခံအားတက်စေခြင်းနှင့် စိုးရိမ်သောကများကို လျော့နည်းစေခြင်းတို့ ဖြစ်စေပါသည်။

4. အရေပြားအတွက်လည်း ကောင်းမွန်ပါသည်။

ကျားမ အင်္ဂါများ၊ ချိုင်းနှင့် ခြေဖဝါးများသည် တနေကုန် အဝတ်အစားများဖြင့် ကာထားခြင်းခံရသော နေရာများဖြစ်ပါသည်။ ကိုယ်လုံးတီးအိပ်ခြင်းဖြင့် သင့်အရေပြားကို အသက်ရှုဝစေပါသည်။ထို့ပြင် အရေပြားရောဂါများဖြစ်နိုင်ချေကို လျော့နည််းစေခြင်း၊ အားကစားသမားများတွင် ခြေထောက်စိုထိုင်းခြင်းကြောင့် နှင်းခူဖြစ်ခြင်းများကို လည်း လျော့နည်းစေနိုင်ပါသည်။

5. လိင်အင်္ဂါများကို ပိုကျန်းမာစေခြင်း

အမျိုးသားများတွင် ကပ်ပယ်အိပ်သည် အပူချိန်ကျဆင်းနေခြင်းဖြစ်စေပြီး ယင်းသည် သုတ်ကောင်များကို ကျန်းမာစေပြီး မျိုးပွားအင်္ဂါများကို ပုံမှန်အတိုင်း အလုပ်စေပါသည်။

အမျိုးသမီးများတွင်လည်း မှိုရောဂါများ စွဲကပ်ခြင်းကို ကာကွယ်ပေးပါသည်။ ပိုပြီး အေးလေလေ ခြောက်သွေ့လေလေ တဆေးမှိုများ မကပ်တွယ်နိုင်လေလေဖြစ်ပါသည်။

6. သက်သာလွယ်ကူစေခြင်း

အဝတ်အစားများနှင့် မအိပ်ခြင်းကြောင့် ညဝတ်အကျင်္ ီများ ဝယ်စရာ မလိုသည့်အတွက် ငွေကို ချွေတာရာရောက်ပါသည်။ အဝတ်များများကိုလည်း လျှော်ရန် မလိုတော့ပါ။ သင့်အိပ်ရာခင်းများကို မကြာခဏလျှော်ရန် လိုအပ်သော်လည်း ညဝတ်အကျင်္ ီများ ထည်လဲဝယ်ရခြင်းကို သက်သာစေနိုင်ပါသည်။

Credit:Hellosayarwon

ကိုယ္လံုးတီးခၽြတ္ျပီး အိပ္စက္ျခင္း အေႀကာင္းရင္း ၆ ခ်က္

လူအေတာ္မ်ားမ်ားသည္ ကိုယ္လံုးတီးခၽြတ္ျပီး အိပ္စက္ျခင္းမ်ိဳးကို ႀကားဖူးႀကပါလိမ့္မည္။ ယင္းအျပဳအမူသည္ အာရွသားမ်ားအဖို႕ ေႀကာင္ေတာင္ေတာင္နိုင္ေသာ္လည္း အေနာက္တိုင္းသားမ်ားအဖို႕ မဆန္းေတာ့ပါ။ ေအာက္ပါတို႕သည္ ကိုယ္လံုးတီးအိပ္စက္ျခင္းမွ ရရွိနိုင္မည့္ သင္မႀကားဖူးေသးေသာ အက်ိဳးရလဒ္မ်ား ျဖစ္ပါသည္။

1. နွစ္ဦးသားခ်စ္ျခင္းကို တိုးလာေစျခင္း

အ၀တ္အစားမပါဘဲ အိပ္စက္သူမ်ားသည္ နွစ္ဦးသားခ်စ္ျခင္းကို တိုးလာေစေႀကာင္း ျဗိတိန္ရွိ အိပ္ရာခင္း ကုမၼဏီတစ္ခုက အရြယ္ေရာက္ျပီးသူ ၁၀၀၀ ကို သုေတသနျပဳလုပ္ထားပါသည္။ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ပင္ ကိုယ္လံုးတီးအိပ္စက္သူမ်ား၏ ၅၇ %သည္ နွစ္ဦးသားခ်စ္ျခင္းတြင္ စိတ္ေပ်ာ္ရႊင္မႈမ်ား ရရွိႀကျပီး ၄၈%သည္ ကိုယ္လံုးတီးအိပ္စက္ျခင္းနွင့္ သင့္တင့္ေႀကာင္း ေတြ႕ရပါသည္။

2. အိပ္ေရး၀ျခင္း

အိပ္ခ်င္စိတ္ျဖစ္လာရန္အတြက္ သင့္ခႏၶာကိုယ္ အတြင္းပိုင္းအပူခ်ိန္သည္ ဒီဂရီတ၀က္ခန္႕ နိမ္႕က်သြားရမည္ျဖစ္ပါသည္။ အိပ္ေပ်ာ္ေနေစဖို႕အတြက္ သင့္ဦးေနွာက္မွ သင့္ခႏၶာကိုယ္အပူခ်ိန္ကို အသိအမွတ္မျပဳခင္ အပူခ်ိန္ကို အေနအထားတစ္ခုတြင္ သတ္မွတ္ထားျပီးသာျဖစ္ပါသည္။ ထို႕ေႀကာင့္ ကိုယ္လံုးတီးအိပ္စက္ျခင္းက သင့္ခႏၶာကိုယ္ အပူခ်ိန္ကို ျမန္ျမန္ေအးသြားေစျပီး အိပ္ေပ်ာ္သြားရန္ ဦးေနွာက္ ကအလိုရွိေနေသာ အတြင္းပိုင္းအပူခ်ိန္ကို ျမန္ျမန္ရေစပါသည္။

