ချက်ချင်းအိပ်မရသူတွေအတွက် (၁) မိနစ်အတွင်း အိပ်ပျော်စေဖို့
အိပ်မပျော်မှု ပြသနာ ရှိနေသလား။ ရှိပါက နွားနို့နဲ့ ပျားရည်ဆေးနည်းကို စမ်းကြည့်သင့်ပါတယ်။ ဒီဆေးနည်းကို အိပ်ပျော်စေခြင်းအတွက် အကောင်းဆုံးဆေးနည်း တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ညမအိပ်ခင် (၁) ခွက်သောက်ပေးရုံနဲ့ ကလေးလေးတစ််ယောက်လို ချက်ချင်း အိပ်ပျော်သွားစေမှာ ဖြစ်ပါတယ်။
နွားနို့နဲ့ ပျားရည် နှစ်ခုစလုံးကို အိပ်မပျော်ခြင်း၊ မျက်စိကြောင်ခြင်းအတွက် ဆေးနည်းများအဖြစ် ရှေးယခင်ကတည်းက အသုံးပြုခဲ့ပါတယ်။ နှစ်ခုစလုံးမှာ အထူးအကောင်းမွန်တဲ့ ဆေးနည်းတွေ ဖြစ်ပါတယ်။ နှစ်ခုပေါင်းစပ် အသုံးပြုလိုက်တော့ အကျိုးကျေးဇူးတွေက ပိုလို့တောင် များပြားလာပါတယ်။
ဘယ်လို ပြင်ဆင်ဖော်စပ်မလဲ
လိုအပ်သည့် ပစ္စည်းများ
နွားနို့ – ၆ အောင်စ
ပျားရည် – လက်ဖက်ရည်ဇွန်း (၁) ဇွန်း
သစ်ခွရည် (vanilla extract) – (၁) စက်
ပြင်ဆင်ပုံပြင်ဆင်နည်း
လက်ကိုင်တပ် ဒယ်အသေးနဲ့ နွားနို့ကို နွေးလာအောင် တည်ပါ။ ပွတ်ပွတ်ဆူသည့်အထိ မထားပါနဲ့။ မီးဖိုကနေ ပြန်ထုတ်ပြီး ဖန်ခွက်ထဲ ပြောင်းထည့် ရပါမယ်။ သစ်ခွရည်နဲ့ ပျားရည် ထည့်ပြီး ကောင်းစွာ မွှေပေးပါ။အဲဒါကို ညအိပ်ယာမဝင်ခင် ဖြည်းဖြည်းချင်း စုပ်ယူသောက်ပေးရမှာ ဖြစ်ပါတယ်။
Trend Myanmar
နွားနို့ – ၆ အောင်စ
Trend Myanmar