ကြက်သွန်ဖြူဖြင့် ပိုးသတ်ဆေးရည် (ပိုးနိုင်ဆေး)ဖော်စပ်သုံးစွဲနည်း

0
130

ကြက်သွန်ဖြူဖြင့် ပိုးသတ်ဆေးရည် (ပိုးနိုင်ဆေး)ဖော်စပ်သုံးစွဲနည်း

သီးနှံစိုက်ပျိုးရေးလုပ်ကိုင်သူများကြားမှာ အပြောများ ရေပန်းစား အသုံးမ်ားတဲ့ သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေး ဖော်စပ်သုံးစွဲတဲ့ နည်းလမ်းတွေများစွာရှိတဲ့ထဲကမှ ကြက်သွန်ဖြူကို အသုံးပြုပြီးပိုးသတ်ဆေးအဖြစ် ဖော်စပ်အသုံးပြုကြတာကတော့ အတော်လေး နည်းပါးမယ်လို့ယူဆရပါတယ်။ လိုအပ်တဲ့ ကုန်ကြမ်း အလြယ္တ ကူရရှိနိုင်ပြီး ဖော်စပ်အသုံးပြုရလွယ်ကူ တဲ့အပြင် ပိုးမွှားတွေသာမက ရောဂါအချို့ကိုပါ နှိမ်နင်းပေးနိုင်တဲ့ ကြက်သွန်ဖြူ ပိုးသတ်ဆေးဖော်စပ်အသုံးပြုနည်းလေးကို ဒီတစ်ပတ်မှာ မျှဝေပေးသွားပါ့မယ်။

ဘယ်လိုပါဝင်ပစ္စည်းတွေလိုအပ်မလဲ? ဘယ်အချိုးနဲ့ရောစပ်ရမလဲ?

၁။ ကြက်သွန်ဖြူ – ၁ ပိဿာ

၂။ ရေ – ၁ပိဿာ

၃။ တောအရက်(အရက်ဖြူ) – ၂ ပုလင်း

ဘယ်လိုပြုလုပ်ရမလဲ?

နည်းလမ်းကအရမ်းကိုလွယ်ကူရိုးရှင်းပါတယ် ကြက်သွန်ဖြူ ကို ကြိတ်ချေပါ(သို့) ထောင်းထားပါ ထို့နောက် ရေ အရက်ဖြူ နှင့်ရောလိုက်ပါက ကြက်သွန်ဖြူပိုးသတ်ဆေးရည်ရရှိပြီဖြစ်ပါတယ်။

ဘယ်လိုအသုံးပြုရမလဲ?

ရရွိလာတဲ့ ဆေးရည်ကို ဆေး၁ ဆ ရေ ၄ ဆ ရောပြီး သီးနှံပင်တွေကို ပက်ဖျန်းအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။တစ်ပါတ် ၂ ကြိမ် အထိ ပက်ဖျန်းပေးနိုင်ပါတယ်။

ဘယ်လိုပိုးမွှားရောဂါတွေကိုနှိမ်နင်းနိုင်သလဲ?

ပိုးသတ်ဆေး ဆိုတာထက် ပိုးနိုင်ဆေးဟုခေါ်ဆိုကပိုမိုမှန်ကန်ပါလိမ့်မယ်။ ကြက်သွန်ဖြူပိုးသတ်ဆေး က ပိုးတွေကိုသေသွားစေမျိုးမဟုတ်ဘဲ ပိုးတွေမလာအောင်တွန်းကန်ပေးတာ ပိုးတွေအစာစားလိုစိတ်နည်းပါး အောင် ပြုလုပ်ပေးနိုင်တာဖြစ်ပါတယ်။ကြက်သွန်ဖြူ ပိုးသတ်ဆေးရည်ကို စနစ်တကျအသုံးပြုပေးမယ်ဆိုရင် ပျပိုး၊ငမြောင်တောင်၊ ကော်လိုရာဒိုကျိုင်း၊ ကော်ဒလိုင်းဖလံ ကော်ဖီထုပ်ပိုး၊ ဝါယာပိုး၊ မွှား၊ ကြက်သွန်လှေးပိုး၊ အာလူးဖလံ၊ ပဲထိုးပိုး၊ ဝါပိုးနီ ၊ ပုရွက်ဆိတ်၊ခြ၊ ယင်ကောင်၊ ယင်ကောင်ဖြူ၊ ပိုးတုံးလုံး၊ ပက်ကျိနဲ့ အခြားသော ဖ်က္ပိုး အမ်ားအျပားကို သေစေပါတယ်။

ရောဂါအနေနဲ့က ဘက်တီးရီးယားရွက်ခြောက်ရောဂါ ၊ မှဲ့ပြောက်စွန်းရောဂါ ၊စပါးရွက်ညိုပြောက်ရောဂါ ၊ညိုပုပ်နာရောဂါ ၊ ရွက်ခြောက်ရောဂါ၊ စပါးဂုတ်ကျိုးရောဂါ ၊ သံချေးရောဂါစတာတွေကို နှိမ်နင်းပေးနိုင်ပါတယ်။

သတိပြုရမယ့်အချက်တွေကတော့

၁။ လတ်လတ်ဆတ်ဆတ် ဖျော်သုံးပါ။ သိုလှောင်ထားပါက အာနိသင် တဖြည်းဖြည်း လျော့နည်းသွားပါတယ်။

၂။ ကြက်သွန်ဖြူဟာ မူလသီးနှံရဲ့ အနံ့အရသာကို ထိခိုက်နိုင်လို့ သီးနှံဆွတ်ခူးခါးနီး မသုံးသင့်ပါ။ တစ်လခန့် ကြိုတင်ပြီး အသုံးပြုသင့်ပါတယ်။

ကိုယ်တိုင်ကိုယ်ကျ ပိုးသတ်ဆေးပြုလုပ်လို့ရတဲ့ နည်းလမ်းတွေထဲမှ ကြက်သွန်ဖြူအသုံးပြုပြီး ပိုးနိုင်ဆေးဖော်စပ်သုံးစွဲနည်း ကို မျှဝေပေးသွားတာဖြစ်ပါတယ်။ နောက်ထပ်သေားနည်းလမ်းတွေကိုလည်း ထပ်မံပြီး မျှဝေပေးဦးမှာဖြစ်တဲ့အတွက် Page ထဲကို အမြဲဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေရှင့်။

တောင်သူ့တံတား

ကြက်သွန်ဖြူဖြင့် ပိုးသတ်ဆေးရည်ဖော်စပ်သုံးစွဲနည်း

မူရင်းပိုစ်ပိုင်ရှင်အားလေးစားစွာ crd ပေးပါတယ်