ပူလြန္းေသာေႀကာင့္ အိပ္ေရးပ်က္ျခင္းမ်ားသည္ သာမန္အားျဖင့္ အိပ္ေရးမ၀ရံုသာ ေတြးႀကမည္ျဖစ္ေသာ္လည္း အမွန္မွာ သင့္အတြက္ အေရးႀကီးေသာ မွတ္ဥာဏ္မ်ားတည္ေဆာက္ျခင္းနွင့္ ဦးေနွာက္ဆဲလ္မ်ားကို ထိန္းသိမ္းထားနိုင္ျခင္းတို႕ကို ထိခိုက္သြားျခင္းျဖစ္ပါသည္။ ထို႕ေႀကာင့္ အိပ္ေနစဥ္ ေစာင္ျခံဳထားပါ။ ညအိပ္၀တ္စံုကို သင့္အိမ္ေထာင္ဖက္နွင့္ အတူေဘးတြင္ထားပါ။ သင္သည္ အိပ္ေနရင္းေႏြးေထြးမႈကို လိုလာမွ အသံုးျပဳျပီး ေခၽြးစို႕လာသည္ ပူလာသည္ဟု ခံစားရပါက ထိုအရာမ်ားကို ေဘးဖယ္ထားလိုက္ပါ။ ထိုနည္းသည္ အေကာင္းဆံုးျဖစ္ပါသည္။

3. ေသြးေပါင္ကို ေလ်ာ့က်ေစျခင္း

သင့္အိမ္ေထာင္ဖက္နွင့္အတူ ကိုယ္လံုးတီးအိပ္စက္ျခင္းက ေအာက္ဆီတိုစင္ေဟာ္မုန္းကို ျမင့္တက္ေစပါသည္။ ထိုေဟာ္မုန္းသည္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားကိုျဖစ္ေစပါသည္။ အသားခ်င္းထိေနျခင္းက ဦးေနွာက္ကို ေအာက္ဆီတိုစင္ေဟာ္မုန္း ထြက္ေစရန္ လႈံ႕ေဆာ္ေပးပါသည္။ထုိေဟာ္မုန္းသည္ နွလံုးကို ကာကြယ္ေပးျခင္း၊ ေသြးေပါင္က်ေစျခင္း၊ ကိုယ္ခံအားတက္ေစျခင္းနွင့္ စိုးရိမ္ေသာကမ်ားကို ေလ်ာ့နည္းေစျခင္းတို႕ ျဖစ္ေစပါသည္။

4. အေရျပားအတြက္လည္း ေကာင္းမြန္ပါသည္။

က်ားမ အဂၤါမ်ား၊ ခ်ိဳင္းနွင့္ ေျခဖ၀ါးမ်ားသည္ တေနကုန္ အ၀တ္အစားမ်ားျဖင့္ ကာထားျခင္းခံရေသာ ေနရာမ်ားျဖစ္ပါသည္။ ကိုယ္လံုးတီးအိပ္ျခင္းျဖင့္ သင့္အေရျပားကို အသက္ရႈ၀ေစပါသည္။ထို႕ျပင္ အေရျပားေရာဂါမ်ားျဖစ္နိုင္ေခ်ကို ေလ်ာ့နည္္းေစျခင္း၊ အားကစားသမားမ်ားတြင္ ေျခေထာက္စိုထိုင္းျခင္းေႀကာင့္ နွင္းခူျဖစ္ျခင္းမ်ားကို လည္း ေလ်ာ့နည္းေစနိုင္ပါသည္။

5. လိင္အဂၤါမ်ားကို ပိုက်န္းမာေစျခင္း

အမ်ိဳးသားမ်ားတြင္ ကပ္ပယ္အိပ္သည္ အပူခ်ိန္က်ဆင္းေနျခင္းျဖစ္ေစျပီး ယင္းသည္ သုတ္ေကာင္မ်ားကို က်န္းမာေစျပီး မ်ိဳးပြားအဂၤါမ်ားကို ပံုမွန္အတိုင္း အလုပ္ေစပါသည္။

အမ်ိဳးသမီးမ်ားတြင္လည္း မိႈေရာဂါမ်ား စြဲကပ္ျခင္းကို ကာကြယ္ေပးပါသည္။ ပိုျပီး ေအးေလေလ ေျခာက္ေသြ႕ေလေလ တေဆးမႈိမ်ား မကပ္တြယ္နိုင္ေလေလျဖစ္ပါသည္။

6. သက္သာလြယ္ကူေစျခင္း

အ၀တ္အစားမ်ားနွင့္ မအိပ္ျခင္းေႀကာင့္ ည၀တ္အက်ၤ ီမ်ား ၀ယ္စရာ မလိုသည့္အတြက္ ေငြကို ေခၽြတာရာေရာက္ပါသည္။ အ၀တ္မ်ားမ်ားကိုလည္း ေလွ်ာ္ရန္ မလိုေတာ့ပါ။ သင့္အိပ္ရာခင္းမ်ားကို မႀကာခဏေလွ်ာ္ရန္ လိုအပ္ေသာ္လည္း ည၀တ္အက်ၤ ီမ်ား ထည္လဲ၀ယ္ရျခင္းကို သက္သာေစနိုင္ပါသည္။

Credit:Hellosayarwon

LEAVE A REPLY

Please enter your comment!
Please enter your name here